2 Peter Burmese Bible

you will need the zawgyi-one font >> HERE <<



ရှင်ပေတရုသြဝါဒစာဒုတိယစောင်


ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၁

၁ ယေရှုခရစ်၏ကျွန် တမန်တော်ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကိုငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကိုရသောသူ တို့အား ကြားလိုက်ပါ၏။

၂ ဘုရားသခင်ကိုင်း၊ ငါတို့သခင်ယေရှုကိုင်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူး တော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များ ပြားပါစေသော။

၃ ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဥာဏ်အားဖြင့်၊ ငါ့တို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။

၎ ထိုသို့သော အားဖြင့်လည်း အလွန်ကြီးမြတ်၍အဘိုးထိုက်သော ဂတိများ ကို ငါတို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီ တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကိုဆက်ဆံရသော သူဖြစ်ကြမည်အကြောင်း တည်း။

၅ ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌သီလကိုင်း၊ သီလ၌ပညာကိုင်း၊

၆ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကိုင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုင်း၊ သည်းခံခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကိုင်း၊

၇ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။

၈ အကြောင်းမူကား၊ ထိုပါရမီ တို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင် ယေရှုခရစ်ကိုသိကျွမ်းခြင်း၌ မပျင်းမရိစေခြင်းငှါင်း၊ အကျိုးမဲ့မဖြစ်စေ ခြင်းငှါင်း ပြုပြင်တတ်ကြ၏။

၉ ထိုပါရမီနှင့်ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။

၁၀ ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲစေခြင်းငှါ သာ၍ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ် သည်ဖြစ်၍၊

၁၁ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတံ့။

၁၂ ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်း ရှိသော်လည်း၊ ဤသို့သောစကားများနှင့် သင်တို့အားအစဉ်အပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။

၁၃-၁၄ ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း ငါတည်းခိုရာတဲကို မကြာမမြင့်မှီ ငါပစ်သွား ရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ်ကာလပတ်လုံး၊ သင်တို့ကိုသတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။

၁၅ ထိုမှတပါး၊ ငါစုတေ့သည်နောက်၊ သင်တို့သည်ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစားအားထုတ်မည်။

၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုင်း၊ ကြွလာတော်မူခြင်းကိုင်း၊ သင်တို့အားကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူဖြစ်ကြ၏။

၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကိုခံရတော်မူ၏။

၁၈ ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသော အခါကြားရကြ၏။

၁၉ ထိုမှတပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တတ်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။

၂၀ ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။

၂၁ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ဟော ပြောကြ၏။



Chapter 2

ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၂

၁ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆြွာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆြွာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကိုဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကိုရောက်စေသော မိစ္ဆြွာဆရာတို့သည် သင်တို့တွင်ရှိကြ လိမ့်မည်။

၂ သူတို့ညစ်ညူးသောအကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာ တရားလမ်းအသရေသည် ပျက်စီးလိမ့်မည်။

၃ သူတို့သည် လောဘလွန်ကျူးလျက်ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ် ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွှဲ၊ သူတို့ဖျက်ဆီးခြင်း သည်လည်း အိပ်၍မပျော်။

၎ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှါချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။

၅ ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသောနောဧနှင့် လူခုနှစ်ယောက် တို့ကို စောင့်မတော်မူ၍၊ ဘုရားကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။

၆ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့်နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ၏။

၇ ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကိုခံရသောသူ၊ ဖြောင့်မတ်သောလောဘကို ကယ်နှုတ်တော်မူ၏။

၈ ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင်နေစဉ်အခါ၊ သူတို့၏ မတရားသောအမှု များကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။

၉-၁၀ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကိုစုံစမ်းနှောင့်ရှက်ခြင်း အထဲကကယ်နှုတ်ခြင်းငှါင်း၊ မတရား သောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ ညစ်ညူးသောတပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလို သို့လိုက်၍၊ အာဏာစက် ကိုမထီမဲ့မြင်ပြုသောသူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရား ဆုံးဖြတ်သောနေ့အဘို့ ချုပ်ထားခြင်းငှါင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။

၁၁ ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ။

၁၂ သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဘို့ရာ ဖန်ဆင်းသော တိရစ္ဆာန် သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သော အရာကိုကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျက်စီးခြင်းသို့ရောက်၍၊ မတရားသောအမှု၏ အပြစ်ကိုခံရကြလိမ့်မည်။

၁၃ နေ့အချိန်၌ ပင်လွန်ကျူးစွာကာ မဂုဏ်ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာကာမဂုဏ်ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက်ဖြစ်ကြ၏။

၁၄ သူတို့သည် သူ့မယားကိုပြစ်မှားသော ကိလေသာနှင့်ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကိုမပြုဘဲမနေနိုင်ကြ။ စိတ်နှလုံး မတည်ကြည်သော သူတို့ကိုအပြစ်သို့ သွေးဆောင် တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။

၁၅ ဖြောင့်မတ်သော လမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏ သားဗာလမ်၏ လမ်းကိုလိုက် ကြ၏။

၁၆ ထိုဗာလမ်သည် မတရားသောအမှု၏ အခကိုတပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့ နည်းဟူမူကား၊ စကားမပြောနိုင်သောမြည်းသည် လူဘာသာအားဖြင့်မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်း ကိုမြစ်တားလေ၏။

၁၇ ထိုသူတို့သည် ရေမရှိသောရေတွင်းကဲ့သို့င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့င်း ဖြစ်ကြ၏။ သူတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။

၁၈ အကြောင်းမူကား၊ မှားယွင်းခြင်း၌ကျင်လည်သော သူတို့အထဲကပြေးထွက်လုသော သူတို့ကို၊ ထောင်လွှားသော အချည်းနှီး စကားပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။

၁၉ လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ်၏။

၂၀ ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက် သာ၍ဆိုး၏။

၂၁ ဖြောင့်မတ်ခြင်း တရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။

၂၂ ခွေးသည် မိမိအန်ဖတ်ကိုပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှရွံ့တွင်လူးပြန်၏ဟု မှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။



Chapter 3

ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၃

၁ ချစ်သူတို့၊ ဤဒုတိယသြဝါဒစာကိုသင်တို့အား ယခုငါရေး၍ပေးလိုက်၏။

၂ သန့်ရှင်းသော ပရောဖက် တို့သည် အထက်ကဟောပြောသော စကားများကိုင်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သောငါ တို့၏ ပညတ်ကိုင်း၊ သင်တို့သည်အောက်မေ့စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသောစိတ်ဝိညာဉ်တို့ကို ငါသတိပေး၍ နှိုးဆော်၏။

၃ ရှေ့ဦးစွာ သိမှတ်အပ်သော အရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊

၎ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။

၅ ရှေးကာလ၌ မိုဃ်းကောင်းကင်ကိုင်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊

၆ ဖြစ်ဘူးသော လောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြ‡ုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။

၇ ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။

၈ ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့င်း၊ အနှစ်တထောင်သည်တရက် ကဲ့သို့င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။

၉ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။

၁၀ သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။

၁၁-၁၂ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။

၁၃ ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။

၁၄ ထိုသို့မြော်လင့်ခြင်း ရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍အဘယ်အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ် ကြလော့။

၁၅ ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အားရေး၍ ပေးလိုက်သော စာ၌င်း၊ သူသည်ဤအရာများကို ပြော၍စီရင်သော သြဝါဒစာရှိသမျှတို့၌င်း ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။

၁၆ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူ တို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကိုမှောက်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။

၁၇ သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင် ရာသို့လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကိုသိနှင့် ပြီဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။

၁၈ ကျေးဇူးတော်၌၄င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌၄င်း ကြီးပွါးကြလော့။ ထိုသခင်သည်ယခုမှစ၍ ထာဝရနေ့ရက် ကာလပတ်လုံး ဘုန်းအသရေရှိတော်မူစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE