ကျွန်ုပ်သည် သေသောအခါ ကောင်းကင်နိုင်ငံတော်သို့ ဘုန်းတော်ဝင်စားလိမ့်မည်ဟု သေချာ ကြောင်း မည်သို့ရှိနိုင်မည်နည်း? How can I know for sure that I will go to Heaven when I die? |
ဘုရားသခင်က လွယ်လွယ်ကလေး ကယ်တင်ပေးပုံနိဒါန်း၁ယော ၅း ၁၃ “ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည်ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။´ ၁။ အားလုံး အပြစ်သားပါ။ရောမ ၃း၁၀ `ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ။ တယောက်မျှမရှိ။´ ရောမ ၃း၂၃ `လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။´ တို့အားလုံးဟာ အပြစ်ရှိသူတွေပါ။ ၂။ အပြစ်အတွက် ပေးဆပ်စရာရှိပါတယ်။ရောမ ၆း၂၃ `အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဗျာဒိတ် ၂၁း၈ `ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား၊ဒုတိယသေခြင်းတည်းဟူသောကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည်။´ ၃။ အပြစ်တွေအတွက် သခင်ယေရှုခရစ်တော် အသေခံပေးခ့ပဲါပြီ။ရောမ ၅း၈ ` ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။´ ရောမ ၁၄း၉ `ခရစ်တော်သည် သေသောသူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း၊ အစိုးရသောအရှင်ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှ အသက်ရှင်ပြန်တော်မူ၏။´ ရောမ ၆း၂၃ `ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။´ အပြစ်ရှိသူတွေအတွက် ခရစ်တော် အသေခံခဲ့ပြီ ၄။ ကယ်တင်တာက အခမ့ပဲါ။ ကယိုကောင်းတာလုပ်လို့ မဟုတ်ဘူး။ ဘုရားသခင်ပြောတ့အဲ တိုင်း သခင်ယေရှုတပါးတည်းကို အားကိုးပါ။ဧဖက် ၂း၈-၉ `ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာ အခွင့်မရှိ။´ တိတု ၃း၅ `ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ၊ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ ´ တမန်၎း၁၂ ` ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သောနာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။´ ၅။ အကယ်ခံရဖို့ သခင်ယေရှုကို ယုံကြည် အားကိုးပါ။ရောမ ၁၀း၉-၁၀ `သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေ တော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။´ ရောမ ၁၀း၁၃ `ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။´ အခုလို ရိုးရိုးကလေး ဆုတောင်းနိုင်ပါတယ်။ ဒီလိုဆုတောင်းတာက အကယ်ခံရဖို့ သခင်ယေရှုကို အားကိုးတယ်လို့ ဘုရားသခင်ကို ပြောလိုက်တာပါပဲ။ သခင်ယေရှုကို ယုံကြည် အားကိုးတာနဲ့ အကယ်ခံရတာပါ။ ဘုရားသခင်- |