you will need the zawgyi-one font >> HERE <<ဗျာဒိတ်ကျမ်းဗျာဒိတ်ကျမ်း အခန်းကြီး ၁၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။၂ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။ ၃ ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကား ကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၄ ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်ကင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံကင်း၊ ၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ ၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌င်း၊ ယဇ်ပုရောဟိတ် အရာ၌င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။ အာမင်။ ၇ ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော် ကြောင့် ငိုကြွေးမြည်းတမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ၈ ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ ဟု အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင်ဘုရားသခင်မိန့်တော်မူ၏။ ၉ ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကိုင်း၊ သည်းခံတော်မူခြင်းကိုင်း၊ သင်တို့နှင့် အတူဆက်ဆံ သောအဘော်အဘက်၊ သင်တို့အစ်ကိုငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊ ၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော် ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌မြည်သော အသံကြီးကိုကြား၏။ ၁၁ မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကိုစာစောင် ၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော် ခုနစ်ပါးထံသို့ပေးလိုက်လော့ဟု ဆိုသတည်း။ ၁၂ ထိုသို့ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင်းငှါ ငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံး ကိုင်း၊ ၁၃ ထိုမီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကိုင်း၊ မြင်၏။ ထိုသူသည်ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။ ၁၄ ခေါင်းတော်နှင့် ဆံပင်တော်သည်ဖြူသော သိုးမွေးကဲ့သို့င်း၊ မိုဃ်းပွင့်ကဲ့သို့င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ၁၅ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့ဖြစ်၏။ ၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံး ကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျင်ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့်ထွန်းတောက် သောနေကဲ့သို့ဖြစ်၏။ ၁၇ ထိုသူကို ငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်တော် ကိုငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ ၁၈ အသက်ရှင် သော သူလည်းဖြစ်၏။ ငါသည်အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသောအရာတို့ကိုင်း၊ ယခုရှိသောအရာတို့ကိုင်း၊ နောင်ဖြစ်လတံ့သော အရာတို့ကိုင်းရေးထားလော့။ ၂၀ ငါ့လက်ျာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန်ဖြစ်ကြ၏။ Chapter 2 ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁ ဧဖက်မြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ လက်ျာလက်၌ ကြယ်ခုနစ်လုံးကို ကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့် ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။၂ သင်သည်မတရားသော သူတို့ကိုလက် မခံနိုင်ကြောင်းကိုင်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကိုစစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုင်း၊ ၃ ခန္တီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ ကြောင်းကိုင်းငါသိ၏။ ၄ သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။ ၅ ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသောအကျင့်ကို ကျင့်လော့။ သို့မဟုတ်သင်ရှိရာ သို့ငါသည်အလျင် အမြန်လာ မည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှ ရွေ့မည်။ ၆ သို့သော်လည်း၊ ငါမုန်းသော နိကောလတပည့် တို့၏ အကျင့်ကိုသင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။ ၇ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ထိုသူသည်ငါ၏ ဘုရားသခင် ပရဒိသု ဥယျာဉ်၌ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ ငါအခွင့်ပေးမည်။ ၈ စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ တည်းဟူသော၊ အရင်သေ၍အသက်ရှင်လျက်ရှိသောသူ၏ အမိန့်တော်ကား၊ ၉ သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကိုငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်းရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။ ၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ ၁၁ိညာဉ်တော်သည် အသင်းတော်တို့အားအဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည်မညှဉ်းဆဲရ။ ၁၂ ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ ထက်သောသန်လျက်ရှိ သောသူ၏ အမိန့်တော်ကား၊ ၁၃ သင်အကျင့်ကျင့်ခြင်းကိုင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာအရပ်တည်းဟူသော သင်၏နေရာအရပ်ကိုင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင်အသေသတ်ခြင်းကို ခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏ နာမကိုစွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကိုမစွန့်မပယ်။ ၁၄ သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါင်း၊ မတရားသောမေထုန်ကိုပြုစေခြင်းငှါင်း၊ ထိမိ၍လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏ နေရာ၌ရှိကြသည် ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။ ၁၅ ထိုအယူနှင့် သဘောတူသောနိကောလတပည့်တို့၏ အယူကိုစွဲလမ်းသော သူတို့သည် ထိုနည်းတူသင်၌ ရှိကြ၏။ ၁၆ ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ ငါသည်အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။ ၁၇ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည်အောင်မြင်၏၊ ဝှက်ထားသောမန္နကိုင်း၊ ကျောက်ဖြူလက် ဖွဲ့ကိုင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကိုင်း ထိုသူအားငါပေးမည်။ ထိုကျောက်ကိုရသောသူမှ တပါးအဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ။ ၁၈ သွာတိရမြို့၌ရှိသောအသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်င်း၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊ ၁၉ သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကိုင်း နောက်ကျင့်သော အကျင့်တို့သည် အရင်ကျင့်သော အကျင့်ထက်သာ၍ များကြောင့်ကိုင်း ငါသိ၏။ ၂၀ သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကိုပြုစေခြင်းငှါင်း၊ ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါင်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ် သောသင်၏ခင်ပွန်းယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည် ပေးသောကြောင့်၊ သင်၌အပြစ်တင်စရာရှိ၏။ ၂၁ နောင်တရသင့်သော ကာလကို ငါပေးသော်လည်း၊ သူသည်မိမိမတရားသော မေထုန်ကို နောင်တရချင်သောစိတ်မရှိ။ ၂၂ ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ ငါချထားမည်။ သူနှင့် အတူမတရားသောမေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တ မရသော သူတို့ကိုလည်း၊ ကြီးစွာသောဆင်းရဲခြင်းသို့ ရောက်စေမည်။ ၂၃ သူ၏သား သမီးတို့ကိုလည်း အသေသတ်မည်။ ငါသည်နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူဖြစ်ကြောင်းကို၊ ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကိုငါပေးမည်။ ၂၄ ထိုမိစ္ဆြွာဒိဌိအယူကို ယူသောသူတို့ခေါ်ဝေါ်သည်နှင့် အညီ၊ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်သော အရာတို့ကိုမကျွမ်း၊ ထိုမိစ္ဆြွာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကိုငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင်စွဲကိုင်ကြလော့။ ၂၅ ထိုမှတပါးအခြားသောဝန်ကို သင်တို့ အပေါ်၌ ငါမတင်။ ၂၆ အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏၊ ငါ့ခမည်းတော် သည် ငါ့အားအခွင့်ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည်အခွင့်ပေးမည်။ ၂၇ ထိုသူသည် သူတို့ကိုသံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။ ၂၈ မိုဃ်းသောက်ကြယ် ကိုလည်း ထိုသူအားငါပေးမည်။ ၂၉ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကားကြားပါစေ။ Chapter 3 ဗျာဒိတ်ကျမ်း အခန်းကြီး ၃၁ သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက် ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။၂ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍သေလုသော အရာတို့ကို ပြုစုလော့။ သင်၏ အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကိုငါတွေ့ပြီး။ ၃ ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည် အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့သင်ရှိသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။ ၄ သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေ သောသူနည်းနည်း ရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သော သူဖြစ်၍၊ အဖြူဝတ်လျက်ငါနှင့် အတူသွားလာကြလိမ့် မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကိုဝတ်ဆင်လိမ့်မည်။ ၅ ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌င်း၊ သူ၏နာမကိုငါဝန်ခံမည်။ ၆ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ ၇ ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန် သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင်ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား၊ ၈ သင်၏ အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အား ရှိသည်နှင့်၊ ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။ ၉ ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူဖြစ်ယောင် ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကိုပြောသောသူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပြပ်ဝပ်စေခြင်းငှါင်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှါင်း ငါပြုမည်။ ၁၀ သင်သည်ငါ၏ သည်းခံခြင်းနှင့်စပ်ဆိုင် သော နှုတ်ကပတ် တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သောစုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ၁၁ ငါသည်အလျင် အမြန်လာမည်။ သင်၏သရဖူကို အဘယ်သူမျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာကိုစွဲကိုင်လော့။ ၁၂ အကြင်သူ သည် အောင်မြင်၏၊ ထိုသူကိုငါသည်ငါ၏ဘုရားသခင့် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင့်နာမတော်ကိုင်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်း ဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုင်း၊၊ ငါ၏နာမသစ်ကိုင်း၊ ထိုသူအပေါ်၌ငါသည် အက္ခရာတင်မည်။ ၁၃ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ ၁၄ လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျ သတ္တဝါတို့အထွဋိ၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊ ၁၅ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ၏။ ၁၆ ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ ၁၇ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်း စည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ ၁၈ သင်သည် ဥစ္စာရတတ် ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကိုင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။ ၁၉ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။ ၂၀ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ ၂၁ ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။ ၂၂ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ Chapter 4 ဗျာဒိတ်ကျမ်း အခန်းကြီး ၄၁ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြော လျက်ရှိသော တံပိုးခရာသံ ကဲ့သို့မြည်လေ၏။၂ ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူ လည်းရှိ၏။ ၃ ထိုသူ၏အဆင်း အရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊ မြကျောက်အဆင်း အရောင်နှင့်တူသော သက်တံ့ရှိ၏။ ၄ ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင်နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် ထိုင်နေကြ၏။ ၅ ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနှစ်ပါးတည်းဟူသော မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။ ၆ ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့်တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌င်း၊ ပတ်ဝန်းကျင်၌င်း၊ မျက်စိနှင့်တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။ ၇ ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိ သော ရွှေလင်းတနှင့်တူ၏။ ၈ ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ ဟု နေ့ညဥ့်မပြတ်ငြိမ်၍မနေဘဲ ပြောဆိုကြ၏။ ၉ ပလ္လင်ပေါ်မှာထိုင်၍၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုကိုးကွယ်လျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာ တို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုး တော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။ Chapter 5 ဗျာဒိတ်ကျမ်း အခန်းကြီး ၅၁ ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။၂ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက်သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ၃ ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင် ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည်များစွာ ငိုကြွေးလေ၏။ ၄ ထိုအခါ အသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုင်း၊ ၅ တံဆိပ်ခုနှစ်ချက် တို့ကိုင်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။ ၆ ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သောဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။ ၇ သူသည် လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏လက်ျာလက်မှစာစောင်ကို ခံယူလေ၏။ ၈ ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကိုင်း၊ စောင်းတို့ကိုင်း၊ အသီးသီး ကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ ၉ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်း တို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌ င်း၊ ယဇ်ပုရောဟိတ်အရာ၌င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။ ၁၁ ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေိသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏။ ၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသောသိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့် ပြောဆိုကြ၏။ ၁၃ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။ ၁၄ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။ Chapter 6 ဗျာဒိတ်ကျမ်း အခန်းကြီး ၆၁ သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံမြည် သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။၂ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကိုပေးတော်မူ၏။ အောင်မြင်လျက်င်း၊ အောင်မြင်ခြင်းငှါ င်းထွက်သွား၏။ ၃ ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၄ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကိုမြေကြီးက ရုပ်သိမ်းခြင်းငှါင်း၊ မြေကြီးသားတို့ကို အချင်းချင်းအ သေသတ်စေခြင်းငှါင်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။ ၅ တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူ သည် ချိန်ခွင့်ကိုကိုင်၏။ ၆ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန်သုံးခွက်ကိုရ၏။ ဆီနှင့် စပျစ်ရည်ကိုမပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။ ၇ စတုတ္တတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္တသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကိုငါကြား၏။ ၈ ထိုအခါ ငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက် သို့လိုက်လေ၏။ သူသည် မြေကြီးလေးစိတ်တစိတ်ကို အစိုး၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သောအခွင့်ကိုရ၏။ ၉ ပဉ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်းင်း၊ မိမိတို့သက်သေခံချက် ကြောင်းင်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ ၁၀ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့အသွေးကိုသွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ ၁၁ ထိုသူတို့၌ဖြူသောဝတ်လုံကိုပေးတော်မူ၏။ သူတို့နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည်ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာနေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။ ၁၂ ဆဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည်အသွေးကဲ့သို့ဖြစ်၏။ ၁၃ သင်္ဘောသဖန်းပင်ကို ပြင်းစွာသောလေတိုက်လျှင်၊ အချိန်မတန်သောအသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ ၁၄ မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။ ၁၅ လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။ ၁၇ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။ Chapter 7 ဗျာဒိတ်ကျမ်း အခန်းကြီး ၇၁ ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌လေမလာ စေခြင်းငှါ၊ ကောင်းကင်တမန်လေးပါး တို့သည် မြေ၏လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။၂ အသက်ရှင် တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာက တတ်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန် လေးပါးကိုအသံလွှင့်၍၊ ၃ ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။ ၄ တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေတွက်ကိုငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွှယ်ထဲက လူတသိန်း လေးသောင်းလေး ထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။ ၅ ယုဒအမျိုးထဲက တသောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲကတသောင်း နှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်း နှစ်ထောင်။ ၆ အာရှာအမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှည်အမျိုးထဲက တသောင်းနှစ်ထောင်၊ ၇ ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိအမျိုးထဲကတသောင်းနှစ်ထောင်၊ ဣသခါ အမျိုးထဲက တသောင်းနှစ်ထောင်၊ ၈ ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်း နှစ်ထောင်၊ ဗင်္ယာမိန်အမျိုးထဲက တသောင်းနှစ် ထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။ ၉ ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကို ပြောသောလူမျိုးအနွှယ် ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသော ဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံ ခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ ၁၀ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေ သတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ ၁၁ ပလ္လင်တော်မှစသောအသက်ကြီးသူတို့နှင့် သတ္တဝါ လေးပါး၏ ပတ်ဝန်ကျင်၌ ရပ်နေသောကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာပြပ်ဝပ်၍ ဘုရားသခင်ကိုကိုးကွယ်လျက်၊ ၁၂ အာမင်။ ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော် မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။ ၁၃ အသက်ကြီးသူတပါးကလည်း၊ ဖြူသောဝတ်လုံကိုဝတ်ဆင်သော ဤသူတို့သည်အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်း ဟုငါ့အားမေးမြန်လျှင်၊ ၁၄ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေးလျှော်၍ ဖြူစေသော သူဖြစ်ကြသတည်း။ ၁၅ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကို နေ့ညဥ့်မပြတ်ပြုရကြ၏။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည် သူတို့တွင် ကျန်းဝပ်တော်မူမည်။ ၁၆ သူတို့သည်နောက်တဖန် ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။ ၁၇ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသောသိုး သငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူ မည်ဟု ဆိုလေ၏။ Chapter 8 ဗျာဒိတ်ကျမ်း အခန်းကြီး ၈၁ သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာနေကြ၏။၂ ဘုရားသခင့် ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကိုပေး၏။ ၃ ကောင်းကင်တမန် တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက်ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပဌနာနှင့် အတူဆက်ကပ်ခြင်းငှါ၊ မီးရှို့သောနံ့သာ ပေါင်း အများကို ထိုသူ၌ပေး၏။ ၄ မီးရှို့သောနံ့သာပေါင်း၏ အခိုးအငွေ့ သည်သန့်ရှင်းသူတို့၏ ပဌနာများနှင့် အတူကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့တက်လေ၏။ ၅ ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ ၆ တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိတို့ကိုပြင်ဆင်ကြ၏။ ၇ ပဌမသူသည်တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့်ရောနှောသောမီးလည်းဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသောမြက်ပင်ရှိသမျှ တို့ကိုကျွမ်းလောင်လေ၏။ ၈ ဒုတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ချ လိုက်သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။ ၉ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံး စုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။ ၁၀ တတိယကောင်းကင်တမန်သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သောကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသိုင်း၊ စမ်းရေတွင်းသို့င်း ရောက်၏။ ၁၁ ထိုကြယ်သည် ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။ ၁၂ စတုတ္တ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဥ့်သုံးစုတစုသည် အလင်းမရှိ၊ ၁၃ ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတကောင်က၊ ကြွင်းသေး သောကောင်ကင်တမန်သုံးပါး မှုတ်လုလတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂရှိကြ၏ ဟုကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။ Chapter 9 ဗျာဒိတ်ကျမ်း အခန်းကြီး ၉၁ ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည် ကိုငါမြင်၏။ သူ၌အနက်ဆုံးသောတွင်း၏ သော့ကိုအပ်ပေးသည်ဖြစ်၍၊၂ သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတတ်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ ၃ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်း မြီးကောက် တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။ ၄ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည် အကြောင်းသူတို့အားပညတ် ထား၏။ ၅ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကားသတ်ရသောအခွင့်မရှိ။ ငါလပတ်လုံးပြင်းစွာသော ဝေဒနာဖြစ်စေ သောအခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။ ၆ ထိုနေ့ရက်ကာလ၌လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ အလွန်သေချင် သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ ၇ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဌာန်နှင့်တူ၏။ ခေါင်း ပေါ်မှာ ရွှေသရဖူကိုဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ၈ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်းခြင်္သေ့သွားကဲ့သို့ဖြစ်၏။ ၉ ရင်အုပ်တန်ဆာသည် သံရင်အုပ် တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ် သော အသံသည် စစ်တိုက်၍ပြေးလာသော မြင်းရထား အများ၏ အသံကဲ့သို့ ဖြစ်၏။ ၁၀ အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်းဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံးညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ ၁၁ သူတို့၏ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသော တွင်းတမန်ဖြစ်၏။ ၁၂ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာနှစ်ပါးလာလေဦးမည်။ ၁၃ ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်း ထဲကထွက်သော အသံကား၊ ၁၄ ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန် လေးပါးကိုလွှတ်လော့ ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ၁၅ ထိုအခါ လူသုံးစု တစုကိုအသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ပြင်ဆင် သောကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ ၁၆ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ ၁၇ ထိုအတူဗျာဒိတ်ရူပါရုံ၌ထင်ရှားသောမြင်းတို့ကိုင်း၊ ကန့်၊ မီး၊ ဝှါကိသုကျောက်နှင့် ပြီးသောရင်အုပ်တန်ဆာ ရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ ၁၈ သူတို့၏ ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။ ၁၉ အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဉ်းဆဲတတ်ကြ၏။ ၂၀ ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည်နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုင်း မကိုးကွယ်ဘဲနေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကိုနောင်တမရဘဲနေကြ၏။ ၂၁ ကိုယ်ကျင့်သော အကျင့်တည်း ဟူသောလူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှုများကိုလည်နောင်တ မရဘဲနေကြ၏။ Chapter 10 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀၁ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌သက်တံ့ရှိ၏။ သူ၏မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။၂ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည် ပင်လယ်ပေါ်မှာင်းး၊ လက်ဝဲခြေသည်မြေကြီးပေါ် မှာင်းနင်း၍၊ ၃ ခြသေ့င်္ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက် မြည်လေ၏။ ၄ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည် ဟုအားထုတ်သော်၊ ကောင်းကင်မှထွက် သောအသံကား၊ မိုဃ်းကြိုးသံခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟု ဆိုသည် ကိုငါကြား၏။ ၅ ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသောကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊ ၆-၇ ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထား တော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။ ၈ ငါကြားရသောကောင်းကင်အသံသည် တဖန်ငါ့အားပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသောစာစောင်ငယ်ကို သွား၍ယူလော့ဟု ဆိုလျှင်၊ ၉ ငါသည်ကောင်းကင်တမန် ထံသို့သွား၍ စာစောင်ငယ်ကိုပေးပါဟုတောင်း၏။ သူကလည်းယူ၍ စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟု ဆိုလျှင်၊ ငါသည်စာစောင်ကို ကောင်းကင်တမန်၏ လက်မှယူ၍စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။ ၁၀ ကောင်းကင်တမန်ကလည်း၊ သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌င်း၊ ရှင်ဘုရင်တို့၌င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။ Chapter 11 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၁၁ တဖန်တုံ လှံတံနှင့် တူသောကျူပင်တလုံးကို ငါ့အားပေး၍ ငါ့ကိုပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ဗိမာတော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။၂ ဗိမာန်တော် တန်တိုင်းကိုမတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။ ၃ ငါ၏ သက်သေခံ နှစ်ပါးကိုငါအခွင့်ပေးမည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်လျက်၊ အရက်တထောင်နှစ်ရာ ခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။ ၄ ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးဖြစ်သတည်း။ ၅ တစုံတယောက်သောသူသည် သူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို၏ခံတွင်းထဲက မီးထွက်၍ ရန်သူတို့ကိုမျိုတတ်၏။ တစုံတယောက်သောသူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့အသေသတ်ခြင်းကို ခံရမည်။ ၆ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာ စေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေရသောအခွင့်၊ မိမိတို့ အလိုရှိ သမျှသောအခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသောအခွင့်ကို ရကြ၏။ ၇ သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲကတက်သော သားရဲသည် သူတို့ကိုစစ် တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊ ၈ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံ တော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍င်း၊ အဲဂုတ္တုဟူ၍င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။ ၉ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ကိုမြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။ ၁၀ မြေကြီးပေါ်မှာ နေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက် ကိုတယောက် လက်ဆောင်ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာနေသော သူတို့ကို ပြင်းစွာနှောက်ရှက်ညှဉ်းဆဲကြသည်ဟု ငါ့အားပြောဆိုလေ၏။ ၁၁ ထိုနောက် သုံးရက် ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံကြ၏။ ၁၂ ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့တက်၍ ရန်သူ တို့သည် မြင်ကြ၏။ ၁၃ ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၍၊ မြို့ရိုးဆယ်စုတစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ချီးမွမ်းကြ၏။ ၁၄ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန်လာ လိမ့်မည်။ ၁၅ သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသောအသံတို့က၊ လောကီ နိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း အမBာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။ ၁၆ ဘုရားသခင့်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူနှစ်ဆယ် လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၇ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ် ကာလအစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော် မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။ ၁၈ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော် သည်လည်း ရောက်ပါပြီ။ သေလွန်သောသူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ကျွန်တည်း ဟူသော ပရောက်ဖက်တို့ အားင်း၊ သန့်ရှင်းသူတို့အားင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား င်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍၊ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီ ဟုလျှောက်ဆိုကြ၏။ ၁၉ တဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုတ်ခြင်း၊ အလုံးကြီး စွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။ Chapter 12 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂၁ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကိုဝပ်လျက်၊ လကိုခြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသောသရဖူကို ဆောင်းလျက်ပေါ်လာ၏။၂ ထိုမိန်မသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သောဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏။ ၃ ကောင်းကင်၌ အခြားသောနိမိတ် လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။ ၄ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစု တစုကိုဆွဲငင်၍ မြေကြီးသို့ ချလိုက် လေ၏။ သားကိုဘွားလုသောမိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ ၅ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားဖြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့င်း ပလ္လင်တော်သို့င်း၊ ချီယူတော်မူ၏။ ၆ မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ ၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ၈-၉ ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာန်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုင်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ၁၀ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီ အစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ ၁၁ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်င်း၊ မိမိတို့သက်သေခံချက်နှုတ်ကပတ် တရားအားဖြင့်င်း အောင်မြင်၍၊ အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ၁၂ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ ၁၃ ထိုနဂါးသည် မြေကြီးသို့ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ ၁၄ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကိုရလေ၏။ ၁၅ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြစ်ရေစီးသကဲ့သို့ ရေကို မိန်းမ နောက်၌ ထုတ်ပစ်လေ၏။ ၁၆ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကိုဖွင့်ပြီးလျှင်၊ နဂါး၏ခံတွင်းထဲကထုတ်ပစ်သော မြစ်ရေကိုမျိုလေ၏။ ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ Chapter 13 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃၁ ပင်လယ်နား၌ သဲပေါ်မှာငါရပ်၍၊ သားရဲတကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲက တက်သည်ကိုမြင်၏။၂ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုင်း ကြီးစွာ သောအာဏာစက်ကိုင်း သားရဲ၌အပ်ပေး၏။ ၃ သားရဲ၏ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသား အပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့သြကြ၏။ ၄ ထိုသားရဲ၌ အာဏာစက်ကိုအပ်ပေးသော နဂါးကိုကိုး ကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍။ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။ ၅ ထိုသားရဲသည်လည်း ကြီးစွာသောစကားကိုင်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကိုင်း ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏။ ၆ ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကိုင်း၊ ကောင်းကင်သားတို့ကိုင်း ပြစ်မှားခြင်းငှါ နှုတ်ကိုဖွင့်ထား၏။ ၇ သန့်ရှင်းသူတို့ကိုစစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကို လည်းရ၏။ ၈ ကွပ်မျက်သော သိုးသငယ်၏အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်း တို့သည် သားရဲကိုကိုးကွယ်ကြ၏။ ၉ နားရှိသောသူမည်သည်ကား ကြားပါစေ။ ၁၀ သူတပါးကို ဘမ်းဆီးယူသွားသော သူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့်သတ်တတ်သောသူသည်လည်း ကိုယ်တိုင်ထား ဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့ သည်လည်း ခံရာအကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။ ၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသားငယ်၏ချိုနှင့် တူသောချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီးထဲကထွက်သည်ကို ငါမြင်၏။ ၁၂ ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဌမသားရဲ၏ အာဏာစက် ရှိသမျှကို သုံးစွဲ၏။ သေစေသောဒဏ်ချက် ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။ ၁၃ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကိုဆင်းစေ၏။ ၁၄ ပထမသားရဲရှေ့၌ ပြပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့်ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုတ်တုကိုလုပ်စေခြင်းငှါ မြေကြီး သားတို့ကိုမှာထား၏။ ၁၅ သားရဲ၏ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့်၊ မိမိကိုမကိုးကွယ်သောသူ ရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုတ်တု၌ အသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏။ ၁၆ ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါင်း၊ ၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါင်း စီရင်၏။ ၁၈ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။ Chapter 14 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄၁ ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်း တော်၏ နာမကို နဖူး၌အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။၂ သမုဒ္ဒရာရေသံ၊ ကြီးစွာသောမိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်ကအသံကို ငါကြား၏။ ထိုသို့ငါကြားသော အသံသည် စောင်းသမား များစောင်းတီးသော အသံကဲ့သို့ဖြစ်၏။ ၃ ပလ္လင်တော်ရှေ့၌င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌င်း၊ သူတို့သည် အသစ်သောသီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်း လေးထောင်မှတပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။ ၄ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူဖြစ်ကြ၏။ သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနှုတ်၍ ဘုရားသခင် နှင့် သိုးသငယ်အဘို့ အဦးသီးသောအသီးဖြစ်ကြ၏။ ၅ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။ ၆ မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ၇ ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ၈ ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ မိမိမတရားသောမေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။ ၉ ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ၁၀ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ၁၁ ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဥ့်မပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ ၁၂ ဘုရားသခင်၏ ပညတ်တို့ကိုင်း၊ ယေရှု၏ယုံကြည်ခြင်းကိုင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ ၁၃ တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏အကျင့် တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ ဟုမိန့်တော်မူ၏။ ၁၄ တဖန် ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့်တူသော သူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဉ်ကိုကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ၁၅ ကောင်းကင် တမန် တပါးသည် ဗိမာန်တော်ထဲကထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိပ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။ ၁၆ မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။ ၁၇ ကောင်းကင် တမန်တပါးသည် ကောင်ကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်းထက်သောတံစဉ်ပါ၏။ ၁၈ မီးကို အစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သောတံစဉ်ပါသောသူကို ကြီးစွာသောကြွေး ကြော်ခြင်းနှင့် ခေါ်လျက် သင်၏ထက်သာ တံစဉ်ကို လွှတ်၍ မြေကြီး၏စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။ ၁၉ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏။ ၂၀ မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီး တလျောက်လုံး၌ မြင်းဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာ ထဲကထွက်လေ၏။ Chapter 15 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၅၁ တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင် တမန်ခုနစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။၂ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်င်း၊ သူ၏ရုပ်တုနှင့်င်း၊ သူ၏နာမအရေအတွက်နှင့်င်း၊ လွတ်၍အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ ၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကိုသီ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ ၄ အိုထာဝရဘုရား၊ ကိုယ်တော်ကို ကြာက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ ၅ ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ရှိသော ဗိမာန်တော် ကိုဖွင့်ထားပြီ။ ၆ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် စင်ကြယ်ပြောင် လက်သော ပိုက်ဆန် အဝတ်ကိုဝတ်လျက်၊ ရင်၌ရွှေရင်စည်းကိုစည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။ ၇ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော် နှင့်ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။ ၈ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်တမန်ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော် ထဲသို့ အဘယ်သူမျှမဝင်နိုင်။ Chapter 16 ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆၁ ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။၂ ပဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသောအနာစိမ်း ပေါက်လေ၏။ ၃ ဒုတိယကောင်း ကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏အသွေးကဲ့ သို့သော အသွေးဖြစ်၏။ ပင်လယ်၌သက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။ ၄ တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ င်း၊ စမ်းရေတွင်းပေါ်သို့င်း သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေးဖြစ်ကြ၏။ ၅ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည် အမှုမှာါ ဖြောင့်မတ်တော်မူ၏။ ၆ ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပရောဖက်တို့၏အသွေးကို သွန်းလောင်း ကြသည်ဖြစ်၍၊ သူတို့အားအသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။ ၇ ယဇ်ပုလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော် မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။ ၈ စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင် ရသောအခွင့်ကိုရ၏။ ၉ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေး ဒဏ်တို့ကို အစိုးပိုင် တော်မူသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်း အလိုငှါ နောင်တမရကြ။ ၁၀ ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ပလ္လင်ပေါ်သို့ သွန်းလောင်း လျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။ ၁၁ မိမိတို့ခံရသောဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။ ၁၂ ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာ ဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခမ်းခြောက်လေ၏။ ၁၃ ထိုအခါ၊ နဂါ၏ခံတွင်းထဲက င်း၊ သားရဲ၏ခံတွင်းထဲကင်း၊ မိစ္ဆြွာပရောဖက်၏ ခံတွင်းထဲကင်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။ ၁၄ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ ၁၅ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေ ကြ၏။ ၁၆ အသံတော်ကား၊ သူခိုးကဲ့သို့ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏။ ၁၇ သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ရှိသော ပလ္လင်တော်ထဲကထွက်၏။ ၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သောလက္ခ ဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသောမြေလှုပ်ခြင်းသည် မဖြစ်စဖူး။ ၁၉ မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသောမြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာ သောဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ ၂၀ အချိန်အခွက်တဆယ် ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ၂၁ ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ Chapter 17
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇
၁ ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။
|