Psalms 50 to 99

you will need the zawgyi-one font >> HERE <<



ဆာလံကျမ

ဆာလံကျမ်း အခန်းကြီး ၅၀

၁ တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏၊၊ နေထွက်ရာမှ သည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏၊၊

၂ အသရေတင့်တယ်ခြင်း ပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏၊၊

၃ ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏၊၊ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏၊၊

၎ မိမိလူတို့ကို စစ်ကြောစီရင်ခြင်း အလိုငှါ အထက်ကောင်းကင်ကို၎င်း မြေကြီးကို၎င်း ခေါ်တော်မူလျက်

၅ ယဇ်ပူဇော်သောအားဖြင့် ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊

၆ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊

၇ ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊

၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊

၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊

၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊

၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊

၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊

၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊

၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊

၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊

၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊

၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊

၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊

၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊

၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊

၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊

၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊

၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊



Chapter 51

ဆာလံကျမ်း အခန်းကြီး ၅၁

၁ ဒါဝိဒ်သည် ဗာသရှေ့ဘနှင့် မှားယွင်း၍၊ ပရောဖက်နာ သန်၏ဆုံးမခြင်းကို ခံပြီးမှ စပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင် ကျေးဇူးပြုချင်သောစေတနာ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနား တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျုးခြင်း အပြစ်ကိုဖြေတော်မူပါ၊၊

၂ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ၊၊

၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊

၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊

၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊

၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊

၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊

၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊

၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊

၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊

၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊

၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊

၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။

၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊

၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊

၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊

၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊

၁၈ စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။

၁၉ ထိုအခါ တရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်၊၊



Chapter 52

ဆာလံကျမ်း အခန်းကြီး ၅၂

၁ ဒါဝိဒ်သည် အဟိမလက်အိမ်သို့ ရောက်ကြောင်းကို ဧဒုံအမျိုးသားဒေါဂသည် ရှောလုထံသို့ လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ၊၊ အားကြီးသော အချင်းလူ၊ သင်သည် သူ့အကျိုးကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏၊၊

၂ သင်၏ လျှာသည် ထက်သော သင်တုန်းကဲ့သို့ လှည့်စား သဖြင့် သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစုတတ်၏၊၊

၃ သင်သည် သုစရိုက်ထက် ဒုစရိုက်ကို၎င်း၊ ဖြောင့်မတ်သောစကား ထက်မုသာစကားကို၎င်းသာ၍ နှစ်သက်တတ်၏၊၊

၎ အိုလှည့်စား တတ်သောလျှာ၊ သင်သည်ပျက်စီးသော စကားရှိ သမျှတို့ကို နှစ်သက်တတ်၏၊၊

၅ အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏ နေရာထဲက နှင်ထုတ်၍ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်၊၊

၆ ဖြောင့်မတ်သောသူတို့သည်မြင် ၍ ကြောက်ရွံ့ကြလိမ့်မည်၊၊

၇ ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍ မိမိဒုစရိုက်၌ ခိုင်ခံသောသူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်၊၊

၈ ငါမူကား၊ ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ ဖြစ်၍ ဘုရားသခင်၏ ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်၊၊

၉ ကိုယ်တော်စီရင်တော်မူသောကြောင့် အကျွန်ုပ် သည် ကိုယ်တော်ကိုကာလ အစဉ်အမြဲ ချီးမွမ်းပါမည်၊၊ ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏ သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်၊၊



Chapter 53

ဆာလံကျမ်း အခန်းကြီး ၅၃

၁ ဘုရားသခင် မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသော သူတယောက်မျှ မရှိ၊၊

၂ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၍၊

၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊ တညီတညွတ်တည်းဆွေးမြေ့ယိုယွင်းခြင်း ရှိကြ၏၊၊ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊၊ တယောက်မျှမရှိ၊၊

၎ မုန့်ကို စားသကဲ့သို့ ငါ၏ လူတို့ကို ကိုက်စား၍ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲ နေရကြသလော၊၊

၅ သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း အလွန်ကြောက်လန့်ကြလိမ့်မည်၊၊ အကြောင်းမူကား သင့်ကို ဝန်းရံ၍ တပ်ချသော သူ၏ အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲ ကွဲပြားစေ တော်မူမည်၊၊ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့် သင်သည်သူတို့ကို အရှက်ခွဲရလိမ့်မည်၊၊

၆ ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော် သည် ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော၊၊ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန် ဘုရားသခင်သည် ဆောင်ခဲ့တော်မူသောအခါ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်၊၊



Chapter 54

ဆာလံကျမ်း အခန်းကြီး ၅၄

၁ ဒါဝဒ်သည် ကျွန်တော်တို့တွင် ပုန်းရှောင်၍ နေပါသည် မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊၊ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ၊၊

၂ အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင် နားညောင်းတော်မူပါ ဘုရား၊၊

၃ အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ၊၊ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏၊၊ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ၊၊

၎ ကြည့်ရှုလော့၊၊ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏၊၊ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင့် ထာဝရ ဘုရား ရှိတော်မူ၏၊၊

၅ ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်၊၊ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ၊၊

၆ အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရ ဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊

၇ အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခ ထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏၊၊



Chapter 55

ဆာလံကျမ်း အခန်းကြီး ၅၅

၁ အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကိုနားထောင်တော်မူပါ၊၊ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်၊၊

၂ ကြည့်ရှုနားထောင်တော်မူပါ၊၊ ရန်သူ၏ စကားသံကြောင့်၎င်း မတရားသော ညင်းဆဲ ခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏၊၊

၃ သူတို့သည် အကျွန်ုပ် အပေါ်၌ အပြစ်ကို သက်ရောက်စေ၍ ဒေါသစိတ်နှင့်မုန်းကြပါ၏၊၊

၎ အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏၊၊

၅ ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ။

၆ ငါသည်ချိုးငှက်ကဲ့သို့ အတောင်ကိုရပါစေသော၊၊ ထိုသို့ရလျှင် အခြားသို့ပျံသွား၍ ငြိမ်ဝပ်လျက် နေလိမ့်မည်၊၊

၇ ဝေးစွာသွား၍ တောမှာ နေရာကျလိမ့်မည်၊၊

၈ ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့်လွတ်ခြင်းငှါ အလျင်အမြန် ပြေးလိမ့် မည်ဟု အကျွန်ုပ် စိတ်ရှိပါ၏၊၊

၉ အို ထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ၊၊ မြို့တော်တွင် အနိုင်အထက်ပြု ခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ၊၊

၁၀ မြို့ရိုးပေါ်မှာ နေညည့်မပြတ်သူတို့သည် လည်ကြပါ၏၊၊ မြို့ထဲမှာ ဆိုးညစ်သော အမှုနှင့် နှောက်ရှက်ခြင်းအမှုရှိကြပါ၏၊၊

၁၁ အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍ ညင်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏၊၊

၁၂ ငါ့ကို ကဲ့ရဲ့သော သူသည် ငါ့ရန်သူမဟုတ်၊၊ ဟုတ်လျှင် သည်းခံနိုင်၏၊၊ ငါ့ကို ရန်ဘက်ပြု သောသူသည် ငါ့ကို မုန်းသောသူမဟုတ်၊၊ ဟုတ်လျှင် ထိုလူကို ငါရှောင်နိုင်သည်၊၊

၁၃ ထိုသို့ပြုသောသူသည် သင်ဖြစ် ၏၊၊ ငါနှင့်ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအကျွမ်းဖြစ်၏၊၊

၁၄ အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ၊၊ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ၊၊

၁၅ သူတို့ကို သေမင်းဘမ်းဆီးပါစေ၊၊ အသက် ရှင်လျက် မရဏာနိုင်ငံသို့ ဆင်းသက်ကြပါစေ၊၊ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့ အထဲ၌ ရှိကြ၏၊၊

၁၆ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍ ထာဝရဘုရားသည် ကယ်တင်တော်မူမည်၊၊

၁၇ ညဦးအချိန် ၊ နံနက် အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်၊၊

၁၈ ငါ့ကိုစစ်တိုက်ကြစဉ် တွင် ငါ့အသက်ကို ရွေးနှုတ်၍ ချမ်းသာပေးတော်မူမည်၊၊

၁၉ ငါ့ဘက်၌ နေသောသူအများရှိကြ၏၊ ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်၊၊ သူတို့သည် ပြောင်းလဲခြင်း မရှိသော ကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ၊၊

၂၀ ထိုသို့သော သူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏၊၊

၂၁ သူ၏ စကားသည် ထောပတ်ထက် ချောသော်လည်း စစ်တိုက်မည်ဟု အကြံရှိ၏၊၊ သူ၏ စကားသည် ဆီထက် ပြော့သော်လည်း ထုတ်သောထားဖြစ်၏၊၊

၂၂ ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့၊၊ သင့်ကို မစတော်မူမည်၊၊ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ၊၊

၂၃ အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူ့အသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တဝက်ခန့်မျှ မရှင်ရကြ၊၊ အကျွန်ုပ်မူ ကား ကိုယ်တော်၌ ခိုလှုံပါမည်၊၊



Chapter 56

ဆာလံကျမ်း အခန်းကြီး ၅၆

၁ ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ရောက်သောအခါ စပ်ဆိုသော ဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ၊၊ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့် နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ၏၊၊

၂ ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူအများ ရှိကြပါ၏၊၊

၃ အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်၊၊

၎ ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်၊၊ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ ၌အဘယ်သို့ပြုနိုင်သနည်း၊၊

၅ သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏၊၊ ငါ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ၏၊၊

၆ ငါ့အသက်ကို စောင့်စဉ်အခါ စုဝေး၍ ချောင်းမြောင်းလျက်၊ ငါ့ခြေရာတို့ကို ကြည့်မှတ်ကြ၏၊၊

၇ သူတို့သည် မတရားသောအမှုအားဖြင့် လွှတ်ခြင်းသို့ ရောက်ရပါမည်လော၊၊ အိုဘုရားသခင် ထိုလူများတို့ကို အမျက်တော် ထွက်၍ လှဲတော်မူပါ၊၊

၈ အကျွန်ုပ်သည် အရပ်ရပ်လည်ရသောအခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည် တို့ကိုကို ဘူးတော်ထဲမှာ ထည့်တော်မူပါ၊၊ စာရင်းတော်၌ ရှိပါသည်မဟုတ်လော၊၊

၉ ဘုရားသခင်သည် ငါ့ဘက်မှာ နေတော် မူသောကြောင့် ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကို ခံရကြမည်ကို ငါသိ၏၊၊

၁၀ ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်၊၊ ငါသည်ထာဝရဘုရားကို အမှီပြု၍ နျတ်ကပတ်တော်၌ ဝါကြွားမည်။

၁၁ ငါသည် ဘုရားသခင်ကို ခိုလှုံသည် ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း၊၊

၁၂ အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာပြုပါသည်ဖြစ်၍ သစ္စာဝတ်ကို ဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊

၁၃ ကိုယ်တော်သည် အကျွန်ုပ်အသက် ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏အလင်းထဲမှာ ဘုရားသခင် ရှေ့တော်၌ အကျွန်ုပ် ကျင့်နေပါမည်အကြောင်း အကျွန်ုပ်ခြေ ကိုလည်းထိမိ၍ လဲခြင်းမှ ကယ်လွှတ်တော် မူမည်မဟုတ်လော၊၊



Chapter 57

ဆာလံကျမ်း အခန်းကြီး ၅၇

၁ ဒါဝိဒ်သည် ဥမင်၌ ရှောလုထံမှ ထွက်ပြေးသောအခါ စပ်ဆိုသော ဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ၊၊ သနားတော်မူပါ၊၊ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကို ခိုလှုံပါ၏၊၊

၂ အတာင်တော်အရိပ်၌ ခိုလှုံပါ၏၊၊ ငါသည် အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်၊၊

၃ ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်၊၊ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ငါ့ကို ကယ်တင်တော်မူမည်၊၊ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရား သခင်စေလွှတ်တော်မူမည်၊၊

၎ ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏၊၊ ဒေါသမီးလောင်လျက် ရှိသော လူသားတို့တွင် ငါအိပ်ရ၏၊၊ သူတို့သွားတို့သည် လှံနှင့် မြ‡ားဖြစ်ကြ၏၊ သူတို့လျှာသည်လည်း ထက်သောသန်လျက် ဖြစ်၏၊၊

၅ အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီး တပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း၊၊

၆ သူတို့သည် ငါသွားရာလမ်း၌ကျော့ကွင်းကို ပြင်ဆင်ကြပြီ၊၊ ငါ့ဝိညာဉ်သည် နှိမ့်ချ လျက်ရှိ၏၊၊ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြပြီ၊၊

၇ အိုဘုရားသခင် အကျွန်ုပ်နှလုံး သည် တည်ကြည်ပါ၏၊၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏၊၊ သီချင်းဆိုပါမည်၊၊ ချီးမွမ်းထောပနာပြုပါမည်၊၊

၈ အို ငါ့ဝိညာဉ် နိုးလော့၊၊ တယောနှင့် စောင်းတို့နိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊

၉ အို ထာဝရဘုရား၊ ပရိသတ် အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်၊၊

၁၀ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊

၁၁ အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီးတပြင်လုံးကို ဘုန်းတော်လွှမ်းမိုး ပါစေသတည်း၊၊



Chapter 58

ဆာလံကျမ်း အခန်းကြီး ၅၈

၁ အိုလူသားတို့ အကယ်စင်စစ် သင်တို့သည် စကားဖြာင့်ကြသလော၊၊

၂ တရားသဖြင့် စီရင်ကြသလော၊၊ အကယ်စင်စစ် သင်တို့သည် မတရားသောအကြံကို ကြံစည်၍ မြေကြီးပေါ်မှာ ကိုယ်လက်နှင့် ပြုသောညှဉ်းဆဲခြင်း ကို ချိန်တတ်ကြ၏၊၊

၃ မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏၊၊ မွေးကတည်းကလမ်းလွဲ ၍ မုသာစကားကို ပြောတတ်ကြ၏၊၊

၎ သူတို့အဆိပ်သည် မြေအဆိပ်နှင့်တူ၏၊၊ နားပင်းသောမြွေဆိုးသည် မိမိနားကို ပိတ်၍၊

၅ လိမ္မာသောအလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏၊၊

၆ အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ၊၊ အိုထာဝရဘရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ၊၊

၇ ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြပါစေသော၊၊ လေးကိုတင်သောအခါ မြ‡ားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော၊၊

၈ ခရုသည် သွားစဉ်တွင် ရွေ့လျော့သကဲ့သို့၎င်း၊ ပျက်သောကိုယ်ဝန်သည် နေရောင် ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော၊၊

၉ ဆူးပင်နှင့်မွှေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ၊ အသက်ရှင်သောဆူး ပင်နှင့် မီးလောင်လျက် ရှိသော ဆူးပင်တို့ကို လေဘွေတိုက်သွားပါစေသော၊၊

၁၀ ဖြောင့်မတ်သောသူသည် ထိုသို့သော ဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်၊၊

၁၁ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်၊၊

၁၂ သူတပါးကလည်း ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏၊၊ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင် သည် ဧကန်အမှန်ရှိတော်မူသည်ဟု ဝန်ခံကြပါလိမ့်မည်၊၊



Chapter 59

ဆာလံကျမ်း အခန်းကြီး ၅၉

၁ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကို သတ်ခြင်းငှါ အိမ်ကို စောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော ဆာလံ။ အိုအကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊ အကျွန်ုပ်ကိုရန်ဘက်ပြုသော သူတို့ ၏ အပေါ်မှာ အကျွန်ုပ်ကို မြှောက်တော်မူပါ၊၊

၂ ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွုန်ုပ်ကို နှုတ်ယူ၍ အသက်ကို သတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ၊၊

၃ သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက် နေကြပါ၏၊၊ အားကြီးသောသူတို့သည် အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏၊၊ အို ထာဝရဘုရား အကျွန်ုပ်မှားယွင်း သောကြောင့် မဟုတ်ပါ၊၊ အကျွန်ုပ်အပြစ်ကြောင့်မဟုတ်ပါ၊၊

၎ အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏၊၊ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ၊၊

၅ ကြည့်ရှုတော်မူပါ၊၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ၊၊ ဒုစရိုက်၌ ကျင်လည်သော သူတစ်စုံတယောက်ကိုမျှ သနားတော်မမူပါနှင့်၊၊

၆ သူတို့သည် ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာ အတိုင်းမြည်လျက် မြို့ကိုလှည့်ပတ် ကြပါစေသော၊၊

၇ ထိုသူတို့သည် စော်ကားသော စကားကိုပြော၍ သူတို့နှုတ်ခမ်းတွင်ထားပါလျက် အဘယ်သူကြားလိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏၊၊

၈ သို့ရာတွင် အိုထာဝရဘုရား ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်း တို့ကို ကဲ့ရဲ့တော်မူမည်၊၊

၉ အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။

၁၀ ကရုဏာအရှင်ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်၊၊ ရန်သူတို့ကို အကျွန်ုပ် ကြည့်ရှု၍ အားရသော အခွင့်ရှိစေတော်မူမည်၊၊

၁၁ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်၊၊ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်၊၊ တန်ခိုးတော် အားဖြင့် အရပ်ရပ်ကွဲ ပြားစေ၍ နှိမ့်ချတော်မူပါ၊၊

၁၂ သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော၊၊ သူတို့ကျိန်ဆဲသောစကားနှင့် မုသာစကားကြောင့်

၁၃ အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ၊၊ အကုန်အစင် ပျောက်ပျက်စေတော်မူပါ၊၊ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြပါစေသော၊၊

၁၄ ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာ အတိုင်းမြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော၊၊

၁၅ အစာကိုရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဥ့်လုံးနေကြ ပါစေသော၊၊

၁၆ အကျွန်ုပ် မူကား တန်ခိုးတော်ကို သီချင်းဆိုပါမည်၊၊ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊ အကြောင်းမူကား ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘေးလွတ်ရာဖြစ် တော်မူ၏၊၊

၁၇ အို အကျွန်ုပ်အစွမ်း သတ္တိကိုယ်တော်ကို သီချင်းဆိုပါမည်၊၊ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်၌ကရုဏာအရှင် ဘုရားသခင် ဖြစ်တော်မူ၏၊၊



Chapter 60

ဆာလံကျမ်း အခန်းကြီး ၆၀

၁ ဒါဝဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇောဘရှုရိ လူတို့ကို စစ်တိုက်ပြီးမှ ယွာဘသည်ပြန်၍ ဧဒုံလူတသောင်းနှစ်ထောင်တို့ကို ဆားချိုင့်၌ လုပ်ကြံသောအခါ စပ်ဆိုသော ဆာလံ၊၊ အို ဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေ တော်မူပြီ၊၊ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ၊၊

၂ မြေကြီးကိုလှုပ်၍ ခွဲတော်မူပြီ၊၊ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ၊၊ တုန်လှုပ်လျက် ရှိပါသေး၏၊၊

၃ ကိုယ်တော်၏ လူတို့ကို ခက်ထန်စွာ စီရင်၍ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ၊၊

၎ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့သည် သစ္စာရားကြောင့် ထူရသောအလံကို ပေးသနားတော်မူပြီ ၊

၅ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း အကျွန်ုပ်စကားကို နားထောင်၍ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော် မူပါ၊၊

၆ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရာုးသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ငါသည် ဝမ်းမြောက်မည်၊၊ ရှေခင်မြို့ကို ပိုင်းခြားမည်၊၊ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်၊၊

၇ ဂိလဒ်ပြည်ကို ငါပိုင်ရ၏၊၊ မနာရှေ ပြည်ကိုလည်း ငါပိုင်ရ၏၊၊ ဧဖရိမ်ပြည်ကား ငါဦးခေါင်း၏ အစွမ်းဖြစ်ရ၏၊၊ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။

၈ မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏၊၊ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏၊ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်၊၊

၉ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘ့ယ်သူသွင်းပေးမည်နည်း၊၊ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူ လမ်းပြမည်နည်း၊၊

၁၀ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။

၁၁ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်စေခြင်းငှါ မတတ်နိုင်ကြပါ၊၊

၁၂ ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်၊၊ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်၊၊



Chapter 61

ဆာလံကျမ်း အခန်းကြီး ၆၁

၁ အိုဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌာနာစကားကို မှတ်တော်မူပါ၊၊

၂ စိတ်နှလုံးညိ‡ုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ အကျွန်ုပ်အထက်၌ မြင့်သောကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊

၃ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော် မူ၏၊

၎ တဲတော်၌ အစဉ်နေပါမည်၊၊ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်၊၊

၅ အိုဘုရားသခင်၊ အကျွန်ုပ်ြပုသော သစ္စာကတိတို့ကို ကြားတော်မူ၏၊၊ နာမတော်ကို ကြောက်ရွံ့သော သူတို့၏ အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့် မည်၊၊

၆ ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော၊၊

၇ ဘုရားသခင်ရှေ့တော်၌ အနန္တကာလပတ်လုံးနေတော်မူစေသတည်း၊၊ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့် မစေသတည်း၊၊

၈ သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ နာမတော်ကို အစဉ်အမြဲ ထောမနာ သီချင်းဆိုပါလေအံ့သတည်း၊၊



Chapter 62

ဆာလံကျမ်း အခန်းကြီး ၆၂

၁ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏၊၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း သည် အထံတော်က သက်ရောက်ရ၏၊၊

၂ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအ ကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍ ၊ ငါ၌ လှုပ်ရှားခြင်းများစွာမရှိရာ၊၊

၃ သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက် သောသူကို တိုက်ကြမည်နည်း၊၊ သူ့ကိုတိမ်းသော အုတ်ရိုး၊ လှုပ်သောထရံကဲ့သို့မှတ်၍ သင်တို့ အပေါင်းသည် အဘယ်မျှ ကာလပတ်လုံးဖြိုဖျက်ကြမည်နည်း၊၊

၎ ထိုသူကိုမြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက်နေကြ၏၊၊ မုသာကို နှစ်သက်ကြ၏၊၊ နှုတ်ဖြင့်ကား ကောင်းကြီးကိုပေးလျက် နှလုံး၌ကား ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏၊၊

၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏၊၊ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊၊

၆ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ၊၊

၇ ငါ့ကို ကယ်တင်ခြင်း အကြောင်း ငါ၏ဘုန်းပွင့်ခြင်း အကြာင်းကား ဘုရားသခင်ပေတည်း၊၊ ငါ့ကိုအားပေးသော ကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း၊၊

၈ အိုလူ များတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့၊၊ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့၊၊ ဘုရားသခင်သည် ငါတို့ခိုလှုံ ရာဖြစ်တော်မူ၏၊၊

၉ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ အသရေရှိသောသူတို့သည် မုသာဖြစ်ကြ၏၊၊ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တ ထက်သာ၍ ပေါ့ကြ၏၊၊

၁၀ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်၊၊ အနိုင်အထက် လုယူ၍ မဝါကြွားကြနှင့်၊၊ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်းမရှိကြနှင့်၊၊

၁၁ ဘုရားသခင်သည် တစ်ကြိမ်ဗျာဒိတ် ပေးတော်မူပြီ၊၊ နှစ်ကြိမ်မြောက်ငါကြားရသော ဗျာဒိတ်တော်ဟူမူကား၊ တန်ခိုးသည် ဘုရားသခင်၌ရှိ၏၊၊

၁၂ အိုထာဝရ ဘုရား ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏၊၊ ကိုယ်တော်သည် လူအသီးသီးတို့အား သူတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏၊၊



Chapter 63

ဆာလံကျမ်း အခန်းကြီး ၆၃

၁ ဒါဝဒ်သည် ယုဒတော၌ ရှိသောအခါ စပ်ဆိုသောဆာလံ၊၊

၂ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊

၃ ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊

၎ ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊

၅ အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။

၆ အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။

၇ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊

၈ အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်၊၊ ထားဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။

၉ ရှင်ဘုရင်မူကား၊ ဘုရားသခင် ဝမ်းမြောက်လိမ့်မည်၊၊

၁၀ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်၊၊ မုသာစကားကို ပြောသောသူတို့၏ နှုတ်မူကား ပိတ်လျက် ရှိလိမ့်မည်၊၊



Chapter 64

ဆာလံကျမ်း အခန်းကြီး ၆၄

၁ အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၌ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကာကွယ် စောင့်ရှောက်တော်မူပါ၊၊

၂ လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း ၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ၊၊

၃ ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏၊၊

၎ စုံလင်သောသူကိုမထင်မရှား ပစ်မည်အကြံ နှင့် ခါးသောစကားတည်းဟူသော မိမိတို့မြ‡ားကို ရွယ်တတ်ကြ၏၊၊ မကြောက်မရွံ့ဘဲ ချက်ခြင်းပစ်တတ်ကြ၏၊၊

၅ မကောင်းသောအမှုမှာ တယောက်ကို တယောက်နှိုးဆော်တတ်ကြ၏၊၊ ကျော့ကွင်းတို့ကို ထောင်ထားခြင်းငှါ တိုင်ပင်၍၊ အဘယ်သူမြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏၊၊

၆ မတရားသောအမှုတို့ကို ကိုယ့်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏၊၊ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သောအရာတို့သည် အလွန် နက်နဲကြ၏။

၇ သူတို့၌ ဘုရားသခင်ပစ်တော်မူသော မြ‡ားမှန်၍ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်၊

၈ သို့ဖြစ်၍ မိမိတို့လျှာသည် မိမိတို့ကို တိုက်စေ၍ မြင်သောသူ အပေါင်းတို့သည် ပြေးသွားကြလိမ့်မည်၊၊

၉ လူအပေါင်း တို့သည်လည်း ကြောက်ရွံ့၍ ဘုရားသခင် စီရင်တော်မူကြောင်း ကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြ လိမ့်မည်၊၊

၁၀ ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်၊၊ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်၊၊



Chapter 65

ဆာလံကျမ်း အခန်းကြီး ၆၅

၁ အိုဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏၊၊ ကိုယ်တော်အား လည်း သစ္စာဝတ်ကို ဖြေရပါ၏၊၊

၂ ပဌနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်း တို့သည် ချဉ်းကပ်ရကြလိမ့်မည်၊၊

၃ မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ၊၊ သို့သော် လည်း အကျွန်ုပ်တို့ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည်၊၊

၎ တန်တိုင်းတော်အတွင်း၌ နေ၍ အထံတော်သို့ ချည်းကပ်စေခြင်းငှါ ကိုယ်တော်ရွေးကောက်တော်မူသော သူသည် မင်္ဂလာရှိပါ၏၊၊ သန့်ရှင်းသော ဗိမာန်တော်တည်း ဟူသော အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော၊၊

၅ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သောအမှု တို့ကို တရားတော်နှင့်အညီ ပြတော်မူ၏၊၊ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့် ပင်လယ်စွန်းတို့၌ နေသော သူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏၊၊

၆ ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့် အားကြီး၍ တောင်များကို တည်စေ တော်မူ၏၊၊

၇ သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ရုန်းရင်း ခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏၊၊

၈ အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကိုမြင်၍ ကြောက်ရွံ့ကြပါ၏၊၊ နေထွက်ရာအရပ်နှင့် နေဝင်ရာ အရပ်တို့ကို ရွှင်လန်းစေတော်မူ၏၊၊

၉ မြေကြီးကို အကြည့်အရှုကြွလာ၍ မိုဃ်းကိုများစွာ ရွာစေလျက်၊ ရေနှင့်ပြည့်သောဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏၊၊ ထိုသို့မြေကိုပြုပြင်ပြီးမှ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏၊၊

၁၀ မြေရိုးတို့ကို စိုစွတ်စေ၍ လယ်ပြင်ကိုတညီတည်းစီရင်ပြီးမှ မိုဃ်းရွာသောအားဖြင့် ပြောစေ၍ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏၊၊

၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏၊၊

၁၂ သာယာသောတောအရပ်တို့လည်းယို၍ တောင်တို့သည်လည်း ပိတိခါးစည်းနှင့်စည်း လျက် ရှိကြပါ၏၊၊

၁၃ ကျက်စားရာ အရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏၊၊



Chapter 66

ဆာလံကျမ်း အခန်းကြီး ၆၆

၁ မြေကြီးသားအပေါင်းတို့ ဘုရားသခင်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊

၂ နာမတော်၏ဂုဏ်ကို သီချင်း ဆိုကြလော့၊၊ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့၊၊

၃ ကိုယ်တော်စီရင်သောအမူတို့သည် အလွန်အံ့သြဘွယ် ဖြစ်ကြ ပါ၏၊၊ တန်ခိုးတော်ကြီးသောကြောင့် ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြလိမ့်မည်။

၎ မြေကြီးသားအပေါင်း တို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြ ပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့၊၊

၅ ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြ လော့၊ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့သြဘွယ် ဖြစ်ကြ၏၊၊

၆ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာ အရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။

၇ တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏၊၊ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍ ငြင်းဆန်သော သူတို့သည် မဝါကြွားကြစေနှင့်၊၊

၈ အချင်းလူစုတို့ ငါတို့ဘုရား သခင်ကို ကောင်းကြီးပေးကြလော့၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသောစကားသံနှင့် ကြွေးကြော်ကြလော့၊၊

၉ ငါတို့အသက်ကို မသေစေမည် အကြောင်းနှင့် ခြေကိုလည်း မချော်စေမည့်အကြောင်း စောင့်မတော်မူ၏၊၊

၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ၊၊ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊၊

၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောက်ကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ၊၊

၁၂ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ၊၊ မီး၌၎င်း၊ ရေ၌၎င်းသွားရသော်လည်း ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏၊၊

၁၃ မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်၊၊

၁၄ ဆင်းရဲခံရစဉ်အခါ အကျွန်ုပ် သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊

၁၅ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ပါမည်၊၊ နွားနှင့်ဆိတ်တို့ကိုလည်း စီရင်ပါမည်၊၊

၁၆ ဘုရားသခင်ကို ကြောက်ရွံ့သောလူအပေါင်းတို့ လာ၍ နားထောင်ကြလော့၊၊ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်၊၊

၁၇ ငါသည်ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ၊၊

၁၈ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။

၁၉ ယခုမူကား၊ ဘုရားသခင်လည်း နားထောင်၍ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ၊၊

၂၀ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။



Chapter 67

ဆာလံကျမ်း အခန်းကြီး ၆၇

၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊

၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊

၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။

၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊

၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊

၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊

၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊



Chapter 68

ဆာလံကျမ်း အခန်းကြီး ၆၈

၁ ဘုရားသခင်ထတော်မူ၍ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော၊၊ ဘုရားသခင်ကို မုန်းသောသူ တို့သည် အထံတော်ကပြေးကြပါစေသော။

၂ မီးခိုးလွှင့်သကဲ့သို့သူတို့ကိုလွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည် ဖြစ်သကဲ့သို့ မတရားသောသူတို့သည် ဘုရားသခင်ရှေ့တော်မှာ ပျက်စီးကြစေသော။

၃ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍ ဘုရားသခင်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန်ဝမ်းမြောက်ဝမ်းသာကြ ပါစေသော။

၎ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့လမ်း ကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား ထာဝရဘုရားတည်း။ ရှေ့တော်၌ရွှင်လန်းကြလော့။

၅ ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိ သောသူတို့၏ အဘဖြစ်၍ မုတ်ဆိုးမ တို့ဘက်မှာ တရားစီရင်တော်မူ၏။

၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍ ချုပ်ထားသောသူ တို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား သွေ့ခြောက်သော အရပ်၌ နေရကြ၏။

၇ အိုဘုရားသခင် ကိုယ်တော်၏လူစုရှေ့မှာကြွ၍ တော၌ချီတော်မူသောအခါ၊

၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာ တော်ကြောင့်၊ သိနာတောင်သည်လည်းတုန်လှုပ်၏။

၉ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကိုများစွာ ရွာစေ၍ ပင်ပန်းသော အမွေတော်လူတို့ကိုထောက်မတော်မူ၏၊၊

၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရပါ၏။ အိုဘုရား သခင် ဆင်းရဲသောသူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။

၁၁ ဘုရားရှင်အမိန့်တော်ရှိ၍ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသောသူတို့သည် အတိုင်းမသိများကြ၏။

၁၂ စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သောမိန်းမတို့သည် လက်ရဥစ္စာကိုဝေမျှကြ၏။

၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်ငွေနှင့်မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း နီသောရွှေနှင့်မွမ်းမံသောအမွေးကဲ့သို့၎င်း ဖြစ်လိမ့်မည်။

၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည် ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသော အရပ်သည်ဇာလ မုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ဖြစ်လေ၏။

၁၅ ဘုရားသခင်၏တောင်တည်း ဟူသောဗာရှန်တောင် မြင့်သောထိပ်များနှင့် ပြည့်စုံသောဗာရှန် တောင်တို့

၁၆ သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ဘုရားသခင်ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။

၁၇ ဘုရားသခင်၏ ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။

၁၈ ကိုယ်တော်သည် မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့် များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူ မည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန်သောလူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ၊၊

၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေ သတည်း၊ ငါတို့ကို သူတပါးညှင်းဆဲသောအခါ ဘုရားသခင် ကယ်တင်တော်မူ၏၊၊

၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏၊၊ ဘုရားအရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏၊၊

၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း အပြစ်ပြုမြဲပြုသောသူတို့၏ ဦးသျှောင်ကို၎င်း၊ ဧကန်အမှန် နှိပ်စက်တော်မူမည်။

၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်၊၊ နက်နဲသောပင်လယ် ထဲက ငါဆောင်ခဲ့ဦးမည်၊၊

၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍ သင်၏ ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မှု၏၊၊

၂၄ အိုဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ၊၊

၂၅ ရှေ့၌ကား သီချင်းဆိုသောသူ နောက်၌ကား စောင်းအမျိုးမျိုးကိုတီးသော သူ၊ အလယ် ၌ကား ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏၊၊

၂၆ ဣသရေလ အမျိုးသားတို့ ပရိသတ် အစည်းအဝေးတို့၌ ထာဝရအရှင်ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့၊၊

၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍ မိမိအလုံးအရင်းနှင့် တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏၊၊

၂၈ အိုဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ၊၊ အိုဘုရားသခင် အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ၊၊

၂၉ ယေရုရှလင်မြို့၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင် တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော၊၊

၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥသဘ အစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း၊ ဆုံးမတော်မူသဖြင့် အသီးအသီး တို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မူကို နှစ်သက်သောလူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။

၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါ စေသော၊ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင် အမြန်ဆန့်ရပါစေသော၊၊

၃၂ မြေကြီးနိုင်ငံတို့ ဘုရားသခင်ရှေ့တော် ၌ သီချင်းဆိုကြလော့၊၊

၃၃ အစအဦး၌ အထက်ကောင်းကင် ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အသံတော်ကို လွှတ်တော်မူ၍ အားကြီးသောအသံဖြစ်၏၊

၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊ ဣသရေ လအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက် တန်ခိုးတော်လည်း မိုဃ်းတိမ် တို့တွင် ထင်ရှားလျက် ရှိသတည်း၊၊

၃၅ အိုဘုရား သခင် ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏၊၊ ဣသရေလအမျိုး၏ ဘုရားသ ခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို ပေးတော်မူသော ဘုရားပေတည်း၊ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ သတည်း၊၊



Chapter 69

ဆာလံကျမ်း အခန်းကြီး ၆၉

၁ အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား၊၊ ရေသည် အကျွန်ုပ်အသက်ဝိညာဉ် တိုင်အောင် ရောက်ပါပြီ၊၊

၂ ခြေနင်းရာ မရှိ၊၊ နက်လှသော ရွံ့ထဲမှာ ကျွံပါပြီ၊၊ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သောရေထဲသို့ ရောက်ပါပြီ၊၊

၃ အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်း ခြောက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ၊၊

၎ အကြောင်းမရှိဘဲ အကျွန်ုပ် ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ ဆံပင်ထက်များကြပါ၏၊၊ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏၊၊ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏၊၊

၅ အိုဘုရားသခင် အကျွန်ုပ်မိုက်ခြင်း အမှုကို ကိုယ်တော်သိတော်မူ၏၊၊ အကျွန်ုပ်၏ အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍မထားရပါ၊၊

၆ ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်၊၊ ဣသရေလအမျိုး၏ ဘုရားသခင် ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ် အကြောင်းကြောင့် ရှက်ကြောက်ခြင်း မရောက်ကြပါစေနှင့်၊၊

၇ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်း ကိုခံရပါ၏၊၊ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။

၈ ကိုယ်ညီအစ်ကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ၊၊ တမိတည်းသော ပေါက်ဘော်တို့တွင် တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ၊၊

၉ ကိုယ်တော် ၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏၊၊ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကား သည် အကျွန်ုပ် အပေါ်သို့ ရောက်ပါ၏၊၊

၁၀ အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သောအကျင့် ကြောင့်ပင် ကဲ့ရဲ့ခြင်း ကို ခံရပါ၏၊၊

၁၁ လျှော်တေ အဝတ်ကို ဝတ်သောအခါ သူတို့သည် သရော်တတ်ကြပါ၏။

၁၂ ရုံး၌ ထိုင်သော သူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍ သေသောက်ကြူးတို့သည် အကျွန်ုပ်ကိုအကြောင်းပြု လျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏၊

၁၃ အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏၊၊ အိုဘုရားသခင်၊ ဂရုဏာတော်ကြွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။

၁၄ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နူတ်တော်မူပါ၊၊ နစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်ကို မုန်းသော သူတို့လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော၊၊

၁၅ ရေထ၍ မလွှမ်းပါစေနှင့်၊၊ နက်နဲရာ၌ မမြ‡ုပ်ပါစေနှင့်၊၊ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်၊၊

၁၆ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အကျွန်ုပ် စကားကို နားထောင်တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်ကို မျက်နှာပြ တော်မူပါ။

၁၇ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်၊၊ ဘေးရောက်ပါပြီ၊၊ အလျှင်အမြန် နားထောင်တော် မူပါ၊၊

၁၈ အကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ၊၊ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေး တော်မူပါ။

၁၉ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့ သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏၊၊

၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏၊၊ သနားသော သူကို ကြည့်၍ မမြင်၊၊ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။

၂၁ အကျွန်ုပ်စားစရာဘို့ ဆေးခါးကိုကျွေးကြပါ၏၊၊ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏၊၊

၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက် သော်၎င်း ဖြစ်ပါစေ၊၊

၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ၊၊ သူတို့ ခါးသည်လည်း အစဉ်တုန်ပါစေ၊၊

၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော် မူ၍ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ၊၊

၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ၊၊ သူတို့အိမ်၌ နေသောသူမရှိပါစေနှင့်၊၊

၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏၊၊ နာစေတော်မူသော သူတို့ကို ထပ်၍ နာစေကြပါ၏၊၊

၂၇ သူတို့အပြစ်၌ အပြစ်ကို ထပ်၍ပေးတော်မူပါ။ ကုသိုလ်တော်နှင့်မဆိုင်ကြပါ စေနှင့်။

၂၈ အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမှတ်ပါ စေနှင့်၊၊

၂၉ အကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏၊၊ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြင့်ပါစေသော။

၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊

၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊

၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊

၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊

၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊

၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့ တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ ပိုင်ရကြလိမ့်မည်၊၊

၃၆ ကျွန်တော်မျိုး၏ သားမြေးတို့ သည် ထိုမြို့ကို အမွေခံရ၍ နာမတော်ကို ချစ်သောသူတို့သည် နေရာကျရကြလိမ့်မည်၊၊



Chapter 70

ဆာလံကျမ်း အခန်းကြီး ၇၀

၁ အောက်မေ့စေခြင်းငှါစပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ၊၊

၂ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။

၃ အကျွန်ုပ်ကို အေဟေ့၊အေဟေ့ဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရပါစေသော။

၎ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ဘုရားသခင် ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော။

၅ အကျွန်ုပ်မူကား ဆင်းရဲငတ် မွတ်ပါ၏၊၊ အိုဘုရားသခင် အကျွန်ုပ်ရှိရာသို့ အလျင်အမြန်ကြွတော်မူပါ၊၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစသောသူ ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အိုထာဝရဘုရား ဆိုင်းလင့်တော်မမူပါနှင့်၊၊



Chapter 71

ဆာလံကျမ်း အခန်းကြီး ၇၁

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊

၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊

၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊

၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊

၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊

၆ အကျွန်ုပ် သည် ဘွားကတည်းက ပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။

၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။

၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။

၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။

၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊

၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။

၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။

၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။

၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။

၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။

၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။

၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။

၁၈ တဖန်တုံအိုဘုရားသခင်၊ အကျွန်ုပ် အသက်ကြီး၍ ဆံပင်ဖြူသည် ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော် ကို၎င်း၊ အကျွန်ုပ် မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မမူပါနှင့်။

၁၉ အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်း တရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။

၂၀ ကြီးမားကြမ်း တမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန်အသက် ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထ မြောက်စေတော်မူမည်။

၂၁ အကျွနု်ပ်ကို စည်းစိမ်တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။

၂၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်နှင့်သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။

၂၃ ရှေ့တော်၌ သီချင်းဆို သောအခါ၊ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်းရွှင်လန်းပါလိမ့်မည်။

၂၄ အကျွန်ုပ်၏လျှာသည် လည်းဖြောင့်မတ်တော်မူခြင်း တရားကိုအစဉ် မြွက်ဆိုပါလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ် ၌ အပြစ်ပြုခြင်း အခွင့်ကိုရှာသော သူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။



Chapter 72

ဆာလံကျမ်း အခန်းကြီး ၇၂

၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။

၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။

၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။

၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။

၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။

၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။

၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။

၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။

၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။

၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။

၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။

၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။

၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။

၁၄ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှင်းဆဲခြင်း၏လက်မှ ရွေးနှုတ်၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။

၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကိုဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်တို့ကို ပြုကြလိမ့်မည်။

၁၆ ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့ သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့် မည်။

၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေသည်တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွါးလိမ့် မည်။ကျေးဇူးတော် အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၍၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့် မည်။

၁၈ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာ စီရင်တော်မူသော ထာဝရအရှင်၊ ဘုရားသခင် ၊ဣသရေလ အမျိုး၏ ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေသတည်း။

၁၉ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာ ရှိတော်မူစေသတည်း၊၊ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်စုံပါစေသတည်း။ အာမင်နှင့် အာမင်။

၂၀ ယေရှဲ၏သားဒါဝဒ် ဆုတောင်းသော ပဌနာစကားပြီး၏။



Chapter 73

ဆာလံကျမ်း အခန်းကြီး ၇၃

၁ အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။

၂ ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက်ရှိမိပြီ။

၃ အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကို ပင်ငါငြူစူမိပြီ။

၎ ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်း သတ္တိရှိကြသည်။

၅ သူတို့သည် လောကဓံ ဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကို မခံရကြ။

၆ ထို့ကြောင့်မာနကို လည်ဆွဲတန်ဆာကဲ့သို့ ဆင်၍၊ ညှင်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တက်ကြ၏။

၇ ဆူဝသော ကြောင့်မျက်နှာ မော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်း အားဖြင့် လွန်ကြူးတတ်ကြ၏။

၈ ဆိုးသော ညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတက်ကြ၏။

၉ သူတို့နှုတ် သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကိုလှည့်လည်တက်၏။

၁၀ ထို့ကြောင့် ဘုရား သခင်၏ လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသောရေကို မျိုရကြ၏။

၁၁ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။

၁၂ ထိုမတရားသော သူတို့ သည် အစဉ်ကောင်း စား၍ ဥစ္စာပွါးများကြ၏။

၁၃ အကယ်စင်စစ်ငါ့နှလုံးကိုငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက် ကို ဆေးကြောသော်လည်း အကျိုးမရှိ။

၁၄ နေ့တိုင်းနှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကို ငါခံရ၏။

၁၅ ထိုသို့သဘောကျမည် အကျွန်ုပ် ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။

၁၆ ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။

၁၇ နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍ ၊ သူတို့၏အဆုံးကို နားလည်ရပါ၏။

၁၈ အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကိုချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်စီးရာအရပ်သို့ ချတော်မူ၏။

၁၉ တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။

၂၀ အိုထာဝရဘုရား၊ လူသည်နိုးသောအခါ အိပ်မက်ကို မှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ ၊ သူတို့အကြံအစည် ကိုမထီမဲ့မြင်ပြုတော်မူမည်။

၂၁ ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက်ကပ် မွှေနှောက်လျက် ရှိ၍၊

၂၂ မိုက်သောသူ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့တော်၌ တိရိစ္ဆြ္ဆွာန်ကဲ့သို့ ဖြစ်ပါ၏။

၂၃ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏ လက်က်ျာလက်ကို ဆွဲကိုင်တော်မူ၏။

၂၄ အကျွန်ုပ်ကို ဥာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ ၌ သိမ်းယူတော်မူမည်။

၂၅ ကိုယ်တော်မှ တပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကို အလိုရှိသည်နှင့် အမျှ မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။

၂၆ အကျွန်ုပ်၏ အသားနှင့်နှလုံးသည် ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ် အစဉ်အမြဲခံစားရာ အဘို့ ဖြစ်တော်မူ၏။

၂၇ အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော်နှင့်ကွာ၍ မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။

၂၈ အကျွန်ုပ်မူကား၊ ဘုရားသခင်ထံ တော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလို့ငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏။



Chapter 74

ဆာလံကျမ်း အခန်းကြီး ၇၄

၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ် တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စား သော သိုးတို့ကို အဘယ်ကြောင့်အမျက်ထွက်တော်မူသနည်း။

၂ ရှေးကအပိုင် ရတော်မူသော လူအစည်းအဝေးကို ၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက်မေ့တော်မူပါ။

၃ သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲသုတ်သင် ပယ်ရှင်းရာ အရပ်သို့ ကြွတော်မူပါ။

၎ ကိုယ်တော်၏ လူစည်ဝေးရာ အရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာ သက် သေတို့ကို ထားကြပါပြီ။

၅ လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊

၆ ယခုတွင် ဗိမာန်တော်တန်ဆာများကိုပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။

၇ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။

၈ ဤအမျိုးသား အပေါင်းတို့ကိုအတူ ဖျက်စီးကြကုန် အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရားစရပ်တို့ကို မီးရှို့ကြပါ၏။

၉ အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည်တဖန်မပေါ် မရှိပါ။အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသော သူမရှိပါ။

၁၀ အိုဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။

၁၁ လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲက ထုတ်၍ ဖျက်ဆီးတော်မူပါ။

၁၂ အကယ်စင်စစ်ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင် တော်မူ ခြင်းကို မြေအလယ်၌ ပြုသောငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။

၁၃ ကိုယ်တော်သည် တန်ခိုးတော် အားဖြင့် ပင်လယ်ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။

၁၄ လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်း သားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။

၁၅ စမ်းရေ နှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကို လည်း ခန်ခြောက်စေတော် မူပြီ။

၁၆ နေ့နှင့် ညဥ့်ကို ပိုင်တော်မူ၏။ နေမှ စ၍ အလင်းအိမ်တို့ကို ဖန်ဆင်း တော်မူပြီ။

၁၇ မြေကြီး၏ အကန့်အကွက် ရှိသမျှတို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။

၁၈ ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့ တော်မူပါ။

၁၉ ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့် ။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်း အဝေးကို အစဉ်မေ့လျော့ တော်မမူပါနှင့်။

၂၀ ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ်ကြပါ၏။

၂၁ နှိပ်စက်ခြင်းကို ခံရသော သူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။

၂၂ အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကိုစီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။

၂၃ ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတတ်လျက်ရှိပါ၏။



Chapter 75

ဆာလံကျမ်း အခန်းကြီး ၇၅

၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော် နီးကြောင်းကိုအံ့ဘွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းကြပါ၏။

၂ ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။

၃ မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိ သည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။

၎ မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သော သူတို့အား ၎င်း၊ ဦးချိုကိုမမြေ‡ာက်ကြနှင့်။

၅ သင်တို့ ၏ ဦးချိုကို မမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အား၎င်း ငါပြောထား၏။

၆ အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။

၇ ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တယောက်ကို နှိမ့်ချ၍၊ တယောက်ကိုမြှောက်တော်မူ၏။

၈ ထာဝရ ဘုရား၏ လက်တော်၌ ဖလားရှိ၏။ နီသော စပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျတ်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြရ၏။

၉ ငါမူကား အစဉ်မပြတ် ချီးမွမ်း၍၊ ယာကုတ်အမျိုး၏ ဘုရားသခင်ကိုထောမနာ သီချင်းဆိုပါမည်။

၁၀ မတရား သောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြေ‡ာက်ခြင်းသို့ ရောက်ရကြလိမ့် မည်။



Chapter 76

ဆာလံကျမ်း အခန်းကြီး ၇၆

၁ ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏၊၊ ဣသရေလတိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏၊၊

၂ ယေယုရှလင် မြို့မှာတဲတော်ရှိ၏၊၊ ဇိအုန်တောင်မှာ ကျိန်းဝပ်လျက်နေတော်မူ၏၊၊

၃ ထိုအရပ်၌ လေးမြ‡ား ဒိုင်းလွှား ထားလက်နက် စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။

၎ သင်သည် သားရဲနေသောတောင်တို့ ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။

၅ ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ၊၊ အားကြီးသောသူ တစုံတယောက်မျှ မိမိလက်ကိုမတွေ့ရ။

၆ ယာကုပ်အမျိုး၏ ဘုရားသခင် ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့် ရထားစီးသောသူနှင့် မြင်းစီးသောသူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။

၇ ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံဘွယ် ဖြစ်လေ၏၊၊ အမျက်ထွက်တော် မူသောအခါ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။

၈ ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသားအပေါင်းတို့ကို ကယ်တင်၍၊

၉ တရားဆုံးဖြတ်ခြင်းငှါထတော်မူသော အခါတရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူသဖြင့် မြေကြီးသည်ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။

၁၀ အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူမည်၊၊

၁၁ သစ္စာဂတိပြုကြလော့၊၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့၊၊ ကိုယ်တော်၏ ပတ်လည်၌ နေသော သူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေဘွယ်သော ဘုရားထံတော် သို့ လက်ဆောင်ကိုဆောင်ခဲ့ကြစေ၊၊

၁၂ ထိုဘုရားသည် မင်းသားတို့၏ စိတ်ကိုနှိမ့်ချတော်မူ၏၊၊ လောကီရှင်ဘုရင် တို့၌ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏၊၊



Chapter 77

ဆာလံကျမ်း အခန်းကြီး ၇၇

၁ ငါသည်ဘုရားသခင်ထံသို့ အသံကို လွှင့်၍အော်ဟစ်၏၊၊ ဘုရားသခင်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင် သည် ငါ့စကားကိုနားထောင်မူလိမ့်မည်။

၂ ဘေးရောက်သည့်ကာလ၌ ငါသည်ထာဝရဘုရားကို ရှာရ၏။ ညဥ့်အချိန်၌ ပင်လက်ကိုဆန့်လျက် နေရ၏၊၊ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏၊၊

၃ ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏၊၊ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ရောက်တတ်၏၊၊

၎ မျက်စိမှိတ်၍ မပျော်နိုင်၊၊ လှုပ်ရှားခြင်းရှိသောကြောင့် နှုတ်မမြွက်နိုင်၊၊

၅ လွန်လေပြီးသော နေ့ရက်ကို၎င်း ရှေးကာလကို၎င်း အောက်မေ့၏၊၊

၆ ညဥ့်အခါ၌လည်း ငါသည်ကိုယ် သီချင်းကို ဆင်ခြင်၍ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေးသဖြင့် ငါ့ဝိညာဉ်သည် စစ်ဆေးခြင်းကိုပြု၏၊၊

၇ ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူမည်လော၊၊ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော်မူမည်လော။

၈ ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ဂတိတော်လည်း ကာလအစဉ်အဆက် ပျက်လိမ့်မည်လော။

၉ ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံမက်ခြင်း ကရုဏာတော်ကို ချုပ်တည်းတော်မူသလော။

၁၀ ထိုသို့ဆိုသော် ငါသည်ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာ လက်တော်ဖြင့် ပြုပြင်တော်မူခြင်း ပေတည်း။

၁၁ ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့သြဘွယ်တို့ကို အောက်မေ့ပါမည်။

၁၂ ပြုတော်မူသမျှ တို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာ တို့ကို မြွက်ဆိုပါမည်။

၁၃ အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။

၁၄ ကိုယ်တော်သည် အံ့ဘွယ်သောအမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မှုပြီ။

၁၅ ကိုယ်တော်၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော်မူပြီ။

၁၆ အိုဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ ၏။ ရေတို့သည် ကိုယ်တော်ကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ရေနက်နဲရာ အရပ်တို့လည်း လှုပ်ရှားကြပါ၏။

၁၇ မိုဃ်းတိမ် တို့သည် ရေကိုသွန်လောင်း၍၊ မိုဃ်းကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏ မြ‡ားတို့သည် အရပ် ရပ်သို့ ရောက်ကြပါ၏။

၁၈ ကိုယ်တော်၏ မိုဃ်းကြိုးသံသည် လေဘွေ၌ပါ၍၊ လျှပ်စစ်ပြက်သဖြင့်၊ လောကကိုလင်း စေပါ၏။ မြေကြီးသည်လည်း တုန်လှုပ်ပါ၏။

၁၉ ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသောရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။

၂၀ မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။



Chapter 78

ဆာလံကျမ်း အခန်းကြီး ၇၈

၁ ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။

၂ ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဘော်ပြပေအံ့။

၃ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊

၎ သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော် ကို၎င်း၊ ပြုတော်မူသော အံ့ဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သော သူတို့အားဘော်ပြကြမည်။

၅ အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။

၆-၇ သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။

၉ ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။

၁၀ ဘုရားသခင်၏ သစ္စာတော်ကိုမစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။

၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့သြဘွယ်တို့ကို၎င်း မေ့လျော့ကြ၏။

၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မှု၏။

၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုလျှောက်သွား စေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏။

၁၄ နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဥ့်အချိန်၌ကား၊ တညဥ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကိုလမ်းပြ တော်မူ၏။

၁၅ တော၌ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အားတိုက်တော်မူ၏။

၁၆ ကျေက်ထဲကစီးသောရေကို ထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။

၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။

၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံး ထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။

၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။

၂၀ ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်းပေးနိုင်သလော။ မိမိလူတို့အဘို့မဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။

၂၁ ထိုစကားကို ထာဝရ ဘုရားသည် ကြား၍အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။

၂၂-၂၅ အကြောင်းမူကား၊ အထက်မိုဃ်းတိမ် တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ ကိုဖွင့်၍၊ သူတို့စားစရာဘို့မန္နကိုမိုဃ်းရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမကိုးစားပဲနေကြ၏။

၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊

၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှပျံတက်သော ငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ မိုဃ်းရွာစေလျက်၊

၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။

၂၉ ထိုသို့သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာစားရကြ၏။

၃၀ သူတို့ တပ်မက်သောအစာကို မရောင့်ရဲမှီ စားကြစဉ်တွင်၊

၃၁ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကို ကွက်မျက်၍ ဣသရေလလူပျိုတို့ကို လှဲချတော်မူ၏။

၃၂ ထိုအမှု အလုံးစုံတို့နှင့် ဣသရေလ လူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ၊ ပြစ်မှားလျက်နေကြသေး၏။

၃၃ ထို့ကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှပ်တော်မူ၏။

၃၄ သူတို့ကို ကွပ်မျက်တ်ာမူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကိုလိုက်ရှာကြ၏။

၃၅ ဘုရားသခင် သည် သူတို့၏ ကျောက်၊ အမြင့်ဆုံးသော ဘုရားသည် သူတို့ကိုကယ်တင်သော အရှင်ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။

၃၆ သို့သော်လည်း ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။

၃၇ သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။

၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးပဲအပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။

၃၉ သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ၍ နောက်တဖန်မလာ တတ်သော ဝိညာဉ်ဖြစ် ကြောင်းကို၎င်း အောက်မေ့တော်မူ၏။

၄၀ သူတို့သည် ကိုယ်တော်ကို တော၌ ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။

၄၁ ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည် တကား။

၄၂ တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။

၄၃ အဲဂုတ္တပြည်၌ လက္ခဏာသက်သေတော် တို့ကို ၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သောအမှုတို့ကို၎င်း ပြုတော်မူ၏။

၄၄ ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။

၄၅ သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သောဘားတို့ကို၎င်း စေလွှတ်တော်မူ၏။

၄၆ သူတို့၏မြေ အသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသော ဥစ္စာကိုအရာ ဘကျိုင်းတို့အား၎င်း ပေးတော်မူ၏။

၄၇ သူတို့စပျစ် နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။

၄၈ သူတို့၏ သိုးနွားများကို မိုဃ်းသီးဖြင့်၎င်း၊ ပြုစုသော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။

၄၉ အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသော တမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောက်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။

၅၀ အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊

၅၁ အဲဂုတ္တပြည်၌ သားဦးအပေါင်း တို့ကို၎င်း၊ ဟာမသားတို့ နေရာအရပ်၌ အထွဋိအမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။

၅၂ မိမိလူများကို ကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌ သူတို့ကို သိုးစုကဲ့သို့ဆောင်တော်မူ၏။

၅၃ ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။

၅၄ သန့်ရှင်းသောပြည်တော် စွန်းတိုင်အောင်၎င်း၊ လကျာ်လက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။

၅၅ သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ်အသီးသီးတို့သည် အမွေခံရ သောမြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။

၅၆ သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသောဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူ ချက်များ ကို မစောင့်ဘဲ၊

၅၇ ဘိုးဘေးများကဲ့သို့ ဖောက်ပြန်ကို သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သောလေကဲ့သို့ လမ်းလွဲကြ၏။

၅၈ သူတို့သည် မြင့်သော အရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ်နှောက်ယှက်ကြ၏။

၅၉ ဘုရားသခင်သည် ကြားသိတော်မူ လျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံ့ရှာသဖြင့်၊

၆၀ ရှီလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။

၆၁ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှာ၎င်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှာ စီရင်တော်မူ၏။

၆၂ မိမိလူတို့ကိုလည်းထားဘေး၌ အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။

၆၃ လူပျိုတို့သည် မီးလောင်ခြင်းကို ခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။

၆၄ ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။

၆၅ ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသော သူရဲကဲ့သို့၎င်း နှိုးတော်မူ၏။

၆၆ ရန် သူတို့ကို ဒဏ်ခတ်၍လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။

၆၇ သို့ရာတွင်၊ ယောသပ်၏ တဲတော်ကို ငြင်း ပယ်၍ ဧဖရိမ် အမျိုးကို ရွေးတော်မမူ။

၆၈ ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန်တောင်ကို၎င်း ရွေးတော်မူ၏။

၆၉ သန့်ရှင်းရာ ဌာနတော်ကို အထွဋိကဲ့သို့၊ တည်ဆောက်၍ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။

၇၀ ကျွန်တော်မျိုးဒါဝိဒ်ကို သိုးခြံများ ထဲကရွေးယူ တော်မူ၏။

၇၁ သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှနှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်းငှာ ခန့်ထားတော်မူ၏။

၇၂ ထိုသူသည် ဖြောင့်သောသ ဘောရှိသည့်အတိုင်း ကျွေးမွေး၍၊ လိမ္မာသော လက်နှင့်ပို့ ဆောင်လေ၏။



Chapter 79

ဆာလံကျမ်း အခန်းကြီး ၇၉

၁ အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။

၂ ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်းကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊

၃ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သဂြိုလ်သော သူလည်းမရှိပါ။

၎ အကျွန်ုပ်တို့ သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌နေသော သူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။

၅ အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည်မပြေ၊ မီးကဲ့သို့လောင်ပါမည်နည်း။

၆ ကိုယ်တော်ကို မသိသောတပါး တပါးအမျိုးသားတို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌာနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။

၇ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။

၈ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။

၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။

၁၀ သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့်ဆို ရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏ အသွေးဘက်မှာ တရားစီရင်တော်မူ သော အကြောင်းသည် တပါး အမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက်၌ ထင်ရှားပါစေသော။

၁၁ အချုပ်ခံရသောသူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည် နှင့်အညီ ချမ်းသာပေးတော်မူပါ။

၁၂ အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ် ကို သူတို့ရင်ခွင်ထဲသို့ ခုနှစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။

၁၃ သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ် ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော်ကို အစဉ်အဆက် ဖြစ်လတံ့သော သူတို့အားဖော်ပြကြပါမည်။



Chapter 80

ဆာလံကျမ်း အခန်းကြီး ၈၀

၁ သိုးစုကိုပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မှုသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။

၂ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ၊

၃ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။

၎ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ ပြုသော ပဌာနစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။

၅ သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာတိုက်တော်မူ၏။

၆ အနီးအပါး၌နေသော သူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။

၇ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။

၈ ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။

၉ သူ၏နေရာကို ပြုပြင်တော်မူသဖြင့်၊ သူသည်အမြစ်ကျ၍ တပြည်လုံးကိုနှံ့ပြားပါ၏။

၁၀ သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။

၁၁ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎င်း ပြန့်ပွားစေပါ၏။

၁၂ ယခုမူကား၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့်ချိုးဖျက် တော်မူသနည်း။

၁၃ တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍ တောသားရဲသည်လည်းစားပါ၏။

၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ တဖန်ကြွလာတော်မူမည် အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှု့တော်မူပါ။ ထိုစပျစ် နွယ်ပင်ကို အကြည့်အရှု့ကြွလာ တော်မူပါ။

၁၅ လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော့်အဘို့ ခိုင်မာစေ တော်မူသော ပျိုးပင်ကိုကွယ်ကာတော်မူပါ။

၁၆ မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။

၁၇ လက်ျာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။

၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာ ပြု ကြပါမည်။

၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။



Chapter 81

ဆာလံကျမ်း အခန်းကြီး ၈၁

၁ ငါတို့သည် အစွမ်းသတ္တိတည်းဟူသော ဘုရားသခင်အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသောအသံကို ပြုကြလော့။

၂ တုရိယာမျိုးကိုဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့် တယောကို၎င်းယူခဲ့ကြ။

၃ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။

၎ ထိုသို့ဣသရေလအမျိုး၌ ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။

၅ နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။

၆ ငါသည်သူ၏ ပုခုံးကိုဝန်နှင့် လွှတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နှုတ်ယူ၏။

၇ သင်သည် ဒုက္ခကို ခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည် ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။

၈ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကိုနားထောင် ပါစေသော။

၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်းတနိုင်ငံဘုရားကို မကိုးကွယ်ရ။

၁၀ ငါသည် သင့်ကိုအဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။

၁၁ ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါ တကား။

၁၂ ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။

၁၃ ငါ၏လူစုသည် ငါ့စကားကိုနားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။

၁၄ လိုက်လျှင် ငါသည် သူတို့ ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသော သူတို့ကိုဒဏ်ခတ်မည်။

၁၅ ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လုတို့သည်လည်း၊ အစဉ်အမြဲတည်ရသော အခွင့်ရှိကြလိမ့်မည်။

၁၆ အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။



Chapter 82

ဆာလံကျမ်း အခန်းကြီး ၈၂

၁ ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ရပ်လျက် နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။

၂ သင်တို့သည် မတရားသော သူတို့၏မျက်နှာကိုထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည် နည်း။

၃ ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူတို့ဘက်၌ တရားစီရင်ကြလော့။

၎ ဆင်းရဲ သောသူနှင် ငတ်မွတ်သော သူတို့ကို မတရားသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။

၅ သူတို့သည် မသိ၊ နားမလည်ကြ။ မှောက်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ် အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။

၆ သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏ သားဖြစ်ကြ၏ဟု ငါဆိုသတည်း။

၇ သို့သော် လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။

၈ အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။



Chapter 83

ဆာလံကျမ်း အခန်းကြီး ၈၃

၁ အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အိုဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာနေတော် မမူပါနှင့်။

၂ ကိုယ်တော်၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။

၃ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာ တော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။

၎ ဣသရေ လ၏ နာမကို နောက်တဖန်အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟုဆိုကြပါ၏။

၅ သဘောတညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ်တော်တဘက်၌ အချင်းချင်း သင်းဖွဲ့သောသူ ဟူမူကား။

၆ ဧဒုံပြည်၌နေ သောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊

၇ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။

၈ အာရှုရိအမျိုးသား တို့ သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။

၉ မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်း နှင့်ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော်မူပါ။

၁၀ ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ဖြစ်ကြပါ၏။

၁၁ ငါတို့ သည် ဘုရားသခင်၏ အိမ်များကို ကိုယ်ဘို့သိမ်းယူကြကုန်အံ့ဟုဆို သော သြရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊ ဤသူတို့၏ မှူးမတ်များကို၎င်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကို၎င်း ဖြစ်စေတော်မူပါ။

၁၂ အကျွန်ုပ်၏ ဘုရားသခင်၊ လေဘွေ၌ပါသွားသော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍လွင့်သော ဖွဲကဲ့သို့၎င်း၊ သူတို့ကို ဖြစ်စေတော်မူပါ။

၁၃ တောကိုမီးရှို့သကဲ့သို၎င်း၊ တောင်ပေါ်မှာ မီးလောင် သကဲ့သို့လည်းကောင်း၊

၁၄ ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော် အားဖြင့် သူတို့ကို ညှင်းဆဲ၍၊ ပြင်းစွာသော လေတော် အားဖြင့်၊ ချောက်လှန့်တော်မူပါ။

၁၅ အိုထာဝရဘုရား၊ သူတို့ မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။

၁၆ စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်း ရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။

၁၇ ထာဝရ ဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တပါးတည်း သာလျှင်၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။



Chapter 84

ဆာလံကျမ်း အခန်းကြီး ၈၄

၁ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ် သက်ဘွယ် ဖြစ်ပါသည်တကား၊

၂ ထာဝရဘုရား၏တန်တိုင်းတော်တို့ကို အကျွန်ုပ်၏ ဝိညာဉ်သည် တသ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓြွာသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။

၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။

၎ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။

၅ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။

၆ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။

၇ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။

၈ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။

၉ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသော်သူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။

၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသော တရက်သည် အခြားအရပ်၌နေသော အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။

၁၁ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။

၁၂ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။



Chapter 85

ဆာလံကျမ်း အခန်းကြီး ၈၅

၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော်ကို စိတ်နှင့်တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။

၂ ကိုယ်တော်၏ လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။

၃ စိတ်တော် ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။

၎ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ ထွက်ဖူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ။

၅ အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည်လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော်မူမည်လော။

၆ ကိုယ်တော်၏ လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည် မဟုတ်လော။

၇ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အား ကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုပြုတော်မူပါ။

၈ ထာဝရအရှင်ဘုရားသခင် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။

၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။

၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။

၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။

၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။

၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။



Chapter 86

ဆာလံကျမ်း အခန်းကြီး ၈၆

၁ အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။

၂ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင်ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့် မ၍၊ ကိုယ်တော်ကို ကိုးစားသော အကျွန်ုပ်၏ကျွန်ကို ကယ်တင်တော်မူပါ။

၃ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။

၎ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည် ဖြစ်၍၊ ကိုယ်တော်၏ ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။

၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌာနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။

၆ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။

၇ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။

၈ အိုထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်းမရှိပါ။

၉ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပြပ်ဝပ်၍၊ နာမတော်ကို မြှောက်ကြပါလိမ့်မည်။

၁၀ ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။

၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကိုအကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏ နှလုံးကို စေ့စပ်စေတော် မူပါ။

၁၂ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်း၍၊ နာမတော် ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။

၁၃ အကျွန်ုပ်ခံရသော ကရုဏာတော် ကြီးလှပါ၏။ အကျွနုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။

၁၄ အိုဘုရားသခင်၊ မာနကြီးသောသူတို့သည် အကျွန်ုပ်တဘက်၌ ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။

၁၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ် သောသဘော၊ ကရုဏာနှင့် သစ္စာကြွယ်ဝသော သဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။

၁၆ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။ ကိုယ်တော်၏ ကျွန်အားတန်ခိုးတော်ကို ပေး၍၊ ကိုယ်တော်၏ ကျွန်မသားကို ကယ်တင်တော်မူပါ၊

၁၇ အကျွန်ုပ်အား ကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့ သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ၍ ချမ်းသာပေးတော်မူ၏။



Chapter 87

ဆာလံကျမ်း အခန်းကြီး ၈၇

၁ ဘုံဗိမ္မာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။

၂ ထာဝရဘုရား သည် ယာကုပ်၏ နေရာအပေါင်းတို့ထက် ဇိအုန်တံခါးတို့ကိုသာ၍ နှစ်သက်တော်မူ၏။

၃ အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေ ကြီးလိမ့်မည်ဟူသော စကားကိုပြောထားလျက်ရှိ၏။

၎ ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။

၅ ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသော ဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။

၆ ထာဝရဘုရား သည် လူမျိုးတို့ကို စာရင်းယူတော်မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုး ဖြစ်သည်ဟု မှတ်တော်မူမည်။

၇ သီချင်းသည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်း အကြောင်းရှိသမျှတို့သည် သင်၌ရှိကြသတည်း။



Chapter 88

ဆာလံကျမ်း အခန်းကြီး ၈၈

၁ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဥ့်မပြတ် အော်ဟစ်ပါ၏။

၂ အကျွန်ုပ်ပြုသော ပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို အားထောင်တော်မူပါ။

၃ အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံ အနီးသို့ ရောက်ပါပြီ။

၎ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူတို့နှင့်တကွ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အားကုန်သောသူကဲ့သို့ ဖြစ်ပါ၏။

၅ အသေကောင်တို့တွင်ပစ်ထားသောသူ၊ ကွပ်မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသော သူတည်းဟူသော အောက်မေ့ တော်မမူ၊ လက်တော်၏ မစခြင်းနှင့် ကွာဝေးသောသူကဲ့သို့ ဖြစ်ပါ၏။

၆ အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသောအရပ်၌ ချထားတော်မူပြီ။

၇ အမျက်တော်သည်၊ အကျွန်ုပ်အပေါ်၌ ဖိလျက်ရှိပါ၏။ လှိုင်းတံပိုးတော် အပေါင်းတို့နှင့် နှိပ်စက်တော်မူ၏။

၈ အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဘွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။

၉ အကျွန်ုပ် ခံရသော ဒုက္ခကြောင့် အကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံ တော်သို့ လက်ကိုဆန့်ပါ၏။

၁၀ သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ အင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။

၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာတော်ကို ပျက်စီးရာ အရပ်၌၎င်း ကြားပြောရကြပါမည်လော။

၁၂ အံ့ဘွယ်သောအမှုတို့ကို မှောင်မိုက်သောအရပ်၌၎င်း၊ ဖြောင့်မတ်တော်မူ ခြင်းတရားကို မေ့လျော့ရာပြည်၌၎င်း သိရကြပါမည်လော။

၁၃ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။

၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကိုအကျွန်ုပ်မှ အဘယ်ကြောင့် လွှဲတော်မူသနည်း။

၁၅ အကျွန်ုပ် သည် ဒုက္ခဝေဒနာကို ခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။

၁၆ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏အသက်ကို ည‡င်းဆဲ သည့်တိုင်အောင်၊

၁၇ ရေကဲ့သို့ အစဉ်အပြတဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။

၁၈ ချစ်သောသူနှင့် အဆွေခင် ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။



Chapter 89

ဆာလံကျမ်း အခန်းကြီး ၈၉

၁ အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏ သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။

၂ ကရုဏာတော်သည် အစဉ်အမြဲတည်ရ ပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့မြဲမြံစေတော်မူသည်ဟု အကျွန်ုပ်သဘောကျပါ၏။

၃-၄ ကိုယ်တော်မိန့် တော်မူသည်ကား၊ သင်၏ အမျိုးအနွယ်ကို အစဉ်မပြတ်ငါ မြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက် သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။

၅ အိုထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ်သော အမှုတော်ကို၎င်း၊ သန့်ရှင်းသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။

၆ အကြောင်းမှုကား၊ ကောင်းကင်တွင် ထာဝရဘုရား နှင့် အဘယ်သူပြိုင်နိုင် သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။

၇ ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိတ်သတ်တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသော သူအပေါင်းတို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။

၈ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါ သနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။

၉ သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။

၁၀ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေတော်မူ၏။

၁၁ ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။

၁၂ မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကို အမှီပြု၍ ရွင်လန်းစွာ သီဆိုကြပါ၏။

၁၃ တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာ လက်တော်သည် မြင့်ပါ၏။

၁၄ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။

၁၅ အိုထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။

၁၆ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်း တရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။

၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။

၁၈ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသလေအမျိုး၏ သန့်ရှင်းသော ဘုရားသည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။

၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည်အကြောင်းငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သော သူတစ်ယောက်ကို ငါမြှောက်ပြီ။

၂၀ ငါ၏ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။

၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကိုမြဲမြံခိုင်ခံ့စေမည်။

၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှင်းဆဲရ။

၂၃ သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသောသူတို့ကို ဒဏ်ခတ်မည်။

၂၄ ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် မြှောက်လျက်ရှိလိမ့်မည်။

၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊ သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။

၂၆ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊အကျွန်ုပ်ကိုကယ်တင်ရာ ကျောက်ဖြစ် တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။

၂၇ အကယ်စင်စစ် သူ့ကိုသားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့ အပေါ်မှာ ချီးမြှောက်မည်။

၂၈ ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။

၂၉ သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲတည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရ ဖြစ်လိမ့်မည်။

၃၀ သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကိုမကျင့်၊

၃၁ ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊

၃၂ ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။ v ၃၃ သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနှုတ်မပယ်။ ငါ၏သစ္စာ ကိုလည်းမဖျက်။

၃၄ ငါ၏ ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်း မရှိရ။

၃၅ ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။

၃၆ သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။

၃၇ လကဲ့သို့၎င်း၊ မုဃ်းကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။

၃၈ သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက်ထွက်တော်မူပြီ။

၃၉ ကိုယ်တော်၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။

၄၀ သူ၏ခြံရှိသမျှတို့ကို ချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။

၄၁ လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။

၄၂ သူ၏ရန်သူတို့ လက်ျာလက်ကို ချီးမြ‡င့်၍၊ ရန်ဘက်ပြုသော သူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူ၏။

၄၃ သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက် ရာတွင် ထောက်မတော်မူပါ။

၄၄ သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော်မူပြီ။

၄၅ သူ၏ပျိုသော အရွယ်ကို တိုစေ၍ အရှက်ခွဲတော်မူပြီ။

၄၆ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံး ပုန်း၍နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။

၄၇ အကျွန်ုပ်၏ အသက်တာ သည် အဘယ်မျှလောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက် ပျက်တတ်စေခြင်းငှာ၊ လူသားအပေါင်းတို့ကို ဖန်ဆင်း တော်မူသည်ကို၎င်း၊ အောက်မေ့တော်မူပါ။

၄၈ သေခြင်းသို့ မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။

၄၉ အိုထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန် ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။

၅၀ အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသော ကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာသောလူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ်ရင်ခွင်၌ ဆောင်ရပါ၏။

၅၁ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေရာတော်တို့ကို ကဲ့ရဲ့တတ်ကြပါ၏။

၅၂ ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော် မူစေသတည်း။ အာမင်နှင့် အာမင်။



Chapter 90

ဆာလံကျမ်း အခန်းကြီး ၉၀

၁ ဘုရားသခင်၏လူ မောရှေပြုသော ပဌနာ။ အို ဘုရားရှင်၊ ကိုယ်တော်သည် ကာလအစဉ်အဆက်အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။

၂ တောင်များကို မဘော်၊ မြေကြီးနှင့်လောကဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။

၃ လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့ ပြန်ကြလော့ဟု မိန့်တော်မူ၏။

၎ ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညဥ့်ယံတယံကဲ့ သို့၎င်း ဖြစ်ပါ၏။

၅ လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည်မြက် ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။

၆ နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏၊၊ ညဦးအချိန်၌ကား၊ ရိတ်၍ညိ‡ုးနွမ်းပါ၏။

၇ အမျက်တော် ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။

၈ အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထား သော အကျင့်များကို မျက်နှာတော်အလင်းထဲ၌ ၎င်း၊ လှန်ထားတော်မူ၏၊၊

၉ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့ သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။

၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်း သည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။

၁၁ အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ ပါသနည်း။

၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။

၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊

၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။

၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။

၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။

၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့ပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း အကျွန်ုပ် တို့ အဘို့မြဲမြံစေတော်မူပါ။



Chapter 91

ဆာလံကျမ်း အခန်းကြီး ၉၁

၁ အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။

၂ ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။

၃ အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကိုကင်းလွတ် စေတော်မူမည်။

၎ အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော် သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့်မည်။

၅ ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြ‡ားကို၎င်း၊

၆ မှောင်မိုက် ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။

၇ သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။

၈ သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသော သူတို့၌ ရောက်ရသောအပြစ် ကို မြင်ရုံမျှသာရှိလိမ့်မည်။

၉ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသောကြောင့်၊

၁၀ သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။

၁၁ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊

၁၂ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။

၁၃ သင် သည်ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။

၁၄ သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။

၁၅ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။

၁၆ ရှည်သောအသက်နှင့် သူ့ကို ရောင့်ရဲစေ၍၊ ငါ၏ကယ်တင် ခြင်းကျေးဇူးကို သူ့အားပြမည်။



Chapter 92

ဆာလံကျမ်း အခန်းကြီး ၉၂

၁ ဥပုသ်နေ့အဘို့ဆာလံသီချင်း။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊

၂ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုခြင်း ငှာ၎င်း၊

၃ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တုရိယာ၊ တယော၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်း ပြခြင်းငှာ၎င်း လျောက်ပတ်ပေ၏။

၎ အိုထာဝရ ဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော် မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။

၅ အိုထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။

၆ တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူနားမလည်သော အမူအရာဟူမူကား၊

၇ မတရား သောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်း ကြသောအခါ၊ ထာဝရပျက်စီးခြင်း သို့ရောက်ရသော အကြောင်းပေတည်း။

၈ ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။

၉ အိုထာရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ အဓမ္မအမှုကိုပြုသော သူအပေါင်း တို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။

၁၀ အကျွန်ုပ်၏ချိုကိုကား၊ ကြံ့ချိုကဲ့သို့ မြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။

၁၁ အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။

၁၂ ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။

၁၃ ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်း ကြလိမ့်မည်။

၁၄ အသက်ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။

၁၅ ထိုသို့သော အားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ် တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။



Chapter 93

ဆာလံကျမ်း အခန်းကြီး ၉၃

၁ ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှား နိုင်အောင် တည်လျက်ရှိ၏။

၂ ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲဖြစ်တော်မူ၏။

၃ အိုထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုး ခတ်ကြပါ၏။

၎ ရေများဟုန်းသံနှင့် တကွ သမုဒ္ဒရာ လှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သောအရပ် ၌သာ၍ တန်ခိုးကြီးတော်မူ၏။

၅ သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်း ပါရမီသည် အစဉ်အမြဲ အိမ်တော်၏ အသရေဖြစ်ပါသတည်း။



Chapter 94

ဆာလံကျမ်း အခန်းကြီး ၉၄

၁ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကိုပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။

၂ မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသော သူတို့အား အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။

၃ အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။

၎ အဓမ္မအမှုကို ပြုသမျှသော သူတို့သည် စော်ကား၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။

၅ အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှင်းဆဲကြပါ၏။

၆ မုဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။

၇ သို့ရာတွင်၊ ထာဝရဘုရားသည် မမြင်၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါ၏။

၈ တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။

၉ နားကိုစိုက်ထားတော်မူသော သူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်း တော်မူသော သူသည် မမြင်ရသလော။

၁၀ လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသော သူသည် အပြစ်မပေးရ သလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ်မရှိသလော။

၁၁ လူတို့၏ အကြံအစည် သည် အချည်းနှီး ဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏။

၁၂-၁၃ အိုထာဝရဘုရား၊ မတရားသူတို့အဘို့ တွင်းတူးစဉ်အခါ၊ ဒုက္ခနေ့ရက် ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့ သောငှာ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသော သူသည် မင်္ဂလရှိပါ၏။

၁၄ ထာဝရ ဘုရားသည် မိမိလူတို့ကို မပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။

၁၅ တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင်ဆုံး ဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။

၁၆ လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူထမည်နည်း။ မတရားသော သူတို့ကိုဆီးတား၍၊ ငါ့ဘက်မှာ အဘယ်သူနေမည်နည်း။

၁၇ ထာဝရဘုရား ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ငြိမ်ရာအရပ်၌ မကြာမမြင့်မှီ နေရာကျရလိမ့်မည်။

၁၈ ငါ့ခြေချော်လျက် ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ ကရုဏာ သည် အကျွန်ုပ်ကို ထောက်မပါ၏။

၁၉ အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော် မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။

၂၀ မတရားသော အကြံကို မင်း၏အခွင့်နှင့် ပြုစုတတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာရဖွဲ့မရပါမည်လော။

၂၁ ဖြောင့်မတ် သောသူ၏ အသက်ကို သတ်ခြင်းငှာ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှာ စီရင်ကြပါ၏။

၂၂ သို့သော် လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက် ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ၏။

၂၃ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ရောက်စေတော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော်မူမည်။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။



Chapter 95

ဆာလံကျမ်း အခန်းကြီး ၉၅

၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။

၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။

၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။

၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။

၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။

၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။

၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

၉ သင်တို့အဘများ သည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

၁၀ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ ထိုသူတို့သည် စိတ်သဘော မှားယွင်းတတ်သော လူမျိုးဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။

၁၁ ထို့ကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။



Chapter 96

ဆာလံကျမ်း အခန်းကြီး ၉၆

၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။

၂ ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော။့ ကယ်တင်တော်မူခြင်း တရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။

၃ ဘုန်းတော်ကို တပါးအမျိုးသား တို့၌၎င်း၊ အံ့ဘွယ်သော အမှု တော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်းဖော်ပြကြလော့။

၎ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်းချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။

၅ တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။

၆ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။

၇ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးအစွမ်းသတ္တိ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူ သည်ဟု ဝန်ခံကြလော့။

၈ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။

၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြ လော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။

၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။

၁၁ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။

၁၂ လယ်ပြင်နှင့် လယ်ပြင်၌ရှိ သမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီဆိုကြလိမ့်မည်။

၁၃ အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ် တော်မူလတံ့။



Chapter 97

ဆာလံကျမ်း အခန်းကြီး ၉၇

၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။

၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊

၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။

၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊

၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊

၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊

၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊

၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊

၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊

၁၀ ထာဝရားဘုရားကို ချစ်တော်မူသောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့၊၊ ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်းကယ်နှုတ် တော်မူ၏၊၊

၁၁ အလင်းသည်တရားသောသူတို့ အဘို့ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့ အဘို့ပျိုးကြဲလျက်ရှိကြ၏၊၊

၁၂ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ဝမ်းမြောက်ကြလော့၊၊ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့၊၊



Chapter 98

ဆာလံကျမ်း အခန်းကြီး ၉၈

၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊

၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊

၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။

၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။

၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊

၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။

၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာ သည်အသံဗလံကို ပြုစေ၊၊ လောကဓါတ်နှင့် လောကသားတို့သည် ထိုနည်းတူ

၈ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ၊၊

၉ အကြောင်းမူကား မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကိုဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ခြင်းဆုံး ဖြတ်တော်မူလတံ့၊၊



Chapter 99

ဆာလံကျမ်း အခန်းကြီး ၉၉

၁ ထာဝရဘုရားသည်စိုးစံတော်မူ၏၊၊ လူများတို့သည် တုန်လှုပ်ခြင်းရှိကြစေ၊၊ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏၊၊ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ၊၊

၂ ထာဝရဘုရားသည် ဇိအုန်တောင်မှာကြီးမြတ်တော် မူ၏။ လူများအပေါင်းတို့ထက် မြှောက်ခြင်းရှိတော်မူ၏။

၃ ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။

၎ တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည်မှန်သောစီရင်ခြင်းကို တည်စေတော်မူ ၏။ ယာကုပ်အမျိုး၌ တရားသဖြင့် ပြု၍၊ ဖြောင့်မတ်စွာ ဆုံးမတော်မူ၏။

၅ ငါ့တို့ဘုရားသခင် ထာဝရဘုရားကို မြှောက်ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုး ကွယ်ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်သည် သန့်ရှင်းတော်မူတည်း။

၆ ယဇ်ပရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော်ကို ပဌာနပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရား ကို ပဌာနပြု ၍ ကိုယ်တော်သည် ထူးတော်မူ၏။

၇ သူတို့အား မိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။

၈ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်သည် သူတို့ကို ထူးတော်မူ၏။ သူ့တို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ ၏။

၉ ငါတို့၏ ဘုရားသခင်ထာဝရ ဘုရားကို မြှောက်ကြလော့။ သန့်ရှင်း သော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။



AMAZING GRACE BIBLE INSTITUTE