you will need the zawgyi-one font >> HERE <<ရှင်မာကုခရစ်ဝင်ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကိုဆိုပေအံ့။၂ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ ၃ တော၌ဟစ် ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု လာသည်နှင့်အညီ၊ ၄ ယောဟန်သည် တော၌ ဗတ္တိဇံ ကိုပေးလျှက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တ နှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောလျက်ပေါ်ထွန်း၏။ ၅ ယေရှုရှလင်မြို့သားများမှ စ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည်၊ ယောဟန်ထံသို့ထွက်သွား၍ မိမိတို့အပြစ်များကို ဘော်ပြလျှက် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကိုခံကြ၏။ ၆ ယောဟန်သည် ကုလားအုတ်အမွှေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကိုစားလျက်နေ၏။ ၇ ဟောချက် စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှါ ငါမထိုက်။ ၈ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံ ကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်၌ သင်တို့ကို ဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။ ၉ ထိုအခါ ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကို ခံတော်မူ၏။ ၁၀ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊ ၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ ၁၂ ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့သွားစေတော်မူ၏။ ၁၃ အရက် လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ ၁၄ ယောဟန်သည် ထောင်ထဲသို့ရောက်သည် နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ကြွတော်မူလျှင်၊ ၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ၁၆ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အနြေ္ဒညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ ၁၇ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊ ၁၈ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။ ၁၉ ထိုမှအနည်းငယ်လွန်ပြန်လျှင်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကို နှစ်ယောက်တို့သည် လှေပေါ်မှာပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။ ၂၀ ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကို စွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။ ၂၁ ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။ ၂၂ ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။ ၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူး သောနတ်စွဲသောသူရှိ၍၊ ၂၄ သြော် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရား သခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။ ၂၅ ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ ၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့်အော်ဟစ်၍ ထွက်သွား၏။ ၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကား ဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။ ၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ် တို့၌ ချက်ခြင်းနှံ့ပြား ကျော်စောလေ၏။ ၂၉ တရားစရပ်မှထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ၏။ ၃၀ ရှိမုန်၏ ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျှင်အမြန်လျှောက်ကြ၏။ ၃၁ ကိုယ်တော် သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက် ချီကြွတော်မူသည်ခဏချင်းတွင် သူသည်အဖျား ပျောက်၍ ဧည့်သည် ဝတ်ကို ပြုလေ၏။ ၃၂ နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော် သို့ဆောင်ခဲ့၍၊ ၃၃ တမြို့လုံးသည် တံခါးနားမှာစုဝေးလျက်ရှိကြ၏။ ၃၄ အထူးထူးအပြားပြားသော အနာစွဲသော သူများ တို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မမူ။ ၃၅ နံနက်အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်း တော်မူ၏။ ၃၆ ရှိမုန်နှင့် သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊ ၃၇ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကိုရှာကြပါသည်ဟု လျှောက်ဆို၏။ ၃၈ ကိုယ်တော်ကလည်း ငါသည် နီးစပ်သော မြို့ရွာတို့၌ တရား ဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့အလိုငှါ ငါကြွလာပြီဟု မိန့်တော်မူ၏။ ၃၉ ဂါလိလဲပြည် အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။ ၄၀ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည် ဟု တောင်းပန်လေ၏။ ၄၁ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော် ကိုဆန့်၍ ထိုသူကို တို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ၄၂ ထိုသို့မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍သန့်ရှင်းခြင်းသို့ ရောက်လေ၏။ ၄၃ ယေရှုကလည်း၊ သင်သတိပြု။ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။ ၄၄ ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာ မဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ရောက်လာကြ၏။ Chapter 2 ရှင်မာကုခရစ်ဝင် အခန်းကြီး ၂၁ နောက်တနေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊၂ တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျှင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။ ၃ ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။ ၄ လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကိုဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျော့ချကြ၏။ ၅ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်း ကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အ ၆ ပြစ်ကိုလွတ်စေပြီ ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ၇ ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျုး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင် မှတပါး အဘယ်သူသည်အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။ ၈ သူတို့စိတ်ထဲမှာ ထိုသို့ထင် မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဥာဏ်အားဖြင့် ချက်ခြင်းသိတော် မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။ ၉ လက်ခြေသေသောသူအား အဘယ် စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ် ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ယာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သ လော။ ၁၀ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ၊ ၁၁ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ ၁၂ ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ယာ ကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူအပေါင်း တို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှ မမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ၁၃ နောက်တဖန် အိုင်နားသို့ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြလျှင်၊ သူတို့အား ဆုံးမသြဝါဒ ပေးတော်မူ၏။ ၁၄ လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာ တဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၁၅ ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။ ၁၆ ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။ ၁၇ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ ၁၈ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယေဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။ ၁၉ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။ ၂၀ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူဆောင်သွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ ၂၁ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖါလေ့မရှိ။ ထိုသို့ ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။ ၂၂ င်းနည်း ဟောင်းသောသားရေဘူးး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ ၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်လျက် ခရီးသွားကြ၏။ ၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊ ၂၅ ကိုယ်တော်က၊ ယဇ်ပရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊ ၂၆ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပရော ဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုစား၍ မိမိအဘော်တို့အားပေးသည် အကြောင်းကို သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။ ၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။ ၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ ၂၉ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ Chapter 3 ရှင်မာကုခရစ်ဝင် အခန်းကြီး ၃၁ တရားစရပ်သို့တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။၂ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့် ကြ၏။ ၃ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူ ပြီးမှ၊ ၄ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အားမေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ၅ ထိုအခါ အမျက်တော်နှင့် သူတို့ကိုပတ်လည်ကြည်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။ ၆ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကိုအဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။ ၇ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊ ၈ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှလာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကိုကြားလျှင် အထံတော်သို့ လာကြ၏။ ၉ လူအများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။ ၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူ သောကြောင့်၊ ရောဂါဝေဒနာနှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။ ၁၁ ညစ်ညူး သောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။ ၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။ ၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့လာကြ၏။ ၁၄ ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှါင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊ ၁၅ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါင်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊ ၁၆ ပေတရုအမည်သစ်ကိုပေးတော်မူသောရှိမုန်၊ ၁၇ မိုဃ်းကြိုးသားဟုဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊ ၁၈ အနြေ္ဒ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊ ၁၉ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထား တော်မူ၏။ ၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကိုမစားနိုင်သည်တိုင်အောင် လူများတို့သည်တဖန် စုဝေး ကြပြန်၏။ ၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်သည်ဟု ဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ၂၂ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏၊ နတ်ဆိုးမင်းကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု ဆိုကြ၏။ ၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကိုဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကိုအဘယ်သို့နှင်ထုတ်နိုင်သနည်း။ ၂၄ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ရာ။ ၂၅ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်မတည်နိုင်ရာ။ ၂၆ စာတန်သည် မိမိတဘက်၌ထ၍ မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ရောက်လိမ့်မည်။ ၂၇ သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကိုလုယူနိုင်၏။ ၂၈ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။ ၂၉ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။ ၃၀ အဘယ်ကြောင့်ဤသို့မိန့်တော်မူသနည်း ဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသော သူဖြစ်သည်ဟု ဆိုကြသတည်း။ ၃၁ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ်တော်ထံသို့စေလွှတ်၍ခေါ် ကြ၏။ ၃၂ ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါသည်ဟု လျှောက်လျှင်၊ ၃၃ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊ ၃၄ ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။ ၃၅ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း ဟု မိန့်တော်မူ၏။ Chapter 4 ရှင်မာကုခရစ်ဝင် အခန်းကြီး ၄၁ နောက်တဖန် အိုင်နားမှာ ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ထိုင်တော်မူ၏။ ပရိတ်သတ်အပေါင်းတို့သည် အိုင်နားကုန်း ပေါ်မှာနေကြ၏။၂ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမသြဝါဒကိုပေး၍ မြွက်ဆိုတော် မူသည်မှာ၊ ၃ နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ ၄ အစေ့ကိုကြဲ သည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ကောက်စား ကြ၏။ ၅ အချို့သော အစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်းအပင် ပေါက်သော်လည်း၊ ၆ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်ဆီးခြင်းသို့ ရောက်ကြ၏။ ၇ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှင်းဆဲသောကြောင့် အသီးမသီးကြ။ ၈ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျှက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ၊ ပွားများ၍အသီးသီးကြ၏။ ၉ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ၁၀ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင် အခြံအရံတော်တို့သည် ထိုဥပမာကိုမေးမြန်းကြလျှင်၊ ၁၁ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသော အခွင့်ရှိကြ၏။ ၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကိုနား မလည်ဘဲကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့်ဟောရ၏။ ၁၃ သင်တို့သည် ဤဥပမာကိုမျှနားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့နား လည်ကြမည်နည်း။ ၁၄ မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။ ၁၅ တရားစကားကို လမ်း၌ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြားသည်ရှိသော်၊ စာတန်သည်ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရား စကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ ၁၆ ကျောက်ပေါသောအရပ်၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊ ၁၇ စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်းကိုခံရသောအခါ ချက်ခြင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ ၁၈ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊ ၁၉ လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှင်းဆဲ တတ်သောအကြောင့် အသီးမသီးနိုင်ဟု ဆိုသတည်း။ ၂၀ ကောင်းသေမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။ ၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့သလော။ ၂၂ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျှက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။ ၂၃ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။ ၂၄ ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။ ၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၂၆ ထိုမှတပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ ၂၇ နောက်တဖန် မိမိမကြည့်မမှတ်၊ ညဥ့်၊ နေ့၊ အိပ်လျက်၊ နိုးလျက် နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံတော်တူ၏။ ၂၈ မြေကြီးသည် မိမိအလို အလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။ ၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။ ၃၀ ထိုမှတပါး၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်း ဟူမူကား၊ ၃၁ မုံညှင်းစေ့နှင့်တူ၏။ မုံညှင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသောအစ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှအပင်ပေါက်၍၊ ၃၂ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့ သည် အရိပ်ခို၍ နားနေလောက်သောအကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။ ၃၃ ထိုသို့ သောဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော် မူ၏။ ၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။ ၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ ၃၆ တပည့်တော် တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ ၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။ ၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်ဆီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူသလောဟု လျောက်ကြသော်၊ ၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။ ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း ဟု မေးတော်မူလျှင်၊ ၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။ Chapter 5 ရှင်မာကုခရစ်ဝင် အခန်းကြီး ၅၁ အိုင်တဘက်၊ ဂါဒရ ပြည်သို့ရောက်ကြ၍၊၂ ယေရှုသည် လှေထဲကထွက်တော်မူသည်ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။ ၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင်အဘယ်သူမျှ ချည်၍မနိုင်။ ၄ ခြေချင်း၊ သံကြိုးနှင့်အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်၊ ၅ နေ့ညဥ့်မပြတ် သင်္ချိုင်းတစပြင်၌င်း၊ တောင်ပေါ်၌င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့်ကိုယ်ကို ရှစေလျက်နေတတ်၏။ ၆ ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ပြေးလာ၍ ပြပ်ဝပ်လျက်၊ ၇ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း၊ အကျွန်ုပ်ကို ညှင်းဆဲတော် မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်၍ လျှောက်လေ၏။ ၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။ ၉ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊ ၁၀ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည် အကြောင်း များစွာတောင်းပန်လေ၏။ ၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ၁၂ နတ်ဆိုး အပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊ ၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်း စောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက် ရှိ၏။ ၁၄ က်ကျောင်းသောသူတို့သည် ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှါထွက်လာကြ၏။ ၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုးလေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၁၆ နတ်ဆိုးစွဲသောသူ၌င်း၊ ဝက်တို့၌င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊ ၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ၁၈ လှေထဲသို့ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊ ၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊ ၂၀ ထိုသူသည်သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော် မူသည်ကို၊ ဒေကာပေါလိပြည်တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့သြခြင်းရှိကြ၏။ ၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။ ၂၂ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးငယ်သေလုပါပြီ။ ၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။ ၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုခြံရံလျက် ထိခိုက် တိုက်မိကြ၏။ ၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ၂၆ များစွာသောဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသောမိန်းမတယောက်သည်၊ ၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊ ၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။ ၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခမ်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။ ၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်းဟု မေးတော်မူ၏။ ၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အားထိခိုက် ကြသည်ကို မြင်လျက်ပင်၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြ သော်လည်း၊ ၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကိုမြင်ခြင်းငှါ ပတ်လည်သို့ကြည်ရှုတော်မူ၏။ ၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့လာပြီးလျှင်၊ ပြပ်ဝပ်၍ အထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။ ၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေဟု မိန့်တော်မူ၏။ ၃၅ ထိုသို့မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကိုနှောင့်ရှက်သေးသနည်း ဟု ဆိုကြ၏။ ၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။ ၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်မှတပါး အဘယ်သူကိုမျှမလိုက်စေဘဲ၊ ၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုင်း၊ အလွန်ငိုကြွေးမြည်တမ်းသောသူတို့ကိုင်း၊ မြင်တော်မူလျှင်၊ ၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည် ဟု မိန့်တော်မူသော်၊ ၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုင်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကိုင်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာအရပ်သို့ဝင်၍၊ ၄၁ သူငယ်၏ လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ် ထလော့ငါဆို၏ဟု ဆိုလိုသတည်း။ ၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည် အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။ Chapter 6 ရှင်မာကုခရစ်ဝင် အခန်းကြီး ၆၁ ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။၂ ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။ ၃ သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။ ၄ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။ ၅ မကျန်းမာသော သူအချို့တို့အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။ ၆ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့သြခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီလှည့်လည်၍ ဆုံးမသြဝါဒပေးတော်မူ၏။ ၇ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊ ၈ သင်တို့သည်တောင်ဝေးတခုမှတပါး လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့်မုန့်မှစ၍ ခါးပန်း၌ကြေးငွေကို မယူကြနှင့်။ ၉ ခြေနင်းကိုစီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။ ၁၀ ထိုမှတပါး၊ သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။ ၁၁ အကြင်သူတို့သည် သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကို နားမထောင်ဘဲနေ၏၊ ထိုသူတို့နေရာအရပ်မှထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကိုခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။ ၁၂ တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကို ဟောကြ၏။ ၁၃ နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသောသူများတို့ကို ဆီနှင့်လူး၍ အနာကိုငြိမ်းစေကြ၏။ ၁၄ ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံ ဆရာယောဟန် သည် သေခြင်းမှထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကိုပြနိုင်သည်ဟုဆို၏။ ၁၅ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည် ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။ ၁၆ ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သောယောဟန်ဖြစ်၏။ သေခြင်းမှထမြောက်လေပြီဟု ဆိုလေ၏။ ၁၇ အထက်ကဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ ခင်ပွန်း ဟေရောဒိ ကိုသိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ်၍ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။ ၁၈ အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။ ၁၉ ထိုကြောင့်၊ ဟေရောဒိ သည် ယောဟန်ကိုရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။ ၂၀ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသော သူဖြစ်ကြောင်းကို ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကိုနားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ် သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။ ၂၁ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊ ၂၂ ဟေရောဒိ ၏သမီးသည် ဝင်၍ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သောစိတ်ကိုဖြစ်စေ၏။ ထိုအခါမင်းကြီးက၊ သင်သည်အလိုရှိ သမျှကိုတောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အားဆိုလေ၏။ ၂၃ တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံတဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။ ၂၄ ထိုမိန်းမငယ်သည် ထွက်၍အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန်၏ ဦးခေါင်းကိုတောင်းလော့ဟု ပြန်ဆိုသော်၊ ၂၅ ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံ ဆရာဟောဟန်၏ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မအလိုရှိပါသည်ဟု တောင်းလျှောက်၏။ ၂၆ မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကိုင်း၊ အပေါင်းအဘော်တို့၏မျက်နှာကိုင်း၊ ထောက်သော ကြောင့်၊ ထိုမိန်းမငယ်ကိုမငြင်းမပယ်လို၍၊ ၂၇ ဦးခေါင်းကိုယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်း စေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာဖြတ်လေ၏။ ၂၈ ဦးခေါင်းကို လင်ပန်း၌ ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကိုပေးလေ၏။ ၂၉ ယောဟန်၏ တပည့် တို့သည်လည်း ကြားသောအခါလာ၍ အလောင်းကိုဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ထားကြ၏။ ၃၀ တမန်တော်တို့သည် ယေရှုထံတော်၌စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။ ၃၁ ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများသွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။ ၃၂ ထိုကြောင့်၊ လှေစီး၍ တော၌ဆိတ်ကွယ်ရာအရပ်သို့သွားကြ၏။ ၃၃ သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ် သည်ကိုသိလျှင်၊ အမြို့မြို့အရွာရွာတို့မှထွက်၍ ထိုအရပ်သို့ ကုန်းကြောင်း ပြေးသွားသဖြင့်၊ တမန်တော်တို့ အရင်ရောက်၍ အထံတော်၌စုဝေးကြ၏။ ၃၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမသြဝါဒကို ပေးတော်မူ၏။ ၃၅ မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုဃ်းလည်းချုပ်ပါပြီ။ ၃၆ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ။ သူတို့၌စားစရာမရှိပါဟု လျှောက်ကြလျှင်၊ ၃၇ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အားစားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။ ၃၈ ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံး ရှိသနည်း။ သွား၍ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်းသူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်ဟု လျှောက်ကြပြန်၏။ ၃၉ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။ ၄၀ သူတို့သည် တရာတစု၊ ငါးဆယ်တစု၊ အစုစုလျောင်းကြလျှင်၊ ၄၁ ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။ ၄၂ လူအပေါင်း တို့သည် စား၍ဝကြပြီးမှ၊ ၄၃ မုန့်နှင့်ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။ မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှလောက်ရှိသတည်း။ ၄၄ စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတဘက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။ ၄၅ စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်သို့ကြွ တော်မူ၏။ ၄၆ ညအချိန်ရောက်သောအခါ လှေသည်အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှတယောက်တည်း ရှိနေတော်မူ၏။ ၄၇ လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှစက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ ကြွ၌ အနားမှာရှောက်သွား မည်ပြုတော်မူ၏။ ၄၈ ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည် မြင်လျှင်၊ ဖုတ်တစ္ဆြေွ ဖြစ်သည်ဟု စိတ်ထင်နှင့်အော်ဟစ်ကြ၏။ ၄၉ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍ ထိတ်လန့်ခြင်း သို့ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်းနှုတ်ဆက်၍၊ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောင်လန့်ကြနှင့်ဟု မိန့်တော်မူ၏။ ၅၀ လှေပေါ်၌ သူတို့ရှိရာသို့တက်တော်မူလျှင် လေသည် ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့သြခြင်းသို့ ရောက်ကြ၏။ ၅၁ အကြောင်းမူကား၊ သူတို့စိတ်နှလုံးမိုက်သည်ဖြစ်၍ မုန့်၌ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ။ ၅၂ ကမ်းတဘက်သို့ကူးလျှင်၊ ဂင်္နေသရက်နယ်သို့ ရောက်၍လှေကိုဆိုက်ကြ၏။ ၅၃ လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊ ၅၄ ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ပြေးသွား၍ မည်သည် အရပ်၌ ရှိတော်မူသည်ဟု ကြားလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့်ဆောင်ခဲ့ကြ၏။ ၅၅ မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ပန်းပွားကိုမျှ တို့ရပါမည် အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည်လည်း ချမ်းသာရကြ၏။ Chapter 7 ရှင်မာကုခရစ်ဝင် အခန်းကြီး ၇၁ ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊၂ တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ၏။ ၃ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသောနည်းဥပဒေသကို ခံယူသောဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကိုစားလေ့မရှိ။ ၄ ဈေးမှပြန်လာသော အခါ၌လည်း ဆေးခြင်း မပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ကျင့်လေ့ရှိ၏။ ၅ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့်ညစ်ညူးသော လက်နှင့်အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊ ၆ ဟေရှယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ ၇ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။ ၈ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသော နည်းဥပဒေသကို ကိုခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။ ၉ သင်တို့သည် အဆက်ဆက်ခံ သောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ ၁၀ မောရှေ၏ ပညတ်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကိုခံစေဟု လာသတည်း။ ၁၁ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို သင်တို့ အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏၊ ၁၂ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊ ၁၃ မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။ ၁၄ ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည် ကြလော့။ ၁၅ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သောအရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သော အရာသည် လူကိုညစ်ညူးစေသောအရာဖြစ်၏။ ၁၆ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ၁၇ လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။ ၁၈ ကိုယ်တော်ကလည်း၊ သင်တို့သည်ဤမျှလောက်ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ဝင်သမျှသည် နှလုံးထဲသို့မဝင်။ ၁၉ မ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွား သောကြောင့်၊ လူကိုမညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။ ၂၀ လူအတွင်းမှ ထွက်သော အရာမူကား၊ လူကိုညစ်ညူးစေသောအရာဖြစ်၏။ ၂၁ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ၂၂ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ၂၃ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။ ၂၄ ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှမသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍နေတော်မမူနိုင်။ ၂၅ အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသောမိန်းမငယ်၏ အမိသည် သိတင်းတော်ကိုကြားသဖြင့်၊ လာ၍ခြေရင်းတော်၌ ပြပ်ဝပ်လျက်၊ ၂၆ မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ် ပြည်သူဖြစ်သတည်း။ ၂၇ ယေရှုကလည်း၊ ရှေ့ဦးစွာသားများကိုဝစွာ ကျွေးပါရစေ။ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု မိန့်တော်မူ၏။ ၂၈ မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍လျှောက်လျှင်၊ ၂၉ ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။ ၃၀ ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုးထွက်သွားသည်ကိုင်း၊ သမီးသည်အိပ်ယာ၌အိပ်လျက်ရှိသည်ကိုင်း တွေ့၏။ ၃၁ တဖန် ကိုယ်တော်သည် တုရုမြို့နှင့်ဇိဒုန်မြို့၏ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ရောက်တော်မူ၏။ ၃၂ ထိုအခါ နားပင်း၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ သူ့အပေါ်မှာလက်တော်ကိုတင်ပါမည်အကြောင်း တောင်းပန်ကြ၏။ ၃၃ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင် လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ ၃၄ ထိုနောက် ကောင်းကင်သို့ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသ ဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလို သတည်း။ ၃၅ ထိုခဏခြင်းတွင် သူသည်နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။ ၃၆ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှါ သူတို့ကိုပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍အလွန် သိတင်းကြား ပြောကြ၏။ ၃၇ အတိုင်းထက်အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူသည် အသောသူတို့ကို စကားပြော စေတော်မူပြီဟု ဆိုကြ၏။ Chapter 8 ရှင်မာကုခရစ်ဝင် အခန်းကြီး ၈၁ ထိုအခါ စုဝေးသောသူအလွန်များ၍ စားမရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊၂ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီ။ စားစရာအလျှင်းမရှိ။ ၃ အချို့တို့သည် အဝေးက လာသည်ဖြစ်၍၊ အစာမစားမှီ သူတို့အိမ်သို့ငါလွှတ်လျှင် လမ်းခရီး၌မောကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄ တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကိုအဘယ်သို့ ဝစွာကြွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊ ၅ ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံး ရှိပါသည်ဟု လျှောက်ကြ၏။ ၆ ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ် လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည်ထည့်ကြ၏။ ၇ အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ထည့်စေခြင်းငှါ မိန့်တော်မူ၏။ ၈ ထိုသူတို့သည်စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်း အပြည့်ရ ကြ၏။ ၉ စားသောသူအရေအတွက်ကား၊ လူလေးထောင်မျှလောက်ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊ ၁၀ တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင်၍၊ ဒါလမနုသ ကျေးလက်သို့ရောက်တော်မူ၏။ ၁၁ ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ဆွေးနွှေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကိုတောင်းကြ၏။ ၁၂ ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊ ၁၃ ထိုသူတို့ရှိရာမှထွက်၍ တဖန်လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ပြန်တော်မူ၏။ ၁၄ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ၏။ ၁၅ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုင်း၊ ဟေရုဒ်၏ တဆေးကိုင်း၊ သတိနှင့်ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။ ၁၆ တပည့်တော်တို့ကိုင်း၊ ငါတို့၌မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ၁၇ ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွှေးပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံးမသွင်း နားမလည်ကြသလော။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ ၁၈ မျက်စိရှိလျှက်ပင်မမြင်၊ နားရှိလျှက်ပင်မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။ ၁၉ မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်းကောက်သိမ်း သနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။ ၂၀ မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်း ပါသည်ဟု လျှောက်ကြ၏။ ၂၁ သို့ဖြစ်လျှင်၊ သင်တို့သည်နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ ၂၂ ဗက်ဇဲဒမြို့သို့ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။ ၂၃ ကိုယ်တော်သည် လူကန်းကိုလက်ဆေး၍ မြို့ပြင်သို့ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည်တစုံတခုကို မြင်သလောဟု မေးတော်မူ၏။ ၂၄ ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည်၊ သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကိုအကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။ ၂၅ နောက်တဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ရောက်၍ အလုံးစုံတို့ကိုရှင်းလင်းစွာမြင်လေ၏။ ၂၆ ကိုယ်တော်ကလည်း၊ မြို့ထဲသို့ မဝင်နှင့် မြို့၌အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကိုမိမိနေရာသို့လွှတ်လိုက်လေ၏။ ၂၇ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ ၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍င်း၊ အချို့က ဧလိယ ဖြစ်သည်ဟူ၍င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ ၂၉ သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ၃၀ ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့အား ပညတ်တော်မူ၏။ ၃၁ ထိုမှတပါး၊ လူသားသည်များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုင်း၊ အသေသတ်ခြင်းကိုင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။ ၃၂ ထိုသို့ အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍ အပြစ်တင်သောစကားကိုလျှောက်သော်၊ ၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလန်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။ ၃၄ ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက်သို့ လိုက်ရမည်။ ၃၅ အကြင်သူသည် မိမိအသက်ကိုကယ်စေခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်င်း၊ ဧဝံဂေလိတရားကြောင့်င်း အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၃၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။ ၃၇ မျောက်မထားသော ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုင်း၊ ငါ့စကား ကိုင်းရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။ Chapter 9 ရှင်မာကုခရစ်ဝင် အခန်းကြီး ၉၁ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု မိန့်တော်မူ၏။၂ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ ၃ အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတက်နိုင်အောင် မိုဃ်းပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။ ၄ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။ ၅ ထိုအခါ ပေတရုက၊ အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေ ဟုလျှောက်လေ၏။ ၆ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့ လျှောက်သတည်း။ ၇ ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။ ၈ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် မိမိတို့နှင့်အတူ ယေရှုတယောက်တည်းမှတပါး အဘယ်သူကိုမျှမမြင်ကြ။ ၉ တောင်ပေါ်မှာဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင် သင်တို့ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။ ၁၀ တပည့်တော်တို့သည် ထိုစကားကိုမှတ်မိ၍ သေခြင်းမှထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆွေးနွှေးမေးမြန်းကြ၏။ ၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာ တို့သည် အဘယ်ကြောင့်ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊ ၁၂ ကိုယ်တော်က၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကိုခံရမည်ဟု ကျမ်းစာလာ၏။ ၁၃ ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာ၌ရေးထားသည် အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။ ၁၄ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ဆွေးနွှေးမေးမြန်းကြသည်ကို မြင်တော်မူ၏။ ၁၅ စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းအံ့သြမိန်းမောခြင်းရှိလျက် အထံတော်သို့ပြေး၍နှုတ်ဆက်ကြ၏။ ၁၆ ကိုယ်တော် ကလည်း၊ သင်တို့သည်သူတို့နှင့် အဘယ်သို့ဆွေးနွှေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင်၊ ၁၇ လူအစုအဝေး၌ပါသောသူတယောက်က အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ဆောင်ခဲ့ပါပြီ။ ၁၈ နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလှဲ၍၊ သူသည်လမ်း ခံတွင်းမှ အမြ‡ုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည်မတတ်နိုင်ကြပါဟု လျှောက်သော်၊ ၁၉ ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊ ၂၀ ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း သူငယ်ကို တောင့်မာ စေသဖြင့် သူငယ်သည်မြေပေါ်မှာလဲ၍ အမြ‡ုတ်ထွက်လျက် ကိုယ်ကိုလှိမ့်လျက်နေ၏။ ၂၁ ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအားမေးတော်မူလျှင်၊ အဘက၊ ငယ်သောအရွယ်ကပင်ဖြစ်ပါ၏။ ၂၂ သူငယ်ကိုသေ စေခြင်းငှါ မီး၌င်း၊ ရေ၌င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကိုသနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။ ၂၃ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။ ၂၄ သူငယ်၏အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန် လေ၏။ ၂၅ ထိုအခါလူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍မိန့် တော်မူသဖြင့်၊ ၂၆ နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟုလူများဆိုကြ၏။ ၂၇ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချည်ကြွတော်မူသဖြင့် သူသည်ထလေ၏။ ၂၈ အိမ်သို့ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကိုအဘယ်ကြောင့်မနှင်ထုတ်နိုင် ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ၂၉ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟုမိန့်တော်မူ၏။ ၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှသိစေခြင်းငှါ အလိုတော်မရှိ။ ၃၁ အကြောင်းမူကား၊ လူသားသည်လူတို့လက်သို့ အပ်နှံခြင်းကိုင်း၊ အသေသတ်ခြင်းကိုင်း ခံရမည်။ ၃၂ ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့နားမလည်သော်လည်း၊ ကိုယ်တော်ကိုမမေး မလျှောက်ဝံ့ကြ။ ၃၃ ကပေရနောင်မြို့သို့ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊ ၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု လမ်း၌အချင်းချင်းငြင်းခုံကြ၏။ ၃၅ ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။ ၃၆ သူငယ်တယောက်ကိုလည်းယူ၍ သူတို့အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊ ၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ် တစုံတယောက် ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကို ပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။ ၃၈ ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်တို့ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သော ကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟုလျှောက်လေသော်၊ ၃၉ ယေရှုက ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကိုအမှီပြုလျက် တန်ခိုးကိုပြ၍ငါ့ကို အလွယ်တကူကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။ ၄၀ သင်တို့၏ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ရှိ၏။ ၄၁ သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အားရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆို၏။ ၄၂ ငါ့ကိုယုံကြည်သောဤသူငယ် တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။ ၄၃ သင်၏လက်သည် သင့်ကိုမှားယွင်း စေလျှင် လက်ကိုဖြတ်လော့။ ၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သောမီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ ၄၅ သင်၏ခြေသည် သင့်ကိုမှား ယွင်းစေလျှင် ခြေကိုဖြတ်လော့။ ၄၆ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ ခြေနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက် ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ ၄၇ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စေ့ကိုထုတ်လော့။ ၄၈ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။ ၄၉ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။ ၅၀ ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ သင်တို့၌ ဆားရှိစေကြလော့။ အချင်းချင်းအသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။ Chapter 10 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀၁ ထိုအရပ်မှ ကိုယ်တော်သည်ထ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌ စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တဖန် ဆုံးမသြဝါဒ ပေးတော်မူ၏။၂ ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့် ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊ ၃ ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊ ၄ သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။ ၅ ယေရှုကလည်း၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကိုရေးထားသတည်း။ ၆ ဘုရားသခင် ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ၇ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ၈ ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ၉ ဘုရားသခင်တွဲဘက်၍ ထမ်းဘိုး တင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။ ၁၀ နောက်တဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ ၁၁ ကိုယ်တော် ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ် မှား၏။ ၁၂ မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့် စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ ၁၃ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။ ၁၄ ယေရှုသည် မြင်တော်မူလျှင်အမျက်တော်ထွက်၍၊ ထိုသူငယ် တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ ၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော် သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊ ၁၆ သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းကြီးပေးတော် မူ၏။ ၁၇ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက် သော်၊ ၁၈ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ ၁၉ သင်သည် ပညတ်တော်တို့ကိုသိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကိုမတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊ ၂၀ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊ ၂၁ ယေရှုသည်၊ ထိုသူကိုကြည်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၂၂ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။ ၂၃ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည် သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။ ၂၄ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမောတွေဝေ ခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ ၂၆ ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင်အဘယ်သူသည် ကယ်တင်တော်မူခြင်း သို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။ ၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည်ရှု၍၊ ဤအမှုကို လူမတတ် နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။ ၂၈ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီဟု လျှောက်လေသော်၊ ၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်င်း၊ ဧဝံဂေလိတရားကြောင့်င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။ ၃၀ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှင်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုင်း၊ နောင်ဘဝ၌ထာဝရအသက်ကိုင်း ခံရလတံ့။ ၃၁ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၃၂ ယေရုရှလင်မြို့သို့တက်သွားကြရာ၊ လမ်းမှာယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောင်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါကိုယ်တော်သည် တကျိပ်နှစ်ပါး တို့ကို တဖန်ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ၃၃ လူသားသည် ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ တို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ ၃၄ သူတို့သည်လည်း လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကို၌ရောက်လတံ့ သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။ ၃၅ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်သည် အထံတော်သို့ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။ ၃၆ ကိုယ်တော်က ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေးတော်မူသော်၊ ၃၇ ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။ ၃၈ ယေရှုကလည်း သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါင်း၊ ငါခံသော ဗတ္တိဇံ ကိုခံခြင်းငှါင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော ဟုမေးတော်မူလျှင်၊ ၃၉ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံ ကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ ၄၀ သို့သော်လည်း ငါ့လက်ျာဘက် လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ ၄၁ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ၏။ ၄၂ ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ ၄၃ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသော သူသည် သင်တို့အစေခံဖြစ်ရမည်။ ၄၄ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည် လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။ ၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။ ၄၆ ယေရိခေါ မြို့သို့ရောက်ကြလျှင် တပည့်တော်တို့မှစ၍ များစွာသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသောလူကန်းသည် လမ်းနားမှာထိုင်၍တောင်းစားလေ၏။ ၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော် မူပါဟု ဟစ်ကြော်လေ၏။ ၄၈ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေသော်၊ ၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်ဟု ဆိုကြ၏။ ၅၀ ထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ယေရှုထံတော်သို့ သွား၏။ ၅၁ ယေရှုကလည်း၊ သင်၌အဘယ် သို့ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊ ၅၂ အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေ ခြင်းငှါ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။ Chapter 11 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁၁ ယေရုရှလင်မြို့နှင့်အနီး သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ရောက်ကြသောအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊၂ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှအစီးဘူးသော မြည်းကလေးချည်နှောင်လျက်ရှိသည်ကို သင်တို့သည်ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။ ၃ သူတပါးက၊ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည်ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော် မူ၏။ ၄ တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာချည်ထားသော မြည်းကလေးကိုတွေ့ပြီးလျှင် မြည်းကြိုး ကိုဖြည်ကြ၏။ ၅ ထိုအရပ်၌ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့်မြည်းကြိုးကိုဖြည်သနည်း ဟုဆိုလျှင်၊ ၆ ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။ ၇ ယေရှုထံ တော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြ ပြီးလျှင် ကိုယ်တော် သည်စီးတော်မူ၏။ ၈ လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏။ ၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ၁၀ ထာဝရ ဘုရား၏ အခွင့်နှင့်ယခု တည်လုသော ငါတို့အဘ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။ ၁၁ ယေရှုသည် ယေရုရှလင်မြို့သို့င်း၊ ဗိမာန်တော် သို့င်းဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီး လျှင်၊ မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ထွက်ကြွတော်မူ၏။ ၁၂ နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။ ၁၃ အရွက်နှင့် ပြည့်စုံသော သင်္ဘောသဖန်း ပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာတွေ့တော်မူသည်ရှိသော်၊ ၁၄ ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် လည်း ကြားကြ၏။ ၁၅ ယေရုရှလင်မြို့သို့ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုင်း တွန်းလှဲတော်မူ၍၊ ၁၆ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှမဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊ ၁၇ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟူ၍ ဆုံးမသြဝါဒ ပေးတော်မူ၏။ ၁၈ ကျမ်းပြုဆရာနှင့် ယဇ်ပရောဟိတ်အကြီးတို့သည်ကြားလျှင် ကိုယ်တော်ကိုသတ်ရသောအခွင့် ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အံ့သြမိန်းမောသောကြောင့်၊ ထိုသူ တို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ ၁၉ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ ၂၀ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့လျက်ရှိသည်ကို မြင်ကြ၏။ ၂၁ ပေတရုသည် သတိရလျှင် အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသောသင်္ဘောသဖန်းပင်သည် ခြောက်သွေ့ပါ ပြီတကားဟု လျှောက်လေ၏။ ၂၂ ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။ ၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ၂၄ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်သမျှ တို့ကိုရကြလိမ့်မည်။ ၂၅ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။ ၂၆ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။ ၂၇ ယေရုရှလင်မြို့သို့တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ၂၈ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊ ၂၉ ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။ ၃၀ ယောဟန်၏ ဗတ္တိဇံ တရားသည် ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။ ဤအမေးကိုဖြေကြလော့ဟု မိန့်တော်မူ၏။ ၃၁ ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကိုအဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ Chapter 12 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂၁ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူ တို့အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။၂ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကိုစေလွှတ်လေ၏။ ၃ ထိုသူတို့သည် ငယ်သားကိုဘမ်းဆီး ၍ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ ၄ နောက်တဖန် အခြားသောငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှလွှတ်လိုက်ကြ၏။ ၅ အခြားသောငယ် သားကိုစေလွှတ်ပြန်လျှင် သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားတို့တွင် အချို့တို့ကိုရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။ ၆ ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၏ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌စေလွှတ်လေ၏။ ၇ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊ ၈ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ သတ်၍ဥယျာဉ်ပြင်သို့ထုတ်ပစ်ကြ၏။ ၉ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသော သူတို့အား ပေးလိမ့်မည်။ ၁၀ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက် ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ၁၁ ငါတို့မျက်မှောက်၌ လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဘတ် ဘူးသလောဟု မိန့်တော်မူ၏။ ၁၂ ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူ သည်ကိုသိသော ကြောင့်၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှထွက်သွားကြ၏။ ၁၃ တဖန် စကားတော်ကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။ ၁၄ ထိုသူတို့သည် ချဉ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။ ၁၅ အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုတော်သည် ထိုသူတို့၏ လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့်စုံစမ်းနှောက်ရှက်ကြသနည်း။ ဒေနာရိ တပြားကို ငါကြည့်ဘို့ယူခဲ့ကြဟု မိန့်တော်မူ၍၊ ၁၆ သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ ပုံလိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ၁၇ ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု ဟုမိန့်တော်မူသည်ကို သူတို့သည် အံ့သြခြင်းရှိကြ၏။ ၁၈ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲ တို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊ ၁၉ အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အကိုအမျိုးမပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။ ၂၀ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊ ၂၁ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။ ၂၂ ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနှစ်ယောက်သောညီအစ်ကို တို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၍ မိန်းမသည်လည်းသေလေ၏။ ၂၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့်စုံဘက်ခြင်းကိုပြုကြပြီဟု မေးလျှောက်ကြ၏။ ၂၄ ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့် မှားသောအယူကို ယူကြ၏။ ၂၅ သေခြင်းမှထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ဖြစ်ကြ၏။ ၂၆ ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည်မဘတ်ဘူးသလော။ ၂၇ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့်သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။ ၂၈ ထိုသို့ဆွေးနွေးငြင်းခုန်ကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊ ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ် မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်။ ၂၉ ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလလူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် တပါးတည်းဖြစ်တော်မူ၏။ ၃၀ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ၃၁ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏ ဤပညတ်ထို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟု ပြန်၍ မိန့်တော်မူ၏။ ၃၂ ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ၃၃ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူတို့ကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်း အကျင့်ထက်သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။ ၃၄ ထိုသို့ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည် သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှမမေး မလျှောက်ဝံ့ကြ။ ၃၅ ထိုအခါ ယေရှုသည် ဗိမာန်တော်၌ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ် သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။ ၃၆ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်၍နေလော့ဟု ငါ၏သခင် အားမိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။ ၃၇ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟုခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကားတော်ကိုနားထောင်ကြ၏။ ၃၈ ထိုသို့ဆုံးမသြဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကိုရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ၏။ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကိုင်း၊ ၃၉ ပွဲသဘင်၊ တရား စရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကိုင်း နှစ်သက်ကြ၏။ ၄၀ သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသောပဌနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီး စွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။ ၄၁ ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သောသူများတို့သည် များစွာသွင်းချကြ၏။ ၄၂ ဆင်းရဲသောမုဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကိုသွင်းချ၏။ ၄၃ ကိုယ်တော် သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတော်တိုက်ထဲသို့သွင်းချသော သူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချေခဲ့ပြီ။ ၄၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝ သောစည်းစိမ်ထဲက နှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ Chapter 13 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၃၁ ကိုယ်တော်သည် ဗိမာန်တော်မှထွက်ကြွတော်မူသော်၊ တပည့်တော်တယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား ဟုလျှောက်လျှင်၊၂ ယေရှုက၊ ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာတခုမျှမတည် မနေရ ဟုမိန့်တော်မူ၏။ ၃ ထိုနောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှုထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အနြေ္ဒတို့က၊ ၄ ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန် နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကိုင်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲလျှောက်ကြ၏။ ၅ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့၊ ၆ အများသောသူတို့က ငါသည်ဤမည်သောသူဖြစ်၏ဟုဆိုလျှက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြား ကြလိမ့်မည်။ ၇ သင်တို့သည် စစ်တိုက်ကြောင်းကိုင်း၊ စစ်တိုက်အံ့သောသိတင်းစကားကိုင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ ၈ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းဖြစ်လိမ့် မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်းဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲ ခြင်း၏အစအဦးဖြစ်သတည်း။ ၉ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်ရောက်ကြလိမ့်မည်။ ၁၀ ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကိုအပ်နှံခြင်းငှါပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ၁၁ ရှေ့မဆွကမဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကိုသာ ပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလိုအလျောက်ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် သည်ပြောတော်မူ၏။ ၁၂ ထိုကာလ၌ ညီအစ်ကိုချင်း တယောက်ကိုတယောက်သေစေခြင်းငှါ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ ၁၃ လူအပေါင်း တို့သည်လည်း ငါ၏နာမကြောင့်သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ၁၄ ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် မနေသင့်သော အရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည်နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ ၁၅ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့မဆင်းစေနှင့်။ အိမ်ထဲကတစုံတခုကိုယူခြင်းငှါ မဝင်စေနှင့်။ ၁၆ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှါ နောက်သို့မပြန် စေနှင့်။ ၁၇ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ ၁၈ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျရမည်အကြောင်း ဆုတောင်းကြလော့။ ၁၉ အကြောင်း မူကား၊ ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်ပိုင်း၌လည်း မဖြစ်လတံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ဖြစ်လိမ့်မည်။ ၂၀ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသောသူတို့အဘို့အလိုငှါ ထိုကာလကို တိုစေတော်မူမည်။ ၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၂ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆြွာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင် နိမိတ်လက္ခဏာအံ့ဘွယ်သော အမှု တို့ကိုပြကြလိမ့်မည်။ ၂၃ သင်တို့သည်သတိပြုကြလော့၊ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ။ ၂၄ ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။ ၂၅ ကောင်းကင် ကြယ်တို့သည်ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၆ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ ၂၇ ထိုအခါလူသားသည်မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင် အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးစေတော်မူလတံ့။ ၂၈ သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ၂၉ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကိုမြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ၃၀ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၁ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ၃၂ ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။ ၃၃ ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။ ၃၄ ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့ သွားမည် အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှသွားသည်ဖြစ်၍၊ ၃၅ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦး တွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ ၃၆ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်။ ၃၇ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသော သူတို့အား ငါဆိုသည်ဟုမိန့်တော်မူ၏။ Chapter 14 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၄၁ ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ပရိယာယ်အားဖြင့် ဘမ်းဆီး၍သတ်ရအံ့နည်းဟု ရှာကြံကြ၏။၂ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။ ၃ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမ တယောက်သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာလျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်း လေ၏။ ၄ အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကိုအဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။ ၅ ဒေနာရိအပြားသုံးရာ မကသောအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။ ၆ ယေရှုကလည်း၊ ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ရှက်ကြသနည်း။ သူသည်ငါ၌ကောင်း သောအမှုကိုပြုပြီ။ ၇ ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည် အတိုင်း သူတို့အား ကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။ ၈ ဤမိန်းမသည် တတ်နိုင်သမျှ ပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုလ်မည်ဟုပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကိုဆီမွှေးနှင့်လူးနှင့်သတည်း။ ၉ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသော အရပ်ရပ်တို့၌ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသော ဤအမှုကို ကြားပြောရ ကြလတံ့ဟု မိန့်တော်မူ၏။ ၁၀ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့သွားလေ၏။ ၁၁ ထိုသူတို့သည်ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည် ဟုဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သောအချိန်ကာလ၌ ကိုယ်တော်ကိုအဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက် နေ၏။ ၁၂ ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံ တော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကိုစားတော်မူဘို့ရာ အဘယ်အရပ်၌အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်။ ၁၃ ကိုယ်တော်သည်၊ တပည့်တော်နှစ် ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည်မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့လိုက်၍၊ ၁၄ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည်ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်ဟု အိမ်ရှင်ကိုပြောကြလော့။ ၁၅ ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်း ကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။ ၁၆ တပည့်တော်တို့သည် သွား၍မြို့ထဲ သို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ ၁၇ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။ ၁၈ စားပွဲ၌ လျောင်း၍စား နေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူစားသောသူ တစုံတယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊ ၁၉ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုလော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက်အသီးသီး မေးလျှောက်ကြ၏။ ၂၀ ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူပုကန်တွင်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။ ၂၁ ကျမ်းစာလာ သည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်းလူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည်ဘွား မြင်ခြင်းကိုမခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။ ၂၂ ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်တပည့်တော်တို့အား ပေးတော်မူ၏။ ၂၃ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။ ၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။ ၂၅ ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီနေ့ တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟုမိန့်တော်မူ၏။ ၂၆ ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ ၂၇ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည်ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဥ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။ ၂၈ သို့သော်လည်းငါသည် ထမြောက်ပြီးမှသင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊ ၂၉ ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည်စိတ်မပျက်ပါဟု လျှောက်လေ၏။ ၃၀ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဥ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ် လိမ့်မည်ဟု မိန့်တော်မူလျှင်၊ ၃၁ ပေတရုက၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါဟု သာ၍ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ ၃၂ ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ၃၃ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏။ ၃၄ ထိုအခါ ငါသည်သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးခြင်းရှိ၏။ ဤအရပ်၌စောင့်နေကြဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊ ၃၅ ထိုမှ အနည်းငယ် လွန်ပြန်လျှင်၊ မြေပေါ်မှာပြပ်ဝပ်၍၊ အိုအဘခမည်းတော်၊ ၃၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ၊ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန်နာရီသည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊ ၃၇ ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည်အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။ ၃၈ စုံစမ်းနှောင့်ရှက်ခြင်းနှင့်ကင်း လွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသူဟု ပေတရုအားမိန့်တော်မူပြီးမှ၊ ၃၉ တဖန် သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။ ၄၀ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့လျှောက်ရ မည်ကိုမသိကြ။ ၄၁ သုံးကြိမ်မြောက်အောင်သူတို့ရှိရာ သို့ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။ ၄၂ ထကြ။ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကိုအပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ၄၃ ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရော ဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ထားနှင့်ဒုတ်များ ကိုကိုင်လျက် ချက်ခြင်းလာကြ၏။ ၄၄ ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍လုံခြုံစွာဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ ၄၅ သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။ ၄၆ ထိုသူတို့သည် လာ၍ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။ ၄၇ အနား၌ရပ်နေသောသူတယောက်သည် ထားကိုဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။ ၄၈ ယေရှုကလည်း သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကိုလက်စွဲလျက် လာကြသည်တကား။ ၄၉ ငါသည် ဗိမာန်တော်၌နေ့တိုင်းဆုံးမသြဝါဒပေးလျက် သင်တို့အလယ်၌ရှိနေစဉ်အခါ သင်တို့သည် ငါ့ကိုမဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊ ၅၀ ကျမ်းစာပြည့်စုံမည်အကြောင်းတည်းဟု ထိုလူများကိုမိန့်တော်မူ၏။ ၅၁ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကို သာဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကိုဘမ်းဆီးကြ၏။ ၅၂ သူသည်လည်း စောင်ကိုစွန့်ပစ်၍အဝတ်မရှိဘဲ လုလင်တို့လက်မှထွက်ပြေးလေ၏။ ၅၃ ထိုသူတို့သည် ယေရှုကိုယဇ်ပုရောဟိတ်မင်းထံသို့ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။ ၅၄ ပေတရုသည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူထိုင်၍ မီးလှုံလေ၏။ ၅၅ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း သက်သေကိုရှာ သော်လည်း မတွေ့ကြ။ ၅၆ လူများတို့သည် မမှန်သောသက်သေကိုခံကြသော်လည်း သူတို့၏ သက်သေခံချက် သည်မညီ။ ၅၇ အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့်လုပ်သော၊ ၅၈ ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့်မလုပ်သော ဗိမာန်တော်တဆူကို တည်ဆောက်မည်ဟုပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါပြီဟု သက်သေခံကြ၏။ ၅၉ သို့သော်လည်း သူတို့၏သက်သေခံချက်သည်မညီ။ ၆၀ ယဇ်ပုရောဟိတ် မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊ ၆၁ ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန် ယဇ်ပုရော ဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသောဘုရားသခင်၏ သားတော် မှန်သလောဟု မေးပြန်လျှင်၊ ၆၂ ယေရှုက၊ မှန်၏။ နောင်ကာလ၌လူသားသည် တန်ခိုးတော်၏ လက်ျာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။ ၆၃ ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိအဝတ်ကိုဆုတ်လျက် အဘယ်သက်သေကိုလိုသေးသနည်း။ ၆၄ ဘုရားကိုလွန်ကျူး၍ပြောသော စကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် သက်သေ ခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။ ၆၅ ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံထွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးပြီးလျှင် လက်သီးနှင့်ထိုးလျက်၊ ပရောဖက်ပြု၍ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။ ၆၆ ပေတရုသည် အောက်မှာအိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါမိန်းမတယောက်သည် လာ၍၊ ၆၇ ပေတရုသည် မီးလှုံလျက်နေသည်ကိုမြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟုဆိုလျှင်၊ ၆၈ ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုန်ပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။ ၆၉ နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊ ၇၀ ပေတရုသည် တဖန်ငြင်းခုန်ပြန်၏။ ထိုနောက် များမကြာအနား၌ရပ်နေသောသူတို့က၊ အကယ်စင်စစ်သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည်ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊ ၇၁ ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟုဓိဋ္ဌာန်ပြု၍ ကြိမ်ဆိုသည်နောက်၊ ၇၂ တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည်နှစ်ကြိမ်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင်ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။ Chapter 15 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၅၁ နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကို ချည်နှောင်ပြီးလျှင် ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။၂ ပိလတ်မင်းက၊ သင်သည်ယုဒရှင်ဘုရင်မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေး သည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။ ၃ ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။ ၄ တဖန် ပိလတ်မင်းက၊ သင်သည်တခွန်းကိုမျှပြန်၍မပြောသလော။ သင့်တဘက်၌အဘယ်မျှလောက်သက်သေ ခံကြသည် ကိုကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊ ၅ စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့သြလေ၏။ ၆ ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းချထားသောသူတို့တွင်၊ လူများတောင်းသောသူတယောက်ယောက် ကိုလွှတ်တတ်၏။ ၇ ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သောအပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတ ယောက်သည် ပုန်ကန်သောအပေါင်းအဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။ ၈ လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍တောင်းပန်သောအခါ၊ ၉ ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်မေး၏။ ၁၀ အဘယ်ကြောင့်ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။ ၁၁ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကိုလွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။ ၁၂ တဖန် ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကို အဘယ်သို့ပြုရမည်နည်းဟု မေးပြန်သော်၊ ၁၃ ထိုသူအပေါင်းတို့က၊ သူ့ကိုလက်ဝါး ကပ်တိုင်မှာ ရိုက်ထားပါဟုဟစ်ကြ၏။ ၁၄ ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကိုပြုဘိသနည်း ဟုမေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟု လူများတို့သည် သာ၍ဟစ်ကြ၏။ ၁၅ ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါအလိုရှိ၍၊ ဗာရဗ္ဗကိုသူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာသတ်စေခြင်းငှါ အပ်လိုက် လေ၏။ ၁၆ ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊ ၁၇ ဆူးပင်နှင့်ယက်ကိုဦးရစ်ကို တင်ပြီးလျှင်၊ ၁၈ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည်မင်္ဂလာရှိစေသတည်းဟု ကောင်းချီး စကားကိုပြောကြ၏။ ၁၉ ခေါင်းတော်ကို ကျူလုံးနှင့်ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာဒူးထောက်၍ ပြပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။ ၂၀ ထိုသို့ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။ ၂၁ အာလေ ဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကိုထမ်းစေကြ၏။ ၂၂ ဦးခေါင်း ခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကိုဆောင်သွားပြီးမှ၊ ၂၃ မုရန်နှင့်ရောသော စပျစ်ရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲနေတော်မူ၏။ ၂၄ လက်ဝါးကပ်တိုင်မှာရိုက်ထားပြီးလျှင် အဝတ်တော်ကို စာရေးတံချ၍ အသီးသီးတို့အား ဝေဖန်ကြ၏။ ၂၅ ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တီးအချိန်ဖြစ်သတည်း။ ၂၆ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာ ချက်ဟူမူကား၊ ယုဒရှင်ဘုရင် ဟုရေးထား သတည်း။ ၂၇ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာ တော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်တော်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။ ၂၈ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည် ဟုဆိုသော ကျမ်းစာချက်သည်ပြည့်စုံခြင်းသို့ ရောက်သတည်း။ ၂၉ လမ်းမှာသွားလာသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊ ၃၀ ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့်ပြောဆိုကြ၏။ ၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။ ၃၂ ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင် ဘုရင်တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ယယ် ပြုပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။ ၃၃ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ ၃၄ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆိုလို သတည်း။ ၃၅ အနား၌ရပ်သောသူအချို့တို့သည် ကြားလျှင် သူသည်ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။ ၃၆ လူတယောက်သည် ပြေး၍ ရေမှိုတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တတ်၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆို၏။ ၃၇ ယေရှုသည် ကြီးသောအသံနှင့်ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။ ၃၈ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ ၃၉ ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသောတပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤ သူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆို၏။ ၄၀ မိန်းမအချို့တို့သည်လည်း ထိုအရပ်၌အဝေးကကြည့်ရှု၍ နေကြ၏။ ၄၁ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာရှိတော်မူစဉ်၊ နောက်တော်သို့အလုပ်အကျွေး လိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏ အမိဖြစ်သောမာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။ ၄၂ ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကုနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊ ၄၃ အသရေ ရှိသောလွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို မြော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ၄၄ ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့သြခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကားကြာပြီလောဟု မေး၏။ ၄၅ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားပေး၏။ ၄၆ ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသောသင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။ ၄၇ မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော် ထားရာအရပ်ကို ကြည့်ရှုကြ၏။ Chapter 16 ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၆၁ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊၂ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ၃ ထိုမိန်းမတို့က၊ တွင်းဝ၌ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်းပြောဆိုပြီးမှ ကြည်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။ ၄ ထိုကျောက်ကား အလွန်ကြီးသောကျောက်ဖြစ်သတည်း။ ၅ မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင် လုလင် တယောက်သည် ဖြူစင်ရှည်လျားသော အင်္ကျီကိုဝတ်လျက် လက်ျာဘက်၌ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။ ၆ ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့် လက်ဝါးကပ်တိုင်မှာသတ်သော နာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ အလောင်းတော် ထားရာအရပ်ကိုကြည့်ကြလော့။ ၇ သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို ပေတရုမှစ၍ တပည့်တော် တို့အားသွား၍ပြောကြလော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။ ၈ ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက်ပြေးကြ၏။ ကြောက်လန့် သောကြောင့် အဘယ်သူတို့မျှမပြောမဆိုကြ။ ၉ ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက်စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်ကနတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။ ၁၀ မာရိလည်း သွား၍ ကိုယ်တော်နှင့်ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသိတင်းကို ကြားပြောလေ၏။ ၁၁ ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကိုင်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရ သည်ကိုင်း၊ သူတို့သည် ကြားလျှင်မယုံကြ။ ၁၂ ထိုနောက်တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနား သောအယောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။ ၁၃ သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကိုကြားပြောသော်လည်း မယုံဘဲနေကြ၏။ ၁၄ ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကိုမြင်သောသူတို့၏စကားကို မယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍အပြစ်တင်တော်မူပြီးမှ၊ ၁၅ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့။ ၁၆ ယုံကြည်၍ ဗတ္တိဇံ ကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကိုခံရလတံ့။ ၁၇ ယုံကြည်သော သူတို့၌ဖြစ်အံ့သောနိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတံ့။ ထူးခြား သောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။ ၁၈ မြွေတို့ကိုဘမ်းကိုင်ကြလတံ့။ သေစေတတ်သောအဆိပ် အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့်ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။ ၁၉ ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူ ပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်း ကိုခံတော်မူ၍ ဘုရားသခင်၏လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။ ၂၀ တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်င်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်င်း၊ ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။ |