PSALMS 1 to 49 BURMESE

you will need the zawgyi-one font >> HERE <<



ဆာလံကျမ်း

ဆာလံကျမ်း အခန်းကြီး ၁

၁ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊

၂ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊

၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊

၎ မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊

၅ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊

၆ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊



Chapter 2

ဆာလံကျမ်း အခန်းကြီး ၂

၁ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း၊၊ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း၊၊

၂ လောကီရှင်ဘုရင်တို့သည် ထကြ၍ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား နှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်

၃ သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့ဟု သင်းဖွဲ့ ကြ၏၊၊

၎ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏၊၊

၅ ထိုအခါ အမျက်တော်ထွက်၍ သူတို့ကို မိန့်တော်မူမည်။ ပြင်းစွာသောအမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။

၆ ငါ၏ ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်၊၊

၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏၊၊ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ၊၊

၈ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊

၉ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည် ဟု င့ါအား မိန့်တော်မူပြီ၊၊

၁၀ သို့ဖြစ်၍ ရှင်ဘုရင်တို့ ပညာသတိရှိကြလော့၊၊ လောကီမင်းတို့ ဆုံးမခြင်းကို ခံကြလော့၊၊

၁၁ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့၊၊

၁၂ သားတော်ကို နမ်းကြလော့၊၊ သို့မဟုတ်လျှင် အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ ပျက်စီးခြင်းကို ရောက်ကြလိမ့်မည်၊၊ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်၊၊ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊၊



Chapter 3

ဆာလံကျမ်း အခန်းကြီး ၃

၁ ဒါဝိဒ်သည် သားတော် အာဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသော ဆာလံ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့သည် အလွန်တိုးပွား၍ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏၊၊

၂ သူသည် ဘုရားသခင်ကို အမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသူအများရှိကြပါ၏။

၃ သို့သော်လည်း အိုထာဝရဘုရားကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုန်းလည်းဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဦးခေါင်းကို ချီကြွသော သူလည်း ဖြစ်တော်မူ၏၊၊

၎ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏၊၊

၅ ထာဝရဘုရားသည် ငါ့ကို မစတော်မူသောကြောင့် ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏၊၊

၆ ငါ့ကို ရန်ဘက်ပြု၍ ဝန်းရံသောသူအထောင်အသောင်းကို ငါမကြောက်ဘဲနေမည်၊၊

၇ ထိုထာဝရဘုရားထတော်မူပါ၊၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်ကို ကယ်မတော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍ မတရားသောသူတို့၏ သွားကိုချိုးတော်မူ၏၊၊

၈ ထာဝရဘုရား၏ ကျေးဇူးတော် ကြောင့် ချမ်းသာရပါ၏၊၊ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏လူစုအပေါ်သို့ သက်ရောက်ပါစေ သော၊၊



Chapter 4

ဆာလံကျမ်း အခန်းကြီး ၎

၁ အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသော ဘုရား အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည်ချမ်းသာပေးတော်မူပါပြီ၊၊ ယခုလည်း သနား၍ အကျွန်ုပ်၏ ပဌာနာစကားကို နားထောင်တော်မူပါ။

၂ အချင်းလူသားတို့ အဘယ်မျှကာလပတ်လုံး ငါ၏ ဘုန်းကိုရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ်လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည်နည်း၊၊

၃ ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည် ကို သိမှတ်ကြလော့၊၊ ငါခေါ်၍ လျှောက်သောအခါ ထာဝရဘုရားသည် နားထောင်တော်မူလိမ့်မည်၊၊

၎ ကြောက်ရွံ့တုန် လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင်ကြလော့။ အိပ်ရာပေါ်မှာ စိတ်နှလုံးနှင့် ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်း ရှိကြလော့။

၅ တရားသဖြင့် ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။

၆ ကောင်းမွန် သောအရာကို ငါတို့အားဘယ်သူ ပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍ အိုထာဝရဘုရား မျက်နှာတော်အလင်းကို အကျွန်ုပ်တို့ အပေါ် မှာ ပေါ်ထွန်းစေတော်မူပါ။

၇ သူတို့၌ ဆန်စပါး စပျစ်ရည်ပေါများ၍ သူတို့ဝမ်း မြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။

၈ ငြိမ်ဝပ်စွာ အိပ်၍ ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာ နေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား သာလျှင် အခွင့်ပေးတော်မူ၏။



Chapter 5

ဆာလံကျမ်း အခန်းကြီး ၅

၁ အိုထာဝရဘုရား အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ၊၊

၂ အကျွန်ုပ်၏ ရှင်ဘုရင် အကျွန်ုပ်၏ဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ၊၊

၃ အိုထာဝရဘုရား နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရ ပါ၏၊၊ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။

၎ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊

၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊

၆ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။

၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊

၈ အို ထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ၊၊

၉ သူတို့နှုတ်တွင် သစ္စာမရှိပါ၊ သူတို့နှလုံးသည် အလွန် ဆိုးဝါး၏၊၊ သူတို့၏ လည်ချောင်းသည်ဖွင့်ထားသော င်္သချိုင်းတွင်းဖြစ်ပါ၏၊၊ သူတို့သည် လျှာနှင့်ချော့မော့တတ်ကြ၏။

၁၀ အိုဘုရားသခင် သူတို့အပေါ်မှာ အပြစ်ရောက်စေတော်မူပါ၊၊ မိမိတို့ အကြံအစည်အားဖြင့် လဲကြပါစေသော။ ကိုယ်တော်ကိုပုန်ကန်သောသူဖြစ်၍ ပြစ်မှားသော အပြစ်များသောကြောင့် သူတို့ကိုနှင်ထုတ်တော်မူပါ။

၁၁ ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာ ရွှင်လန်းခြင်းရှိကြပါစေသော။

၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း၊၊



Chapter 6

ဆာလံကျမ်း အခန်းကြီး ၆

၁ အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။

၂ အိုထာဝရဘုရား အကျွန်ုပ်သည်ခွန်အားနည်းလှပါ၏။ ကယ်မသနား တော်မူပါ။ အိုထာဝရ ဘုရား အကျွနု၏အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။

၃ အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန် တုန်လှုပ်ပါ၏၊၊ အိုထာဝရဘုရား ကိုယ်တော်သည် အဘယ်မျှ ကာလပတ်လုံး နေတော်မူမည်နည်း။

၎ အိုထာဝရဘုရား တဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။

၅ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင် တော်မူပါ။ အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊၊

၆ အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ် ခုတင်ကို ကိုယ်မျက်ရည်၌ တညဥ့်လုံးမျှော၍ အိပ်ရာကိုလည်းမွန်းစေပါ၏။ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍ ရန်သူများသော ကြောင့် ပြာမှုန်လျက်ရှိ၏။

၇ မတရားသဖြင့်ပြုသောသူအပေါင်းတို့ ငါ့ထံမှဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရားကြား တော်မူ၏။

၈ ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသောပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏၊၊ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ဆုံးရှုံးခြင်း ရှိကြလိမ့်မည်၊၊ ချက်ခြင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်၊၊



Chapter 7

ဆာလံကျမ်း အခန်းကြီး ၇

၁ ဒါဝိဒ်သည်ဗင်္ယာမိန် အမျိုးသားကုရှ၏စကားကြောင့်ထာဝရဘုရားရှေ့တော်၌ အသံညှိ၍ဆိုသောဆာလံ၊၊ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊ အကျွန်ုပ်ကိုညှင်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။

၂ သို့မဟုတ် နှုတ်ယူသောသူမရှိစဉ် ရန်သူသည် ခြင်္သေ ကဲ့သို့ အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်၊၊

၃ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာအဓမ္မအမှုရှိသော်၎င်း၊ အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍ အကြောင်းမရှိဘဲလျက်ပြုသောသူကို အကျွန်ုပ်ညှင်းဆဲသော်၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊

၎ ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍ မှီပါစေ၊၊ အကျွန်ုပ်အသက်ကို မြေပေါ်မှာ နင်း၍ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ၊၊

၅ အိုထာဝရဘုရား၊ အမျက်တော် ထွက်၍ ထတော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ၊၊ အကျွန်ုပ်အဘို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တောမူပါ။

၆ လူမျိုးတို့သည် စည်းဝေး၍ ကိုယ်တော်ကိုဝန်းရံကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ၊၊

၇ ထာဝရဘုရား သည် လူမျိုးတို့ကို တရားစီရင်တော်မူ၏၊၊ အိုထာဝရဘုရား အကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွနု်ပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ၊၊

၈ မတရားသောသူတို့၏ အဓမ္မအမှုကို ဆုံးရှုံးစေ၍ တရားသောသူတို့ကို မြဲမြံစေတော်မူပါ၊၊ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ ၏၊၊

၉ သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏ အကွယ်အကာ ဖြစ်တော်မူ ၏၊၊

၁၀ ဘုရားသခင်သည် တရားသဖြင့် စီရင်သောဘုရားဖြစ်၍ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏၊၊

၁၁ ထိုသူသည် မပြောင်းလဲလျှင် ထားတော်ကို သွေးတော်မူ၏၊၊ လေးတော်ကို တင်၍ ရွယ်တော်မူ၏၊၊

၁၂ သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြ‡ားတော်တို့ကို လောင်စေတော်မူ၏။

၁၃ ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ၏၊၊ မကောင်းသောအကြံအစည်ကို ပဋိသန္ဓြေွယူ၍ စိတ်ပျက်ခြင်းကို ဘွားမြင်တတ်၏။

၁၄ တွင်းကိုလည်း နက်စွာတူးသဖြင့် မိမိတူးသော တွင်းထဲသို့ မိမိကျတတ်၏၊၊

၁၅ မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာ ပြန်ရောက်၍ မိမိကြမ်းတမ်းသော အမှုသည်မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏၊၊

၁၆ ငါမူကား ထာဝရဘုရား၏ တရားသော အမှုတော်ကို ချီးမွမ်း၍ အမြင့်ဆုံးသော ထာဝရဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊၊



Chapter 8

ဆာလံကျမ်း အခန်းကြီး ၈

၁ အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်ကို မြေကြီးတပြင်လုံး၌အလွန် ကြီးမြတ်တော် မူ၏၊၊ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏၊၊

၂ ကိုယ်တော်၏ ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေခြင်းငှါ၊ နို့စို့သူငယ်တို့၏ နှုတ်ထဲမှာ အစွမ်းသတ္တိကို စီရင်တော်မူ၏၊၊

၃ လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူ သောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊

၎ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ၊၊

၅ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။

၆ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍

၇ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊

၈ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊၊

၉ အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာဝရဘုရား ကိုယ်တော်၏ နာမသည် မြေကြီးတပြင်လုံး၌ အလွန် ကြီးမြတ်တော်မူသ နည်း၊၊



Chapter 9

ဆာလံကျမ်း အခန်းကြီး ၉

၁ အို ထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သောအမှု တော်ရှိသမျှတို့ကို ပြညွှန်ပါမည်၊၊

၂ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်၊၊ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊ အမြင့်ဆုံးသောဘုရား။

၃ အကြောင်းမူကား အကျွန်ုပ်၏ ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏၊၊ ရှေ့တော်၌ ပျက်စီးကြပါ၏။

၎ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ၊၊ ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ၊၊

၅ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ၊၊ ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက်ချေဖျောက်တော်မူပြီ၊၊

၆ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ၊၊ မြို့တို့ကို ဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှ မရှိပျောက်ပါပြီ၊၊

၇ ထာဝရဘုရားမူကား ကာလအစဉ် အဆက်တည်တော်မူ၏၊၊

၈ တရားပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏၊၊ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏၊၊

၉ ထာဝရဘုရားသည် ညှင်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ ဘေးအန္တရယ် ရောက်သည် ကာလ ခိုလှုံရာ ဖြစ်တော်မူ၏၊၊

၁၀ နာမတော်ကို သိသောသူတို့ သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့် မည်၊၊ အကြောင်းမူကား အိုထာဝရဘုရားကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ၊၊

၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့၊၊

၁၂ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍ အသေခံရသော သူတို့ကို အောက်မေ့တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော် မမူတတ်ပါ၊၊

၁၃ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ၊၊ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ည‡င်းဆဲခြင်း အမှုကို ကြည့်ရှု၍ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊

၁၄ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့ တံခါးဝမှာ အကျွန်ုပ် ပြညွှန်ပါမည်၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်၊၊

၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏၊၊ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏၊၊

၁၆ ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏၊ မတရားသောသူသည် မိမိလုပ်သောအလုပ်ထဲမှာ ကျော့မိခြင်းကို ခံရ၏၊၊

၁၇ မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်၊၊

၁၈ ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ၊၊ ဆင်းရဲသော သူတို့ကို မြော်လင့်၍ မရဘဲ အစဉ်မနေရကြ၊၊

၁၉ အိုထာဝရဘုရား၊ ထတော်မူပါ၊၊ လူမနိုင်ပါစေနှင့်၊၊ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်း ကို ခံရကြပါစေသော၊၊

၂၀ အိုထာဝရဘုရား သူတို့ကို ချောက်လှန့်တော်မူပါ၊၊ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ် သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်၊၊



Chapter 10

ဆာလံကျမ်း အခန်းကြီး ၁၀

၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း၊၊ ဘေးအန္တရာယ် ရောက်သည့်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း၊၊

၂ မတရားသော သူသည် မာနစိတ်ရှိ၍ ဆင်းရဲ သောသူကို ညှင်းဆဲတတ်ပါ၏၊၊ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏၊

၃ မတရားသော သူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏၊၊ လောဘကြီးသောသူသည် ထာဝရဘုရားကိုပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏၊၊

၎ မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ၊၊ ဘုရားသခင်မရှိဟု အစဉ်အောက်မေ့တတ် ပါ၏၊၊

၅ အစဉ်ခိုင်မာစွာကျင့်ကြံပြုမူတတ် ပါ၏၊၊ တရားစီရင်တော်မူချက်တို့သည်သူနှင့် ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသော ရန်သူတို့ကို မထီမဲ့မြင် ပြုတတ်ပါ၏၊

၆ ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရဟု အောက်မေ့တတ်ပါ၏၊၊

၇ သူ၏ နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏၊၊ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသော အမှုရှိပါ၏၊၊

၈ ရွာအနားတွင် ပုန်းနေရာ အရပ်မှာထိုင်၍ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏၊၊ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏၊

၉ ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍ နေတတ်ပါ၏၊ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏၊၊ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ ဘမ်းဆီးတတ်ပါ၏၊၊

၁၀ ထိုသို့ ညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍ ဆင်းရဲသောသူအပေါင်း တို့သည် သူ၏ လက်သို့ ကျရောက်တတ်ကြပါ၏၊၊

၁၁ ထိုသူက ဘုရားသခင်သည် မေ့လျော့တော်မူ၏၊၊ မျက်နှာကို လွှဲတော်မူ၏၊၊ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏၊၊

၁၂ အို ထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။

၁၃ မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့်အောက်မေ့ရပါအံ့နည်း။

၁၄ သို့သော်လည်း ကိုယ်တော်သည် မြင်တော်မူပြီ၊၊ အကြောင်းမူကား ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှု တော်မူတတ်ပါ၏၊၊ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏၊၊ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလှုံရာဖြစ်တော်မူ၏၊၊

၁၅ မတရားသဖြင့် ပြု၍ ဆိုးသော သူ၏ လက်ရုံးကို ချိုးတော်မူပါ၊၊ သူပြုသော အဓမ္မအမှုကို အကုန်အစင်စစ်တော်မူပါ၊၊

၁၆ ထာဝရဘုရားသည်ကာလ အစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ၍ တပါးအမျိုးသားတို့သည် နိုင်ငံ တော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်၊၊

၁၇ ထိုထာဝရဘုရား ကိုယ်တော်သည် နှိမ့်ချလျက်ရှိသော သူတို့၏ တောင့် တခြင်း၊ အသံကို ကြားတော်မူ၏၊၊ သူတို့၏ စိတ်နှလုံးကို တည်ကြည်စေတော်မူသည်။

၁၈ ဆင်းရဲသားကို သူ၏ မြေမှတ ဖန်မနှင်ထုတ်မည် အကြောင်း၊ မိဘမရှိသောသူနှင့် ညှင်းဆဲခံရသောသူတို့ကို တရားပေးခြင်းငှါနားတော်ကို ဖွင့်တော်မူ၏။



Chapter 11

ဆာလံကျမ်း အခန်းကြီး ၁၁

၁-၃ မတရားသော သူတို့သည်သဘောဖြောင့်သောသူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကိုတင်၍ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏၊၊ အမှီတကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည် ဌက်ကဲ့သို့ကိုယ်နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏၊၊

၎ ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏၊၊ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏၊၊ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ ကို စစ်တော်မူ၏၊၊

၅ ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏၊၊ မတရားသောသူနှင့် လုယူဖျက်ဆီး လိုသောသူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။

၆ မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲကန့်နှင့် ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍ သူတို့သောက်စရာဘို့ စီရင်တော်မူမည်၊၊

၇ တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။



Chapter 12

ဆာလံကျမ်း အခန်းကြီး ၁၂

၁ အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ၊၊ သူတော်ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသား တို့တွင် ကွယ်ပျောက်ပါ၏၊၊

၂ အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ် နှင့် ပြောတတ်ကြ၏၊၊

၃ ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်၊၊

၎ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့်မည်၊၊ ငါ့တို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိ သမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်၊၊

၅ ဆင်းရဲသောသူသည် ခံရသောညှင်းဆဲခြင်း၊ ငတ်မွတ်သော သူ၏ငိုကြွေးခြင်းကြောင့် ယခုငါထမည်၊၊ ကဲ့ရဲ့ခြင်းကို ခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရား မိန့်တော် မူ၏၊၊

၆ ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ မိုက်၌ ခုနှစ်ကြိမ်စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏၊

၇ အို ထာဝရဘုရား ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူ မည်၊၊

၈ ဆိုးယုတ်သောသူတို့သည် မြှောက်ခြင်းသို့ ရောက်သည်ကာလ မတရားသော သူတို့သည် အရပ်ရပ်လှည့် လည်ရသော အခွင့်ရှိကြ၏၊၊



Chapter 13

ဆာလံကျမ်း အခန်းကြီး ၁၃

၁ အိုထာဝရဘုရား အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံး မေ့လျော့တော်မူ မည်နည်း၊၊ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း၊၊

၂ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှ ကာလပတ်လုံးတွေးတောသောစိတ် ရှိရပါမည်နည်း၊၊ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း၊

၃ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင် တော်မူပါ၊၊ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ၊၊ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းကို ရောက်ရပါမည်၊၊

၎ အကျွန်ုပ် ၏ ရန်သူက ငါနိုင်ပြီဟုဆို၍ အကျွန်ုပ်ကို နှောင့်ယှက်သောသူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါ လိမ့်မည်၊၊

၅ အကျွန်ုပ်သည် ဂရုဏာတော်ကို ယုံကြည်ပါ၏၊၊ ကယ်တင်တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်းပါလိမ့်မည်၊

၆ အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊



Chapter 14

ဆာလံကျမ်း အခန်းကြီး ၁၄

၁ ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်မျှမရှိ၊၊

၂ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ် ကလူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၏၊၊

၃ လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်း ခြင်း ရှိကြ၏၊၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊၊ တယောက်မျှ မရှိ၊၊

၎ မုန့်ကို စားသကဲ့သို့ ငါ၏ လူတို့ကို ကိုက်စား၍ ထာဝရ ဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော၊၊

၅ သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်၊၊ အကြောင်းမူကား ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက်၍ ရှိတော်မူ၏၊၊

၆ နှိမ့်ချလျက် ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့် သင်တို့သည် သူ၏ အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏၊၊

၇ ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော၊၊ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန်ထာဝရဘုရားသည် ဆောင်ခဲ့တော်မူသောအခါ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်၊၊



Chapter 15

ဆာလံကျမ်း အခန်းကြီး ၁၅

၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊

၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော

၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော

၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊

၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊



Chapter 16

ဆာလံကျမ်း အခန်းကြီး ၁၆

၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊

၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊

၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊

၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊

၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊

၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊

၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊

၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊

၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊

၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်

၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊



Chapter 17

ဆာလံကျမ်း အခန်းကြီး ၁၇

၁ အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊

၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊

၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊

၎ လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊

၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊

၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊

၇ ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊

၈-၉ အကျွန်ုပ်ကို ည‡င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊

၁၀ သူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊

၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊

၁၂ ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊

၁၃ အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊

၁၄ အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။

၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။



Chapter 18

ဆာလံကျမ်း အခန်းကြီး ၁၈

၁ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ၊ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ ထာဝရဘုရား ရှေ့တော်၌ မြွက်ဆိုသောသီချင်း စကားဟူမူကား၊၊ အို ထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အား ဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏၊၊

၂ ထာဝရဘု ရားသည် ငါ၏ကျောက်၊ ငါ၏ မြို့ရိုး ငါ့ကို ကယ်လွှတ်သောသခင်၊ ငါ၏ဘုရား ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏၊၊

၃ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါ တောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏၊၊

၎ သေခြင်းကြိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏၊၊

၅ မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက်ရှိ၏၊၊

၆ ထိုသို့ ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားခေါ်၍ ငါ၏ ဘုရားသခင် ကို အော်ဟစ် လေ၏၊၊ ခေါ်သောအသံကို ဗိမာန်တော်ထဲမှ ကြားတော်မူ၍ အော်ဟစ်သော အသံသည် နားတော်ထဲသို့ ဝင်လေ၏။

၇ ထိုအခါ အမျက်တော်ထွက်သော အားဖြင့် မြေကြီးတုန်လှုပ်၍ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏၊၊

၈ နှာခေါင်းတော်ထဲက မီးခိုးထွက်၍ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏၊၊

၉ မိုဃ်းကောင်း ကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏၊၊

၁၀ ခေရုဗိမ်ကို စီးလျက် ပျံတော်မူ၏၊၊ လေ၏ အတောင်တို့အပေါ်မှာ လျှင်မြန်စွာ ပျံတော်မူ၏၊၊

၁၁ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍ တခဲနက် သောရေနှင့် ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက် ရှိကြ၏၊၊

၁၂ ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏၊၊

၁၃ ထာဝရဘုရားသည်လည်း ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏၊၊

၁၄ လေးမြှားတ်ာတို့ကို ပစ်၍ လျှပ်စစ်ပြက်စေသဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏၊၊

၁၅ ထိုအခါ အိုထာဝရဘုရား ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသော အားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောက တိုက်မြစ်တို့သည် ပွင့်လစ် ထင်ပေါ်လျက် ရှိကြ၏၊၊

၁၆ ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏၊၊

၁၇ ငါ့ကိုမုန်းသော သူတည်း ဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏၊၊

၁၈ ဘေးဥပဒ်ရောက် သောကာလ၌ သူတို့သည် ဆီးတားသော်လည်း ထာဝရဘုရားသည် ငါမှီရာဖြစ်၍

၁၉ င့ါကို ကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏၊၊ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏၊၊

၂၀ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏၊၊

၂၁ အကြောင်းမူကား ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏၊၊ ငါ၏ဘုရား သခင်ထံမှ ပြစ်မှား၍ မသွား၊၊

၂၂ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏၊၊ အထုံးအဖွဲ့တော်တို့ကို မပယ်၊

၂၃ ရှေ့တော် မှာ ဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြည်ရှောင်၏၊၊

၂၄ ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ ဖြောင့်မတ်ခြင်း လက်စင်ကြယ်ခြင်း ရှိသည်နှင့်အလျှောက် ထာဝရဘုရား သည် ငါ၏အကျိုးကို ပေးတော်မူပြီ၊၊

၂၅ သနားတတ်သော သူအား ကိုယ်တော်သည် သနားခြင်းသဘော ကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊

၂၆ သန့်ရှင်းသောသူအား သန့်ရှင်းသော သဘောကို၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကို၎င်း ပြတော်မူ၏၊၊

၂၇ နှိမ့်ချလျက်ရှိသော သူတို့ကို ကိုယ်တော်သည် ကယ်တင်၍ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏၊၊

၂၈ ထိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏ မှောင်မိုက်ခြင်းကို လင်းစေတော်မူ၏၊

၂၉ အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ၊၊

၃၀ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ခိုလှုံသောလူအပေါင်းတို့ အကွယ်အကာ ဖြစ်တော်မူ၏၊၊

၃၁ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း၊ ငါတို့ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း၊၊

၃၂ ထိုဘုရားသခင် သည် ငါ့ကို ခွန်အား ခါးပန်းနှင့်စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏၊၊

၃၃ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေတော်မူ၍ ငါ၏မြင့်ရာ အရပ်ပေါ်မှာ င့ါကိုတင်ထားတော်မူ၏၊၊

၃၄ ငါ့လက်ကိုစစ်မူ၌ လေ့ကျက်စေခြင်းငှါ သွန်သင်တော်မူ၍ ကြေးဝါ လေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏၊၊

၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ျာလက်တော်အားဖြင့် မစတော်မူ၏၊၊ သည်းခံတော်မူခြင်းအားဖြင့် အကျွနုပ်သည် မြှောက်ခြင်းသို့ ရောက်ပါ၏၊၊

၃၆ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်

၃၇ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့် သူတို့ကို မပယ်ရှင်းမှီတိုင် အောင် မပြန်ပါ၊၊

၃၈ သူတို့သည် အကျွန်ုပ်ခြေ အောက်မှာ လဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နှင်းပါ၏။

၃၉ အကြောင်းမူကား စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏၊၊

၄၀ အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌ အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏၊၊

၄၁ သူတို့သည်အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ထာဝရဘုရား ကိုအော်ဟစ်သော်လည်း ထူးတော်မမူ၊၊

၄၂ ထိုအခါ အကျွန်ုပ်သည်သူတို့ကို လေတိုက်သော မြေမှုန့် ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။

၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့် အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏၊၊

၄၄ အကျွန်ုပ် စကားသံကို ကြားသည် ခဏခြင်းတွင်နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်ကြပါ၏။

၄၅ ညှိုးနွမ်းသည် ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက်ထွက်ကြပါ၏၊၊

၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ မြှောက်ခြင်းရှိပါစေသတည်း။

၄၇ ငါ့ဘက်၌တရားသဖြင့် စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။

၄၈ ရန်သူတို့ လက်မှငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တ ဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေ‡ာက်တင်၍လုယူဖျက်ဆီးတတ်သော သူ၏လက် မှကယ်လွှတ်တော်မူ၏။

၄၉ ထိုကြောင့် အိုထာဝရဘုရား အကျွန်ုပ်သည်တပါးအမျိုးသားတို့တွင် ကျေးဇူးတော် ကိုချီးမွမ်း ၍ နာမတော်ကိုထောမနာ သီချင်းဆိုပါမည်။

၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကိုအထူးသဖြင့် ကယ်လွှတ်တော်မူသည်။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာ ကျေးဇူးကိုပြုတော်မူ၏။



Chapter 19

ဆာလံကျမ်း အခန်းကြီး ၁၉

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။

၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။

၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊

၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊

၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။

၆ မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။

၇ ထာဝရဘုရား၏ တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။

၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊

၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊

၁၀ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။

၁၁ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။

၁၂ မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း၊၊ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊

၁၃ ရဲရင့်သောဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည်အကြောင်းကို ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အကျွန်ုပ်ကိုအစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းရှိ၍ ကြီးစွာသောပြစ်မှားခြင်းနှင့် ကင်းလွတ်ရပါလိမ့်မည်။

၁၄ အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌နှစ်သက်ဘွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ ကျောက် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသော ဘုရား။



Chapter 20

ဆာလံကျမ်း အခန်းကြီး ၂၀

၁ ဘေးအန္တရာယ်ရောက်သောကာလ၌ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍ ယာကုပ်၏ ဘုရားသခင် နာမတော်သည် မြှောက်တော်မူပါစေသော။

၂ သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍ ဇိအုန်တောင် ပေါ်က ထောက်ပင့်တော်မူပါစေသော။

၃ ကိုယ်တော်၏ပူဇော်သက္ကာ အလုံးစုံတို့ကို အောက်မေ့၍ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။

၎ ကိုယ်တော်၏စိတ် အလိုရှိသည်အတိုင်း ပေးသနား၍ အကြံအစည်တော် ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။

၅ ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည်ဝမ်းမြောက်၍ အကျွန်ုပ်တို့ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်၊၊ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော၊၊

၆ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက် တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏ စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော် မူကြောင်းကို၎င်း ယခုငါသိ၏၊၊

၇ အချို့သော သူတို့သည် ရထားကို၎င်း၊ အချို့တို့သည် မြင်းကို၎င်း ချီးမွမ်းတတ်ကြ၏၊၊ ငါတို့မူကား ငါတို့ ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်၊၊

၈ သူတို့သည် နှိမ့်ချ၍ လဲလျက် ရှိကြ၏၊ ငါတို့မူကားထ၍ မတ်တပ်နေကြ၏၊ အိုထာဝရဘုရား မင်းကြီးကို ကယ်တင်တော်မူပါ၊၊

၉ အကျွန်ုပ်တို့ခေါ် သောအခါ နားထောင်တော်မူပါ၊၊



Chapter 21

ဆာလံကျမ်း အခန်းကြီး ၂၁

၁ အိုထာဝရဘုရား မင်းကြီးသည် ကိုယ်တော်၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက်၍ ကယ်တင်တော်မူခြင်း အားဖြင့် အလွန်ရွှင်လန်းပါ၏၊၊

၂ သူ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ၊၊ သူ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ၊၊

၃ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ၊၊ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။

၎ သူသည်အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ထာဝရအသက်ကို ပေးသနား တော်မူပြီ၊၊

၅ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်းကြီး၍ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏၊၊

၆ ကိုယ်တော်သည် သူ့ကို ထာဝရ မင်္ဂလာ အရာ၌ ခန့်ထား၍ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက် စေတော်မူ၏၊၊

၇ အကြောင်းမူကား မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍ အမြင့်ဆုံးသော ဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏၊၊

၈ ကိုယ်တော်၏ လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍ ကိုယ်တော်ကိုမုန်းသောသူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်၊၊

၉ အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍ မီးသည်လည်း လောင်စားပါလိမ့်မည်၊၊

၁၀ သူတို့အမျိုး အနွယ်ကို မြေကြီးမှ ပယ်ရှင်း၍ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူမည်၊၊

၁၁ အကြောင်းမူကား ကိုယ်တော်တဘက်၌ မကောင်းသော အကြံကို ကြံစည်၍ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ၊၊ သို့ရာတွင် အကြံအထမမြောက်ကြပါ၊၊

၁၂ ထို့ကြောင့် သူတို့မျက်နှာတဘက်၌ လေးမြ‡ားတော်တို့ရွယ်၍၊ သူတို့ကျောကို လှည့်စေ တော်မူမည်၊၊

၁၃ အိုထာဝရဘုရား ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် မြှောက်ခြင်းရှိတော်မူစေသတည်း၊၊ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာ သီချင်းဆိုကြပါမည်၊၊



Chapter 22

ဆာလံကျမ်း အခန်းကြီး ၂၂

၁ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း၊ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သောစကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာ နေတော်မူသနည်း၊၊

၂ အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော်သည် နားမထောင်ပါ၊၊ ညဥ့်အခါ အော်ဟစ် သော်လည်း သက်သာခြင်းသို့ မရောက်ပါ၊၊

၃ ကိုယ်တော်မူကား ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်း ရှိတော်မူ၏၊၊

၎ အကျွန်ုပ်တို့ ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏၊၊ ကိုးစားကြသည်တွင် ကိုယ်တော်သည် ကယ်တင်တော်မူ၏၊၊

၅ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ကြပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏၊၊

၆ အကျွန်ုပ်မူကား လူမဟုတ် ပိုးကောင်မျှသာ ဖြစ်ပါ၏၊၊ လူများကဲ့ရဲ့စရာ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏၊၊

၇ အကျွန်ုပ်ကို မြင်သမျှသော သူတို့သည် ပြက်ယယ်ပြုခြင်း ၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊၊

၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ သူ့ကို နှုတ်တော်မူပါလေစေ၊၊ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏၊၊

၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊

၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊

၁၁ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊

၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ်ကို ဝိုင်း၍ အားကြီးသော ဗာရှန် ဥသဘတို့သည် ဝန်းရံလျက်နေကြပါ၏၊၊

၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏၊

၁၄ အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊

၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊

၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊

၁၇ ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊

၁၈ အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊

၁၉ အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊

၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွှတ်တော်မူပါ၊၊

၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ၊၊

၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြား ပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊

၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ချီးမွမ်းခြင်းကို ပြုကြလော့၊၊ ယာကုပ်အမျိုး အပေါင်းတို့ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြလော့၊၊ ဣသရေလ အမျိုးအပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့၊၊

၂၄ အကြောင်းမူကား နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်၊၊ မျက်နှာတော်ကို မလွှဲ အော်ဟစ်သောအခါ နားထောင်တော်မူပြီ၊၊

၂၅ အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊

၂၆ နှိမ့်ချ လျက်ရှိသော သူတို့သည် ဝစွာ စားရကြလိမ့်မည်၊၊ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့ စိတ်နှလုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်၊၊

၂၇ မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍ထာဝရဘုရား ထံတော်သို့ ပြောင်းလဲကြလိမ့်မည်၊၊ လူအမျိုးအနွယ်အပေါင်း တို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်၊၊

၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏၊၊ လူမျိုးတို့ကို မင်းပြုတော်မူ၏၊၊

၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသော သူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်၊၊ ကိုယ့်အသက်ကို မစောင့်နိုင်၊၊ မြေမှုန့်သို့ ဆင်းရသော သူအပေါင်း တို့သည်လည်း ရှေ့တော်၌ ညွတ်ပြပ်ဝပ်တွား ကြလိမ့်မည်၊၊

၃၀ သူတို့အမျိုး အနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် လူအစဉ်အဆက်တို့သည်ထာဝရဘုရား၏ သိတင်းတော်ကို ကြားရလိမ့်မည်၊၊

၃၁ ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍တရားသော အမှုတော်ကို ဘွားသော လူမျိုးအား ဘော်ပြရကြလိမ့်မည်။



Chapter 23

ဆာလံကျမ်း အခန်းကြီး ၂၃

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊

၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊

၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊

၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊

၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။

၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။



Chapter 24

ဆာလံကျမ်း အခန်းကြီး ၂၄

၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။

၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။

၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား

၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊

၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။

၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။

၇ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူမည်။

၈ ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။

၉ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူသည်။

၁၀ ဘုန်းကြီး သော ရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီး သော ရှင်ဘုရင်ဖြစ်တော်မူသတည်း။



Chapter 25

ဆာလံကျမ်း အခန်းကြီး ၂၅

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက် နေပါ၏။

၂ အကျွန်ုပ် ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် ခိုလှုံသည် ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကို မခံပါစေနှင့်။

၃ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက် ကြောက်ခြင်းသို့ မရောက်ရ ကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ရောက်ရကြပါ၏။

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။

၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊ အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊

၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊

၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။

၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊

၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊

၁၀ ထာဝရဘုရား၏ လမ်းခရီးရှိသမျှ တို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာတော်နှင့် သစ္စာ ဖြစ်ကြသတည်း၊၊

၁၁ အိုထာဝရဘုရား အကျွန်ုပ်၌အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေး တော်မူပါ၊၊

၁၂ အကြင်သူသည်ထာဝရဘုရားကို ကြောက်ရွံ့တတ်၏၊၊ ထိုသူအားနှစ်သက်ဘွယ်သောလမ်းကို ပြညွန် တော်မူမည်၊၊

၁၃ ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ်၍ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရ လိမ့်မည်၊၊

၁၄ ထာဝရဘုရားကို ကြောက်ရွံသောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏၊၊

၁၅ အကျွန်ုပ်သည် ထာဝရ ဘုရားကို အစဉ်မြော်လင့်လျက်နေပါ၏။ အကြောင်းမူကား အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူပါ၊၊

၁၆ အကျွန်ုပ်သည် တယောက်တည်းကျန် ကြွင်း၍ နှိမ့်ချခြင်းကိုခံရသောကြောင့် အကျွန်ုပ်ကိုမျက်နှာပြု၍ ကယ်မသနားတော်မူပါ၊၊

၁၇ အကျွန်ုပ်စိတ်နှလုံးဆင်းရဲ သည်ကို ချမ်းသာပေး၍ အမှုများထဲက ကယ်နှုတ်တော်မူပါ၊၊

၁၈ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု့၍ အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလွှတ်တော်မူပါ၊၊

၁၉ အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကိုပြင်းစွာမုန်း ထားကြောင်းကိုဆင်ခြင်တော်မူပါ၊၊

၂၀ အကျွန်ုပ်အသက်ကို စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွနု်ပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်၊၊

၂၁ ကိုယ်တော်ကို မျှော်လင့်လျှက် နေပါသည် ဖြစ်၍အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကိုစောင့် ရှောက်ပါစေသော၊၊

၂၂ အိုဘုရားသခင် ဣသရေလအမျိုးကို ခပ်သိမ်းသောဒုက္ခ အထဲကရွေးနှုတ်တော်မူပါ၊၊



Chapter 26

ဆာလံကျမ်း အခန်းကြီး ၂၆

၁ အိုထာဝရဘုရား အကျွန်ုပ်သည်ဖြောင့်မတ်ခြင်း လမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင် တော်မူပါ၊၊ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊

၂ အိုထာဝရဘုရား အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ၊၊

၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏၊၊

၎ လျှပ်ပေါ်သောလူတို့နှင့် အတူ မထိုင်ပါ၊၊

၅ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ၊၊ မတရားသော သူတို့၏ စည်းဝေးခြင်းကိုမုန်းပါ၏၊၊ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ၊

၆ ကျေးဇူးတော်ကို ချီးမြ‡င့်သောအသံနှင့် မြွက်ဆို၍၊

၇ အံ့သြဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှါ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည် ထာဝရဘုရား။

၈ အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာန ကို၎င်း အကျွန်ုပ်နှစ်သက်ပါ၏၊၊

၉ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ်ကို၎င်း လူ့အသက်ကို သတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်၊၊

၁၀ သူတို့လက်သည် မကောင်းသော အကြံအစည်၌ ကျင်လည်၍ သူတို့ လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏၊၊

၁၁ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏၊၊ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မ သနားတော်မူပါ၊၊

၁၂ အကျွန်ုပ်သည် ညီညွတ်သော အရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီးပေးပါမည်၊၊



Chapter 27

ဆာလံကျမ်း အခန်းကြီး ၂၇

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊

၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊

၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊

၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊

၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။

၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊

၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊

၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊

၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊

၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊

၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊

၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊

၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊

၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊



Chapter 28

ဆာလံကျမ်း အခန်းကြီး ၂၈

၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ မထူးဘဲနေ တော်မမူပါနှင့်၊၊ မထူးဘဲနေတော်မူလျှင် အကျွန်ုပ်သည် သချိုင်းတွင်းထဲသို့ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်၊၊

၂ အကျွန်ုပ် သည် သန့်ရှင်းသော ဗျာဒိတ်ဌာနတော်သို့လက်ကိုချီ၍ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်တောင်း လျှောက်သော အသံကို နားထောင်တော်မူပါ၊၊

၃ အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် လောကဝတ်စကားကိုပြောတတ်သော သူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသော အမှုကို ပြုတတ်သော သူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင် တော်မမူပါနှင့်၊၊

၎ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ၊၊ သူတို့ပြုမူသည်အတိုင်း ဆပ်ပေး၍၊ အပြစ်နှင့် အလျောက် စီရင်တော်မူပါ၊၊

၅ သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို၎င်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကို၎င်း၊ မမှတ်ကြသောကြောင့် တည် ဆောက်တော်မမူ ဖြိုဖျက်တော်မူမည်၊၊

၆ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း၊၊

၇ ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ၊ ထာဝရဘုရားသည် ငါ၏ ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။

၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏၊၊ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်း အကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏၊၊

၉ ကိုယ်တော်၏ လူစုကို ကယ်တင်၍ အမွေတော်ကို ကောင်းကြီးမင်္ဂလာပေး တော်မူပါ၊၊ သူတို့ကို အုပ်ထိန်း၍ ထာဝရမြှောက်ခြင်း ရှိစေတော်မူပါ၊၊



Chapter 29

ဆာလံကျမ်း အခန်းကြီး ၂၉

၁ အိုဘုရားသခင်သားတို့ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊

၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက် သန့်ရှင်းသော တန်ဆာကို ဆင်၍ ထာဝရဘု ရား ကို ကိုးကွယ်ကြလော့၊၊

၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏၊၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုဃ်းချုန်းတော်မူ၏၊၊ ထာဝရဘုရားသည် များစွာသော ရေပေါ်မှာ ရှိတော်မူ၏၊

၎ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏၊၊ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏၊၊

၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန် အာရဇ်တောကို ချိုးတော်မူ၏၊၊

၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း၊ ခုန်စေတော်မူ၏၊၊

၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏၊၊

၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏၊၊ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ခြားတော်မူ၏။

၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဘွားစေတော်မူ၏၊၊ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဘော်ပြကြစေ။

၁၀ ထာဝရဘုရားသည် မိုဃ်းသက် မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏၊၊

၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်၊၊ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း၊ ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်၊၊



Chapter 30

ဆာလံကျမ်း အခန်းကြီး ၃၀

၁ ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊

၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊

၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊

၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊

၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊

၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊

၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊

၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊

၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊

၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။

၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။

၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။



Chapter 31

ဆာလံကျမ်း အခန်းကြီး ၃၁

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။

၂ အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ ရဲတိုက် ဖြစ်တော်မူပါ။

၃ အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။

၎ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။

၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊

၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊

၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊

၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊

၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊

၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊

၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊

၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊

၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊

၁၄ သို့သော်လည်း ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏၊၊

၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင် ပိုင်တော်မူ၏၊၊ ရန်သူတို့နှင့် ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊

၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ၊၊ ကရုဏာတော်ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူ ပါ၊၊

၁၇ အို ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍ ရှက်ကြောက်ခြင်း မရှိပါစေ နှင့်၊၊ လူဆိုးတို့မူကား အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာ နေကြပါစေသော၊၊

၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်တကွ၊ ဖြောင့်မတ်သော သူတဘက်၌ စော်ကားသော စကားကို ပြော၍ မုသာ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာ နေကြပါစေသော၊၊

၁၉ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍ လူသားတို့ ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏၊၊

၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊

၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊

၂၂ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက် ဆိုမိသော်လည်း ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော်နားထောင်တော်မူသတည်း။

၂၃ ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့ ထာဝရဘုရားကိုချစ်ကြလော့၊၊ ထာဝရဘုရားသည် သစ္စာရှိ သောသူတို့ကို စောင့်မတော်မူ၏၊၊ မာနထောင်လွှား သူတို့ကိုကား၊ အပြစ်များစွာပေးဆပ် တော်မူသတည်း၊၊

၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊



Chapter 32

ဆာလံကျမ်း အခန်းကြီး ၃၂

၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊

၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊

၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊

၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊

၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊

၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊

၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊

၈ သင့်ကိုငါသွန်သင်မည်၊၊ သင်သွားရမည် လမ်းကိုပြတော်မူမည်၊၊ သင့်ကိုကြည့်ရှု့ ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊

၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ပစပ်ကိုဇက်ခွံ၍ ဇက်ကြိုးနှင့်ဆွဲရမည်၊၊

၁၀ မတရားသောသူသည် ဒုက္ခများစွာကိုခံရမည်၊၊ ထာဝရဘုရား၌ ကိုးစားသော သူသည်ကား ကရုဏာတော်သည် ဝန်းရံတတ်၏၊၊

၁၁ ဖြောင်မတ်သောသူတို့ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့၊၊ သဘောဖြောင်သောသူတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့၊၊



Chapter 33

ဆာလံကျမ်း အခန်းကြီး ၃၃

၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊

၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊

၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊

၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊

၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊

၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊

၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊

၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊

၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊

၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊

၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊

၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊

၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊

၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊

၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊

၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊

၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊

၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊

၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊

၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊

၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။

၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။



Chapter 34

ဆာလံကျမ်း အခန်းကြီး ၃၄

၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။

၂ ငါဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။

၃ ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြေ‡ာက်ကြကုန်အံ့။

၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။

၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။

၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။

၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။

၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။

၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။

၁၀ ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူ တို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။

၁၁ အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အားငါသွန်သင်မည်။

၁၂ ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့် တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူမည်ကား၊

၁၃ ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။

၁၄ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင်လိုက်လော့။

၁၅ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ ကိုကြည့်ရှု တော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။

၁၆ ဒုစရိုက်ကို ပြုသော သူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှာပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထား တော်မူ၏။

၁၇ ဖြောင့်မတ် သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲ ထဲကကယ်လွတ်တော်မူ၏။

၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောတို့နှင့် နှလုံးကြေကွဲ သော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။

၁၉ ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏

၂၀ သူ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။

၂၁ မတရားသော သူမူကား၊ ဘေးဖြင့် အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။

၂၂ ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစုံတယောက်မျှ အပြစ်စီရင်ခြင်းကိုမခံရ။



Chapter 35

ဆာလံကျမ်း အခန်းကြီး ၃၅

၁ အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သော သူတို့ကို တိုက်တော်မူပါ။

၂ ဒိုင်းလွှားကိုကိုင်၍အကျွန်ုပ် ကို ကူညီစေခြင်းငှာ ထတော်မူပါ။

၃ အကျွန်ုပ်ကို လိုက်သော သူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည်သင်၌ ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အားမိန့်တော်မူပါ။

၎ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေ သော။

၅ ထိုသူတို့သည် လေတိုက်သော ဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏ တမန်သည် လည်းသူတို့ကို လှဲပါစေသော။

၆ သူတို့သွားသော လမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ ထာဝရဘုရား၏ တမန်သည်လည်းသူတို့ကို လိုက်ပါစေသော။

၇ အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကိုဝှက် ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့ တွင်းကိုတူးကြပါပြီ။

၈ ထိုသို့သောသူသည် အမှတ် တမဲ့ ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်း ထဲသို့ မိမိကျပါစေသော။

၉ သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်း မြူးတူးခြင်း ရှိလိမ့်မည်။

၁၀ အကျွန်ုပ် အရိုးရှိသမျှတို့ လည်း၊ အိုထာဝရဘုရား၊ အစိုးတရ ပြုသောသူ၏ လက်မှဆင်းရဲသားကိုနှုတ်တော်မူ၍၊ လုယူဖျက်စီးတက်သောသူ ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ် သူတူပါသနည်း ဟု လျှောက်ဆိုကြမည်။

၁၁ မမှန်သောသက်သေတို့သည် ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။

၁၂ ငါပြုသော ကျေးဇူးအတွက် သူတိုသည် ငါ့အသက်ကိုလုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။

၁၃ ငါ မူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကို ရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။

၁၄ သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကို အောက်မေ့၍၊ စိတ်မသာညည်း တွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏၊၊

၁၅ ငါလဲသောအခါမှုကား သူတို့သည်ဝမ်းမြောက်၍စည်းဝေးကြ၏၊၊ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက်၌စည်းဝေးကြ၏၊၊ သူတို့ကိုလည်း ငါမသိရ၊၊ မရပ်မနေဘဲ ငါ့ကို ဆွဲဖြတ်ကြ၏၊

၁၆ ပွဲ၌ ခစားတတ်သော လူဆိုးတို့ နှင့်အတူ ငါကို အံသွားခဲ ကြိတ်ကြ၏၊၊

၁၇ အိုထာဝရဘုရား အဘယ်မျှ ကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း၊၊ အကျွန်ုပ်အသက်ကို သူတို့ပြု သော ဘေးဥပဒ်မှ၎င်း ၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ၊ ကယ်လွှတ်တော်မူပါ၊၊

၁၈ ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်၊၊ များစွာသော လူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊

၁၉ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်၊၊ အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့ လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်၊၊

၂၀ အကြောင်းမူကား သူတို့သည် အမှုငြိမ်းစေသော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့တဘက်၌ လျှို့ဝှက်သော အမှုများကို ကြံစည်ကြပါ၏၊၊

၂၁ အကျွန်ုပ်ကို ပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့် မြင်ရပြီဟု ဆိုကြပါ၏၊၊

၂၂ အို ထာဝရဘုရား ကိုယ်တော်သည် သိမြင်တော်မူ၏၊၊ အိုဘုရားရှင် တိတ်ဆိတ်စွာ နေတော်မမူပါနှင့်၊၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊

၂၃ အကျွန်ုပ်၏ဘုရားသခင် အကျွန်ုပ်၏အရှင်၊ အကျွနုပ်၌ ရောက်သော အမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ၊၊

၂၄ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် ဖြောင့်မတ်တော်မူခြင်းနှင့် အညီ ၊ အကျွနု်ပ်အမှုကို ဆုံးဖြတ်တော်မူပါ၊၊ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်၊၊

၂၅ အဲ ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်၊၊ ငါတို့သည် သူ့ကို မျိုပြီဟု မပြောကြပါ စေနှင့်၊၊

၂၆ အကျွန်ုပ်၌ ဘေးရောက်သည် အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော၊၊ အကျွန်ုပ် တဘက်၌ ကိုယ်ကို မြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော၊၊

၂၇ အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော၊၊ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူစေသတည်းဟု သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော၊၊

၂၈ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊



Chapter 36

ဆာလံကျမ်း အခန်းကြီး ၃၆

၁ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏ မျက်စိ၌မထင်ဟု ထိုသူပြုတတ် သောဒုစရိုက်ကို ငါထောက်၍သဘောကြ၏၊၊

၂ သူ၏အပြစ်ကိုတွေ့တော်မမူ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကိုဆောင်တတ်၏၊၊

၃ သူပြောသောစကားသည် အဓမ္မစကားလှည့်စားသော စကားဖြစ်သည်၊၊ ကောင်းသောအကျင့်ကို ကျင့်စေတတ်သော ပညာကိုစွန့် လေပြီ၊၊

၎ အိပ်ရာပေါ်မှာ မကောင်းသော အမှုကို ကြံစည်တတ်၏၊၊မကောင်းသောလမ်းသို့ အမြဲလိုက်၍ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ၊၊

၅ အိုထာဝရဘုရား ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည်မိုဃ်းတိမ်သို့၎င်း၊ မှီပါ၏။

၆ ဖြောင့်မတ်တော်မူခြင်း တရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏၊၊ တရားစီရင်တော် မူချက်တို့သည် အလွန် နက်နဲရာဖြစ်ကြပါ၏၊၊ အိုထာဝရဘုရား ကိုယ်တော်သည် လူမျိုးနှင့်တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏၊၊

၇ အိုဘုရား သခင်ကရုဏာတော်သည် အလွန်မြတ်နိုးဘွယ် ဖြစ်ပါ၏၊၊ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏၊၊

၈ အိမ်တော်၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍ ကိုယ်တော်၏ ချမ်းသာမြစ်ရေကို သောက်စေ ခြင်းငှါ အခွင့်ပေးတော်မူ၏၊၊

၉ အကြောင်းမူကား ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကို ရကြပါ၏၊၊

၁၀ ကိုယ်တော်ကို သိသောသူတို့အား ကရုဏာတော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်းတရားကို၎င်း၊ တည်မြဲတည်စေတော်မူပါ၊၊

၁၁ မာန၏ ခြေသည် အကျွန်ုပ်ကို မနင်းပါ စေနှင့်၊၊ မတရားသောသူ တို့သည် အကျွန်ုပ်ကို နေရာမရွှေ့ကြပါနှင့်၊၊

၁၂ ဒုစရိုက်ကို ပြုသော သူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့် တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ၊၊



Chapter 37

ဆာလံကျမ်း အခန်းကြီး ၃၇

၁ လူဆိုးတို့ အကြောင်းကြောင့် စိတ်မပူနှင့်၊၊ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်၊၊

၂ အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကို ခံရ၍ စိမ်းသောပျိုးပင်ညှိုးနွမ်း သကဲ့သို့ ဖြစ်ရလိမ့်မည်၊၊

၃ ထာ ဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့၊၊ ပြည်တော်၌ နေ၍ သစ္စာတရားကိ ကျက်စားလော့၊၊

၎ ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့၊၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်၊၊

၅ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊

၆ သို့ပြုလျှင်စီရင်တော်မူမည်၊၊ သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဘော်ပြ တော်မူမည်၊၊

၇ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ မိမိအမှု၌ အောင်တတ်သော သူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊၊

၈ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့၊၊ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်၊၊

၉ ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်၊၊ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။

၁၀ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ၊၊ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ၊၊

၁၁ စိတ်နှိမ့်ချသော သူတို့မူကား၊ ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်၊၊

၁၂ မတရားသောသူသည် ဖြောင့်မတ် သော သူတဘက်၌ ကြံစည်၍ အံ့သွားခဲကြိတ်တတ်၏၊၊

၁၃ သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင် သိမြင်၍သူ့ကို ပြုံးရယ်တော်မူ၏၊

၁၄ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း ဖြောင့်မတ် စွာကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက် လေးကိုတင်လျက် နေတတ်ကြ၏၊၊

၁၅ သို့သော်လည်း သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်၊၊ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်၊၊

၁၆ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသော ဥစ္စာထက်သာ၍ ကျေးဇူးရှိ၏၊၊

၁၇ အကြောင်းမူကား ၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်၊၊ ဖြောင့်မတ်သောသူကိုကား ထာဝရဘုရားမစတော်မူ၏၊၊

၁၈ ဖြောင့်မတ်သော သူတို့၏ နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်၊၊

၁၉ သူတို့သည် ခဲယဉ်းသော ကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊

၂၀ မတရားသော သူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ ဆုံး၍ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်၊၊

၂၁ မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏၊၊ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။

၂၂ ကောင်းကြီးပေး တော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်၊၊ ကျိန်တော်မူခြင်းကို ခံရသောသူမူကား ပယ်ရှင်းခြင်းကို ရောက်ရလိမ့်မည်၊၊

၂၃ ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏၊၊

၂၄ ထိုသူသည်လဲသော်လည်း ဆုံးရာသို့မရောက်ရ၊၊ အကြောင်း မူကား ၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏၊

၂၅ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း သူ၏ သားမြေးတို့သည် တောင်း၍ စားရသည် အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင် အောင်မမြင်စဖူး၊၊

၂၆ သူသည် အစဉ်သနားသော စိတ်ရှိသည်နှင့် သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။

၂၇ ဒုစရိုက်ကို လွဲရှောင်၍ သုစရိုက်ကို ပြုလော့၊၊ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်၊၊

၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏၊၊ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မ မူ၊၊ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်၊၊ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်း ကို ခံရကြလိမ့်မည်၊၊

၂၉ ဖြောင့်မတ်သော သူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။

၃၀ ဖြောင့်မတ်သော သူ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ်၏၊ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆို တတ်၏၊၊

၃၁ ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍ သူသွားသောအခါ မချော်မလဲ ရ၊၊

၃၂ မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်း မြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏၊၊

၃၃ သို့သော်လည်း ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူ ကို စွန့်ပစ်တော်မူမည်မဟုတ်၊၊ အစစ်ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်၊၊

၃၄ ထာဝရဘုရားကို မြော်လင့်၍ လမ်းတော်ကို ရှောက်သွားလော့၊၊ ပြည်တော်ကို အမွေခံရ သော အခွင့်နှင့် မြှောက်တော်မူမည်၊၊ မတရားသော သူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်၊၊

၃၅ မတ ရားသောသူသည် အစိုးတရပြု၍ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ကိုယ်ကို ကိုယ်ပြန့်ပွား စေသည်ကို ငါမြင်ရသော်လည်း

၃၆ နောက်တဖန် သူသည် ရွေ့သွား၍ ကွယ်ပျောက်၏၊၊ သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။

၃၇ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့၊၊ ဖြောင့်မတ်ခြင်း တရားကို ကြည့်ရှုဆင်ခြင်လော့၊၊ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်၊

၃၈ ပြစ်မှားသော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မတရားသော သူတို့သည် အဆုံး၌ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်၊၊

၃၉ ဖြောင့်မတ်သော သူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရ ဘုရားစီရင်တော်မူ၏၊၊ ဘေးရောက်သည့် ကာလ၌ သူတို့ခိုလှုံရာ ဖြစ်တော်မူ၏၊၊

၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်၊၊ ယုံကြည်ခိုလှုံသောကြောင့် မတရားသော သူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်၊၊



Chapter 38

ဆာလံကျမ်း အခန်းကြီး ၃၈

၁ အောက်မေ့စေခြင်းငှါစပ်ဆိုသော ဆာလံ၊၊ အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်၊၊ ပြင်းစွာသော စိတ်တော်ရှိ ၍ ဆုံးမတော်မမူပါနှင့်၊၊

၂ မြှားတော်တို့သည် အကျွန်ုပ်၌ စူးဝင်၍ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက် ရှိပါ၏၊၊

၃ အမျက်တော်ထွက်သောကြောင့် အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ၊၊ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်းမရှိပါ၊၊

၎ အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏၊၊

၅ အကျွန်ုပ်မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိ ကြပါ၏၊၊

၆ အကျွန်ုပ်သည် ပြင်းထန်စွာ ခံရ၍ အလွန်နှိမ့်ချလျက် ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် တနေ့လုံး သွားရပါ၏၊၊

၇ အကျွန်ုပ်ခါးသည် ပူလောင်သော အနာစွဲ၍ အသားသည်လည်း ကျန်းမာခြင်းမရှိပါ၊၊

၈ နုန့်နဲခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏၊၊

၉ အိုထာဝရဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏၊၊

၁၀ အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍ ခွန်အားလည်းကုန်ပါပြီ၊၊ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ၊၊

၁၁ အကျွန်ုပ်၏ အဆွေခင်ပွန်း အပေါင်းအဘော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့် ဝေးဝေး ရပ်လျက် ပေါက်ဘော်တို့သည်လည်း ရှောင်လျက် နေကြပါ၏၊၊

၁၂ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် တနေ့လုံး မနာလို သော စကားကို ပြော၍ မကောင်းသော ပရိယာယ်ကို ကြံစည်ကြပါ၏၊

၁၃ အကျွန်ုပ်မူကား နားပင်းသော သူကဲ့သို့ မကြား။ နှုတ်ကိုမဖွင့်တက်သောလူကဲ့သို့ ဖြစ်ပါ၏၊၊

၁၄ နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ဖြစ်ပါ၏။

၁၅ အကြောင်းမူကား၊ အိုထာဝရဘုရား ကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏၊၊ အကျွန်ုပ်၏အရှင်ဘုရားသခင် ကိုယ်တော်သည် ပြန်ပြော တော်မူမည်၊၊

၁၆ သို့မဟုတ် သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်၊၊ အကျွန်ုပ်သည် ခြေချော်သော အခါအကျွန်ုပ်တဘက်၌ ကိုယ်ကို မြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ၊၊

၁၇ အကျွန်ုပ်လဲလုသည်ဖြစ်၍ ကိုယ်ဆင်းရဲခြင်းကို အစဉ် အောက်မေ့လျက် နေရပါ၏၊၊

၁၈ ကိုယ့်အပြစ်ကို ဘော်ပြပါ၏၊၊ ပြစ်မှားမိသောကြောင့် စိတ်ပူပန်ခြင်း ရှိပါ၏၊၊

၁၉ အကျွန်ုပ်၏ရန်သူတို့ကား ကျန်းမာလျက် ခွန်အားကြီးလျက် ရှိကြပါ၏။ အကျွန်ုပ်ကို မဟုတ်မမှန် ဘဲ မုန်းသောသူတို့ကား များပြားကြပါ၏၊၊

၂၀ အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူး အတွက် အပြစ်ပြုတတ်သော သူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏၊၊

၂၁ အိုထာဝရဘုရား အကျွန်ုပ်ကို စွန့်ပစ် တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ဘုရား အကျွန်ုပ် နှင့် ဝေးဝေးနေတော် မမူပါနှင့်၊

၂၂ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင် အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊



Chapter 39

ဆာလံကျမ်း အခန်းကြီး ၃၉

၁ ငါသည် စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း ကိုယ်အကျင့်ကို သတိပြုမည်၊၊ မတရားသော သူသည် ငါ့ရှေ့မှာ ရှိစဉ်၊ ငါသည် ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြောထား၏၊

၂ စကားမပြောဘဲ အလျက်နေ၏၊၊ ကောင်း သောအရာကို ပင်မပြော၊၊ ထိုသို့နေစဉ် ငါသည် စိတ်ညစ်ညှုးခြင်းရှိ၏၊၊

၃ ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ၏၊၊ ငါညည်း တွားစဉ် မီးလောင်လေ၏၊၊ ထိုအခါ ငါသည်နှုတ်မြွက်၏၊၊

၎ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း အကျွန်ုပ်၏ လမ်းဆုံးကို၎င်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကို၎င်း၊ သိစေတော်မူပါ၊၊

၅ အကျွန်ုပ် အသက်တာကို တမိုက်မျှသာ ခန့်ထားတော်မူပြီ၊၊ အကျွန်ုပ် အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏၊၊ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏ အထွဋိသို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏၊၊

၆ အကယ်စင်စစ် လူသည် အရိပ်၌သာ ကျင်လည်ပါ၏၊၊ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏၊၊ ဥစ္စာကို ဆည်းပူးသော်လည်း အဘယ်သူရအံ့ သည်ကိုမသိရပါ၊၊

၇ ယခုမူကား အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း၊၊ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာ အကြောင်းရှိပါ၏၊၊

၈ ပြစ်မှားမိသမျှသော အပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ၊၊ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်၊၊

၉ ကိုယ်တော်စီရင်တော်မူရာဖြစ်သော်ကြောင့် အကျွန်ုပ်ပြောစရာမရ၊၊ နှုတ်ကို မဖွင့်ဘဲ နေရပါ၏၊၊

၁၀ အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး၊၊ လက်တော် အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ၊၊

၁၁ ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့ လူတို့၏ တင့်တယ်ခြင်း အသရေကို ပြက်ပျောက်စေတော်မူ၏၊၊ အကယ်စင်စစ်လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏၊၊

၁၂ အို ထာဝရဘုရား အကျွန်ုပ် ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ၊၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော် မူပါ၊၊ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်၊၊ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့ အကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည်အာဂန္တုဖြစ်ပါ၏၊၊

၁၃ အကျွန်ုပ်သည် ရွေ့သွား၍ မပျောက်မှီတွင် သက်သာရမည် အကြောင်း မျက်နှာလွှဲတော်မူပါ၊၊



Chapter 40

ဆာလံကျမ်း အခန်းကြီး ၄၀

၁ ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည်ကာလ၊ ငါကို မျက်နှာပြု၍ ငါအော်ဟစ်သော အသံကို ကြားတော်မူ၏၊၊

၂ ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊

၃ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏၊၊ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်၊၊

၎ မာန ထောင်လွှားသောသူနှင့် မိစ္ဆြွာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ထာဝရဘုရားကို ကိုးစားသော သူသည် မင်္ဂလာရှိ၏၊၊

၅ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊

၆ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာ ယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊

၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။

၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။

၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊

၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။

၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊

၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊

၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊

၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊

၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊

၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊

၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊



Chapter 41

ဆာလံကျမ်း အခန်းကြီး ၄၁

၁ ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရား ကယ်နှုတ်တော်မူမည်၊၊

၂ ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်းသာပေးတော်မူသဖြင့် ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်၊၊

၃ ထိုသူကို ရန်သူတို့အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ၊၊ သူသည်နာဖျား ၍ တုံးလုံးနေသောအခါ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်၊၊ နာ၍ နေစဉ်ကာလကိုယ်တော်သည် သူ၏ အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်၊၊

၎ ငါလျှောက်ဆိုရသည်ကား အိုထာဝရဘုရား အကျွန်ုပ်ကို သနားတော်မူပါ၊၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားမိသည်ဖြစ်၍ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏ အနာကို ပျောက်စေတော်မူပါဟု လျှောက်ဆို၏၊၊

၅ ငါ့ရန်သူတို့က သူသည် သေ၍ သူ၏ နာမသည် အဘယ်ကာလမှ တိမ်မြ‡ပ်လိမ့်မည်နည်းဟု ငါ့ကို မနာလို၍ ဆိုတတ်ကြ၏၊၊

၆ ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ်၏၊၊ သူ၏နှလုံးသည်လည်း မကောင်းသောအကြံကို ဆည်းပူး သည်နှင့် ထွက်သွားသောအခါ ထုတ်ဘော် ပြောတတ်၏၊၊

၇ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် ငါ့ကိုရန်ဘက်ပြု၍ တယောက်နှင့်တယောက်တိုးတိုး ပြောလျက် ငါ၌ မကောင်းသောအကြံကို ကြံစည်တတ်ကြ၏၊၊

၈ သူ၌ အဓမ္မအမှုအရာ စွဲကပ်သည်ဖြစ်၍ တခါလဲလျှင် နောက်တဖန် မထရဟု ဆိုကြ၏၊၊

၉ အကယ်စင်စစ် ငါယုံ၍ ငါ့မုန့်ကို စားသောအဆွေ ခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း၊၊

၁၀ အို ထာဝရဘုရား သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက် စေတော်မူပါ၊၊

၁၁ အကျွန်ုပ်၏ ရန်သူသည် အကျွန်ုပ်အား မနိုင်ကြောင်းကို ထောက်၍ ကိုယ်တော်သည် အကျွန်ုပ်ကို မြတ်နိုးတော်မူသည်ဟု သိရပါ၏၊၊

၁၂ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင်ခြင်း အရာ၌ မစ၍ ကာလစဉ်အ ဆက် ရှေ့တော်ထံမှ နေရာပေးတော်မူလတ္တံ၊၊

၁၃ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော် မူစေသတည်း၊ အာမင်နှင့် အာမင်၊၊



Chapter 42

ဆာလံကျမ်း အခန်းကြီး ၄၂

၁ သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊

၂ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ ၏၊၊ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။

၃ သူတပါးတို့က သင်၏ ဘုရားသခင် သည် အဘယ်မှာ ရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့် ငါ့မျက်ရည်သည် နေ့ညဥ့်မပြတ် ငါစားစရာ ဖြစ်ရ၏၊၊

၎ ထိုအခြင်းအရာကို ငါအောက့်မေ့၍ နေစဉ်တွင် ငါ့စိတ်နလုံးသည် ကြေကွဲလျက်ရှိ၏၊၊ အကြောင်းမူကား ငါသည်လူ စုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့် အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ၊၊

၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ ငါ့ကိုကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊

၆ အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညိုးငယ်လျက် ရှိပါ၏၊၊ အကြောင်းမူကား ယော်ဒန်မြစ်ကမ်း ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏၊၊

၇ ရေတွေတော်များ အသံဗလံနှင့်တကွ ဝဲသြဃတခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ၊၊

၈ သို့သော်လည်း ထာဝရ ဘုရားသည် နေ့အခါသနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏၊၊ ညဥ့်အခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက် ငါ၏အသက်သခင်ကို ပဌာနာပြုလျက် ငါနေ၏၊၊

၉ အကျွန်ုပ်ကို အဘယ့်ကြောင့်မေ့လျော့တော်မူသနည်း။ ရန်သူညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျှက် အဘယ် ကြောင့်နေရပါ သနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရားသခင်ကို ငါလျှောက်ရ၏၊၊

၁၀ ငါ့ရန်သူတို့က သင်၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါကိုအစဉ်ပြောဆိုကြသဖြင့် ငါ့အရိုးတို့ကို ချိုး၍ ကဲ့ရဲ့တတ်ကြ၏၊၊

၁၁ အိုငါ့ဝိညာဉ်သင် သည် အဘယ်ကြောင့် ညှိုးငယ်သနည်း၊၊ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက် နေလော့၊၊ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊



Chapter 43

ဆာလံကျမ်း အခန်းကြီး ၄၃

၁ အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ်တော်မူပါ၊၊ ကရုဏာမရှိသော လူမျိုးတဘက်ကနေ၍ အကျွန်ုပ် အမှုကို စောင့်တော်မူပါ၊ သစ္စာမရှိ ၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ၊

၂ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဘုရားဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း၊၊ ရန်သူညှဉ်း ဆဲ နှိပ်စက်ခြင်းကို ခံရ၍ အကျွန်ုပ်သည် ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် အဘယ်ကြောင့်နေရပါသနည်း၊၊

၃ အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူပါ၊၊ သူတို့သည် လမ်းပြ၍ သန့်ရှင်းသော တောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော၊၊

၎ သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းရာ ဘုရားသခင်ထံတော်သို့၎င်း၊ အကျွန်ုပ်သည်ရောက်လာ၍ကိုယ်တော်ကို စောင်းတီးလျှက် ချီးမွမ်း ထောမနာ ပြုပါမည်ဘုရား၊၊ အကျွန်ုပ်၏ဘုရား၊၊

၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညိုးငယ်သနည်း၊၊ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ် ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက် နေလော့၊၊ ငါ့ကို ကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊



Chapter 44

ဆာလံကျမ်း အခန်းကြီး ၄၄

၁ အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလတွင် ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ၊၊

၂ တပါးအမျိုးသားတို့ကို လက်တော်ဖြင့် နှင်ထုတ်၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏၊၊ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွားစေတော်မူ ၏၊၊

၃ သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကို အစိုးရကြသည်မဟုတ်ပါ၊၊ ကိုယ်လက်ဖြင့် ကိုယ်ကိုကယ်တင်ကြသည် မဟုတ်ပါ၊၊ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏၊၊

၎ အိုဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏၊၊ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ၊၊

၅ ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေ သော၊ ရန်ဘက်ပြုသော သူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော၊၊

၆ ကိုယ်၌ပါသော လေးကို အကျွန်ုပ်သည်မကိုးစား၊၊ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ၊၊

၇ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက်မှ ကယ်လွှတ်တော်မူ၏၊၊ အကျွန်ုပ်တို့အား မုန်းသောသူများကိုလည်း အရှက်ကွဲစေတော်မူ၏၊၊

၈ အကျွန်ုပ်တို့သည် မခြားမလပ်ဘုရား သခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏၊၊

၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီ၊၊

၁၀ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ၊၊ ၀ အကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍ မုန်းသောသူတို့သည် အလိုလို လုယူရကြ၏၊၊

၁၁ ဟင်းလျာဖြစ်သော သိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍ တပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏၊

၁၂ ကိုယ်တော်၏ လူများကို အဘိုးမခံဘဲရောင်း၍ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွား စေတော်မူသည်မဟုတ်၊၊

၁၃ အကျွန်ုပ်တို့ကို အိမ်နီးချင်းများ ကဲ့ရဲ့ရာပတ်ဝန်းကျင်၌နေသော သူများ ပြက်ယယ်ပြု၍ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏၊၊

၁၄ တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်းရသောအခွင့်၊ လူစုတို့ သည် ခေါင်းညိ‡တ်ရသော အခွင့်ကို ပေးတော်မူ၏၊၊

၁၅ ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏ စကားကြောင့် ၎င်း၊

၁၆ ရန်ဘက်ပြုသောသူနှင့်လက်စားချေသော သူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်း အကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏၊၊ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက် နေရပါ၏။

၁၇ ထိုမျှလောက်ခံရသော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့၊၊ သစ္စာတော်ကို မဖျက်ကြပါ။

၁၈ စိတ်နှလုံးသည် နောက်သို့မဆုတ် တရားတော်လမ်းမှလွှဲ၍ မသွားကြပါ၊၊

၁၉ ကိုယ်တော်မူကား မြေခွေးနေရာ အရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏၊၊

၂၀ အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင် ၏ နာမတော်ကို မေ့လျော့၍ တပါးအမျိုး၏ ဘုရားထံသို့ လက်ကို ဆန့်သည်မှန်လျှင်

၂၁ နှလုံး၌ ဝှက်ထားသော အရာများကို ဘုရားသခင် သိတော်မူသည်ဖြစ်၍ ထိုအမှုကို မစစ်ဘဲ နေတော်မူမည်လော၊၊

၂၂ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏၊၊ သတ်ဘို့ရာ ထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏၊၊

၂၃ အို ဘုရားရှင်၊ နိုးတော်မူပါ၊၊ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း၊၊ ထတော်မူပါ၊၊ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်၊၊

၂၄ အကျွန်ုပ်တို့ခံရသော နှိမ့်ချခြင်းနှင့် ည‡ဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း၊၊

၂၅ အကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍ ရင်ပတ်လည်း မြေ၌ ကပ်လျက် ရှိပါ၏၊၊

၂၆ အကျွန်ုပ်တို့ကို မစသောဘုရား ထတော်မူပါ၊၊ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။



Chapter 45

ဆာလံကျမ်း အခန်းကြီး ၄၅

၁ ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထလျက် ရှိ၍ ငါစီရင်သော အရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆို ပေအံ့၊၊ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ ကညစ်ဖြစ်ရ၏၊၊

၂ ကိုယ်တော်သည် လူမျိုးထက် အဆင်း လှပါ၏၊၊ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏၊၊ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏၊

၃ တန်ခိုးကြီးသောအရှင် ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌ စည်းတော်မူပါ၊၊

၎ သစ္စာတရား နူးညံ့ခြင်းတရား ဖြောင့်မတ်ခြင်းတရား ကြောင့် အသရေတော် ထင်ရှားလျက် အောင် မြင်၍ စီးသွားတော်မူပါ၊၊ လက်ျာလက်တော်လည်း ကြောက်မက်ဘွယ်သော အရာကို ကိုယ်တော်အား ပြပါလိမ့်မည်။

၅ ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြ‡ားတော်တို့သည် ထက်သည်ဖြစ်၍ လူတို့သည် ခြေတော်အောက်၌ လဲကြပါ၏။

၆ အိုဘုရားသခင် ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏၊၊ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင် သော နိုင်ငံဖြစ်ပါ၏၊၊

၇ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏၊၊ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော် ကို မြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ၊၊

၈ ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သော အဝတ်တန်ဆာ တော်ရှိသမျှတို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏၊၊

၉ အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍ လက်ျာတော်ဘက်မှ သြဖိရ ရွှေတန်ဆာဆင်သော မြောက်သား တော်နေရာဖြစ်ပါ၏၊

၁၀ ငါ့သမီးနားထောင်လော့၊၊ ဆင်ခြင်၍ နာယူလော့၊၊ ကိုယ့်အမျိုးသားချင်းနှင့် ကိုယ့်အဘ၏ အိမ်ကို မေ့လျာ့ လော့၊၊

၁၁ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်၊၊ သူသည် သင်၏ အရှင်ဖြစ်သော ကြောင့် သူ့ကို ကိုးကွယ်လော့၊၊

၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း လက်ဆောင် ပဏ္ဍာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်၊၊

၁၃ ရှင်ဘုရင်၏ သမီးတော်သည် အတွင်း၌ ဂုဏ်အသရေသက်သက် ရှိ၏၊၊ ရွှေဖြင့် ချယ်လှယ်သော အဝတ်တန်ဆာကို ဆင်၏၊၊

၁၄ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏၊၊ နောက်လိုက်သော အပေါင်းအဘော် အပျိုတော် များကိုလည်း ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်၊၊

၁၅ မ်းမြောက်ရွှင်လန်းသော အခြင်းအရာနှင့် ဆောင်ခဲ့၍ ရှင်ဘုရင်၏ နန်းတော်သို့ ဝင်ရကြလိမ့်မည်၊၊

၁၆ ကိုယ်တော်၏ အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ ၌ ခန့်ထားတော်မူလိမ့်မည်၊၊

၁၇ အကျွန်ုပ်သည် ကိုယ်တော်၏ နာမကို လူမျိုးအစဉ်အဆက် အောက်မေ့ ကျော်စောစေသဖြင့် လူမျိုးတို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့သတည်း၊၊



Chapter 46

ဆာလံကျမ်း အခန်းကြီး ၄၆

၁ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊

၂ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များ တုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်းငါတို့သည် ကြောက်လန့်ခြင်းမရှိ၊၊

၃ သမုဒ္ဒရာရေသည်ဟုန်းဟုန်း မြည်၍ မွှေနှောက်ပါလေ စေ၊၊ လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊

၎ မြစ်တမြစ် ရှိသေး၏၊၊ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏၊၊

၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင် ကူမတော်မူလိမ့်မည်။

၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။

၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။

၈ ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ် ရှင်းခြင်းအမှု တော်များကို လာ၍ကြည့်ရှုကြလော့။

၉ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့ လျက်၊ မြေကြီးစွန်း တိုင် အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။

၁၀ ငြိမ်ဝပ်လျက် နေကြလော့။ ငါကားဘုရား သခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။

၁၁ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့နှင့် အတူရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။



Chapter 47

ဆာလံကျမ်း အခန်းကြီး ၄၇

၁ လူများအပေါင်းတို့၊လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြ လော့။

၂ အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဘွယ်သော ဘုရား၊ မြေကြီးတပြင်လုံးကို အစိုးရ သော မဟာမင်းကြီးဖြစ်တော်မူ၏။

၃ လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း၊ နှိမ့်ချတော်မူ၏။

၎ ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါ့တို့အမွေကို ငါတို့အဘို့ရွေးပေးတော်မူ၏။

၅ ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရားတက် တော်မူ၏။

၆ ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ ရှင်ဘုရင်ကိုချီးမွမ်း၍ သီချင်းဆိုကြလော့။

၇ အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်းထောမနာသီချင်းကို ဆိုကြလော့။

၈ ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံ တော်မူ၏။ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။

၉ လူမျိုးတို့၏ အကြီးအကဲတို့ သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏ လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီး တန်ခိုးများကို ဘုရားသခင် ပိုင်တော်မူ၏။ အထူးသဖြင့် မြှောက်ခြင်း ရှိတော်မူ၏။



Chapter 48

ဆာလံကျမ်း အခန်းကြီး ၄၈

၁ ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။

၂ မြေကြီးတပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင် ထိပ်သည် အဆင်းလှပ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။

၃ ထိုမြို့၏ ဘုံဗိမာန်တို့ တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။

၎ ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွားကြ၏။

၅ မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက်ပြေး ကြ၏။

၆ ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍ သားဘွားသော မိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။

၇ တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။

၈ ငါတို့သည်ကြားဘူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရား သခင်၏ မြို့တော်၌ တွေ့မြင် ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲတည်စေတော်မူမည်။

၉ အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန် တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါသည်။

၁၀ အိုဘုရားသခင်၊ နာမတော်သည်မြေကြီးစွန်းတိုင် အောင် နှံ့ပြားသည်နည်းတူ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက် ရှိပါ၏။ လက်ျာလက်တော်သည် ဖြောင့်မတ်ခြင်း တရားနှင့် ပြည့်ဝလျက်ရှိပါ၏။

၁၁ တရားစီရင်တော်မူချက် များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်၍ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။

၁၂ သားမြေးတို့အား ကြားပြောမည်အကြောင်းဇိအုန်မြို့ကို ပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြ လော့။

၁၃ ရင်တားတို့ကို မှတ်၍ ဘုံဗိမာန်များကိုလည်းဆင်ခြင်ကြလော့။

၁၄ အကြောင်းမူကား ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ ဘုရားဖြစ်တော်မူ၏၊၊ သေသည်ကာလတိုင်အောင် ငါ့တို့ကို ပို့ဆောင် တော်မူလတံ့သတည်း၊၊



Chapter 49

ဆာလံကျမ်း အခန်းကြီး ၄၉

၁ လူများ အပေါင်းတို့ ကြားကြလော့၊၊ ခပ်သိမ်းသောလောကသား

၂ အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့၊၊

၃ င့ါနှုတ်သည် ပညာကို မြွက်ဆိုမည်၊၊ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်၊၊

၎ ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့၊၊

၅ ခဲယဉ်းဆိုးယုတ်သော ကာလ၌ ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း၊၊

၆ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍ ကိုယ်စည်းစိမ်များ သောကြောင့် ဝါကြွားသော်လည်း

၇ မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်၊၊ ရွေးရန် အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊

၈ သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဘိုးကြီးလှပေ၏၊၊ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်၊၊

၉ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏၊၊ ပုပ်စပ်ခြင်းသို့ မရောက်ရာ၊၊

၁၀ ထင်ရှားသော အရာဟူမူကား ပညာရှိသောသူတို့သည် သေတတ်ကြ၏၊၊ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏၊၊

၁၁ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်၊၊ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်၊၊ မိမိတို့ နာမသည် မြေပေါ်မှာ ကျောစောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏၊၊

၁၂ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်၊၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏၊၊

၁၃ ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ ကိုးစားဖြစ်၍ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏၊၊

၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်၊၊ ကာလမကြာမြင့်မှီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓြွာသည် ဖောက်ပြန်ဘို့ရာဖြစ်၏၊၊ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်၏၊၊

၁၅ ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏ ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်၊၊

၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်၊၊

၁၇ ထိုသူသည် သေသောအခါ အဘယ်ဥစ္စာမျှမပါရ၊၊ သူ၏ ဂုဏ်အရေသည် သူနောက်သို့ မဆင်းသက်ရ၊၊

၁၈ ထိုသူသည် အသက်ရှင် စဉ်အခါ မိမိဝိညာဉ်ကို ကောင်းကြီးပေးတတ်၏၊၊ မိမိအကျိုးကို ပြုစုသောအခါ သူတပါးတို့သည် ချီးမွမ်းတတ်ကြ၏။

၁၉ သို့သော်လည်း သူသည် သူ၏ ဘိုးဘေးအမျိုးရှိရာ သွားရလိမ့်မည်၊၊ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ၊၊

၂၀ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်း သို့ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊



AMAZING GRACE BIBLE INSTITUTE