Colossians Myanmar bible

you will need the zawgyi-one font >> HERE <<



ကောလောသဲသြဝါဒစာ

ကောလောသဲသြဝါဒစာ အခန်းကြီး ၁

၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊

၂ ကောလောသဲမြို့၌ နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တ်ာကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက် ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

၃-၅ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်င်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်င်း၊ သင်တို့အဘို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။

၆ ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။

၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်းဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရား သခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသော နေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။

၈ သင်တို့၌ရှိသော ဝိညာဉ်ပကတိ မေတ္တာကို ဧပဖြသည် ငါတို့အား ပြခဲ့ပြီ။

၉-၁၁ ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍ သင်တို့အဘို့အလိုငှါ အစဉ်မပြတ် ဆုတောင်းပဌနာ ပြုလျက်နေကြ၏။ ဆုတောင်းသောအချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွားခြင်းရှိသဖြင့်င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံသဖြင့်င်း၊ ခမည်းတော် ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍ အရာရာ၌ နှစ်သက်တော်မူ စေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်း ပဌနာပြ၏။

၁၂ အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည် အကြောင်း ကျေးဇူးပြုတော်မူ၏။

၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။

၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။

၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။

၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋိအမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်င်း၊ ထိုသခင်အဘို့ အလိုငှါင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။

၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။

၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။

၁၉ အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါင်း၊

၂၀ လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါင်း အလိုရှိတော်မူ၏။

၂၁ အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓြွာတော်၌ အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။

၂၂-၂၃ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။

၂၄ ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓြွာ၌ ပြည့်စုံစေ၏။

၂၅-၂၆ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်း သူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကိုထောက်၍၊ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော် နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏အဖြစ်သို့ ရောက်ရပြီ။

၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲ သောအရာနှင့်ဆိုင်သော အဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်း ဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။

၂၈ ခရစ်တော်အားဖြင့် လူတိုင်း စုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။

၂၉ ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။



Chapter 2

ကောလောသဲသြဝါဒစာ အခန်းကြီး ၂

၁ သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်၊

၂ မေတ္တာ ချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆြွာနှင့် ကင်းစင်သော ဥာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက် ကြီးသောတိုက်လှန် ခြင်းကိုငါခံရသည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။

၃ ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍရှိသမျှတို့ သည် ဝှက်ထားလျက်ရှိကြ၏။

၎ အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏။

၅ ငါသည်ကိုယ်ခန္ဓြွာ အားဖြင့် သင့်တို့နှင့်ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုင်း၊ ခရစ်တော်၌ ခိုင်ခံစွာယုံကြည်သည်ကိုင်း မြင်လျှင်ဝမ်းမြောက်ခြင်းရှိ၏။

၆-၇ ထို ကြောင့် သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည် ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့် တကွယုံကြည်ခြင်းတိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ကျင်လည်ကြလော့။

၈ ခရစ်တော်၏ တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှမလုယူ မဖျက်မဆီးစေခြင်းငှါ သတိ ပြုကြလော့။

၈ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ် ထင်ရှား၍ကျိန်းဝပ်တော်မူ၏။

၁၀ အထွဋိအမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသောထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။

၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊

၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။

၁၃ ဒုစရိုက်အပြစ်၌င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌င်း သေလျက်ရှိနေ သော သင်တို့ကိုခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏။

၁၄ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။

၁၅ အထွဋိအမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။

၁၆ ထိုကြောင့်စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။

၁၇ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။

၁၈ ဦးခေါင်းတော်ကိုအမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီး ထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌င်း၊ ကောင်းကင်တမန်ကို ကိုးကွယ် ခြင်း၌င်း မွေ့လျော်သောသူ တစုံတယောက်မျှသင်တို့ဆုကို မလုယူစေနှင့်။

၁၉ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များ အားဖြင့်၊ အားဖြည့်၍ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့် အညီကြီးပွါး တတ်၏။

၂၀ သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊

၂၁ မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့် ဟူသော ပညတ်စကားကိုလောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့်နားထောင်ကြ သနည်း။

၂၂ လူတို့၏ပညတ်သြဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။

၂၃ ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကိုဝပြောစွာကျွေးမွေးခြင်းနှင့် မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကိုနှိပ်စက်ခြင်းနှင့် ဆိုင်၍၊ ပညာရှိယောင် ဆောင်ကြ၏။



Chapter 3

ကောလောသဲသြဝါဒစာ အခန်းကြီး ၃

၁ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။

၂ မြေကြီး ပေါ်မှာရှိသောအရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်း ခြင်းရှိကြလော့။

၃ အကြောင်းမူကား၊ သင်တို့သည်သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက် ထားလျက်ရှိ၏။

၎ ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင် နှင့် အတူဘုန်းကြီး၍ ထင်ရှားကြလတ္တံ။

၅ ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။

၆ ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူတို့ အပေါ်၌ သင့်ရောက်ပေ၏။

၇ ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဘော်သော အခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။

၈ ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကိုင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက် အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်း တို့ကိုင်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။

၉ အချင်းချင်းမုသာ စကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊

၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ် ဆောင်သောသူ ဖြစ်ကြ၏။

၁၁ ထိုဖန်ဆင်းပြုပြင် တော်မူရာ၌ ဟေသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာ ခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည်အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။

၁၂ ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။

၁၃ တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။

၁၄ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။

၁၅ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ် စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍၊ ကျေးဇူးတော် ကိုသိသောစိတ်ရှိကြလော့။

၁၆ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့ သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း ကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

၁၇ စကားပြော သော်င်း၊ အမှုဆောင်ရွက်သော်င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှု တို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။

၁၈ အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။

၁၉ အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။

၂၀ သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ်၏။

၂၁ အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည်အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

၂၂ အစေခံကျွန်တို့၊ သခင်ဘုရားကိုကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏စကားကို အရာရာ၌ နားထောင် ကြလော့။

၂၃ လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှ တို့၌ စေတနာစိတ်နှင့်ပြုကြလော့။

၂၄ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍၊ အမွေတော်တည်း ဟူသောအကျိုးကို၊ ထိုသခင်ဘုရား၏လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။

၂၅ မတရားသောအမှုကို ပြုသောသူမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏မျက်နှာကို မှတ်တော် မမူ။



Chapter 4

ကောလောသဲသြဝါဒစာ အခန်းကြီး ၎

၁ သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍၊ ဖြောင့်မတ်ခြင်းတရား၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့။

၂ ဆုတောင်းပဌာနပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။

၃ ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ်၍၊

၎ ထိုနက်နဲသောအရာကို ဟောပြောခြင်းငှါ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည်အကြောင်းကိုင်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဘော်ပြမည်အကြောင်းကိုင်း၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့။

၅ ပြင်ပလူတို့၏ မျက်နှာကို ထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။

၆ လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကား သည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။

၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏အ ကြောင်းအရာ ရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။

၈-၉ သူသည် သင်တို့၏အကြောင်းအရာများကို သိ၍၊ သင်တို့ စိတ်နှလုံးကို သက်သာစေခြင်းငှါ၊ ထိုသူကိုင်း၊ သင်တို့အထဲကဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ သြနေသိမ်ကိုင်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။ သူတို့သည် ဤမြို့၌ ဖြစ်သမျှသောအကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့် မည်။

၁၀ ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏တူမာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။

၁၁ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဘို့ ငါနှင့် အတူ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။

၁၂ သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည်စုံလင်လျက်၊ ဘုရားသခင်၏အလိုတော်ကို အကုန်အစင်လေ့ ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ် ကြိုးစား၍ ဆုတောင်းတတ်၏။

၁၃ သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီး သည်ဟု ငါသည် သူ၏သက်သေဖြစ်၏။

၁၄ ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက် ကြ၏။

၁၅ လောဒိကိမြို့၌ရှိသော ညီအစ်ကိုတို့ကိုင်း၊ နုံဖမှစ၍ သူ၏အိမ်၌ရှိသော အသင်းတော်ကိုင်း နှုတ်ဆက်ကြလော့။

၁၆ ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့။

၁၇ အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏ အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့။

၁၈ ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့်ရေးထား၏။ ငါခံရသောချည် နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE