Hebrews Myanmar Bible

you will need the zawgyi-one font >> HERE <<



ဟေဗြဲသြဝါဒစာ


ဟေဗြဲသြဝါဒစာ အခန်းကြီး ၁

၁ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။

၂ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့် လည်းလော ကဓာတ်တို့ကို တည်တော်မူ၏။

၃ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော် တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။

၎ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမတော်ထူးမြတ်သောသူဖြစ်တော်မူ၏။

၅ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီးဟူ၍င်း၊ ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်းငါ၏သားဖြစ်လိမ့်မည် ဟူ၍င်း၊ အဘယ်မည် သောကောင်းကင်တမန်ကို တခါမျှမိန့်တော်မူသနည်း။

၆ တနည်းကား၊ သားဦးကိုဤလောကသို့သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူကိုပြပ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။

၇ တနည်းကား၊ မိမိတမန်တို့ကိုလေကဲ့သို့င်း၊ မိမိအစေ အပါတို့ကိုမီးလျှံကဲ့သို့င်း ဖြစ်စေတော်မူထသော ဟုကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။

၈ သားတော် ကိုးကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။

၉ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို မြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေး တော်မူပြီဟု လာသတည်း။

၁၀ တဖန်ကျမ်းစာလာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကိုတည်တော် မူပြီ။ မိုဃ်းကောင်ကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။

၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက် သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊

၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။

၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီ တိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သောကောင်းကင် တမန်ကိုတခါမျှမိန့်တော်မူဘူးသနည်း။

၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကိုပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည်မဟုတ်လော့။



Chapter 2

ဟေဗြဲသြဝါဒစာ အခန်းကြီး ၂

၁ ထိုကြောင့်၊ ငါတို့သည်ကြားရသောဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။

၂ ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍ ပြစ်မှား လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့သည် ခံထိုက်သောအပြစ်ဒဏ်ကိုခံရသည်မှန်လျှင်၊

၃ အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေ အားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့လွတ်ကြလိမ့်မည်နည်း။

၎ ထိုသက်သေခံသော သူတို့နှင့် အတူဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအားဖြင့်င်း၊ ထူးဆန်းသော တန်ခိုး အထူးထူးအပြားပြားအားဖြင့်င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူး အားဖြင့်င်း သက်သေခံတော်မူပြီ။

၅ ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကတမန်တို့၌ အပ်ပေးတော်မူ သည် မဟုတ်။

၆ ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည်အဘယ်သို့ သောသူဖြစ်၍ ကိုယ်တော်သည် အောက် မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။

၇ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ခေါင်းကိုဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။ ဖန်ဆင်း တော်မူသောအရာများကိုအုပ်စိုးစေ၍၊

၈ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထား တော်မှုပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသောအရာတို့ကို ချထားတော်မူ၏ဟု ဆိုသော်၊ မချထားဘဲ ကျန်ရစ်သော အရာအစုံတခုမရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့မမြင်ရကြသေး။

၉ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့ အောက်၌အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင် ကြ၏။

၁၀ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏။

၁၁ သန့်ရှင်စေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသောပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ခေါ်ခြင်းငှါ ရှက်ကြောက် တော်မမူ။ ထိုသို့ခေါ်သောအချက်ဟူမူကား၊

၁၂ သိတင်းတော်ကိုအကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြား ပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။

၁၃ တချက်ကား၊ ငါသည်ဘုရားသခင် ကိုကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ငါ့အားဘုရားသခင်ပေးတော် မူသောသူငယ်တို့သည်ရှိကြ၏ ဟုလာသတည်း။

၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သော အားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါင်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။

၁၆ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကိုမစတော်မူ၏။

၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရား သခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့် င်း၊ သစ္စာနှင့်င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။

၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။



Chapter 3

ဟေဗြဲသြဝါဒစာ အခန်းကြီး ၃

၁ ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သောခေါ်ဘိတ်တော်မူခြင်း ကျေးဇူးကိုခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင် ခြင်ကြလော့။

၂ မောရှေသည်ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကိုခန့်ထား တော်မူသောသူ၏ အမှုတော်၌သစ္စာစောင့်တော်မူ၏။

၃ အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသော အသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက်သာ၍ကြီးသော အသရေကို ခံထိုက်သော သူဖြစ်သည်ဟု ထင်မှတ်စရာ အကြောင်းရှိ၏။

၎ အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။

၅ မောရှေသည်၊ နောက်ဟောပြောလတံ့သော အရာတို့ကိုသက် သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်၏။

၆ ခရစ်တော်မူကား၊ သားကဲ့သို့အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက် ခြင်း၌င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။

၇ ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည်ဗျာဒိတ်တော် အသံ ကိုကြားလျက်ရှိသည်ဖြစ်၍၊

၈-၉ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ် ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကိုမြင်ရသော တောတွင်ငါ့ကိုဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

၁၀ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည်အစဉ်စိတ်သဘောမှားယွင်းတတ်ကြ၏။ ငါ၏အလေ့အလာ တို့ကိုနားမလည်ကြဟု ငါဆိုရ၏။

၁၁ ထိုကြောင့်၊ သူတို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူချက်ရှိသည်နှင့် အညီ၊

၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရားသခင့်ထံ တော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။

၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ်အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

၁၄ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူဖြစ်ကြ၏။

၁၅ ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာ ကာလ၌ရှိသကဲ့သို့၊ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ၊

၁၆ ကြားပြီးမှ ဆန့်ကျင်ဘက်ပြု သောသူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လာသောသူအပေါင်းတို့သည် ထိုသို့ပြုကြသည်မဟုတ်လော့။

၁၇ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူ သော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကိုပြုသောကြောင့် တော၌လဲ၍ သေသောသူပင်မဟုတ်လော။

၁၈ သင်တို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသောသူတို့ကား၊ မယုံကြည်သောသူမှတပါး အဘယ်သူနည်း။

၁၉ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့် သာမဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။



Chapter 4

ဟေဗြဲသြဝါဒစာ အခန်းကြီး ၎

၁ ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။

၂ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့်အကျိုးကိုမပေး။

၃ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။

၎ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။

၅ ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။

၆ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။

၇ တဖန်တုံ၊ ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာပြီမှ၊ ယနေ့ဟုဒါဝိဒ်ကျမ်းစာ၌လာသောအခါ၊ တစုံတခုသော နေ့ရက်ကိုသေချာစွာ မှတ်သားသတည်း။

၈ ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည်မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း

၉ ထိုကြောင့်၊ ဘုရားသခင်၏ လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။

၁၀ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူ သည်နည်းတူ၊ ထိုချမ်းသာ ထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။

၁၁ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သောစိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာ ထဲသို့ဝင်ရမည်အကြောင်းကြိုးစားအားထုတ်ကြကုန်အံ့။

၁၂ ဘုရားဘုရား၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုင်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

၁၃ ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ် အကာမရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏။

၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီး သောအရာ၌ တည်ကြည်ကြကုန်အံ့။

၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။

၁၆ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုင်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကိုင်း ခံရမည်အကြေင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။



Chapter 5

ဟေဗြဲသြဝါဒစာ အခန်းကြီး ၅

၁ လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကိုင်း၊ အပြစ်ဖြေရာ ယဇ်ကိုင်းပူဇော်၍၊ လူတို့အတွက်ဘုရားဝတ်ကို ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။

၂ သူသည်ကိုယ်တိုင် နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှါ တတ်နိုင်၏။

၃ ထိုအကြောင်း ကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။

၎ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူ သကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကိုမသိမ်းမယူရ။

၅ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကိုမိမိမြှောက်သည် မဟုတ်။ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကိုငါ ဖြစ်ဘွားစေပြီဟု မိန့်တော်မူသော သူသည် ခရစ်တော်ကိုမြှောက် တော်မူ၏။

၆ ထိုသို့နှင့်အညီ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟုလာသတည်း။

၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာ သောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊

၈ ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။

၉ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊

၁၀ မေလခိဇေဒက်ကဲ့သို့သောယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ် တော်မူခြင်းကိုခံရ၏။

၁၁ ထိုမေလခိဇေဒက်၏ အကြောင်းကိုငါတို့ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့်အပြောခက်လှ၏။

၁၂ သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့် သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ရှေ့ဦးစွာ သင်ရသောတရားနုတို့ကိုသူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။

၁၃ နို့ကိုသာ သုံးဆောင်သော သူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်း တရား၌လေ့လာခြင်းမရှိ။

၁၄ ကောင်း ကျိုး မကောင်းကျိုးကိုပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသော သူတည်းဟူ သော၊ စုံလင်သောအရွယ်ရှိသောသူတို့မူကား၊ ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏။



Chapter 6

ဟေဗြဲသြဝါဒစာ အခန်းကြီး ၆

၁-၂ ထိုကြောင့်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကိုနောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကို သွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သောသူတို့၏ ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်း တည်းဟူသော မူလအမြစ်ကို ငါတို့သည်ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်း အရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။

၃ ဘုရားသခင်အခွင့် ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။

၎ အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကိုမြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊

၅ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုင်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊

၆ ရွေ့လျော့ဖေါက်ပြန် သောသူတို့သည်၊ မိမိတို့တွင်ဘုရားသခင်၏ သားတော်ကိုလက်ဝါး ကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။

၇ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသောမိုဃ်းရေကို သောက်၍၊ လုပ်သောသူ သုံးဘို့ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည်ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာကိုခံတတ်၏။

၈ အကြင်မြေသည်ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည်ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကိုခံရသောအချိန်နီးသည်ဖြစ်၍၊ နောက်ဆုံး၌မီးရှို့ခြင်းသို့ရောက်တတ်၏။

၉ ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည်ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ကောင်းသော အရာတို့နှင့်ဆိုင်သည်ကို၊ ငါတို့သည်သဘောကျလျက်ရှိကြ၏။

၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကိုင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကို ထောက်၍ပြသော မေတ္တာကိုင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူ သည်မဟုတ်။

၁၁-၁၂ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့်ဂတိတော် တို့ကိုအမွေခံရသော သူတို့နည်းတူကျင့်နိုင်မည်အကြောင်း၊ ထိုသို့သောလုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသောမြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည်အလိုရှိကြ၏။

၁၃ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကိုတိုင်တည်၍၊

၁၄ ငါသည်သင့်အားအစဉ်အမြဲကောင်းကြီးပေး မည်။ သင့်ကိုအစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆိုတော်မူ၏။

၁၅ ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက်စောင့် နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။

၁၆ လူတို့သည်မိမိထက်ကြီးမြတ်သောသူကိုတိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။

၁၇ ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသော သူတို့သည်၊ ဘုရားသခင်၏အကြံအစည်တော်မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။

၁၈ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်း ဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကိုအမှီပြု၍၊ ကိုယ်ရှေ့၌ ထားသောမြော်လင့်ရာကို ခိုလှုံခြင်းငှါပြေးသောငါတို့သည် သက်သာအားကြီးကြမည် အကြောင်းတည်း။

၁၉ ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သောစိတ် နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။

၂၀ မေလခိဇေဒက် နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။



Chapter 7

ဟေဗြဲသြဝါဒစာ အခန်းကြီး ၇

၁ မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊

၂ အာဗြဟံ လှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသောဘုရား သခင်၏ ယဇ်ပုရောဟိတ်မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့်တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်းဟု ဆိုလိုသောရှာလင်မင်းဖြစ်လျက်၊

၃ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။

၎ အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာ များကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။

၅ ယဇ်ပုရောဟိတ်မင်း အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်းဆယ်ဘို့တဘို့ကို ခံရသောအခွင့်ရှိကြ၏။

၆ သူတို့အမျိုးမဟုတ် သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှဆယ်ဘို့တဘို့ကိုခံလေ၏။ ဂတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းကြီးပေးလေ၏။

၇ ကြီးသောသူသည် ငယ်သောသူကိုကောင်းကြီးပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။

၈ ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကိုခံလေ့ရှိ၏။ ထိုအခါ မူကားအသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ ကိုခံရ၏။

၉ ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။

၁၀ အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည်မိမိအဘ၏ ကိုယ်၌ ရှိသတည်း။

၁၁ တနည်းကား၊ လေဝိမှဆင်းသက်သောယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့်စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရော ဟိတ်သည်၊ အာရုန်နည်းတူမခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။

၁၂ ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။

၁၃ ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။

၁၄ အကြောင်းမူကား၊ ငါတို့သခင် သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့်စပ်ဆိုင်သည် ဟုမောရှေသည် တခွန်းကိုမျှမပြော။

၁၅ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသောယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည် မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား၏။

၁၆ ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓြွာနှင့်စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည် မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော် အတိုင်းခန့်ထားလျက်ရှိသတည်း။

၁၇ အကြောင်းမူကား၊ သင်သည်မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း။

၁၈ ပညတ်တရားသည် အဘယ်သူကိုမျှစုံလင်ခြင်းသို့မပို့နိုင်သည်ဖြစ်၍၊

၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်ကပ်ရကြ၏။

၂၀ ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုရကြ၏။

၂၁ ယေရှုမူကား၊ အကျိန်တော်မရှိဘဲယဇ်ပုရော ဟိတ်အရာကိုမရ။ ထာဝရဘုရားက၊ သင်သည်မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ်ပြောင်းလဲခြင်းရှိတော်မမူသည်နှင့် အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊

၂၂ သာ၍မြတ်သော ပဋိညာဉ်တရား၏အာမခံဖြစ်၏။

၂၃ ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။

၂၄ ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။

၂၅ ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံ တော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကိုကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။

၂၆ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိ သောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက်မြင့်မြတ်သော သူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။

၂၇ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်င်း၊ လူများအပြစ်ကြောင့် င်း၊ နေ့တိုင်းယဇ် ပူဇော်ရသကဲ့သို့၊ ထိုသခင်သည်ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကိုတခါ တည်းယဇ်ပူဇော်၍ ထိုအမှုကိုပြီးစေတော်မူပြီ။

၂၈ ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ ၌ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သောသားတော်ကိုခန့်ထားသတည်း။



Chapter 8

ဟေဗြဲသြဝါဒစာ အခန်းကြီး ၈

၁ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။

၂ လူမဆောင်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူဖြစ် တော်မူ၏။

၃ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည်ဖြစ်၍၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခုရှိရ၏။

၎ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သောယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရ။

၅ မောရှေသည်တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာသင့်အား ပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကိုခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။

၆ ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သောဂတိတော်တို့၌ တည်သော၊ သာ၍မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သောဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။

၇ ပဌမပဋိညာဉ်တရားသည် အပြစ် တင်ခွင့်မရှိသည်မှန်လျှင်၊ ဒုတိယပဋိညာဉ်တရားတည်ရသောအခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။

၈ ပဌမပဋိညာဉ် တရားကိုထာဝရဘုရားသည်အပြစ်တင်၍ မိန့်တော်မူသည်ကား၊

၉ ငါသည်ဤလူမျိုး၏ ဘိုးဘေး တို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ် တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသောပဋိညာဉ် တရား၌ သူတို့သည်မတည်ကြ။ ငါသည်လည်းသူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။

၁၀ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။

၁၁ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။

၁၂ ထိုအခါ ငါသည်သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

၁၃ ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော် မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသော အရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီး သတည်း။



Chapter 9

ဟေဗြဲသြဝါဒစာ အခန်းကြီး ၉

၁ တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်င်း စပ်ဆိုင်၏။

၂ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏၊

၃ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။

၎ ထိုတဲတော်၌ ရွှေလင်ပန်း နှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကိုရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။

၅ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသောခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကိုလွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာ များကို ယခုသေချာစွာ ပြောစရာအကြောင်းမရှိ၊

၆ ထိုသို့ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲ တော်အတွင်းသို့အစဉ်ဝင်ရကြ၏။

၇ ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်င်း၊ လူများအပြစ်ကြောင့်င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာ ဝင်ရ၏။

၈ ပဌမတဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာဌာနသို့သွားသောလမ်းမဖွင့်သေးသောအကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည်အရိပ်ပေးတော်မူ၏။

၉ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအားစုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊

၁၀ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသောနှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓြွာနှင့် ဆိုင်သောအထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင် ခြင်းကာလတိုင်ရုံမျှသာတည်ရကြ၏။

၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂ လာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊

၁၂ ငါတို့အဘို့ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။

၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓြွာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊

၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။

၁၅ ထိုကြောင့်ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကို လည်းလွတ်စေခြင်းငှါ၊ ခရစ်တော်သည်အသေခံတော်မူသည်ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကိုခံရမည် အကြောင်း၊ ထိုသခင်သည်ပဋိညာဉ် တရားသစ်၏ အာမခံဖြစ်တော်မူ၏။

၁၆ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။

၁၇ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။

၁၈ ထိုကြောင့်ပဌမပ ဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။

၁၉ တရားတော်၌ပါသမျှသောပညတ် တို့ကိုမောရှေ သည် လူအပေါင်းတို့အားဟောပြောပြီးမှ၊ ရေနှင့် ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုး သောသိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကိုင်း လူအပေါင်းကိုင်း ဖြန်လျက်၊

၂၀ ဤအသွေးကား၊ သင်၌ ဘုရားသခင်ဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။

၂၁ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများ ကိုလည်း ထိုနည်းတူ အသွေးနှင့်ဖြန်းရ၏။

၂၂ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။

၂၃ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည်ဖြစ်၍၊ ကောင်းကင်အရာ တို့ကို သာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။

၂၄ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။

၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။

၂၆ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။

၂၇ လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊

၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်းငှါ တခါ တည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကိုကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့။



Chapter 10

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၀

၁ တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဍာန် ကို မပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။

၂ တည်စေနိုင်လျှင်၊ ဝတ်ပြုသော သူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်း သို့ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာ အကြောင်း အလျှင်းမရှိ သည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာ ပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော။

၃ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကိုနှစ်တိုင်းအောက်မေ့ခြင်းရှိ၏။

၎ အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေး သည် အပြစ်ကိုမပယ်နိုင်ရာ။

၅ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကကသို့ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်ပူ ဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓြွာကို ပြင်ဆင်တော်မူပြီ။

၆ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကိုအားရနှစ်သက်တော်မမူသောအခါ၊

၇ ကျမ်းစာလိပ်၌ အကျွန်ုပ်အမှတ်ြပု၍ ရေးထားသည် နှင့်အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါသွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။

၈ ပညတ် တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထတ်ကဆိုနှင့်ပြီးမှ၊

၉ တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါသွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကိုတည်စေခြင်းငှါ ပဌမဝတ်ကိုပယ်၏။

၁၀ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကိုတခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်း သို့ရောက်ကြ၏။

၁၁ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုဖြေနိုင်သော ယဇ်ကိုအထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။

၁၂ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊

၁၃ မိမိရန်သူတို့ကို မိမိခြေတင်ရာအချမထားမှီတိုင်အောင် မြော်လင့်ချက် နေတော်မူ၏။

၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။

၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့တို့အားသက်သေပေးတော် မူသည်မှာ၊

၁၆ နောင်ကာလအခါသူတို့၌ ငါပေးသောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊

၁၇ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။

၁၈ ထိုအပြစ် တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။

၁၉-၂၀ ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓြွာတည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင် တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတား မရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်င်း၊

၂၁ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်င်း၊

၂၂ ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍ ဝိစိကိစ္ဆြွာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော် သို့ တိုးဝှေ့ချဉ်းကပ်ကြကုန်အံ့။

၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြ ကုန်အံ့ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

၂၄ ထိုမှတပါး၊ မေတ္တာစိတ်ရှိ စေခြင်းငှါင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်း တယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့။

၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်း ဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည် ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။

၂၆ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ် ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊

၂၇ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော်မီးလောင်ခြင်းကို ခံရသော အကြောင်းရှိ၏။

၂၈ မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံနှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲသေရ၏။

၂၉ ထိုမျှမက ဘုရားသခင်၏ သားတော်ကို ခြေနှင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိတရား၏ အသွေးကို အပြစ်တင် လျှက် ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက် ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ထင်ကြသနည်း။

၃၀ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍င်း၊ မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။

၃၁ အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။

၃၂-၃၃ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်င်း၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော် ဖြစ်သဖြင့်င်း၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင် တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။

၃၄ ထိုအခါ သင်တို့သည် အကျဉ်း ခံရသော သူတို့အတွက်ကြောင့် ကြင်နာသောစိတ် ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူ ဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။

၃၅ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။

၃၆ ဘုရားသခင်၏ အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အ ကြောင်း သည်းခံခြင်းစိတ်ရှိရမည်။

၃၇ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီရောက်တော်မူလိမ့်မည်။

၃၈ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင်အမိန့်တော် ရှိ၏။

၃၉ ငါတို့မူကား ပျက်ဆီခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်း သို့ ရောက်အံ့သောငှါ ယုံကြည်သောသူဖြစ်ကြ၏။



Chapter 11

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁

၁ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။

၂ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။

၃ ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။

၎ အာဗေလသည်၊ ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။

၅ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။

၆ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကိုင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကိုင်း၊ ယုံကြည်ရမည်။

၇ နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ယုံကြည်ခြင်းအားဖြင့် လောကီ သားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။

၈ အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။

၉ သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့်စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇက်၊ ယာကုပ် တို့နှင့်အတူ တဲ၌နေလေ၏။

၁၀ အကြောင်းမူကား၊ ဘုရားသခင်တည်ထောင် ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သတည်း။

၁၁ သူ၏ခင်ပွန်း စာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓြေွယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်း ခြင်းရှိ၏။

၁၂ သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့င်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့င်း၊ များစွာသောသူတို့၏ အဘဖြစ်သ တည်း။

၁၃ ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သောအကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့်ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။

၁၄ ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။

၁၅ ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့ သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့် ရှိကြ၏။

၁၆ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည်တည်းဟူသော သာ၍ မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။

၁၇ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။

၁၈ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကိုပူဇော်၏။

၁၉ ထိုသို့ပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။

၂၀ ဣဇာက်သည် လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။

၂၁ ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီး ပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။

၂၂ ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးတို့၏ ထွက်မြောက်ခြင်းအရာကိုပြ၍ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။

၂၃ မောရှေကိုဘွားမြင်ပြီးမှ အဆင်းလှသောသူငယ်ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအား ဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။

၂၄-၂၆ မောရှေသည် အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို သာ၍အလိုရှိသဖြင့်င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏ သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့် ကိုပယ်၏။ အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။

၂၇ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရား သခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။

၂၈ သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုင်း၊ အသွေးဖြန်းဆွတ်ခြင်းကိုင်း စောင့်လေ၏။

၂၉ ဣသရေလ လူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။

၃၀ ရေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံး ဝိုင်း၍လှည့်ပြီးမှ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။

၃၁ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့်အတူ မပျက်ဆီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။

၃၂ ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။

၃၃ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံ ကို အောင်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊

၃၄ မီးအရှိန်ကိုငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံ ခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။

၃၅ မိန်းမတို့သည်လည်း၊ သေခြင်းမှထ မြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လို သောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံကြ၏။

၃၆ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။

၃၇ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊ စုံစမ်းနှောက်ရှက်ခြင်း၊ ထားလက်နက်နှင့်ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍လှည့်လည်ရကြ၏။

၃၈ ဤလောကသည် ထိုသူတို့နှင့် မထိုက် မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်းအလည်လည် နေရကြ၏။

၃၉ ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။

၄၀ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။



Chapter 12

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂

၁ ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုင်း၊ နှောက်ရှက်တတ်သော ဒုစရိုက်ကိုင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။

၂ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင် စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်အသောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။

၃ အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောက်ရှက်ခြင်း ကိုခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။

၎ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး။

၅ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်နှင့်။

၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော သြဝါဒစကားကို မေ့လျော့ကြသလော။

၇ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။

၈ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။

၉ တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။

၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိ သန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။

၁၁ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်း ကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်သက်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။

၁၂ ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။

၁၃ ခြေမစွမ်းသောသူ တို့သည် အဆစ်မပြုတ်သည်သာမက ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြ လော့။

၁၄ လူအပေါင်းတို့သည် အတင့်အသင့်နေ၍ ငြိမ်သက်ခြင်းကိုင်း၊ သန့်ရှင်းခြင်းပါရမီကိုင်း၊ မှီအောင်လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။

၁၅ သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါင်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောက်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါင်း၊

၁၆ မတရားသောမေထုန်၌ မှီဝဲသောသူမရှိစေခြင်းငှါင်း၊ တနပ် စာအဘို့နှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုသေပြုသောသူမရှိစေခြင်းငှါင်း၊ သတိနှင့်ကြည့်ရှုကြလော့။

၁၇ သင်တို့သိသည်အတိုင်း ဧသောသည် နောက်မှကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါ အလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကို ခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို မတွေ့မရ။

၁၈ ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့င်း၊ လောင်သောမီးသို့င်း၊ မဲသောတိမ် တိုက်၊ မှောင်မိုက်၊ မိုဃ်းသက်မုန်တိုင်းသို့င်း၊

၁၉ တံပိုးမှုတ်ခြင်းအသံသို့င်း၊ နှုတ်ကပတ်တော်အသံ သို့င်း၊ ရောက်ကြ သည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။

၂၀ အဘယ် ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကိုထိမိလျှင်၊ ကျောက်ခဲနှင့် ပစ်၍ သေစေဟု ပညတ်တော် မူသံကို လူတို့သည် နားမခံနိုင်ကြ။

၂၁ ထိုသို့ထင်ရှားသောအရာသည် အလွန်ကြောက်မက်ဘွယ် ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်းရှိသည်ဟု ဆို၏။

၂၂ သင်တို့သည် ဇိအုန်တောင်သို့င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရှုရှလင်မြို့ သို့င်း၊ အတိုင်းမသိများစွာသော ကောင်းကင် တမန်တို့၏စည်းဝေးခြင်းသို့င်း၊

၂၃ ကောင်းကင်စာရင်း၌ ဝင်သော သားဦးတို့၏ အသင်းတော်သို့င်း၊ ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူသော ဘုရားသခင်အထံတော် သို့င်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်း တို့၏ စိတ်ဝိညာဉ်တို့ထံသို့င်း၊

၂၄ ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့င်း၊ အာဗြေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သော အရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့င်း ရောက်ကြ၏။

၂၅ သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည် မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။

၂၆ အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည်ဖြစ်၍၊ ယခုတဖန် ငါသည် မြေကြီးနှင့်ကောင်းကင်ကို လှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။

၂၇ တဖန်ဟူသောစကား၏ အဓိပ္ပါယ်ကား၊ မလှုပ် သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။

၂၈ ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ငြားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။

၂၉ ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။



Chapter 13

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၃

၁ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။

၂ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။

၃ အကျဉ်း ခံရသောသူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓြွာနှင့် မကင်းမလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။

၎ ခပ်သိမ်းသောသူတို့၌ မင်္ဂလာ ဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။

၅ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။

၆ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူ သည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။

၇ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည် ခြင်းကို မှီအောင်လိုက်ကြလော့။

၈ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော် မူ၏။

၉ အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့မြဲမြံ ခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသောသူတို့သည် အကျိုးကို ရကြပြီမဟုတ်။

၁၀ တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။

၁၁ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသောယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌မီးရှို့ရ၏။

၁၂ ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးပြင်၌ အသေခံတော်မူ၏။

၁၃ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။

၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့မရှိ။ နောက်ဖြစ်လတံ့သောမြို့ကို ရှာကြ၏။

၁၅ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော် ကြကုန်အံ့။

၁၆ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။

၁၇ သင်တို့ကို အုပ်သောသူတို့၏စကားကို နားထောက်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။

၁၈ ငါတို့အဘို့ ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလန်းခြင်းရှိကြ၏။

၁၉ ငါသည် သင်တို့ ရှိရာသို့ အလျှင်အမြန် ပြန်ရသောအခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်းမည်အကြောင်း ငါသည် သာ၍နှိုးဆော် တောင်းပန်၏။

၂၀ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင် ယေရှုကို သေခြင်းမှနှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊

၂၁ မိမိနှစ်သက် တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့်၊ သင်တို့၌ ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

၂၂ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့်ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းသြဝါဒစကားကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကိုနှိုးဆော်တောင်းပန်၏။

၂၃ ငါတို့ညီ တိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီရောက်လျှင်၊ ငါသည် သူနှင့်အတူလာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။

၂၄ သင်တို့ကို အုပ်သောသူအပေါင်းတို့ကိုင်း၊ သန့်ရှင်းသူအပေါင်းတို့ကိုင်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူ ပြည်သားတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။

၂၅ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE