JAMES BURMESE BIBLE

you will need the zawgyi-one font >> HERE <<



ရှင်ယာကုပ်သြဝါဒစာ


ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁

၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။

၂-၃ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံ စမ်းခြင်း အရာသည် သည်းခံခြင်းကိုပွါးစေတတ်သည် ဟုသိမှတ်လျက်၊ အထူးထူးအပြားပြား စုံးစမ်း နှောင့်ရှက် ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြ လော့။

၎ သင်တို့ သည် အလျှင်းမချို့တဲ့ဘဲစေ့စပ်စုံလင် မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန် အစင်ပြုပြင် ပါစေ။

၅ သင်တို့တွင်တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်း သောသူတို့အားစေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။

၆ သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။

၇-၈ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသော သူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။

၉ အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။

၁၀ ငွေရတတ် သောညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရခြင်းအရာ၌ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။

၁၁ နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်းကြွေတတ်၏။ တင့်တယ်သောအသွေး အဆင်းလည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ည‡ိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ် ၏။

၁၂ စုံစမ်းနှောင့်ရှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်း ခြင်းကို ခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။

၁၃ အပြစ်သွေးဆောင်ခြင်း ကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာ သည်ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။

၁၄ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။

၁၅ တပ်မက်သောစိတ်သည် ပဋိသန္ဓြေွ ယူ၍ ဒုစရိုက် ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။

၁၆ ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှ တို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။

၁၇ ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။

၁၈ နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွား စေတော်မူ၏။

၁၉ သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည်နားကြားခြင်းငှါလျင်မြန်ကြစေ။ စကားပြော ခြင်းငှါင်း၊ အမျက်ထွက်ခြင်းငှါင်းနှေးကြစေ။

၂၀ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။

၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညှုးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ် ကိုကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။

၂၂ ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။

၂၃ တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည် သည်ကား၊ မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။

၂၄ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကိုချက်ခြင်း မေ့လျော့တတ်၏။

၂၅ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သော တရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့် သောသူဖြစ်သဖြင့်၊ မိမိကျင့်သော အကျင့် ၌မင်္ဂလာရှိသော သူဖြစ်၏။

၂၆ သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန်ပြုသော်လည်း၊ မိမိနှုတ်ကိုမချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည်အချည်းနှီးသက်သက်ဖြစ်၏။

၂၇ ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်း ပေတည်း။



Chapter 2

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၂

၁ ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။

၂ ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊

၃ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍င်း၊ သင်တို့သည်ပြောဆိုလျှင်၊

၎ တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။

၅ ငါချစ်သည်ညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါင်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါင်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။

၆ သင်တို့သည် ဆင်းရဲသော သူကိုမထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။

၇ သင်တို့ကို သမုတ်သောနာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။

၈ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။

၉ သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။

၁၀ အဘယ်သို့ နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။

၁၁ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။

၁၂ လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။

၁၃ ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည်တရား စီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏။

၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက် သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော့။

၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစာရသောအစာမရှိသောအခါ၊

၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ် နှင့်တော်လျော်သော အသုံးအဆောင်ကိုမပေး ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။

၁၇ ထိုနည်းတူ၊ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသော ကြောင့်အသေဖြစ်၏။

၁၈ တနည်းကား၊ သင်သည်ယုံကြည် ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏။

၁၉ ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည် ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။

၂၀ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်ကိုသိချင်သလော။

၂၁ ငါတို့ အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကိုယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော် သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်သည် မဟုတ်လော။

၂၂ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။

၂၃ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရား သခင်၏ အဆွေဟူ၍ခေါ်ဝေါ်ခြင်းကိုခံရ၏။

၂၄ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။

၂၅ ထိုနည်းတူ၊ ပြည်တန်ဆာ ရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသော လမ်းဖြင့်လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။

၂၆ိညာဉ်နှင့်ကင်း သောကိုယ်သည်အသေဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။



Chapter 3

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၃

၁ ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသောစစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများ သော ဆရာမဖြစ်ကြနှင့်။

၂ ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တကိုယ်လုံးကို ချုပ်တည်းနိုင်သော သူဖြစ်၏။

၃ မြင်းကိုနိုင်ခြင်းငှါ ပစပ်ကို ဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။

၎ ထိုမှတပါး၊ အလွန်ကြီးသော သင်္ဘောသည်ပြင်းစွာသောလေဟုန်နှင့် လွင့်သွား သော်လည်း၊ တက်မကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့်လှည့် တတ်၏။

၅ ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာ သောထင်းကို အနည်းငယ်သော မီးသည် ညိ‡နိုင်သည်ကိုကြည့်ပါလော့။

၆ လျှာသည်မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ် လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကိုညစ်ညှုးစေ၏။ ဇာတိစက်ကို လည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကိုခံလျက်ရှိ၏။

၇ သားရဲမျိုး၊ ငှက်မျိုး၊ တွားတက်သောတိရ စ္ဆြွာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်းအောင်ခဲ့ပြီ။

၈ လျှာကိုကား၊ အဘယ်လူမျှ မအောင်နိုင်၊ မဆုံးမနိုင် သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့်ပြည့်စုံ၏။

၉ ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။

၁၀ နှုတ်တပါးတည်းအထဲက၊ ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ် ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။

၁၁ စမ်းရေ ပေါက်တပေါက်တည်းအထဲက ချိုသောရေနှင့် ခါးသောရေ ထွက်တတ် သလော။

၁၂ ငါ့ညီအစ်ကိုတို့၊ သင်္ဘော သဖန်းပင်သည် သံလွင်သီးကိုသီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီး ကိုသီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။

၁၃ သင်တို့တွင်အတတ် အလိမ္မာနှင့်ပြည့်စုံသောပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့ သိမ်မွေ့ခြင်းတကွ၊ ကောင်းမြတ်သောကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။

၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွား ကြနှင့်။

၁၅ ထိုသို့သောပညာ သည်အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိ ပညာ၊ နတ်ဆိုးပညာဖြစ်၏။

၁၆ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။

၁၇ အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညှင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်င်း၊ ကောင်းကျိုးနှင့်င်းပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။

၁၈ အသင့်အတင့်နေခြင်းငှါ ပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာကြဲတတ်ကြ၏။



Chapter 4

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၎

၁ သင်တို့တွင်စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းအကြောင့်ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာ ကာမစိတ်ကြောင့်ဖြစ်သည်မဟုတ်လော။

၂ သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။

၃ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။

၎ မတရားသော မေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက်ဖြစ်သည်ကိုမသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။

၅ ကျမ်းစာချက်အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍င်း၊ ငါတို့၌တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည် ဟူ၍ င်းထင်ကြသလော။

၆ ထိုဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကိုပြု တော်မူ၏။ ထိုသို့နှင့် အညီကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသော သူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။

၇ ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြု လျှင်၊ သူသည်သင်တို့ထံက ပြေးသွားလိမ့်မည်။

၈ ဘုရားသခင့်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူ လိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကိုစင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသော သူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။

၉ ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေး မြည်းတမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်းဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်း ကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။

၁၀ ဘုရားသခင့် ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကိုမြှောက်တော်မူလိမ့်မည်။

၁၁ ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကို မပြုကြနှင့်။ ညီအစ်ကိုချင်းကိုကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကိုကဲ့ရဲ့၏။ တရား၌ အပြစ်ရှိသည်ဟု စီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကိုစစ်ကြော စီရင်သောသူဖြစ်၏။

၁၂ ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူတပါးတည်းရှိတော်မူ၏။ ထိုသူသည်ကယ်တင်ခြင်းငှါင်း၊ ဖျက်ဆီးခြင်းငှါင်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြော စီရင်သော သင်သည်ကား အဘယ်သူနည်း။

၁၃ ယနေ့နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။

၁၄ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။

၁၅ ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။

၁၆ ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏ ထိုသို့ သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။

၁၇ ထိုကြောင့်၊ ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေ သောသူသည် အပြစ်ရှိ၏။



Chapter 5

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၅

၁ အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခ ဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။

၂ သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။

၃ ရွှေငွေလည်း အချေးတက်၍ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေ ဖြစ်၍ မီးကဲ့သို့သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ ဘဏ္ဍာကိုဆည်းဖူး ကြပြီတကား။

၎ နားထောင်ကြ။ သင်တို့ လယ်ကွင်း၌ ရိတ်သောသူတို့ကို လှည့်စား၍ အခမပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။

၅ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ၊ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကိုမွေးမြူကြပြီ။

၆ ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကိုမဆီးတား။

၇ ထိုကြောင့်၊ ညီအစ်ကိုတို့၊ ဘုရားသခင်ကြွလာတော် မူသည်တိုင်အောင် သည်းခံလျက်စောင့်နေ ကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုဃ်း၊ နောက်မိုဃ်းကို ရသည်တိုင်အောင်၊ အဘိုးထိုက်သောမြေအသီး ကိုသည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။

၈ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ် နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသော အချိန် ရောက်လုနီးပြီ၊

၉ ညီအစ်ကိုတို့၊ စစ်ကြောစီရင် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါး နားမှာရှိတော်မူ၏။

၁၀ ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဆင်းဒုက္ခတွြေ့ခင်း၊ သည်းခံခြင်း၏ ပုံသက်သေကိုပြကြပြီဟု မှတ်ကြလော့။

၁၁ သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရား သည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။

၁၂ ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံ ကိုတိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန် ကြနှင့်။ အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။

၁၃ သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်စေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ။

၁၄ နာသောသူရှိလျှင်၊ သင်းအုပ်တို့ကိုခေါ်၍ သူတို့သည်သခင်ဘုရား၏ နာမတော်ကိုအမှီပြုလျက်၊ လူနာကိုဆီနှင့် လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။

၁၅ ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။

၁၆ အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြ လော့၊ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုး ပါ၏။

၁၇ ဧလိယသည် ငါတို့ကဲ့သို့ လောကဒဏ်တရား၌ ကျင်လည်သောသူဖြစ်သော်လည်း၊ မိုဃ်းမရွာမည်အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုဃ်းမရွာဘဲနေ၏။

၁၈ တဖန် ဆုတောင်း သောအခါ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။

၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊

၂၀ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုန်းအုပ်တတ်သည်ဟု ထိုသူသည်သိမှတ်စေ။



AMAZING GRACE BIBLE INSTITUTE