Isaiah Burmese Bible

you will need the zawgyi-one font >> HERE <<



ဟေရှာယအနာဂတ္တိကျမ်

၁ - ၃၂


ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁

၁ ယုဒရှင်ဘုရင် သြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌ အာမုတ်၏ သား ဟေရှာရ သည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊

၂ ထာဝရဘုရား မိန်၌တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန် ကန်ကြပြီ၊၊

၃ နွားသော်လည်း မိမိအရှင်ကိုသိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်းဇောင်းကို သိ၏၊၊ ဣသရေလအမျိုးသားတို့မူကား ငါ့ကိုမသိကြ၊၊ ငါ၏လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊

၎ ဆိုးယုတ်သော အမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သော လူစု၊ မတရားသဖြင့် ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား၊၊ ထာဝရဘုရားကို စွန့်ကြပြီ၊၊ ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ၊၊ ကျောခိုင်း၍ ခွာသွားကြပြီ၊၊

၅ သူတို့ကို အဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊၊ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း၊၊ ဦးခေါင်းသည် အနာသက်သက်ရှိ၏၊၊ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။

၆ ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ၊၊ အဝတ်နှင့်မစည်းရ၊၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊၊

၇ သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏၊၊ သင်တို့မြို့များကို မီးလောင်ပြီ။ သင်တို့မြေများကိုလည်း တကျွန်းတနိုင်ငံသားတို့သည် သင်တို့မျက် မှောက်၌ စားကြ၏၊၊ ရန်သူဖျက်ပြီးသကဲ့သို့ လူဆိတ်ညံလျက်ရှိ၏၊၊

၈ ဇိအုန်သတို့သမီးသည်လည်း၊ စပျစ် ဥယျာဉ်၌ တဲကဲ့သို့င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့င်း၊ ရန်သူဝိုင်းသော မြို့ကဲ့သို့င်း ကျန်ရစ်လေ၏၊၊

၉ ကောင်း ကင်ဗိုလ် ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင် ငါတို့သည်သော ဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ၊၊

၁၀ သောဒုံမြို့ကို အစိုးရသော မင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့၊၊

၁၁ ထာဝရ ဘုရားမိန့်တော်မူ သည်ကား၊ သင်တို့ ပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို့ ဆိုင်သနည်း၊၊ မီးရှို့၍ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကျွေးသော တိရိစ္ဆြွာန် တို့၏ ဆီဥနှင့်ငါဝပြီ၊၊ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏ အသွေးကို ငါမနှစ်သက်၊၊

၁၂ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော အဝတ်ကို အဘယ်သူ တောင်းသနည်း၊၊

၁၃ အချည်းနှီးသောသူ ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊၊ သင်တို့ မီးရှို့သော နံ့သာပေါင်း ကို ငါရွံ့ ရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ် စည်းဝေးသောနေ့ကိုလည်း ရွံ့ရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်၊၊

၁၄ ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကို မုန်း၏၊၊ ငါ့ကို နှောက်ရှက်စရာဖြစ်၏၊၊ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏၊၊

၁၅ သင်တို့သည် လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကို လွှဲမည်၊၊ များစွာသော ပဌာနကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။

၁၆ ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြ လော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့၊၊

၁၇ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့၊ တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့၊၊ ကောက်သော အရာကို ဖြောင့်စေကြလော့၊၊ မိဘမရှိသောသူတို့အဘို့ တရားသဖြင့်စီရင်ကြလော့။ မုတ်ဆိုးမတို့၏ အမှုကို စောင့်ကြ လော့၊၊

၁၈ ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊

၁၉ သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်၊၊

၂၀ သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရကြရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏၊၊

၂၁ သစ္စာရှိသော မြို့သည် အဘယ်သို့ မျောက်မထားပြန်သနည်း၊၊ အထက်ကဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့် ၏၊၊ တရားသည် သူ၏အထဲမှာ နေရာကျ၏၊၊ ယခုမူကား၊ လူအသက်ကိုသတ်သော သူတို့သည် နေရာကျကြ၏၊၊

၂၂ သင်၏ ငွေသည်လည်း ချော်ဖြစ်လေပြီ၊၊ သင်၏စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏၊၊

၂၃ သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ၊၊ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကိုအလိုရှိကြ၏၊၊ တံစိုးကို စားကြ၏၊၊ မိဘမရှိသော သူတို့ အဘို့တရားမစီရင်ကြ၊၊ မုတ်ဆိုးမအမှုကို နားမထောင်ကြ၊၊

၂၄ ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပေမည်။ ကိုယ်အဘို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။

၂၅ သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်းရှင်းကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှ ကိုလည်းပယ်ရှားမည်။

၂၆ သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာ ခန့်ထား သည်နည်းတူ၊ တဖန်ငါခန့်ထားဦးမည်၊၊ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာ စောင့်သောမြို့ဟု သမုတ် ကြလိမ့်မည်၊၊

၂၇ ဇိအုန်မြို့သည် တရားအားဖြင့်င်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သော အားဖြင့်င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်၊၊

၂၈ လွန်ကျူးသော သူနှင့် ပြစ်မှားသော သူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရား ကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်၊၊

၂၉ သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင် တို့ကြောင့် ရှက်ကြ လိမ့်မည်၊၊ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်၊၊

၃၀ အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင်ကဲ့သို့င်း၊ ရေမရှိသော ဥယျာဉ်ကဲ့သို့င်း ဖြစ်ကြလိမ့်မည်၊၊

၃၁ ခွန်အားကြီးသော သူသည် ပိုက်ဆန်လျှော် ဖြစ်လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်၊၊ ထိုမီးကို အဘယ်သူမျှ မသတ်ရ၊၊



Chapter 2

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂

၁ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟုမူကား။

၂ နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်၊၊

၃ များပြားသော သူတို့ကလည်း၊ လာကြလော့၊၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည် ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်၊၊ တရားတော်သည် ဇိအုန်တောင်မှင်း၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ယေရုရှလင်မြို့မှင်း ပေါ်ထွက်လိမ့်မည်၊၊

၎ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြား သော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါင်း ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန်မသင်ရ ကြ၊၊

၅ အိုယာကုပ်အမျိုးသားတို့၊ လာကြလော့၊၊ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့၊၊

၆ အကယ် စင် စစ်ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ၊၊ အကြောင်းမူ ကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့်ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော်ပြုကြ၏။

၇ သူတို့ပြည်သည် ရွှေငွေနှင့် ကြွယ်ဝ၍၊ ဥစ္စာပစ္စည်းအတိုင်း မသိများ၏။ သူတို့ပြည်သည်မြင်းနှင့်ကြွယ်ဝ၍၊ မြင်းရထားအတိုင်း မသိများ၏၊၊

၈ သူတို့ပြည်သည် ရုပ်တုဆင်းတု နှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည်တကား။

၉ ထိုကြောင့်၊ ယုတ်သောသူ လည်းဦးနှိမ့်ခြင်း၊ မြတ်သောသူလည်းရှုတ်ချခြင်းကိုခံရလိမ့်မည်၊၊ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။

၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့၊၊ မြေမှုန့်၌ ပုန်း၍နေလော့၊၊

၁၁ ထိုကာလ၌ လူတို့၏ မော်သောမျက်နှာကိုနှိမ့်ရမည်၊၊ လူတို့၏မာနကိုလည်း ရှုတ်ချရမည်၊၊ ထာဝရဘုရားတပါတည်းသာ မြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်၊၊

၁၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သော အရာ နှင့် မိုမောက်သော အရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်၊၊

၁၃ ကြီးမြင့်သော လေဗနုန်အာရဇ် ပင်ရှိသမျှကိုင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုင်း၊

၁၄ မြင့်သောတောင်ရှိသမျှကိုင်း၊ မိုမောက်သော တောင်ပို့ရှိသမျှကိုင်း၊

၁၅ မြင့်သော ရဲတိုက်ရှိသမျှကိုင်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကိုင်း၊

၁၆ တာရှုသင်္ဘောအပေါင်း တို့ကိုင်း၊ နှစ်သက်ဘွယ်သော ရူပါရုံအလုံးစုံတို့ကို င်းဆီးတားလိမ့်မည်၊၊

၁၇ ထိုကာလ၌ လူတို့၏ မာနကိုရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကို နှိမ့်ရမည်။ ထာဝရဘုရားတပါးတည်းသာ မြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်၊၊

၁၈ ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ် ပျောက်ကြလိမ့်မည်၊၊

၁၉ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့် အံ့သောငှါထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြ လိမ့်မည်၊၊

၂၀ ထိုကာလ၌လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကိုပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်၊၊

၂၁ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင် ကြလိမ့်မည်၊၊

၂၂ နှာခေါင်းနှင့် အသက်ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်၊၊ ထိုသို့သောသူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း၊၊



Chapter 3

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃

၁ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည်မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသောအထောက်အပင့်တို့ကို ယေရုရှင်လင်မြို့နှင့် ယုဒပြည်မှ ပယ်ရှား တော်မူ၏၊၊

၂ တန်ခိုးကြီး သောသူ၊ စစ်တိုက်သောသူ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊

၃ သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသော သူတို့ကိုပယ်ရှားတော်မူ၏။

၎ ထိုပြည်တွင်သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်၊၊

၅ ပြည်သားတို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်းတယောက်ကို တယောက်ညှဉ်းဆဲကြလိမ့်မည်၊၊ သူငယ်သည် အသက်ကြီး သူကိုင်း၊ လူယုတ်သည် လူမြတ်ကိုင်း၊ စော်ကားလိမ့်မည်၊၊

၆ ထိုကြောင့်၊ လူသည် ပေါက်ဘော် ချင်းညီအစ်ကို ကို ကိုင်ဆွဲ၍၊ သင်၌အဝတ်ရှိသေး၏၊၊ လာပါ၊၊ အကျွန်ုပ်တို့အပေါ်၌မင်းပြုပါ၊၊ အကျွန်ုပ်တို့ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊

၇ သူကလည်း၊ ငါသည်ပြုပြင်နိုင်သောသူမဟုတ်၊၊ ငါ့အိမ်၌ မုန့်လည်းမရှိ၊၊ အဝတ်လည်းမရှိ၊၊ ငါ့ကိုပြည်သား တို့အပေါ်မှာမင်းမပြုပါစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်၊၊

၈ ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံး လျက်ရှိ၏၊၊ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီး သောမျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏၊၊

၉ သူတို့မျက်နှာအနေအထားသည် သူတို့တဘက် ၌ သက်သေခံ၏။ မိမိတို့ဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ထင်ရှားစွာပြုကြ၏၊၊ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကိုမိမိတို့၌ ဆပ်ပေးကြပြီ။

၁၀ ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ ၏ဟုထိုသူအား ပြောလော့၊၊ အကြောင်းမူကား၊ သူသည် မိမိအကျင့်တို့၏ အကျိုးကို ခံစားရလိမ့်မည်၊၊

၁၁ မတရားသော သူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့်တွေ့လိမ့်မည် အကြောင်းမူကား၊ သူကျင့်သောအကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။

၁၂ ငါ၏လူများကိုကား၊ သူငယ်တို့သည်ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်းအုပ်စိုးကြ၏။ ငါ၏လူများတို့ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွှဲစေကြ၏။ သင်တို့သွားသောလမ်းခရီးကိုလည်း ဖျက်ကြ၏။

၁၃ ထာဝရာဘုရားသည် မိမိအမှုကို စောင့်အံ့သောငှါထတော်မူ၏၊၊ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ် တော်မူ၏၊၊

၁၄ ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကိုင်း၊ မင်းတို့ကိုင်း၊ တရားစီရင်ရာ၌ ဆီးကြိုတော်မူ၏၊၊ သင်တို့သည် ငါဥယျာဉ်တော်ကိုစားကြပြီ၊၊ ဆင်းရဲသော သူတို့၏ ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ၊၊

၁၅ ငါ၏လူတို့ကိုအဘယ်ကြောင့် နှိပ်စက်ကြသနည်း၊၊ ဆင်းရဲသားတို့၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရားမိန့်တော်မူ၏၊၊

၁၆ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကိုပြ လျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

၁၇ ဘုရားရှင်သည် ဇိအုန် သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။

၁၈ ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

၁၉ နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

၂၀ ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

၂၁ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊

၂၂ ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊

၂၃ လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်၊၊

၂၄ မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသော အဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်၊၊

၂၅ သင်၏လူတို့သည် ထားလက်နက်ဖြင့်င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်င်းလဲ၍ ဆုံးရှုံးကြလိမ့်မည်။

၂၆ သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊



Chapter 4

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၎

၁ သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်၊၊ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည်ကိုယ်မုန့်ကိုစားပါမည်၊၊ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်၊၊ ကျွန်မတို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟုဆိုကြ လိမ့်မည်၊၊

၂ ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေပွင့်လန်းလိမ့်မည်၊၊ လွတ်သော ဣသရေလအမျိုး သားတို့အဘို့၊ မြေအသီးအနှံ့သည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်၊၊

၃-၄ ထာဝရဘုရားသည် တရားစီရင်သော ဝိညာဉ်၊ မီးလောင်သောဝိညာဉ်တော်အားဖြင့်၊ ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေးကြာ၍၊ ယေရုရှလင် မြို့၏အသွေးကို မြို့ထဲကပယ်ရှားတော်မူပြီးလျှင်၊ ဇိအုန်တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်း ဟူသော အသက်စာရင်း ဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြ လိမ့်မည်၊၊

၅ ထာဝရဘုရားသည် လည်း၊ ဇိအုန်တောင်မှာရှိသမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ်တွင်၊ နေ့အချိန်၌ မိုဃ်းတိမ် နှင့်မီးခိုးကိုင်း၊ ညဥ့်အချိန်၌ မီးလျှံအလင်းကိုင်း၊ ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုး တော်မူလိမ့်မည်၊၊

၆ နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ်လိမ့်မည်၊၊



Chapter 5

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅

၁ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကိုရှေ့တော်၌ ဆိုပေအံ့၊၊ မြေကောင်း သော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏၊၊

၂ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏၊၊ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏၊၊ ထိုအခါစပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား၊၊

၃ ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။

၎ ငါ့စပျစ်ဥယျာဉ်၍ ငါကျေးဇူးပြုနိုင်လျက်၊ မပြုသေးသော အရာတစုံတခုရှိသလော၊၊ စပျစ်သီးကို သီးမည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီးကို အဘယ်ကြောင့်သီးသနည်း၊၊

၅ ယခုနားထောင်ကြ၊၊ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဘော်ပြမည်၊၊ စောင်ရန်းကိုငါပယ်ရှင်းသဖြင့်၊ သူတပါးတို့သည် စားကြလိမ့်မည်၊၊ အုတ်ရိုးကို ငါဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြလိမ့်မည်၊၊

၆ ဥယျာဉ်ကိုငါရှင်းရှင်း ဖျက်ဆီးမည်၊၊ အဘယ်သူမျှ မပြင်ဆင်ရ၊၊ အဘယ်မျှပတူးမဆွရ၊၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ် မည်။

၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ် ကား၊ ဣသရလအမျိုးတည်း၊၊ နှစ်သက်တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊၊ တရားစီရင်ခြင်းကို မြော်လင့်တော်မူသည်ရှိသော်၊ အသေတ်ခြင်းကိုင်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေခြင်းကိုင်း တွေ့မြင်တော်မူ၏၊

၈ မိမိတို့သည် မြေ၏အလယ်၌တစုတည်းနေရာကျ၍ လပ်သောအရပ်မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကိုင်း၊ လယ်တကွက်နှင့်တကွက်ကိုင်း၊ ဆက်တတ်သော သူတို့သည် အမင်္ဂလာရှိကြ၏၊

၉ ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ်တင့်တယ် သော အိမ်အများ တို့သည်နေသောသူမရှိ၊၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်၊၊

၁၀ အကြောင်းမူကား၊ စပျစ်ဥယျာဉ်တပယ်သည် စပျစ်ရည် တဗတ်ကိုမျှသာဖြစ်စေမည်၊၊ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင် တဘို့ကိုမျှသာရကြလိမ့်မည်၊

၁၁ သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက်စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဥ့်ကို လည်း လွန်စေတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏၊၊

၁၂ သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည် ပါတတ်၏၊ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ၊၊ လက်တော်နှင့်ပြုပြင်တော်မူရာကို မရိပ်မိကြ၊၊

၁၃ ထိုကြောင့်ငါ၏လူတို့သည် ပညာမရှိ၊၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏၊၊ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက်ရှိကြ၏၊၊

၁၄ ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကိုကျယ်စေ၍၊ မိမိပစပ်ကိုအတိုင်း အရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူ့တို့၏ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏၊၊

၁၅ ယုတ် သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကိုခံရ၍ မာနကြီးသော သူတို့၏မျက်နှာလည်းပျက်ရ၏၊၊

၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သခင်သည် တရားစီရင်ခြင်း အားဖြင့် မြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်၊၊

၁၇ ထိုအခါသိုးသငယ်တို့သည် အလိုအလျောက် ကျက်စားရကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဘူး၍၊ လူဆိတ်ညံရာ အရပ်၌လည်း ဧည့်သည်တို့သည်စားရကြလိမ့်မည်။

၁၈ ဒုက္ခကိုဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာရှိကြ၏၊၊

၁၉ သူတို့ကလည်း ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါ စေ၊၊ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ အကြံတော်သည် အနီးသို့ချဉ်း၍ ပြည့်စုံပါစေဟုဆိုတတ်ကြ၏၊၊

၂၀ မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌ အလင်းကိုင်း၊ အချိုအရာ၌အခါး၊ အခါးအရာ၌အချိုကိုင်း၊ အလွဲ ယူတတ်သော သူတို့သည်အမင်္ဂလာရှိကြ၏၊၊

၂၁ ငါသည် ပညာရှိသည်ဟုကိုယ်ကို ထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သော သူတို့သည် အမင်္ဂလာရှိကြ၏၊၊

၂၂ စပျစ်ရည်ကိုများစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည်သေရက်ကို သောက်ခြင်းအမှု၌၊ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏၊၊

၂၃ ထိုသူတို့သည် တံစိုး ကို စားခြင်းငှါ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သော သူတို့၏ ဖြောင့်မတ်ခြင်းကိုဝန်မခံ၊ ပယ်ရှားတတ်ကြ၏၊၊

၂၄ ထိုကြောင့်မီးလျှာသည် ကောင်းရိုးကိုလျက်၊ မီးလျှံသည်မြက်ခြောက်ကို ကျွမ်းစေသည်နည်း တူ သူတို့၏အမြစ်သည်ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်၊၊ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တရားတော်ကိုပယ်ကြပြီ၊၊ ဣသရေလအမျိုး၏ သန့် ရှင်းသော ဘုရား၏ဗျာဒိတ်တော်ကိုမထီမဲ့မြင်ပြုကြပြီ၊၊

၂၅ ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌ လက်တော်ကိုဆန့်၍ ဒဏ် ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏၊၊

၂၆ ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့အလံကိုထူ၍ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် အလျင်အမြန်လာကြ လိမ့်မည်။

၂၇ သူတို့တွင် မောသောသူမရှိ၊၊ ထိမိ၍လဲသောသူမရှိ၊၊ ငိုက်မျည်းသောသူ၊ အိပ်ပျော်သောလူလည်းမရှိ၊၊ သူတို့ခါးစည်းမပြေ၊၊ ခြေနင်းကြိုးလည်းမကျွတ်၊၊

၂၈ သူတို့မြ‡ားတို့ သည်ထက်ကြ၏၊၊ လေးတို့သည်လည်း တင်လျက် ရှိကြ၏၊၊ မြင်းခွာတို့သည်မီးကျောက်ကဲ့သို့င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့င်း ထင်ကြ၏၊၊

၂၉ သူတို့ အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်၊၊ ဟောက်လျက် အကောင်ကို ဘမ်း၍ ဆောင်သွားကြလိမ့်မည်၊၊ အဘယ်သူမျှမကယ်မနှုတ်ရ၊၊

၃၀ ထိုကာလ၌ သူတို့သည် သမုဒ္ဒရာအသံဗလံကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်၊၊ ထိုပြည်ကို ကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍ မိုဃ်းကောင်း ကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း၊၊



Chapter 6

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆

၁ သြဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏၊၊ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏၊၊

၂ ကောင်းကင်တမန်သရပ်တို့ သည် ပလ္လင်တော်တဘက်တချက်၌ရပ်နေကြ၏၊၊ သူတို့သည်အတောင် ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့်ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏၊၊

၃ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွက်ဆိုကြ၏၊၊

၎ ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည်လှုပ်ရှား၍ မီးခိုးနှင့်တအိမ်လုံးပြည့်လေ၏၊၊

၅ ငါကလည်း ငါ၌အမင်္ဂလာရှိ၏၊၊ ငါအကျိုးနည်းရှိပြီ၊၊ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူး သော နှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟုဆို၏၊၊

၆ ထိုအခါကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊

၇ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည်သင်၏ နှုတ်ခမ်းကို တွေ့ပြီ၊၊ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ၊၊ သင်၏အပြစ်လည်းပြေရှင်းပြီဟုဆို၏၊၊

၈ တဖန်ထာဝရဘုရားက ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း၊၊ ငါတို့အဘို့ အဘယ်သူသွား မည်နည်း၊ ငါတို့အဘို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါကအကျွန်ုပ်ရှိပါ၏၊၊ အကျွန်ုပ်ကိုစေလွှတ် တော်မူပါဟု လျှောက်လေ၏၊၊

၉ ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင် သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည်ဘဲကြားကြလိမ့်မည်၊၊ မြင်လျက်ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟုပြောလော့၊၊

၁၀ သူတို့မျက်စိ မမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကိုငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက်စေလော့၊၊ သူတို့နားကိုလည်း ထိုင်းစေလော့၊၊ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။

၁၁ အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့သည်မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူဆိတ်ညံရာ သက်သက် ဖြစ်သည်တိုင်အောင်င်း၊

၁၂ ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်း စေတော်မူ၍၊ ပြည်ထဲမှာ များစွာသော စွန့်ပစ်ခြင်းရှိသည်တိုင်အောင်င်း၊ ထိုကာလသည် ကြာလိမ့်မည်၊၊

၁၃ ထိုပြည်၌ ဆယ်ဘို့တွင် တဘို့ကြွင် သေးသော်လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ သို့ရာတွင် ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍။ သစ်ငုတ်သည်ကြွင်းသကဲ့သို့၊ သန့်ရှင်းသောအနွယ်သည်၊ ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။



Chapter 7

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇

၁ ယုဒရှင်ဘုရင်သြဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌ ရူရိရှင်ဘုရင်ရေဇိန်မင်းနှင့် ဣသရေလ ရှင်ဘုရင်ရေမလိမင်း၏သား ပေကာမင်းတို့သည် ယေရုရှလင်မြို့ကို တိုက်ခြင်းငှါချီလာကြ၏၊၊ သို့သော် လည်း အကြံမမြောက်နိုင်ကြ၊၊

၂ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏ နှလုံးသည်တုန်လှုပ်လျက် ရှိကြ၏။

၃ ထိုအခါထာဝရဘုရားသည် ဟေရှာယကိုမိန့်တော်မူသည်ကား၊ သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူ သွား၍၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင်ဆို ရမည်မှာ၊

၎ သတိပြု၍ ငြိမ်သက်စွာနေလော့၊၊ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်း ဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏ သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်၊၊

၅-၆ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ရှက်ကြကုန်အံ့၊၊ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကိုမင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်တဘက်၌ မကောင်းသောအကြံကို ကြံကြ သော်လည်း၊

၇ ဘုရားရှင်ထာဝရဘုရားက ထိုအကြံမတည်ရ၊၊ ထိုသို့မဖြစ်ရ၊၊

၈ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့၊၊

၉ ဒမာသက်မြို့၏ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရ၏၊၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့၊ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏၊၊ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်၊၊ သင်တို့သည်မယုံလျှင် မတည်ရကြဟုမိန့်တော်မူ၏၊၊

၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊

၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊

၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊

၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊

၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊

၁၅ ထိုသူသည် မကောင်းသော အရာကိုပယ်၍၊ ကောင်းသော အရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်၊၊

၁၆ ထိုသူငယ်မကောင်း သောအရာ ကိုမပယ်၊ ကောင်းသောအရာကိုမရွေးမယူတတ်မှီ၊ သင်ကြောက်သောရှင်ဘုရင်နှစ်ဦး အစိုးရသော ပြည်သည် စွန့်ပစ် သောအရပ်ဖြစ်လိမ့်မည်၊၊

၁၇ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့်ကွာ သွားသောနေ့မှစ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရ ဘုရားသည်သင်၏အပေါ်၌င်း၊ သင်၏ လူများအပေါ်၌င်း၊ သင်၏အမျိုးရင်းအပေါ်၌င်း၊ ရောက်စေတော်မူမည်၊၊

၁၈ ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုင်း၊ အာရှုရိပြည်၌ရှိသောပျားကောင် ကိုင်း၊ နှိုးဆော်တော်မူသဖြင့်၊

၁၉ သူတို့သည်လာ၍လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများ၊ အပေါ်မှာ အကုန်အစင်နားကြလိမ့်မည်၊၊

၂၀ ထိုကာလတွင် မြစ်ကြီးတစ်ဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူ သောငှါးသောသင်တန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကိုရိတ်တော်မူမည်၊၊ မုတ်ဆိတ်ကိုလည်းပယ်ရှင်း တော်မူမည်၊၊

၂၁ ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကို မွေးစားလျှင်၊

၂၂ သူတို့၌များစွာ သောနို့ကိုရသဖြင့် နို့ဓမ်းကိုစားရ၏၊၊ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့်ပျားရည်ကိုသာ စားရကြ လိမ့်မည်၊၊

၂၃ ထိုအခါစပျစ်နွယ်ပင် တထောင်ရှိ၍၊ ငွေတထောင်အဘိုး ထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုး သက်သက်ဖြစ်ရလိမ့်မည်၊၊

၂၄ လေးနှင့်မြ‡ားကိုဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်၊၊ မြေတပြင်လုံး၌ ဆူးပင်မျိုး သက်သက်ဖြစ်ရလိမ့်မည်၊၊

၂၅ ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့သည် ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချည်းဝံ့သဖြင့်၊ နွားလွတ်၍ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟုဟောလေ၏၊၊



Chapter 8

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈

၁ တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက်မြန်မြန် ဖျက် လော့ဟုဆိုလိုသော၊ မဟေရရှာလလဟာရှာဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အားမိန့်တော်မူ၏၊၊

၂ ထိုအခါသက်သေခံစေခြင်းအလိုငှါ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သားဇာခိရိတို့ကို ငါခေါ်ထား၏၊၊

၃ ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓြေွစွဲယူ၍ သားယောက်ျားကိုဘွားမြင်လေ၏၊၊ ထာဝရဘုရား ကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ် ဟူသော အမည်ဖြင့်မှည့်လော၊၊

၎ အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘဟုမခေါ် တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏၊၊

၅-၆ တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည်ဖြည်းညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊

၇ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်း ဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့်သူတို့ လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍ မိမိကလမ်းများကို လျှံလျက်၊

၈ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍ လည်ပင်းတိုင်အောင်မှီလိမ့်မည်၊၊ သူ၏အတောင်တို့ကိုလည်းဖြန့်သဖြင့် ကိုယ်တော်၏ မြေတပြင်လုံးကို အုပ်မိုးလိမ့် မည် အိုဧမာနွေလဟု မိန့်တော်မူ၏။

၉ အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့၊၊ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့၊၊ ခါးစည်း ၍ မှိုင်တွေကြလော့၊၊ ခါးစည်း၍ မှိုင်တွေကြလော့၊၊

၁၀ တိုင်ပင်ကြလော့၊၊ သင်တို့အကြံသည်ပျက်လိမ့်မည်၊၊ စီရင်ကြလော့။ စီရင်သည်အတိုင်းမတည်ရ၊၊ အကြောင်းမူကား၊ ဘုရားသခင်သည်ငါတို့ဘက်၌ ရှိတော်မူ၏၊၊

၁၁ ဤလူမျိုး၏ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကိုသွန်သင်၍ မိန့်တော်မူသည်ကား၊

၁၂ သင်းဖွဲ့ခြင်းဟု ဤလူမျိုးဆိုသမျှအတိုင်းသင်တို့သည် သင်းဖွဲ့ခြင်းဟုမဆိုကြ နှင့်၊၊ သူတို့ကြောက်တတ်သော အရာကို မကြောက်ကြနှင့်၊၊ မထိတ်လန့်ကြနှင့်၊၊

၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားကို ရိုသေခြင်းရှိကြလော့၊၊ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းရှိကြလော့၊၊

၁၄ ထိုသို့ပြုလျှင် ထိုဘုရား သည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်၊၊ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့်ထောင်ချောက ဖြစ်တော်မူလိမ့်မည်၊၊

၁၅ ထိုသူအများတို့ သည် ထိမိ၍တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊

၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊

၁၇ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည်ဆိုင်းငံ့လျက်မြော်လင့်မည်၊၊

၁၈ ငါမှစ၍ ငါ့အားထာဝရဘုရားပေး တော်မူသော သူငယ်တို့သည်ရှိကြ၏၊၊ ဇိအုန်တောင်ပေါ်မှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်က၊ ဣသရေလ အမျိုး၌ ပုပ္ပနိမိတ်နှင့်အံ့ဘွယ်သောအရာ ဖြစ်စေခြင်းငှါပေးတော်မူသတည်း၊၊

၁၉ တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော၊၊ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသော သူ၌ ဆည်းကပ်အပ်သလော၊၊

၂၀ တရားတော်ကိုင်း၊ သက်သေခံတော်မူချက်ကိုင်း နားထောင်ကြကုန်၊၊ သူတို့ပြော သော စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊

၂၁ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကို ခံလျက် လွန်သွားရကြလိမ့်မည်၊၊ မွတ်သိပ်သော အခါလည်း ကိုယ်ကိုကိုယ်နှောင့်ရှက်၍၊ မိမိတို့ရှင်ဘုရင်နှင့် မိမိတို့ ဘုရား သခင်ကို ကျိန်ဆဲကြလိမ့်မည်၊၊

၂၂ အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကိုကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏၊၊ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍ အလင်းကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။



Chapter 9

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၉

၁ သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသော ပြည်သည် နောက်မှမှောက်မိုက်နှင့်ကင်းလွတ်လိမ့်မည်၊၊ ဇာဗုလုန် ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန် မြစ်တဘက်၊ တပါးအမျိုးသားနေရာ၊ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏၊၊

၂ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏၊၊

၃ ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်း မြောက်ခြင်းကို တိုးပွား စေတော်မူ၏၊၊ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့င်း၊ လုယူသောဥစ္စာကို ဝယ်သောသူ ဝမ်းမြောက် သကဲ့သို့င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏၊၊

၎ အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကိုင်း၊ ညှဉ်းဆဲသောသူ၏လံတံကိုင်း ချိုးတော် မူပြီ၊၊

၅ စစ်တိုက်သောသူရဲ၏ခြေစွပ်နှင့်အသွေးလူးသော အဝတ်တန်ဆာ ရှိသမျှတို့သည် မီးရှို့ဘို့ မီးဇာဖြစ်ရ ကြလိမ့်မည်။

၆ အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။

၇ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည် အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

၈ ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ဣသရေလ အမျိုးအပေါ်မှာ သက်ရောက် စေတော်မူ၏။

၉-၁၀ အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့်တည်ပြန်မည်။ သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်း တို့သည်သိရကြလိမ့်မည်။

၁၁ ထာဝရဘုရာသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ ရန်သူတို့ကို မြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊

၁၂ ရှေ့၌ကားရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်၊၊ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်ကျင် လျက်ရှိသေး၏၊၊

၁၃ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကို မရှာမဖွေတတ်၊၊

၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့်အမြီးကိုင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုင်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်၊၊

၁၅ ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရောဖက်တည်း၊၊

၁၆ ဤလူမျိုးကို လမ်းပြသော သူတို့သည် လမ်းလွဲစေခြင်း ငှါပြကြ၏၊၊ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်၊၊

၁၇ ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင်ရှိသော လူပျိုတို့ကိုအားရတော်မမူ၊၊ မိဘမရှိသော သူငယ်နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ၊၊ ထိုသူအပေါင်း တို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသောစကားကို ပြောတတ်ကြ၏၊၊ သို့ဖြစ်၍၊ အမျက် တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏၊၊

၁၈ အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏၊၊ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်၊၊ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင်တကွ လွင့်တက်ကြလိမ့်မည်၊၊

၁၉ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမျက်တော် ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့သည် မီးမွေးဘို့ထင်းဖြစ်ကြလိမ့်မည်၊၊ ညီအစ်ကိုချင်း တယောက်ကို တယောက်မနှမြောရ၊၊

၂၀ လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်၊၊ လက်ဝဲဘက်၌ ကိုက်စား သော်လည်း မဝရ၊၊ အိမ်နီး ချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည်၊၊

၂၁ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုင်း ကိုက်စားကြလိမ့်မည်၊၊ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ် တည်းရန်ပြုကြလိမ့်မည်၊၊ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏၊၊



Chapter 10

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၀

၁ ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါင်း၊

၂ ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့်အရာကို ရုပ်သိမ်း ခြင်းငှါင်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကို လုယူခြင်းငှါင်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသောမှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏၊၊

၃ ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးက ရောက်လတံ့သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်းသာရအံ့သောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း၊၊ သင်တို့စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထားကြလိမ့်မည်နည်း၊၊

၎ ငါ့ကျေးဇူးကို မခံရသောသူတို့ သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်၊၊ အသေသတ်ခြင်းကို ခံရသောသူတို့အောက်မှာ လဲရကြလိမ့်မည်၊၊ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏၊၊

၅ အာရှုရိလူသည် အမင်္ဂလာရှိ၏၊၊ ငါ့အမျက်၏ လှံတံဖြစ်၏၊၊ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေးစရာ ဘို့ဖြစ်၏၊၊

၆ အဓမ္မလူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်၊၊ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်၊၊

၇ သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသောအလိုရှိ၏၊၊ သူသည် ဖျက်ဆီး၍၊ များစွာသော လူမျိုးတို့ကို ပယ်ရှင်းခြင်းငှါ အလိုရှိ၏၊၊

၈ သူသည်အဘယ်သို့ ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော၊၊

၉ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့ သို့င်း၊ ဟာမတ်မြို့ သည် အာပဒ်မြို့ကဲ့သို့င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့င်း၊ ဖြစ်သည်မဟုတ်လော၊၊

၁၀ ရှာမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက်သာ၍မြတ်သော ရုပ်တုဆင်းတုကိုကိုးကွယ်သော တိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့င်း၊

၁၁ ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့င်း၊ ယေရုရှလင်မြို့နှင့်သူ၏ရုပ်တုတို့ကို ငါပြုမည်မဟုတ်လောဟု ဆိုတတ်၏၊၊

၁၂ သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ်တော်မူ ပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

၁၃ ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည်စုံ၏။ လူမျိုး နေရာအပိုင်းအခြားတို့ကိုငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီး။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ၊၊

၁၄ ငါလက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ ဥစ္စာပစ္စည်းကိုတွေ့ပြီ၊၊ စွန့်ပစ်သော ငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီး တန်ဆာရှိသမျှ တို့ကို ငါသိမ်းယူပြီ၊၊ အဘယ်သူမျှအတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊

၁၅ ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့င်း၊ တောင်ဝေးသည်မိမိသခင်ကို ချီကြွသကဲ့သို့င်း၊ ပုဆိန်သည် ခုတ်သော သူကို စောကားရမည်လော၊၊ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော၊၊

၁၆ ထိုကြောင့်၊ ကောင်းကင်ဗိုလ် ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်း အောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါရှို့တော်မူမည်၊၊

၁၇ ဣသရေလအမျိုး၏ အလင်းသည် မီးဖြစ်တော် မူမည်၊၊ သန့်ရှင်းသော ဘုရားသည်မီးလျှံဖြစ်တော်မူမည်၊၊ တနေ့ခြင်းတွင်၊ ထိုမင်း၏ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်၊၊

၁၈ တော၏ဘုန်းကိုင်း၊ အသီးအနှံထွက်သော လယ်၏ဘုန်းကိုင်း၊ သူ၏ကိုယ်ခန္ဓြွာနံ ဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့်၊ ထိုမင်းသည်နာသောသူကဲ့သို့ အားလျော့လိမ့်မည်၊၊

၁၉ ကြွင်းသောတောပင် တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာဖြစ်လိမ့်မည်၊၊

၂၀ ထိုအခါမှစ၍၊ ဘေးလွတ်လျက်ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ ကိုညှဉ်းဆဲသောသူ၌ နောက်တဖန်မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရား၌ အမှန်ကိုး စားကြလိမ့်မည်၊၊

၂၁ ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီး တော်မူသော ဘုရားသခင့်ထံသို့ ပြန်လာကြလိမ့်မည်၊၊

၂၂ အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်၊၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ် ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရလိမ့်မည်၊၊

၂၃ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မြေတပြင်လုံး အလယ်၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင်ပယ်ရှင်းခြင်းကို ပြုတော်မူလိမ့်မည်၊၊

၂၄ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌ နေသော ငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်၊၊ သူ၏ကြိမ်လုံးနှင့်သင့်ကိုရိုက်မည်၊၊ အဲဂုတ္တုမင်းပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာမိုးလိမ့်မည်၊၊

၂၅ သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည် ပျက်စီးခြင်းသို့ ရောက်သော အားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊ ငါ့စိတ်လည်းပြေလိမ့်မည်၊၊

၂၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သြရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့င်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့င်း၊ ထိုမင်း အဘို့ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္ထုလက်ထက်၌ ကဲ့သို့တစ်ဖန် လှံတံတော်ကို ချီတော်မူမည်။

၂၇ ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်ကင်း၊ သူ၏ထမ်းဘိုးကို သင်၏လည်ပင်းပေါ်ကင်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။

၂၈ အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင်လွန်သွားပြီ၊၊ မိတ်မတ်မြို့၌လှည်း များကို ချထားပြီ။

၂၉ တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့ သည် ပြေး၏။

၃၀ အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊နားထောင်လော့။ အာနသုတ်မြို့သည် မင်္ဂလာရှိ၏။

၃၁ မာဒမေနမြို့သည် ပြောင်းသွားပြီ၊၊ ဂေဗိမ်မြို့သားတို့သည် လွတ်အောင်ပြေးကြ၏၊၊

၃၂ နောဘမြို့၌ တရက်နေပြီးမှ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရုရှလင်တောင်ကိုရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်၊၊

၃၃ ကောင်းကင် ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရားသည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋိကို ပယ်ရှင်း တော်မူမည်၊၊ အရပ်မြင့်သောအခက်တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချတော်မူမည်၊၊

၃၄ တောအုပ်ကို ပုဆိန်နှင့်ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း၊၊



Chapter 11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၁

၁ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်၊၊ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်၊၊

၂ ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်၊၊

၃ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင် သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊

၎ ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်၊၊ မြေကြီးကို နှုတ်ကပတ်တော် လှံတံနှင့်ဒဏ်ခတ်၍၊ ဆိုးသောသူကိုနှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်၊၊

၅ တရားနှင့်သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်လိမ့်မည်၊၊

၆ တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်၊၊ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်၊၊ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်၊၊

၇ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြ လိမ့်မည်၊၊ ခြင်္သေ့သည် လည်း နွားကဲ့သို့မြက်ကို စားလိမ့်မည်၊၊

၈ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်၊၊ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်၊၊

၉ ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ၊၊ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီး သည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာ နှင့်ပြည့်စုံလိမ့်မည်၊၊

၁၀ ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍၊ လူများအဘို့ထူသော အလံဖြစ်လိမ့်မည်၊၊ ထိုအလံ၌ တပါး အမျိုး သားတို့သည် ဆည်းကပ်ကြလိမ့်မည်၊၊ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်၊၊

၁၁ ထိုကာလ၌ ထာဝရ ဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့ကိုအာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ဘတက်၌ ရှိသောပြည်များတို့မှ ကယ်ယူခြင်းငှါ တဖန် ပြုတော်မူလိမ့်မည်၊၊

၁၂ တပါးအမျိုးသားတို့အဘို့အလံကို ထူတော်မူသဖြင့်၊ နှင်ထုတ်သော ဣသရေလ အမျိုး သားနှင့်၊ အရပ်ရပ်ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်နှာတို့မှခေါ်၍ စုဝေးစေတော်မူလိမ့်မည်။

၁၃ ဧဖရိမ်အမျိုးသည် ငြုစူသော စိတ်ငြိမ်းလိမ့်မည်၊၊ ရန်ပြုတတ်သော ယုဒအမျိုးသား တို့သည်လည်း၊ ရန်ပြေကြလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကိုမငြူစူရ၊၊ ယုဒအမျိုးလည်းဧဖရိမ်အမျိုးကို ရန်မပြုရ၊၊

၁၄ သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်၊၊ အရှေ့ပြည်သားတို့၏ ဥစ္စာကိုအတူလုယူကြလိမ့်မည်၊၊ ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်၊၊ အမ္မုန်အမျိုးသား တို့သည် သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်၊၊

၁၅ ထာဝရဘုရားသည်လည်း၊ အဲဂုတ္တု ပင်လယ်၏လျှာကို ဖျောက်ဖျက်တော်မူမည်၊ ပြင်းစွာသော လေတော်နှင့် တကွလက်တော်ကို မြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနှစ်သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့် လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်၊၊

၁၆ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာ လမ်းကြီးဖြစ်ရလိမ့်မည်၊၊



Chapter 12

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၂

၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်၊အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏၊၊

၂ ဘုရား သခင်သည် ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်၊၊ ထာဝရဘုရား သည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏၊၊

၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ကယ်တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်၊၊

၎ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်း ကြလော့၊၊ နာမတော်ကိုပဌနာပြုကြလော့၊၊ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြကြလော့၊၊ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့၊၊

၅ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ ထူးဆန်းသောအမှုကို ပြုတော်မူပြီ၊၊ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ၊၊ အိုဇိအုန်သတို့သမီး၊ ကြွေးကြော်လော့၊၊ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့၊၊ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော် မူ၏ဟုမြွက်ဆိုရလိမ့်မည်၊၊



Chapter 13

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၃

၁ ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊

၂ ရှင်းလင်းသော တောင်ပေါ်မှာအလံကိုထူကြ၊၊ ကျယ်သောအသံနှင့်အော်ဟစ်ကြ၊၊ လက်ကိုလှုပ်ကြ၊၊ သူတို့သည် မင်းတို့နေရာတံခါးများကိုဝင်ကြစေ၊၊

၃ ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ၊၊ ငါပေးသော ဘုန်းအာနုဘော် ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ၊၊

၎ ကြီးစွာသောအလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသောတိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင်ခင်းကျင်းတော်မူ၏၊၊

၅ ထာဝရဘုရားနှင့်အတူတကွ အမျက်တော်လက်နက်တို့သည် တပြည်လုံးတို့ကို ဖျက်ဆီးခြင်းငှါ ဝေးသောပြည်၊ ကောင်းကင်စွန်းမှလာကြ၏၊၊

၆ ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့၊၊ အနန္တတန်ခိုးရှင်စီရင်တော် မူသော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်၊၊

၇ ထိုကြောင့်၊ ရှိသမျှသော လက်တို့သည် ကျကြလိမ့်မည်၊၊ လူအပေါင်းတို့ သည် စိတ်ပျက်၍ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်၊၊

၈ နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်၊၊ သားဘွားသောမိန်းမကဲ့သို့ ဝေဒနာကို ခံရလျက်၊ တယောက်ကိုတယောက်ကြည့်ရှု့၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်၊၊

၉ ထိုပြည်ကိုဖျက် ဆီး၍ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သောဒေါသအမျက်ထွက် လျက်လာလိမ့်မည်၊၊

၁၀ မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး၊၊ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်းမထွန်းမလင်းဘဲလျက်ရှိလိမ့်မည်၊၊

၁၁ ထိုလောကီနိုင်ငံ၏ အပြစ်ကိုင်း၊ မတရားသော သူတို့၏ဒုစရိုက်များကိုင်း ငါစစ်ကြောမည်၊၊ မာနကြီးသော သူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ် သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်၊၊

၁၂ လူသည် ရွှေစင်ထက်အဘိုး ထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် သြဖိရရွှေကျောက်ထက်အဘိုးထိုက်မည်အကြောင်း ငါပြုမည်၊၊

၁၃ သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သော နေ့ရက်၌ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်၊၊ မြေကြီးလည်း မိမိနေရာမှ ရှေ့ရလိမ့်မည်၊၊

၁၄ ပြည်သားတို့သည်သောကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူ မရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီးမိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီးမိမိပြည်သို့ ပြေးကြလိမ့်မည်၊၊

၁၅ တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏၊၊ စုဝေးလျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့်မည်၊၊

၁၆ သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်၊၊ သူတို့အိမ်များကို လုယက်၍၊ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်၊၊

၁၇ ကြည့်ရှုလော့၊၊ ငွေကိုပမာဏမပြု၊ ရွှေကိုအလိုမရှိသော မေဒိလူ များကို သူတို့တဘက်၌ ငါနှိုးဆော်မည်၊၊

၁၈ သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့်မည်၊၊ အကလေး တို့ကို မသနားကြ၊၊ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ၊၊

၁၉ တိုင်းနိုင်ငံတို့၏ အထွဋိ၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသ ရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်စီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့် မည်၊၊

၂၀ ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက်အဘယ်သူမျှမနေရ၊၊ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှမဆောက်ရ၊၊ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ၊၊

၂၁ တောသားရဲတို့သည်ထိုမြို့၌ အိပ်ကြလိမ့်မည်၊၊ အိမ်တို့သည် မြည်တတ် သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်၊၊ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍ မျောက်တို့လည်း ကခုန်ကြ လိမ့်မည်၊၊

၂၂ တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌င်း၊ အူကြ၊ မြည်ကြလိမ့်မည်၊၊ ထိုသို့သော ကာလနီးလှပြီ၊၊ ထိုမြို့၏အသက်တာမရှည်ရ၊၊



Chapter 14

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၄

၁ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနား၍ ဣသရေလအမျိုးကို တဖန် ရွေးကောက် သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာချတော်မူလိမ့်မည်၊၊

၂ တကျွန်းတနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်၊၊ တပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်၊ ဣသရေလအမျိုးသားတို့သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့်မည်၊၊ အထက်က သိမ်းသွားဘူးသောသူတို့ကို တဖန်သိမ်းယူခဲ့လိမ့်မည်၊၊ ညှဉ်းဆဲဖူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်၊၊

၃ ထိုအခါထာဝရဘုရားသည် သင့်ကိုငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါးစေစား၍ ဆင်းရဲစွာ အစေကျွန်ခံရခြင်းထဲ က နှုတ်၍ ချမ်းသားပေးတော်မူလျှင်၊

၎ သင်သည် ဗာဗုလုန်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်၊ အစိုးတရပြုသောသူသည် ဆုံးလေပြီတကား၊၊ ရွှေမြို့တော်သည် ဆုံးလေပြီတကား၊၊

၅-၆ လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ်ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့်အုပ်စိုး၍၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓ္ဓြွမလူတို့၏ တောင်ဝေးကိုင်း၊ ထိုသို့အစိုးရသောသူတို့၏ ရာဇလှံတံကိုင်း၊ ထာဝရဘုရားချိုဖောက်တော်မူပြီ၊၊

၇ မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏၊၊ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏၊၊

၈ ထင်းရူးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က၊ သင်သည် လှဲပြီးနောက်၊ ငါတို့ကို ခုတ်လှဲသောသူသည် မတက်မလာရဟု သင့်ကိုရည်ဆောင်၍ ဝမ်းမြောက်ကြ၏၊၊

၉ သင်သည်ရောက်လာသောအခါ၊ အောက်အရပ်မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်း သားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏၊၊ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင်အပေါင်းတို့ကို ရာဇပုလ္လင်တို့မှ ထစေ၏၊၊

၁၀ ထိုသူအပေါင်းတို့က၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်း ပါသည်တကား၊၊ ငါနှင့်တူပါသည်တကား၊၊

၁၁ သင်၏ဘုန်းသရေနှင့် သင်၏တူရိယာမျိုး အသံဗလံတို့ကို မရဏာနိုင်ငံတွင် ရှုတ်ချလေပြီတကား၊၊ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်သင်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည် တကားဟု သင့်ကိုနှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်၊၊

၁၂ အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား၊၊ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊

၁၃ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါမြှောက်မည်၊၊ မြောက်မျက်နှာဘက် ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်၊၊

၁၄ မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။

၁၅ သို့သော်လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ၊၊

၁၆ သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီလျှင်၊ မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ချောက်သောသူတို့ကား ဤသူလော၊၊

၁၇ လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော၊၊

၁၈ အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသေရေနှင့် အိပ်ကြ၏၊၊

၁၉ သင့်ကိုမူကား၊ ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏၊၊ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းအတွင်း၌ ကျောက်စုထဲ သို့ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်းသော အသေကောင်ဖြစ်လေ၏၊၊

၂၀ သူတပါးတို့နှင့် ရောနှော၍ သင်္ဂြိုဟ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကိုဖျက်ဆီးပြီ၊၊ မိမိအမျိုးသားချင်းတို့ ကို သတ်လေပြီ၊၊ အဓမ္မပြုသော သူတို့၏အနွှယ်သည် ဂုဏ်အသရေအလျင်းမရှိရဟု ပြောဆိုကြလိမ့်မည်၊၊

၂၁ သူ၏သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော် နိုင်မည်အကြောင်း၊ သူတို့အဘို့ ဘိုးဘေးတို့ကို အပြစ်ကြောင့် ကွပ်မျက်ခြင်းကို ပြင်ကြလော့၊၊

၂၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊၊ ငါသည် သူတို့တဘက်၌ထ၍ ဗာဗုလုန်မြို့၏ နာမနှင့် အကြွင်းအကျန်ကိုင်း၊ သားမြေးတို့ကိုင်း၊ ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏။

၂၃ တဖန်လည်း၊ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်းမိုးရာ အရပ်ဖြစ်စေမည်၊၊ ဖျက်ဆီးခြင်း၏ တံမြက် စည်းဖြင့် လှည်းမည်ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားမိန့်တော်မူ၏၊၊

၂၄-၂၅ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ကြိမ်ဆို၍ မိန့်တော်မူသည်ကား၊ ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်၊၊ ငါ၏တောင်ရိုး ပေါ်မှာ ခြေဖြင့်ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်းဖြစ်၍၊ ငါ့စီရင်ချက်လည်း တည်ရလိမ့်မည်၊၊ ထိုအခါ သူ၏ထမ်း ဘိုးကို သူတပါးအပေါ်ကရွှေ့၍၊ သူတို့ပုခုံးပေါ်မှာ တင်သောဝန်ကို ချရသော အခွင့်ရှိလိမ့်မည်၊၊

၂၆ မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏၊၊ ခပ်သိမ်းသောပြည်တို့ အပေါ်မှာ ထိုသို့ လက်တော်ကို ဆန့်လျက်ရှိ၏၊၊

၂၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း၊၊ ဆန့်တော်မူသော လက်တော်ကိုအဘယ်သူ လှန်လိမ့်မည်နည်း၊၊

၂၈ အာခတ်မင်းကြီးအနိစ္စရောက်သောနှစ်တွင် ခံရသောဗျာဒိတ်တော်ဟူမူကား၊

၂၉ အိုဖိလိတ္တိပြည်လုံး၊ သင့်ကို ရိုက်သော ကြိမ်လုံးကျိုးသည်ကိုထောက်၍၊ ဝမ်းမမြောက်နှင့်၊၊ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်၊၊ သူ၏အနွှယ် သည်လည်း ပျံတတ်သော မီးမြွေဖြစ်လိမ့်မည်၊၊

၃၀ အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်၊၊ ဆင်းရဲငြိုငြင်သောသူတို့သည် ဘေးလွတ်လျက်အိပ်ရကြလိမ့်မည်၊၊ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍ သင်၏ အကြွင်းကိုလည်း မြွေဆိုးသည် ကွပ်မျက်လိမ်မည်၊၊

၃၁ အိုတံခါး၊ ညည်းတွားလော့၊၊ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့၊၊ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင်တွေလျက်ရှိ၏၊၊ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏၊၊ ထိုအလုံးအရင်း၌ တစ်ယောက် တစ်ခြားစီနေသောသူမရှိ၊၊

၃၂ တပြည်တနိုင်ငံမှ ရောက်လာသော သံတမန်တို့အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်မူတော်သည်ဖြစ်၍ ကိုယ်တော်၏ ဆင်းရဲသား တို့သည်ထိုမြို့၌ ကိုးစားကြ၏၊၊



Chapter 15

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၅

၁ မောဘပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညဥ့်အခါ၊ မောဘပြည် အာရမြို့သည် ပျက်ဆီး ၏၊၊ လုပ်ကြံသော ညဥ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်ဆီး၏၊၊

၂ ပြည်သားတို့သည် ဗတ်မြို့ ဒိဘုန်မြို့၌ မြင့်သော အရပ်သို့တက်၍ ငိုကြွေးကြ၏၊၊ မောဘပြည်သားတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွား မြည်းတမ်းကြ၏၊သူတို့ ခေါင်းပေါ်မှာ ဆံပင်မရှိ၊၊ သူတို့မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ၊၊

၃ လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးအပေါ်၌င်း၊ လမ်းမ၌ င်းရှိသမျှသောသူတို့သည် ညည်းတွားမြည်းတမ်း၍၊ အလွန်မျက်ရည်ကျကြ၏၊၊

၎ ဟေရှ ဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏၊၊ မောဘသူရဲတို့သည်လည်း တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏၊၊

၅ ငါ့နှလုံးသည်လည်း မောဘအဘို့ ငိုကြွေး၏၊၊ ပြေးသောသူတို့သည် သုံးနှစ် အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏၊၊ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက်တက်ကြ၏။ ဟော ရနိမ်မြို့သို့သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏၊၊

၆ အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍ မြက်ပင်များသွေ့ခြောက်ခဲ့ပြီ၊၊ ပျိုးပင်များလည်း သေခဲ့ပြီ၊၊ စိမ်းသောအပင်တပင်မျှမရှိ၊၊

၇ ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင်ချိုင့်သို့ ယူသွားလိမ့်မည်၊၊

၈ ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏၊၊ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်င်း၊ ဗေရဧလိမ်မြို့တိုင်အောင်င်းရောက်လေ၏၊၊

၉ အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏၊၊ ဒိမုန်မြို့ အပေါ်မှာအခြားသော ဘေးများကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုင်း ငါရောက်စေမည်။



Chapter 16

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၆

၁ မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့၊၊ သေလမြို့မှ တောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ ပေးလိုက်ကြလော့၊၊

၂ မိမိအသက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူး ရာကမ်းနားမှာ ရှိကြလိမ့်မည်၊၊

၃ အကြံပေးလော့၊၊ တရားသဖြင့် စီရင်လော့၊၊ မွန်တည့်အလင်းထဲ၌ ညည့်ကဲ့သို့ သင်၏အရိပ်ကိုဖြစ်စေလော့၊၊ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့၊၊ ပြေးသောသူတို့ကို မပြနှင့်၊၊

၎ မောဘပြည်မှ နှင်ထုတ်သောသူတို့သည် သင်နှင့်အတူ နေကြစေလော့၊၊ ဖျက်ဆီးသောသူ၏လက်မှ လွတ်စေခြင်းငှါ၊ သူတို့ကို စောင့် မလော့၊၊ သင့်ကိုညှဉ်းဆဲသောသူမရှိ၊၊ ဖျက်ဆီးသောသူပြတ်လေ၏၊၊ နှိမ်နင်းသောသူတို့ကို မြေပေါ်က ပယ်ရှင်းလေပြီ၊

၅ ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့်မည်၊၊ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာစစ်ကြော၍၊ တရားမှုကို အလျင်အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိမင်း၏တဲတော်၌ တရားစီရင်တော် မူလိမ့်မည်၊၊

၆ မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသောမာန ဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍ အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောတက်၏။

၇ ထို့ကြောင့်၊ မောဘသည် မိမိအတွက် ညည်းတွားမြည်းတမ်းရလိမ့်မည်၊၊ ပြည်သားရှိသမျှတို့သည် ညည်းတွားမြည်းတမ်း ကြလိမ့်မည်၊၊ ကိရဟ ရက်မြို့ပျက်သည်အတွက် သင်တို့သည် ညည်းတွားကြလိမ့်မည်၊၊ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏၊၊

၈ ဟေရှဘုန်လယ်ပြင်တို့သည် သွေခြောက်ကြ၏၊၊ စိဗမာစပျစ်နွယ်ပင်အညွန့် များကိုလည်း တပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ၊၊ ထိုအညွန့်တို့သည် အထက်ကယာဇာမြို့တိုင်အောင် ရောက်၍ တော၌လည်တတ်ကြ၏၊၊ အလက် တို့သည် ရှည်လျား၍၊ ပင်လယ်ကို လွန်ကြ၏၊၊

၉ ထို့ကြောင့်၊ ယာဇာမြို့အတွက် မျက်ရည်ကျသကဲ့သို့ စိဗမာ စပျစ်နွယ်ပင်အတွက် ငါသည် မျက်ရည်ကျမည်၊၊ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည်မျက်ရည်ကျလျက် သင့်ကို ရေလောင်းမည်၊၊ အကြောင်းမူကား၊ သင်၏သစ်သီးနှင့်စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ၊၊

၁၀ ဝပြောသော လယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ၊၊ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ၊၊ မကြွေးကြော်ရကြ၊၊ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်းသောသူလည်းမနင်းရ၊၊ ကြွေးသောအသံကိုလည်း ငါပြတ်စေပြီ၊၊

၁၁ ထို့ကြောင့်၊ ငါဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက၊် စောင်းကဲ့သို့ မြည်ရလိမ့်မည်၊၊

၁၂ ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကိုပင်ပန်းစေခြင်း၊ ပဌာနပြုအံ့သောငှါ မိမိသန့်ရှင်းရာ ဌာနသို့ဝင်ခြင်းအရာသည် ထင်ရှား ခြင်းသော်လည်း၊ အကြံမမြောက်နိုင်ရာ၊၊

၁၃ ထိုသို့ ထာဝရဘုရားသည် မောဘ၏အကြောင်းစကားကို အထက်ကမိန့်တော်မူ၏၊၊

၁၄ ယခုတဖန် မိန့်တော်မူသည်ကား၊ အခစားသော သူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်၊၊ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရ ကြလိမ့်မည်ဟု မိန့်တော်မူ၏၊၊



Chapter 17

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၇

၁ ဒမာသတ်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ဒမာသတ်မြို့သည် မြို့မဖြစ်အောင် ပျက်စီး ရာပုံဖြစ်ရ၏၊၊

၂ အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့် သည်။

၃ ဧဖရိမ်ပြည်၌ မြို့မရှိရ၊၊ ဒမာသတ်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ၊၊ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏၊၊

၎ ထိုကာလ၌ ယာကုပ်အမျိုး၏ ဘုန်းသည်လျော့၍ ဆူဝခြင်းလည်း ပိန်ကြုံခြင်းဖြစ်ရလိမ့်မည်၊၊

၅ လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့်ရိတ်သကဲ့သို့င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့င်း၊ ထိုအမှုဖြစ်ရလိမ့်မည်၊၊

၆ သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံး သုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်းရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏၊၊

၇ ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူသော အရှင်ကိုရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော် မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်၊၊

၈ မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ၊၊ မိမိလက်ချောင်းနှင့် လုပ်သော အရာတည်းဟူသော အာရှရပင်တို့ကိုင်း၊ ရုပ်တုတို့ကိုင်း ပမာဏမပြုရ၊၊

၉ ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည်၊၊

၁၀ သင့်ကိုကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍ မိမိခိုလှုံရာ ကျောက်ကို မိမိမအောက်မေ့သောကြောင့် သာယာသောပျိုး ပင်တို့နှင့် တကျွန်းတနိုင်ငံ အညွန့်တို့ကို စိုက်ပျိုး၍၊

၁၁ ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါင်း၊ အလျင်အမြန်အပွင့်ပွင့် စေခြင်းငှါင်း ပြုပြီးမှ သိမ်းယူရာကာလ၌ အသီးအနှံ သည် ပျက်စီး၍၊ သင်သည်မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်၊၊

၁၂ သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သော လူများအလုံးအရင်းတို့၌င်း၊ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌င်း အမင်္ဂလာရှိ၏၊၊

၁၃ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့ သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်၊၊ တောင်ပေါ်မှာ လေတိုက်၍ လွင့်သောဖွဲ့ကဲ့သို့်း၊ လေဘွေ၌ ပါသွားသော အမှိုက်ကဲ့သို့င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်၊၊

၁၄ ညဦးယံ၌ ဘေးရောက်၍ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်၊၊ ငါတို့ကိုညှဉ်းဆဲသော သူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊၊ ထိုသို့သော အမွေဥစ္စာကိုခံရ ကြလိမ့်မည်၊၊



Chapter 18

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၈

၁ အဲသယောပိ မြစ်ဖျားအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊

၂ ပင်လယ်လမ်းဖြင့်င်း၊ ရေပေါ်၌ ဂမာလှေဖြင့်င်း၊ သံတမန်တို့ကိုလွှတ်တတ်သောပြည်၊ နားထောင်လော့၊၊ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌ နေသော လူမျိုးထံသို့ လျင်မြန်သော တမန်တို့သွားကြလော့၊၊

၃ လောကီနိုင်ငံ၌နေသော မြေကြီးသားအပေါင်းတို့၊ တောင်ပေါ်မှာ အလံကိုထူသောအခါ ကြည့်ရှုကြလော့၊၊ တံပိုးမှုတ်သောအခါ နားထောင်ကြလော့၊၊

၎ ထာဝရဘုရား ငါအားမိန့်တော်မူ သည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သောအရှိန်ကဲ့သို့င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့င်း၊ ငါသည်ကျိန်းဝပ်၍ငါ့နေရာအရပ်မှာ ကြည့်ရှုမည်၊၊

၅ စပျစ်သီးကို သိမ်းယူရာကာလ မတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်၊၊

၆ သူတို့သည် တောင်ပေါ်မှာနေတတ်သော ငှက်များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်၊၊

၇ ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေးဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်း ထတတ်သော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော် တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဘို့ လက်ဆောင်ပဏာကို ဆောင်းခဲ့ကြ လိမ့်သနည်း၊၊



Chapter 19

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၉

၁ အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့၊၊ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်းတိမ်ကို စီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏၊၊ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု၊ ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက်ရှိလိမ့်မည်၊၊

၂ အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက် နှင့်တစ်ယောက်၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်၊၊

၃ အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲ မှာ ပြတ်လိမ့်မည်၊၊ သူ၏အကြံကိုလည်း ငါဖျက်မည်၊၊ သူတို့သည် ရုပ်တုတို့၌င်း၊ ပြုစားသောသူတို့၌င်း၊ နတ်ဝင်နှင့် စုန်းတို့၌င်း၊ ဆည်းကပ်ကြလိမ့်မည်၊၊

၎ အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင်တစ်ပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူ၏၊၊

၅ ထိုအခါ ပင် လယ်ရေပြတ်လိမ့်မည်၊၊ မြစ်ရေလည်း လျော့၍ ခန်းခြောက်လိမ့်မည်။

၆ ချောင်းရေများလည်း ပုပ်ကြလိမ့်မည်၊၊ အဲဂုတ္တု မြစ်လက်ကြားတို့လည်း ရေပြတ်၍ ခမ်းခြောက်သဖြင့်၊ ကျူပင်နင့်ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်၊၊

၇ မြစ်လက် ကြားနားနှင့် ချောင်းဝနားမှာ ပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာစိုက်သမျှတို့သည် ညိ‡ုးနွမ်းပျက်စီးပပျောက် ကြလိမ့်မည်၊၊

၈ တံငါတို့သည် ညည်းတွားကြလိမ့်မည်၊၊ မြစ်၌ငါးများကို ချသမျှသောသူတို့သည် မြည်တမ်း၍ မြေပေါ်မှာ ပိုက်ကွန်ကို ဖြတ်တတ်သောသူတို့သည် စိတ်ပျက်ကြလိမ့်မည်၊၊

၉ ပိုက်ဆံလုပ်သောသူနှင့် ဈာမျိုးကိုရက်သောသူတို့ သည်လည်း အကျိုးနည်းရှိကြလိမ့်မည်၊၊

၁၀ အမှီတကဲတို့သည် ပျက်၍၊ အခစားသော သူအပေါင်းတို့သည် ညိ‡ုးငယ်သော စိတ်ရှိကြလိမ့်မည်၊၊

၁၁ အကယ်စင်စစ်ဇောနမင်းတို့သည် အရူးဖြစ်ကြ၏၊၊ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သောအကြံ ကိုပေးကြ၏၊၊ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးရှင်ဘုရင်တို့အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း၊၊

၁၂ သူတို့သည် အဘယ်မှာရှိကြသနည်း၊၊ သင်၏ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ အဲဂုတ္တု ပြည်တစ်ဘက်၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ၊၊ ဘော်ပြကြပါစေ၊၊

၁၃ ဇောနမင်းတို့သည် အရူး ဖြစ်ကြပြီ၊၊ နောဗမင်းတို့သည် မှားယွင်းကြပြီ၊၊ အဲဂုတ္တုပြည်၏ အမျိုးအနွှယ်များကို အုပ်သောအကြီးအကဲတို့ကို လည်း မှားယွင်းစေကြပြီ။

၁၄ ထာဝရဘုရားသည် အဲဂုတ္တုပြည်၏အလယ်၌ ယစ်မူးသောသဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည်သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။

၁၅ အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျင်းမရှိရ။

၁၆ ထိုကာလ၌ အဲဂုတ္တုလူတို့သည် မိန်းမကဲ့သို့ဖြစ်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသော ကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်၊၊

၁၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အဲဂုတ္တုပြည်တဘက်၌ ကြံစည်တော်မူသော အကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်၊၊ ယုဒ ပြည်ဟူ၍ ပြောကာမျှနှင့် လူတိုင်းကြောက်ရွံ့ကြလိမ့်မည်၊၊

၁၈ ထိုကာလ၌ အဲဂုတ္တုပြည်တွင် မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏သစ္စာတော်ကိုခံကြလိမ့်မည်၊၊ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်၊၊

၁၉ ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်၊၊ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။

၂၀ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်၊၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ သက်သေလည်း ဖြစ်လိမ့်မည်၊၊ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏၊၊

၂၁ အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြသည်ဖြစ်၍၊ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သက္ကာအလှူဒါနကို ဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်၊၊ ထာဝရဘုရားရှေ့ တော်၌သစ္စာဂတိထား၍၊ ထားသည်အတိုင်းပြုကြလိမ့်မည်၊၊

၂၂ ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကိုပျောက်စေတော်မူမည်၊၊ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည် ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကိုပျောက်စေတော်မူမည်၊၊

၂၃ ထိုကာလ၌ အဲဂုတ္တုပြည်မှသည်အာရှုရိပြည်တိုင်အောင်၊ လမ်းတွင်လိမ့်မည်၊၊ အာရှုရိလူသည် အဲဂုတ္တုပြည်သို့င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်၊၊

၂၄ ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်င်း အာရှုရိအမျိုးနှင့်င်း ပေါင်း၍၊ တတိယအမျိုး တည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အမျိုးဖြစ်လိမ့်မည်။

၂၅ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကလည်း၊ ငါ၏လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီးပေးတော်မူလိမ့်မည်၊၊



Chapter 20

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၀

၁ အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ်မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသော နှစ်တွင်၊

၂ ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာဇုတ် သားဟေရှာယကိုမိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကို မစီးဘဲ သွားလာလျက်နေ၏။

၃ ထာဝရဘုရား ကလည်း ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊

၎ ထိုနည်းတူ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိ ရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှလူ အကြီး အငယ်တို့အားအဝတ်နှင့်ခြေနင်းကိုချွတ်၍၊ တင်ပါးကို မျှမဖုံးစေဘဲ ဘမ်းဆီး ချုပ်ထားသိမ်းသွားလိမ့်မည်။

၅ အာဇုတ်မြို့သားတို့သည်ကြောက်ကြလိမ့်မည်။ သူတို့ကိုးစား သောကုရှပြည်ကို င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကိုင်း ရှက်ကြလိမ့်မည်။

၆ ထိုကမ်းနားမှာနေသော သူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့မျှော်လင့်ရာအရာ၊ ပြေး၍ခိုလုံရာအရာသည် ထိုသို့ဖြစ်သည်တ ကား။ ငါတို့သည် အဘယ်သို့လွတ်နိုင်ပါမည်နည်းဟု ထိအခါဆိုကြလိမ့်မည်။



Chapter 21

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၁

၁ ရေလွှမ်းမိုးသောတောနှင့်ဆိုင်သော ဗျာဒိတ်တော်ကားး တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက် ဘွယ်သောပြည်၊ တောကြီးမှလာ၏။

၂ ကြောက်မက်ဘွယ်သော ရှုပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သော သူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တတ်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထား ကြလော့။ ထိုမြို့ကြောင့်၊ သူတပါးငြီးထွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။

၃ ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြား နိုင်အောင် ပြင်းထန်စွာ ခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။

၎ ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့် လျှက်ရှိ၏။ ငါပျော်မွေ့သော ညည့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။

၅ စားပွဲကို ပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျှက်နေကြ၏။ အိုမင်းများတို့ ထကြ၊ လွှားကိုဆီလောင်းကြ။

၆ ကြောင်းမူကား၊ ဘုရားသခင်က သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည် အတိုင်း ပြောစေလော့ဟု ငါ့အားမိန်တော်မူ၏။

၇ ကင်းစောင့်လည်း၊ နှစ်စီးစီနှစ်စီးစီ ချီလာသော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ်တတပ် ကိုမြင်၍၊ သတိနှင့် စေ့စေ့ ကြည့်ရှု နားထောင်ပြီးလျှင်၊

၈ သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စဉ်ပေါ်မှာ အစဉ်ရပ်၍၊ တညဥ့်လုံး၌လည်း ကင်းစောင့်နေပါ၏။

၉ ယခုမှာ နှစ်စီးစီနှစ်စီးစီချီလာသော မြင်းစီးသူရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ ကဲ့သို့ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားဆင်းရုပ်တုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့ လျက်ရှိကြပါသည်ဟု ထပ်၍ဆိုလေ၏။

၁၀ ငါနင်းနယ်၍ ငါတလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊ ဣသရေလ အမျိုး၏ဘုရားသခင်မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း သင်တို့အား ငါဆင် ဆိုသတည်း။

၁၁ ဒုမာပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဥ့်အမှုကား အဘယ်သို့နည်း။ အိုကင်းစောင့် ညဥ့်အမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကိုဟစ်ခေါ်လေ၏။

၁၂ ကင်းစောင့်ကလည်း နံနက်သည်လာ၏။ ညဥ့်လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။

၁၃ အာရပ်ပြည်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညဥ့်ကို လွန်စေကြရမည်။

၁၄ တေမပြည်သားတို့၊ ရေငတ်သောသူအဘို့ ရေကိုယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြသည်။

၁၅ အကြောင်းမူကား၊ သူတို့သည် ထားဘေးမှင်း၊ ထုတ်သောထား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှင်း ပြေးကြ၏။

၁၆ ထာဝရဘုရားသည် ငါ့အားမိန်တော်မူသည်ကား၊ အခစားသောသူ ရေအတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှကွယ်ပျောက်၍၊

၁၇ ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်ဟု၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏။



Chapter 22

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၂

၁ ဗျာဒိတ်ရှုပါရုံချိုင့်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့တတ်ရမည် အကြောင်း၊ အဘယ်အမှုရောက်သနည်း။

၂ အထက်ကအသံဗလံများ၍ အုတ်အုတ်ကျက်ကျက်ပြုတတ်သောမြို့၊ ရွှင်လန်းသော မြို့၊ သင်၏လူသေတို့သည် ထား လက်နက်ကြောင့် ဆုံးကြသည်မဟုတ်။

၃ စစ်တိုက်ရာမှာ သေကြသည် မဟုတ်။ သင်၏ မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့လက်၌ချည်နှောင်လျက် ရှိကြ၏။တွေ့သမျှ သော သင်၏ လူတို့သည် အဝေးသို့ပြေးသော်လည်း၊ အတူချဉ်နှောင် လျက်ရှိကြ၏၊၊

၎ ထို့ကြောင့်ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာငိုရမည်။ငါ့အမျိုးသတို့သမီး ပျက်စီးသည်ဖြစ်၍ ၊ငါစိတ်ပြေစေခြင်းငှာ မကြိုးစားပါနှင့်။

၅ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ရှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကိုအော်ဟစ်ရာ ကာလသည် ရောက်လေပြီ။

၆ ဧလံအမျိုးသည် မြ‡ားတောင့်ကိုဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည်ဒိုင်းလွှားကိုထုတ်လေ၏။

၇ သင်၏အမြတ်ဆုံးသော ချိုင့်တို့သည်ရထားနှင့် ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည်မြို့တံခါးရှေ့မှာ တပ်ချကြ၏။

၈ ယုဒပြည် ကိုဖွင့်လှစ်သည်ဖြစ်၍၊ သင်သည်ထိုအခါ လက်နက်စုံ သိုထားရာ၊ တောနန်းတော်သို့ ကြည်ရှုလိမ့်မည်။

၉ ဒါဝိဒ်၏မြို့ အပြိုအပျက်များသည်ကို သင်၏လူတို့သည်မှတ် ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သောရေကို စုဝေးစေကြလိမ့်မည်။

၁၀ ယေရုရှလင်မြို့၌ ရှိသောအိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကို ပြုပြင်လိုသော ငှါ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။

၁၁ ရေကန်ဟောင်းမှ ထွက်သော ရေစုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ် စက်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ် တက်ကြ။ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ၊၊

၁၂ ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကိုပယ်ဖျက်ခြင်း၊ လျော်တေ အဝတ်ကို ဝတ်စည်းခြင်းအလိုငှါ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းသော်မူလည်း၊ ကြည့်ပါ၊၊

၁၃ မ်းမြောက်ရွှင်လန်းခြင်းအမှု၊ သိုးနွားများကိုသတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရေသောက်ခြင်း၊ အမှုကိုပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆိုကြသည်တကား။

၁၄ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား အကယ်စင်စစ်သင်တို့ အပြစ် သည် သင်တို့မသေမချင်တိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

၁၅ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗန အိမ်သို့ သွားပြီလျှင်၊

၁၆ မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ၊ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သား တို့တွင် အဘယ်သူနှင့် ဆိုင်သနည်း၊၊

၁၇ ထာဝရဘုရားသည် ပြင်းစွာသောနှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူ လိမ့်မည်၊၊ သင့်ကို အမှန်ကိုင်ဘမ်း၍၊

၁၈ တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော် မူလိမ့်မည်၊၊ သင်သည် ထိုပြည်၌ သေရလိမ့်မည်၊၊ ထိုပြည်၌လည်း သင်၏ ကြက်သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာဖြစ်ရကြ လိမ့်မည်၊၊

၁၉ ငါသည်လည်း သင်၏အရာကို နှုတ်မည်၊၊ သင်၏နေရာမှ သင့်ကိုချမည်၊၊

၂၀ ထိုကာလ၌ ငါ့ကျွန်၊ ဟိလခိ၏သား ဧလျာကိမ်ကို ငါခေါ်၍၊

၂၁ သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်၊၊ သင်၏ခါးစည်းနှင့်ချီး မြေ‡ာက်၍၊ သင်၏အစိုးရသော အခွင့်ကိုအပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏ အဘဖြစ်လိမ့် မည်၊၊

၂၂ ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကိုသူ၏ ပခုံးပေါ်မှာငါတင်ထားသဖြင့်၊ သူသည်အဘယ်သူမျှမပိတ် နိုင်အောင် ဖွင့်လိမ့် မည်၊၊ အဘယ်သူမျှမဖွင့်နိုင်အောင် ပိတ်လိမ့်မည်၊၊

၂၃ မြဲသော အရပ်၌စွဲသော တံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်၊၊

၂၄ သူသည် မိမိအဘ၏ အိမ်၌ ကြက်သရေပလ္လင်ဖြစ်လိမ့်မည်၊၊ သူ၏အဘအိမ်၌ ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ် အယုတ်၊ ခွက်ဖလားရှိသမျှ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ဆွဲထားကြလိမ့်မည်၊၊

၂၅ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွေ့၍၊ ခုတ်လှဲခြင်းကိုခံရလိမ့်မည်၊၊ သူ၌ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော် မူ၏၊၊



Chapter 24

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၃

၁ တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့၊၊ မြို့သည် အိမ်မရှိ၊ တည်းခိုစရာမရှိသည်တိုင်အောင် ရှင်းရှင်းပျက်စီးလေပြီ၊၊ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏၊၊

၂ ပင်လယ် ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာနေသော သူတို့၊ မှိုင်တွေကြလော့၊၊

၃ များသော ရေကိုအမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည် တို့၏ ဈေးဖြစ်လေပြီ၊၊

၎ အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့၊၊ အကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ ကြီးက၊ ငါသည်ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျိုနှင့်အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏၊၊

၅ အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကိုကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်၊၊

၆ တာရှုမြို့သို့ ကူးကြ လော့၊၊ ပင်လယ်နားမှာ နေသော သူတို့၊ ညည်းတွားမြည်တမ်း ကြလော့။

၇ ဤမြို့သည် ရှေးကာလ၌တည်သဖြင့် သင်တို့ ရွှင်လန်းသော မြို့လော၊၊ ဝေးသော အရပ်၌ တည်းခိုခြင်းငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏၊၊

၈ တုရု မြို့သည် ရာဇသရဖူကို ပေးတတ်သော မြို့ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သောသူတို့သည် မြေကြီမှူးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း၊၊

၉ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအ အသရေ၏မာနကို အရှက်ခွဲခြင်းငှါင်း၊ မြေကြီးမှူးမတ်အပေါင်း တို့ကို ရှုတ်ချခြင်းငှါင်း၊ ထိုသို့ကြံစည်တော်မူ၏၊၊

၁၀ အိုတာရှုမြို့၏သမီး၊ ကမ်းရိုးပျက်လေပြီ၊၊ မြစ်ကဲ့သို့ကိုယ်ပြည်ကို နှံ့ပြားလော့၊၊

၁၁ ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သောအရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရားအမိန့်တော် ရှိ၏၊၊

၁၂ ညှဉ်းဆဲခြင်းကိုခံရသော ကညာ၊ ဇိဒုန်မြို့၏သမီး၊ သင်သည်နောက် တဖန်ရွှင်လန်းခြင်းမရှိရ၊၊ ထလော့၊၊ ခိတ္တိမ်ပြည် သို့ ကူးသွားလော့၊၊ ထိုအရပ်၌လည်း ငြိမ်သက်ခြင်းမရှိရဟု မိန့်တော်မူ၏။

၁၃ အထက်ကမရှိသော ခါလဒဲအမျိုးသား တို့နေသော ပြည်ကိုကြည့်ရှုလော့၊၊ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏၊၊ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏၊၊

၁၄ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ၊၊

၁၅ ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ်ခုနှစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက် မေ့ရ၊၊ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။

၁၆ အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာမိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည် လော့၊၊ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ၊ သာယာသောအသံနှင့်တီး၍၊ သီချင်းကို များစွာဆိုလော့၊၊

၁၇ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှုကြွလာတော်မူလိမ့်မည်၊၊ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့ လိုက်ပြန်၍၊ မြေကြီးမျက်နှာပေါ်မှာရှိသမျှသော လောကီနိုင်ငံတို့နှင့် မတရားသော မေထုန်ကို ပြုလိမ့်မည်၊၊

၁၈ သို့ရာတွင်၊ သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာ တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်၊၊ ဆည်းဖူးသိုထား ခြင်းကို မပြုရ၊၊ ကုန်သွယ်သော ဥစ္စာသည် ထာဝရဘုရားရှေ့တော်၌ နေသော သူတို့အဘို့ဖြစ်၍ သူတို့သည် ဝစွာစား ၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်၊၊



Chapter 24

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၄

၁ ကြည့်ရှုလော့၊၊ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏၊၊

၂ ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့င်း၊ သခင်သည်ကျွန်ကဲ့သို့င်း၊ သခင်မ သည် ကျွန်မကဲ့သို့င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့င်း၊ အတိုးစားသောသူသည် အတိုးပေးသောသူကဲ့သို့င်း ဖြစ်ရလိမ့်မည်၊၊

၃ တပြည်လုံးလွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့် မည်ဟူသော အရာကိုထာဝရဘုရားမိန့်တော်မူ၏၊၊

၎ ပြည်တော်သည် ငြိုငြင်ညိ‡ုးငယ်ခြင်းရှိ၏၊၊ လောကသည်အားလျော့၍ ညှိုးငယ်ခြင်းရှိ၏၊၊ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏၊၊

၅ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်း ရှိ၏၊၊

၆ ထိုကြောင့်၊ ကျိန်တော်မူသည် အကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ၊၊ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ၊၊ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသော သူတို့သည် နည်းကြ၏၊၊

၇ သစ်သော စပျစ်ရည်သည် ငြိုငြင်လေ၏၊၊ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏၊၊ စိတ်ရွှင်လန်းသောသူအပေါင်း တို့သည် ညည်းတွားကြ၏၊၊

၈ သာယာသော ပတ်သာ အသံငြိမ်းပြီ၊၊ ဝမ်းမြောက်သော သူ၏အသံမရှိ။ သာယာသော စောင်းသံလည်းငြိမ်းပြီ၊၊

၉ သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ၊၊ သေရည်သေရက်ကိုသောက်သောသူတို့သည် ပစပ်ခါးကြလိမ့်မည်၊၊

၁၀ လွတ်လပ်သော မြို့သည် ပြိုပျက်လေပြီ၊၊ အဘယ်သူမျှမဝင်စေခြင်းငှါ၊ အိမ်များကိုပိတ်ထားကြပြီ။

၁၁ စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏၊၊ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ ကွယ်ပြီ၊၊ တပြည်လုံး ၌ သာယာသောအသံငြိမ်းပြီ၊၊

၁၂ ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ပြီ၊၊

၁၃ ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကိုရသကဲ့သို့င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့င်း ဖြစ်လိမ့်မည်။

၁၄ ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊ ထာဝရဘုရားကိုချီးမွမ်းသော အသံ နှင့်ပင်လယ် တဘက်မှ မြည်ကြလိမ့်မည်၊၊

၁၅ သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုင်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုင်း ချီးမွမ်းကြလော့၊

၁၆ သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်း ဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏၊ ငါမူကား အလွန်ဆင်းရဲ၏၊၊ အလွန် ဆင်းရဲ၏၊၊ အမင်္ဂလာရှိ၏၊၊ လုယက်သော သူတို့သည် လုယက်လျက်နေကြ၏၊၊ လုယက်သောသူတို့သည် ကြမ်းတမ်း စွာ လုယက်ကြ၏၊၊

၁၇ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သော အရာမြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။

၁၈ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်၊၊ မြေတွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်၊၊ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏၊၊

၁၉ ပြည်တော်သည် တပြည်လုံးပြုတ်လေပြီ၊၊ ပြည်တော်သည် အကုန်အစင်ပြိုပျက်လေပြီ၊၊ ပြည်တော်သည် အလွန်တုန်လှုပ်လျက်ရှိလေ၏၊၊

၂၀ ပြည်တော်သည် ယစ်မူးသော သူကဲ့သို့ တလူးလည်လည်ရှိ၏၊၊ ပုခက်ကဲ့သို့ လှုပ်ရှား၏၊၊ မိမိအပြစ်သည် မိမိအပေါ် မှာလေသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်၊၊ နောက်တဖန်မထရ၊၊

၂၁ ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သောအလုံးအရင်းကိုင်း၊ မြေပေါ်မှာ မြေကြီးရှင်ဘုရင် တို့ကိုင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်၊၊

၂၂ သူတို့သည် တွင်းထဲမှာတစုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကိုခံလျက် နေရကြလိမ့်မည်၊၊ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကိုခံရကြလိမ့်မည်၊၊

၂၃ လသည်လည်း မျက်နှာပျက်လိမ့်မည်၊၊ နေသည်လည်းအရှက်ကွဲလိမ့်မည်၊၊ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော် မူလတံ့၊၊



Chapter 25

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၅

၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကိုမြေ‡ာက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ၊၊ ရှေးအကြံတော်တို့သည်မရွေ့၊ သစ္စာနှင့်မြဲမြံ ကြပါ၏၊၊

၂ မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကိုဖြိုဖျက်ရာဖြစ်စေတော်မူပြီ၊၊ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တဖန်မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ၊၊

၃ ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။

၎ ကိုယ်တော်သည်ဆင်းရဲသောသူတို့ခိုလှုံရာ၊ ငတ်မွတ်သော သူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏၊၊ ထရံကိုတိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သော သူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာဖြစ်တော်မူ၏၊၊

၅ သွေ့ခြောက် သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တကျွန်းတနိုင်ငံသားတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်၊၊ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့၊ ကြောက်မက်ဘွယ်သော သူတို့၏ သီချင်းသံပျောက်ရပါလိမ့်မည်၊၊

၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော် မူလိမ့်မည်၊၊

၇ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသောတင်းတိမ်ကိုင်း ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်၊၊

၈ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံးစေတော်မူ လိမ့်မည်။ အရှင်ထာဝရဘုရား သည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသူတ်တော်မူလိမ့်မည်၊၊ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ ရဲ့ခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရားအမိန့်တော်ရှိ၏၊၊

၉ ထိုကာလ၌ကြည့်ရှုလော့၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း၊၊ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်၊၊

၁၀ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်၊၊ ကောက်ရိုးသည် နောက်ချေး ရွှံ့ပွက်၌နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်၊၊

၁၁ ရေကူးသော သူသည်ရေကူးခြင်းငှါ လက်ကိုဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်၊၊

၁၂ သင်တို့၏ မြို့ရိုးပြအိုး အထွဋိကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်၊၊



Chapter 26

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၆

၁ ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏၊၊ ကယ်တင်ခြင်းကျေး ဇူးကိုပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူလိမ့်မည်၊၊

၂-၃ တံခါးတို့ကိုဖွင့်ကြလော့၊၊ သစ္စာစောင့်၍ ဖြောင့်မတ်သော လူမျိုးဝင်ပါစေ၊၊ စိတ်နှလုံးတည်ကြည်သော သူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည် အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်၊၊

၎ ထာဝရဘုရားသည် စဉ်မြဲခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏၊၊

၅ မြင့်သောအရပ်၌ နေသော သူတို့ကိုရှုတ်ချတော်မူ၏၊၊ မြင့်မြတ်သောမြို့ကိုကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော် မူ၏၊၊

၆ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်၊၊

၇ ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏၊၊ အိုဖြောင့်မတ်တော်မူသော ဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏၊၊

၈ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း ၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော်၏အမည် ဘွဲ့နာမတော်ကိုစိတ်နှလုံး၌ တသလျက်ရှိပါ၏၊၊

၉ ညဥ့်အခါအကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏၊၊ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အား ဖြင့် ကိုယ်တော်ကိုရှာပါ၏၊၊ မြေပေါ်မှာ အမှုကို စစ်ကြောစီရင်တော်မူသော အခါ၊ လောကီသားတို့သည် တရားကို သင်ကြ၏၊၊

၁၀ မတရားသောသူသည်ကျေးဇူးကိုခံရသော်လည်း၊ တရားကိုမသင်တတ်ပါ၊၊ တရားကျင့်ရာပြည်၌ပင်အဓမ္မ ပြု၍ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြုတတ်ပါ၊၊

၁၁ အိုထာဝရဘုရား၊ လက်တော်ကို ချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ၊၊ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့စိတ်အားကြီးတော်မူကြောင်းကို သူတို့ သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်၊၊ ကိုယ်တော်၏ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်၊၊

၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်၊၊ အကြောင်းမူ ကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့ အဘို့ပြုတော်မူ၏၊၊

၁၃ အကျွန်ုပ် တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပါပြီ၊၊ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကိုချီးမွမ်းကြပါမည်၊၊

၁၄ ထိုသခင်တို့သည် သေကြပါပြီ၊၊ တဖန်အသက် မရှင်ရကြပါ၊၊ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြပါ၊၊ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှမရှိစေခြင်း ငှါပယ်ရှင်းတော်မူပြီ၊၊

၁၅ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ၊၊ အကျွန်ုပ်တို့ အမျိုးကို တိုးပွားစေသဖြင့်၊ ဘုန်းကြီးတော်မူ၏၊၊ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ၊၊

၁၆ အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ဆည်းကပ်ကြပါပြီ၊၊ ဆုံးမတော်မူသောအခါ၊ ဆုတောင်းပဌနာစကားကို သွန်းလောင်း ကြပါပြီ၊၊

၁၇ ကိုယ်ဝန်ဆောင်သော မိန်းမသည် သားဘွားချိန်နီးသော အခါ နာကျင်၍၊ နာကျင်ခြင်း ဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ၊၊

၁၈ အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်းဝေဒနာကို ခံရသော်လည်း၊ လေကိုဘွားသကဲ့သို့ဖြစ်ကြပါပြီတကား၊၊ ပြည်သားတို့သည် ကယ်တင်ခြင်းသို့မရောက်ကြ၊၊ လောကီသားတို့သည် မလဲကြပါ၊၊

၁၉ ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်၊၊ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြ ပါလိမ့်မည်၊၊ မြေမှုန့်၌နေသော သူတို့၊ နိုး၍သီချင်းဆိုကြလော့၊၊ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်၊၊

၂၀ ငါ၏လူတို့လာကြ။ အတွင်းအခန်းထဲသို့ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ၊၊ အမျက်ကာလ လွန်သည် တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့၊၊

၂၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏၊၊ ထိုအခါ မြေကြီးသည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်၊၊ မိမိ၌အသေခံရသောသူတို့ကို နောက်ထဖန်ဝှက်၍ မထားရ၊၊



Chapter 27

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၇

၁ ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုင်း၊ လိမ်သော မြွေလဝိသန်ကိုင်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့်ဒဏ်ပေး၍၊ ပင်လယ်၌ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်၊၊

၂ ထိုကာလ၌ စပျစ်ဥယျာဉ်ကိုအကြောင်းပြု၍၊ ဤသို့သီချင်းဆိုကြလော့၊၊

၃ ငါထာဝရဘုရားသည် ဥယျာဉ်စောင့် ဖြစ်၏၊၊ မခြားမလပ်ရေလောင်းမည်၊၊ အဘယ်သူမျှမဖျက်စေခြင်းငှါ၊ နေ့ညဥ့်မပြတ် စောင့်ရှောက်မည်၊၊

၎ ငါ့အမျက်ငြိမ်း ပြီ၊၊ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ငါတွေ့ပါစေသော၊၊ ချက်ခြင်းတိုက်၍ ထပြိုင်နက်မီးရှို့မည်၊၊

၅ သို့မဟုတ် ငါ၏အစွမ်းသတ္တိ ကို ကိုးစား၍၊ ငါနှင့်မိဿဟာယဖွဲ့ကြစေ၊၊ ငါနှင့်မိဿဟာယဖွဲ့ကြစေသော၊၊

၆ နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်၊၊ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံထွက်သဖြင့်၊ လောကီနိုင်ငံကိုအသီးနှင့်ပြည့်စေလိမ့်မည်၊၊

၇ သူ့ကိုညှဉ်းဆဲသော သူတို့ကို ညှဉ်းဆဲတော်မူသည်နည်းတူ၊ သူ့ကိုညှဉ်းဆဲ တော်မူသလော၊၊ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရသည်နည်းတူ၊ သူသည် အသေသတ်ခြင်းကို ခံရသလော၊၊

၈ သူ့ကိုစွန့်ပစ်၍ အတော်အတန်ဆုံးမတော်မူ၏၊၊ အရှေ့လေလာသောအခါ၊ ပြင်းစွာသော လေဖြင့် တိုက်သွားတော်မူ၏၊၊

၉ ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက် ကဲ့သို့ ချိုးဖဲ့၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်၊၊

၁၀ သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံသောအရပ်၊ တောကဲ့သို့စွန့်၍ ပစ်ထားသောနေရာဖြစ်လိမ့်မည်၊၊ ထိုအရပ်၌နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်၊၊

၁၁ အခက်အလက် တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍ မီးရှိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏၊၊ ထိုကြောင့်၊ ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။

၁၂ အိုဣသရေလအမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင် အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တယောက်နောက်တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်၊၊

၁၃ ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့်မည်၊၊ အာရှုရိပြည်၌ ပျောက်သောသူ၊ အဲဂုတ္တပြည်၌ စွန့်ပစ်လျက်နေသော သူတို့သည်လာ၍၊ ယေရုရှလင်မြို့တွင် သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရ ဘုရားရှေ့တော်၌ဝတ်ပြု၍ ကိုးကွယ်ကြလိမ့်မည်၊၊



Chapter 28

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၈

၁ စပျစ်ရည်နှင့်ယစ်မူးသောသူတို့၏နေရာကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုးသေသောက်ကြူးတို့၏ မာနသ ရဖူနှင့်၊ သူတို့၌ ညိ‡ုးနွမ်းတတ်သောဘုန်အသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏၊၊

၂ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီး သော သူသည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန်တိုင်းကဲ့သို့င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့ သို့င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်၊၊

၃ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်၊၊

၎ ကြွယ်ဝသော ချိုင့်ဦးတွင် သူတို့၌ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်၊၊ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင် စားတတ်၏၊၊

၅ ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသော သရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူလိမ့်မည်၊၊

၆ တရားမှုကိုစီရင်သော သူတို့အား တရားစီရင်သော ဥာဏ် ကိုင်း၊ ရန်သူမျိုးတံခါးတိုင်အောင် စစ်မှုကို လှန်သောသူတို့အား၊ ခွန်အားဗလကိုင်း ပေးတော်မူလိမ့်မည်၊၊

၇ သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ၊၊ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ၊၊ စပျစ်ရည်နှင့် မွှန်ကြပြီ၊၊ သေရည် သေရက်ကြောင့် လမ်းလွှဲကြပြီ၊၊ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည် အရာ၌ထိမိ၍ လဲလျက် နေကြ၏၊၊

၈ သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်င်း၊ အညစ်အကြေးနှင့်င်း ပြည့် လျက်ရှိကြ၏၊၊

၉ သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း၊၊ ငါတို့သည် နို့နှင့်ကွာစ ရှိသောသူ၊ အမိသားမြတ်နှင့်အနိုင်ကွာရသောသူ ဖြစ်ကြ သလော၊၊

၁၀ ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟုဆိုကြ၏၊၊

၁၁ အကယ်စင်စစ်၊ စကားမပြီသော နှုတ်ရိုင်းသော လျှာနှင့်ဤလူမျိုးကို မိန့်တော်မူလိမ့်မည်၊၊

၁၂ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်၊၊ ပင်ပန်းသော သူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင်သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူ့တို့သည် နားမထောင်ကြ၊၊

၁၃ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် သူတို့၌ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်၊၊

၁၄ သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့၊၊

၁၅ သင်တို့က၊ ငါတို့သည် သေမင်းနှင့်မိဿဟာယဖွဲ့ကြပြီ၊၊ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ၊၊ လွှမ်း မိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ၊၊ ငါတို့သည်မုသာကို ကိုးစားကြ၏၊၊ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊

၁၆ အရှင်ထာဝရဘုရားက စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏၊၊ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်းမရှိ၊၊

၁၇ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်၊၊ မိုဃ်းသီးရွာ၍ ကိုးစားရာမုသာကို ပယ်ရှားလိမ့်မည်၊၊ ပုန်းကွယ်ရာ အရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်၊၊

၁၈ သင်တို့သည် သေမင်းနှင့် ဖွဲ့သော မိဿဟာယပျက်လိမ့်မည်၊၊ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ၊၊ လွှမ်းမိုးသောဘေးသည် ချင်းနှင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်၊၊

၁၉ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်၊၊ နံနက် အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဥ့်မပြတ် ချင်းနင်း သည်ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိန်လန့်ခြင်းအကြောင်း ရှိလိမ့်မည်၊၊

၂၀ ခုတင်သည် ကိုယ်မဆန့်လောက်အောင် တို၏၊၊ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏၊၊

၂၁ ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကိုပြုခြင်းငှါင်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သောအလုပ်တော်ကို လက်စသတ်ခြင်းငှါင်း၊ ပေရဇိမ်တောင်ပေါ်မှ ပြုသကဲ့သို့ ထတော်မူမည်၊၊ ဂိဗောင်ချိုင့်ထဲမှာရှိသကဲ့သို့ အမျက်ထွက်တော်မူမည်၊၊

၂၂ ယခုမှာ သင်တို့သည် သာ၍ ပြင်းစွာသောဆုံးမခြင်းနှင့် လွှတ်မည်အကြောင်း၊ နောက်တဖန်ဆဲရေးခြင်းကိုမပြုကြနှင့်၊၊ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရားထံတော်၌ငါကြားရပြီ၊၊

၂၃ ငါပြောသံကိုကြား၍ မှတ်ကြလော့၊၊ ငါ့စကားကိုစေ့စေ့နားထောင်နာယူကြလော့၊၊

၂၄ လယ်လုပ်သော သူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် အစဉ်လယ်ထွန်တတ်သလော၊၊

၂၅ လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော၊၊ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့်ကောက် စပါးမျိုးစေ့အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော၊၊

၂၆ အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သောဥာဏ်ကိုပေးတော်မူ၏၊၊ သူ့ကိုလည်း သွန်သင်တော် မူ၏၊၊

၂၇ စမုန်နက်မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့်မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကိုမလှိမ့်တတ်၊၊ စမုန်နက်စေ့ကို တုတ်နှင့်င်း၊ ဇီယာစေ့ကိုကြိမ်လုံးနှင့်င်း၊ ရိုက်တတ်၏၊၊

၂၈ ဂျုံစပါးကိုကား နယ်တတ်၏၊၊ သို့သော်လည်း၊ အစဉ်နယ်တတ်သည်မဟုတ်၊၊ လှည်းဘီးနှင့်မြင်းတို့ကို နှင်သော်လည်း၊ စပါးကိုညက်စေတတ် သည်မဟုတ်၊၊

၂၉ ထိုအမှုသည်လည်း၊ ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအကြံ ပေးတော်မူသောအမှုတည်း၊၊ အကြံပေးတော်မူခြင်းသည် အံ့သြဘွယ်ဖြစ်၏၊၊ ဥာဏ်တော်သည်လည်းထူးဆန်းပေ၏။



Chapter 29

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၉

၁ အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့သည် အမင်္ဂလာရှိ၏၊၊ တနှစ်ပေါ်မှာ တစ်နှစ်ထပ်ကြလော့၊၊ ပွဲတို့ ကို အလှည့်လှည့်ခံကြလော့၊၊

၂ သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်း ရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာဖြစ်ရလိမ့်မည်။

၃ ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့်ဝိုင်းထား၍၊ မြေကတုပ်များကိုလည်းတူးလုပ်မည်။

၎ သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲကပြောရလိမ့်မည်၊ မြေမှုန့်ထဲက ငယ်သောအသံနှင့်မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည်မြေမှုန်ထဲက အသံသေးနှင့်တိုးတိုး မြွက်ဆိုရလိမ့်မည်။

၅ သို့ရာတွင်၊ သင်၏ရန်သူ အလုံးအရင်းသည် အဏုမြူကဲ့သို့င်း၊ ကြောက်မက်ဖွယ်သော သူအလုံးအရင်းသည် လွင့်သွားသောဖွဲကဲ့သို့င်း ဖြစ်၍၊ အလျင်တစော ချက်ချင်းအမှုရောက်လိမ့်မည်။

၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုဃ်းသက်မုန်တိုင်း၊ လောင်တတ်သော မီလျှံအားဖြင့်အပြစ်ပေးတော်မူမည်။

၇ အပြည်ပြည် ကလာ၍၊ အရေလမြို့ကိုစစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူပေါင်းတို့သည်၊ အိပ်မက်တည်းဟူသော ညဥ့်ရှုပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။

၈ မွတ်သိပ်သောသူသည် အိပ်မက်တွင် စားရသည်ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသကဲ့သို့င်း၊ ရေငတ်သောသူသည် အိပ်မက်တွင်သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျှက်၊ တောင့်တလျှက်ရှိသကဲ့သို့င်း၊ အပြည်ပြည်မှလာ၍၊ ဇိအုန်တောင်သို့ စစ်တိုက်သောအလုံးအရင်းသည် ဖြစ်ရလိမ့်မည်။

၉ ဖင့်နွဲ့၍မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျှက်နေကြလော့။ စပျစ်ရေကိုမသောက်ပဲ ယစ်မူးလျှက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျှက်ရှိကြ၏။

၁၀ အကြောင်မူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌သွင်းသဖြင့်၊ သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ပရောဖက်များကို မင်းများ၊ ဗျာဒိတ်ခံသူများ တို့ကိုဖုံးလွှမ်းတော်မူပြီ။

၁၁ ဗျာဒိတ်တော်ရှိသမသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ဖြစ်၏။ ထိုစာကိုစာတတ်သော သူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟုဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဘတ်နိုင်၊၊ တဆိပ် ခတ်လျက်ရှိ၏ဟုပြန်ပြောတတ်၏။

၁၂ ထိုစာကိုစာမတတ်သောသူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟုဆိုလျင်၊ ထိုသူက ငါသည်စာမဘတ်ဟုပြန်ပြောတတ်၏။

၁၃ ထာဝရဘုရားကလည်း ဤလူမျိုးသည်နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရွံြ့က၏။

၁၄ ထို့ကြောင့် အံသြကြောက်မက်ဘွယ်သောအမှုကို ဤလူမျိုးတို့တွင် တဖန်ငါပြုအုံးမည်၊၊ သူတို့ တွင်ပညာရှိတို့၏ ပညာသည်ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်သည်လည်းကွယ် ပျောက်လိမ့် မည်ဟုမိန့်တော်မူ၏။

၁၅ ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကိုကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကိုအဘယ်သူ မြင်သနည်း။ ငါတို့ကိုအဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

၁၆ သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို၊ အိုးမြေကဲ့သို့မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကိုရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်ဟုဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကိုရည်မှတ်၍၊ ဤသူ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။

၁၇ လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့သို့င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့င်း ဖြစ်ရသောအချိန်နီးပြီ မဟုတ်လား။

၁၈ ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစကားကိုကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြေ‡းရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့်ကင်းလွတ်၍ မြင်ရကြလိမ့်မည်။

၁၉ စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကိုအမှီပြု၍၊ ဝမ်းမြောက်ခြင်းတိုးပွားကြလိမ့်မည်၊၊ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို အမှီပြု၍ရွှင်လန်းကြလိမ့်မည်။

၂၀ အကြောင်းမူကား၊ ကြောက်မက် ဘွယ်သော သူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကိုချောင်းမြောင်းသောသူ၊

၂၁ တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးမှာ အမှုသည်ကိုကျော့မိစေခြင်းငှာပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။

၂၂ သို့ဖြစ်၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူသော ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်းမရှိရ၊၊

၂၃ ထိုအမျိုးသားတို့သည် ငါစီရင်သော အမှုကိုကိုမြင်လျှင် ငါ့နာမကိုမိမိတို့တွင် ရိုသေကြလိမ့်မည်၊၊ ယာကုပ်အမျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလ အမျိုး၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။

၂၄ စိတ်သဘော ဖောက်ပြန်သောသူတို့သည် ပညာသတိကိုရကြ၍၊ ဆန့်ကျင်ဘက် ပြုသောသူတို့သည်လည်း၊ ဆုံးမသြဝါ စကားကို နာယူကြလိမ့်မည်။



Chapter 30

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၀

၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပုန်ကန်သောအမျိုးသားတို့သည် အမင်္ဂလာရှိကြသည်။ သူတို့သည် ငါ့ကိုအမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏၊၊ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယ ဖွဲ့၍အထပ်ထပ်အပြစ် ရောက်ကြ၏။

၂ ဖာရောဘုရင်၏ ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအရိပ်ကိုခိုလှုံခြင်းငှါ၊ ငါနှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ရောက်အောင်သွားကြ၏။

၃ သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကိုခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်၊၊

၎ သူတို့မင်းတို့သည် ဇောနမြို့၌ရှိကြမည်။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။

၅ အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင်ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်းအကြောင်းသာ ဖြစ်သောလူမျိုးကိုသူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။

၆ ခြသေ့င်္မ၊ ခြသေ့င်္ပျို၊ မြွေဆိုး၊ ပျံတတ်သော မီးမြွေများသဖြင့် အလွန်ခဲယဉ်း၍ ဆင်းရဲသော ပြည်ကို ရှောက်လျက် တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကိုင်း၊ ကုလားအုပ်၏ ဘို့ပေါ်မှာ ဘဏ္ဍာများကိုင်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင် သွားကြသည်တကား။

၇ အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက် အကျိုး မပေးနိုင်။ ထိုကြောင့် မလှုပ်ပဲနေတတ်သော ရာခပ်ဟုငါသမုတ်ပေ၏။

၈ သင်သည် ယခုသွား၍သူတို့ရှေ့မှာ သင်ပုန်း၌ရေးထားရသောအချက်၊ နောင်ကာလအစဉ်အဆက်တည် စေခြင်းငှါ၊ စာစီ၍မှတ်သားရသော အချက်ဟူမူကား၊

၉ ဤလူမျိုးတို့သည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား ထာဝရဘုရား၏ တရားကိုနာယူခြင်းငှာ အလိုမရှိသောအမျိုးသာ ဖြစ်ကြ၏။

၁၀ သူတို့ကလည်း ဗျာဒိတ်တော်ကို မခံပါနှင့် ဟု ဗျာဒိတ်ခံသောသူများအားင်း မှန်သောစကားကို ငါတို့အားမဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ပြောကြပါ။

၁၁ လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားင်း ဆိုတတ်ကြ၏။

၁၂ သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် နှုတ်ကပတ်တော်ကို ပယ်၍၊ လိမ်ကောက်ယိုယွင်း ခြင်းကိုသာ မှီဝဲခိုလှုံသောကြောင့်၊

၁၃ သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက်ကဲ့သို့င်း၊ မြင့်သော အုတ်ထရံ၌ မညီမညွတ်ထွက်ဝင် သကဲ့သို့င်း၊ ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ခြင်းပြိုပျက်တက်၏။

၁၄ မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲ က မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာဘို့ အိုးခြမ်းတစ်ခုမျှ မရှိစေခြင်းငှာ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။

၁၅ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။သင်တို့သည် ထိုသို့သော အလိုမရှိကြ။

၁၆ ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည် ဟုဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကိုပြေးစေမည်၊၊ ငါတို့သည်လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်၊၊

၁၇ သင်တို့သည် တောင်ထိပ်ပေါ်မှာစိုက်သော မှတ်တိုင်ကဲ့သို့ င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့င်း၊ ဖြစ်ရသည်တိုင်အောင်၊ တယောက်သော သူသည်ခြိမ်းလျှင်၊ တထောင် သောသူတို့သည် ပြေးကြလိမ့်မည်၊၊ ငါးယောက်ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်၊၊

၁၈ သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်၊၊ ကရုဏာပြုလို သောငှါ မြှောက်ခြင်းကို ခံတော်မူမည်၊၊ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသော ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကိုမြော်လင့်သော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊၊

၁၉ ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည်အစဉ် ငိုကြွေးရမည် မဟုတ်၊၊ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်၊၊

၂၀ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်၊၊ ထာဝရဘုရားသည် သင့်အား ဒုက္ခမုန့်ကို ကျွေး၍ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍မနေ ရကြ၊၊ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်၊၊

၂၁ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊

၂၂ ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသောရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟုဆိုရလိမ့်မည်၊၊

၂၃ သင်သည်လယ်၌ ကြဲသော မျိုးစေ့တို့ မိုဃ်းကိုရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်၊၊ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်၊၊

၂၄ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍ ကောင်းမွန်စွာရောနှောသော စပါးကို သာမြေ၌လုပ်သော နွားနှင့်မြည်းတို့သည်လည်း စားရကြလိမ့်မည်၊၊

၂၅ များစွာသော လူတို့ကို သတ်၍ ရဲတိုက်တို့သည် ပြိုလဲသောအခါ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့်ချောင်းများကြလိမ့် မည်၊၊

၂၆ ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူ့တို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူ သောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက်ခုနစ်ဆလင်းလိမ့် မည်၊၊

၂၇ ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသော အရပ်မှလာ၏၊၊ အမျက်တော် လောင်၍မီးလျှံ ဟုန်း လေ၏၊၊ နှုတ်တော်သည် အမျက်နှင့်ပြည့်၍ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။

၂၈ ထွက်သက်တော်သည်လည်း လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသော ရေကဲ့သို့လည်ပင်းကိုမှီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ ပစပ်၌ ခွံ့တော်မူလိမ့်မည်၊၊

၂၉ သင်တို့သည် ပွဲခံသောနေ့ညဉ့်တွင်ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်၊၊ ဣသရေလအမျိုး ၏ ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်၊၊

၃၀ ထာဝရ ဘုရားသည်လည်း ဘုန်းကြီးသော အသံတော်ကို လွှတ်တော်မူလိမ့်မည်၊၊ လက်ရုံးတော်သက်ရောက်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုဃ်းသီးပါလျက်၊ မိုဃ်းသကမုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်၊၊

၃၁ သို့ဖြစ်၍၊ အာရှုရိလူသည် ထာဝရဘုရား၏ အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။

၃၂ ထာဝရဘုရားစီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် ရှောက်သွားရာ၌စောင်း၊ ပတ်သာတီး ခြင်းနှင့်တကွ ဖြစ်လိမ့်မည်၊၊ သူ့ကိုပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်၊၊

၃၃ အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေး ကာလ၌ စီရင်လျက်ရှိ၏၊၊ အကယ်စင်စစ်ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ၏၊၊ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်းတော် မူပြီ၊၊ မီးရှို့ဘို့ထင်းပုံကြီးလည်းရှိ၏၊၊ ထာဝရဘုရား၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့၊ ထိုထင်းပုံ ကို မီးရှို့ရလိမ့်မည်၊၊



Chapter 31

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၁

၁ စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား၍၊ မြင်းတို့ကို အမှီပြုလျက်များစွာသော ရထားတို့ကိုင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုင်းခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသော သူတို့သည် အမင်္ဂလာရှိကြ၏၊၊

၂ ထိုဘုရားသည် ဥာဏ်တော်ကျယ်၍၊ သူတို့အပေါ်မှာ ဘေးကို သက်ရောက်စေတော်မူမည်၊၊ စကားတော်မပျက်ဘဲ၊ ဆိုးသောလူမျိုးကိုင်း၊ မတရားသဖြင့် ပြုသောသူတို့ ဘက်မှာ နေသောသူတို့ကိုင်းတဘက်၌ ထတော်မူမည်၊၊

၃ အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက်သက် ဖြစ်ကြ၏၊၊ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက်ဖြစ်၏၊၊ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သော သူသည်လဲလိမ့်မည်၊၊ မစအပ်သော သူလည်းဆုံးလိမ့်မည်၊၊ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊

၎ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာအကောင်ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ဆီးတား အော်ဟစ်ခြင်းကိုမကြောက်၊ သူတို့ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် မိမိတောင် တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာစစ်တိုက်ခြင်းငှါ ဆင်းသက်တော်မူလိမ့်မည်၊၊

၅ ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ယေရုရှလင်မြို့ကို ကွယ်ကာတော်မူမည်၊၊ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်၊၊

၆ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန်လွှဲရှောင် ပယ်ထားသောဘုရားထံတော်သို့ ပြန်လာကြ လော့၊၊

၇ အကယ်စင်စစ်လူအပေါင်းတို့သည် မိမိလက်ဖြင့် အသီးအသီးလုပ်သော ငွေရုပ်တု၊ ရွှေရုပ်တုတည်းဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက်ကြလိမ့်မည်၊၊

၈ အာရှုရိလူသည်လည်း၊ ကြီးမြတ်သောသူ၏ထားမဟုတ် သော ထားဖြင့်ဆုံးလိမ့်မည်၊၊ ယုတ်သောသူ၏ထားမဟုတ်သော ထားသည်သူ့ကို ဖျက်ဆီးလိမ့်မည်၊၊ သူသည်လည်း ထားဘေးမှပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့်မည်၊၊

၉ သူသည်လည်း ကြောက်လန့်သဖြင်၊့ မိမိခိုင်ခံ့သော မြို့ကိုလွန်သွား၍၊ သူ၏မှူးမတ်တို့သည် နိမိတ်ကိုမြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာ မီးလျှံ၊ ယေရုရှလင်၌ မီးဖိုရှိသော ထာဝရဘုရားမိန့်တော်မူသတည်း၊၊



Chapter 32

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၂

၁ ကြည့်ရှုလော့၊၊ တရားသဖြင့် အုပ်စိုးသောရှင်ဘုရင်တပါးပေါ်ထွန်းတော်မူလိမ့်မည်၊၊ မင်းသားမှူးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည်၊၊

၂ ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့င်း၊ သွေ့ခြောက် သောမြေ၌စီးသောချောင်းရေကဲ့သို့င်း၊ နေပူသောအရပ်၌ကျောက်လုံးကြီးအရိပ်ကဲ့သို့င်း ဖြစ်ကြလိမ့်မည်၊၊

၃ မျက်စိမြင်သော သူတို့သည် ရှင်းလင်းစွာမြင်ကြလိမ့်မည်၊၊ နားကြားသောသူတို့ လည်း နားထောင်ကြလိမ့်မည်၊၊

၎ သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ပညာရှိလိမ့်မည်၊၊ စကားအသောသူ၏ လျှာသည်လည်း စကားပြီ အောင် ပြောတတ်လိမ့်မည်၊၊

၅ ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ၍င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သောသူဟူ၍င်းမခေါ်ရ၊၊

၆ အကြောင်းမူကား၊ ယုတ်သော သူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကိုသာ၍ ဆင်းရဲစေခြင်းငှါင်း၊ ရေငတ်သော သူကိုရေ မသောက်စေခြင်းငှါင်း၊ ယုတ်သောစကားကိုပြော၍ မကောင်းသောအကြံကိုကြံ လေဦးမည်၊၊

၇ စေးနှဲသော သူသုံးဆောင်ရာတန်ဆာ သည်လည်းဆိုးလှ၏၊၊ ဆင်းရဲငတ်မွတ်သောသူ၏အမှုသည် မှန်သော်လည်း၊ ထိုသို့သော သူကိုမုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ၊ မကောင်းသောအကြံကိုသာကြံတတ်၏၊၊

၈ စေတနာရှိသော သူမူကား၊ စေတနာနှင့်ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏၊၊ စေတနာနှင့်ဆိုင်သော အရာများအားဖြင့် တည်ရလိမ့်မည်၊၊

၉ ငြိမ်သက်စွာနေသော မိန်းမတို့သည်ထကြ၊၊ ငါပြောသံကိုကြားကြလော့၊၊ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့၊၊

၁၀ သတိမရှိသောမိန်းမတို့၊ သင်တို့သည်တနှစ်လွန်မှပူပန်ကြလိမ့်မည်၊၊ အကြောင်း မူကား၊ စပျစ်သီးကိုသိမ်းခြင်းအမှု ပြတ်လိမ့်မည်၊၊ စပါးအသီးအနှံကို သိမ်းရာကာလမရောက်ရ၊၊

၁၁ ငြိမ်သက်စွာနေသော မိန်းမတို့၊ တုန်လှုပ်ကြလော့၊၊ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့၊၊ အဝတ်တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော် တေအဝတ်ကို စည်းကြလော့၊၊

၁၂ ရင်ပတ်ကိုခတ်ခြင်း၊ သာယာသော လယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်းရှိလိမ့်မည်၊၊

၁၃ ငါ့လူတို့၏ မြေကိုင်း၊ ဝမ်းမြောက်သော အိမ်နှင့်ရွှင်လန်းသော မြို့ကိုင်း၊ ဆူးပင်အမျိုးမျိုးတို့သည်တက်၍ လွှမ်းမိုးကြလိမ့်မည်၊၊

၁၄ ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ သြဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေတွင်းနှင့်ပြည့်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်၊၊

၁၅ိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့ သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသော လယ်သည်တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မှီ တိုင်အောင်၊ ထိုသို့ဖြစ်ကြလိမ့်မည်၊၊

၁၆ ထိုအခါတော၌ကား၊ တရားသဖြင့်စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်း ပါရမီသည်အမြဲနေရလိမ့်မည်၊၊ ဖြောင့်မတ်ခြင်းတရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်၊၊

၁၇ ဖြောင့်မတ်ခြင်း တရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း၊၊

၁၈ ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်၊၊

၁၉ သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့်တညီတည်း ဖြိုဖျက်လိမ့်မည်၊၊

၂၀ ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့်မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏၊၊



Chapter 33

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၃

၁ သူတပါးလုယူခြင်း မခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီးတတ် သောသူ၊ သင်သည် အမင်္ဂလာရှိ၏၊၊ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကိုခံရမည်။ ဖျက်ဆီး၍၊ မောသော အခါပျက်စီးခြင်းသို့ ရောက်လိမ့်မည်၊၊

၂ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ၊၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏၊၊ နံနက်တိုင်း အကျွန်ုပ်တို့၏ ခွန်အားကိုပေးတော်မူပါ၊၊ အမှုရောက်သောအခါ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ၊၊

၃ အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည်ပြေးကြ၏၊၊ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ်ကွဲ ပြားကြ၏၊၊

၎ သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်းကောင်သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်၊၊ ကျိုင်းကောင်တို့ သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်၊၊

၅ ထာဝရဘုရားသည် မြှောက်ခြင်းရှိတော်မူ၏၊၊ မြင့်သောအရပ်၌နေတော်မူ၏၊၊ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏၊၊

၆ ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည် ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်၊၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ ဘဏ္ဍာဖြစ်လိမ့်မည်၊၊

၇ သူရဲတို့သည်ပြင်၌ အော်ဟစ်ကြ၏၊၊ မိဿဟာယစကားကိုပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေး ကြ၏၊၊

၈ လမ်းမတို့သည် ဆိတ်ညံကြ၏၊၊ လမ်းခရီး၌သွားလာသော သူမရှိ၊၊ ထိုမင်းသည် သစ္စာပျက်လေပြီ၊၊ မြို့များကို လည်း ပယ်လေပြီ၊၊ အဘယ်သူ၏ မျက်နှာကို မမှတ်တတ်၊၊

၉ ပြည်တော်သည် ငြိုငြင်၍ အားလျော့၏၊၊ လေဗနုန်တော သည် ရှက်ကြောက်၍ နွမ်းရိ၏၊၊ ရှာရုန်အရပ်သည် တောကဲ့သို့ဖြစ်၏၊၊ ဗာရှန်တောင်နှင့် ကရမေလတောင်သည် လှုပ်ရှား၏၊၊

၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်၊၊ ယခုမြှောက်ခြင်းသို့ ရောက်မည်၊၊ ကိုယ်ကို ကိုယ်ချီး မြေ‡ာက်မည်၊၊

၁၁ သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၍၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်၊၊ သင်တို့စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်၊၊

၁၂ လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့င်း ဖြစ်ကြလိမ့်မည်၊၊

၁၃ ဝေးသော သူတို့၊ ငါပြုသော အမှုကိုမှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။

၁၄ အပြစ်ရှိသော ဇိအုန်မြို့သား တို့သည် ကြောက်ကြ၏၊၊ အဓမ္မပြုသော သူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင်အဘယ်သူသည် လောင်သော မီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရမီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း၊၊

၁၅ တရားသဖြင့် ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကိုရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သော အရပ် ၌ နေလိမ့်မည်။

၁၆ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်၊၊ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်၊၊ သောက်ရေလည်း မပြတ်ရ။

၁၇ သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသော ပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်၊၊

၁၈ သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသော သူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာရှိသနည်း၊၊ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်ရှိသနည်း။

၁၉ ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသော စကားကိုပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ။

၂၀ ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့၊၊ တိုင်တခုမျှမရွေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်းမပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်၊၊

၂၁ ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ်ဖြစ်တော်မူ လိမ့်မည်၊၊ ထိုအရပ်၌ တက်သော ရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ၊

၂၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏၊၊ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်၊၊

၂၃ သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏၊၊ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်၊၊ သို့ဖြစ်၍၊ များစွာသော ဥစ္စာကို လုယူဝေငှရ၏၊၊ ခြေဆွံ့သောသူပင် လုယူရာ ဥစ္စာကိုလုယူရ၏၊

၂၄ မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ၊၊ ထိုမြို့၌ နေသော သူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်၊၊



AMAZING GRACE BIBLE INSTITUTE