ROMANS JUDSON BURMESE

you will need the zawgyi-one font >> HERE <<



ရောမသြဝါဒစာ

ရောမသြဝါဒစာ အခန်းကြီး ၁

လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊

၂-၃ သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသော ဝိညာဉ်အားဖြင့်၊

၎ တန်ခိုးနှင့်တကွဘုရားသခင်၏ သားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင် ယေရှုခရစ် တည်းဟူသော မိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များ အားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထား သောယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊

၅ ဘုရားသခင်ချစ်တော်မူ၍၊

၆ သန့်ရှင်းသူ အရာ၌ခန့်ထားသောရောမ မြို့သူမြို့သားအပေါင်းတို့ကိုကြားလိုက်ပါ၏။

၇ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော် ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍လူမျိုး အပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ၊ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည်ခံရကြပြီ။ ထိုသခင်ခေါ်ထား တော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။

၈ သင်တို့၏ ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည် ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။

၉ ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့် တကွငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။

၁၀ မကြာမမြင့်မှီ ဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့် ၍၊ သင်တို့ရှိရာသို့ငါလာရသောအခွင့် တစုံတခုရှိပါမည် အကြောင်းဆုတောင်းပဌနာပြု၏။

၁၁ သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည်သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံ တခုကိုအပ်ပေးခြင်းငှါ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။

၁၂ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။

၁၃ ညီအစ်ကိုတို့၊ ငါသည်အခြားသောတပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့ သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါအလိုအမရှိ။ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသောအကြောင်းရှိ၏။

၁၄ ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏အကြွေးသည် ငါတို့၌ တင်လျက်ရှိ၏။

၁၅ သို့ဖြစ်လျှင် ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိ တရား ကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။

၁၆ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။

၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းဘို့ အလိုငှါ ဧဝံဂေလိ တရားဖြင့် ထင်ရှားလျက်ရှိ၏။

၁၈ သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရား ကိုလွန်ကျူးခြင်း အမှုအမျိုးမျိုးတို့တဘက်၌ ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှ ထင်ရှား လျက်ရှိ၏။

၁၉ အဘယ်ကြောင့်နည်း ဟူမူကား၊ သိအပ်သောဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက် ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။

၂၀ အဘယ်သို့နည်း ဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်း ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုန်းနိုင်ရာ။

၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။

၂၂ ပညာရှိယောင် ဆောင် လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊

၂၃ မဖောက်ပြန်မပျက်ဆီးနိုင်သော ဘုရားသခင် ၏ဂုဏ်တော်ကို ပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ် သော တိရစ္ဆာန်၏ ရုပ်တုတို့ကို ဘုရားသခင်အရာ၌ မြှောက်ကြ၏။

၂၄ ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။

၂၅ သူတို့သည် မှန်သော ဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကို ပယ်၍ ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။

၂၆ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့်ဆန့်ကျင် ဘက်ထုံးစံကို လိုက်ကြ၏။

၂၇ ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားခြင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။

၂၈ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ လျောက်ပတ်သောအမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊

၂၉ သူတို့သည် အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက် ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊

၃၀ ဆဲရေး သောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ် ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊

၃၁ မိဘ သားမယား စသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်းကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။

၃၂ ထိုသို့ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့် သော သူတို့၌ အားရဝမ်းမြောက်ကြ၏။



CHAPTER 2

ရောမသြဝါဒစာ အခန်းကြီး ၂

၁ သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည် စစ်ကြောစီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။

၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော် မူခြင်းအရာသည် သမ္မာတရား နှင့်ညီသည်ကို ငါတို့သိကြ၏။

၃ ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။

၎ ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြု သလော။

၅ ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းဖူးသလော။

၆ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။

၇ ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကိုင်း၊ မဖောက်ပြန်သောဇာတိကိုင်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့။

၈ ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကိုနားမထောင်ဘဲ မတရား သဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသ အမျက်ထွက်တော်မူလတံ့၊

၉ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသ လူ၊ ဆိုးညစ်သောအမှုကိုပြုသောသူ ရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့။

၁၀ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှ တို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့၊

၁၁ ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။

၁၂ ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကိုသိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏ စီရင်ခြင်းကို ခံရကြလိမ့်မည်။

၁၃ အကြောင်း မူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။

၁၄ သာသနာပလူတို့သည် ပညတ်တရား တော်ကိုမသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော် ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်င်း၊

၁၅ ကိုယ်ကိုကိုယ်သိသော စိတ်နှလုံးသည် သက်သေခံသဖြင့် င်း၊ အချင်းချင်းဆွေးနွှေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏ အကျိုးကို ထင်ရှားစွာပြကြ၏။

၁၆ ငါဟော ပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသောအမှုအရာတို့ကို စစ်ကြောစီရင်တော်မူသော နေ့၌ ထိုသို့စီရင်တော်မူလတံ့။

၁၇ သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရား သခင်ကို အမှီပြု၍ ဝါကြွားသောသူ၊

၁၈ အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်နှင့်၊

၁၉ လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌နေသောသူတို့ကို လင်းစေသောသူ၊

၂၀ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေး သောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကိုင်း၊ သမ္မာတရားကိုင်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊

၂၁ သူတပါးကို ဆုံးမလျက်ပင် ကိုယ်ကိုဆုံးမသလော။ သူ့ဥစ္စာကိုမခိုး နှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။

၂၂ သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင် ပြစ်မှားသလော။ ရုပ်တုကို စက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။

၂၃ ပညတ်တရား တော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကိုလွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချ သလော။

၂၄ အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။

၂၅ သင်သည် ပညတ်တရားကိုကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲဖြစ်ပြန်၏။

၂၆ ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျား လှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။

၂၇ အရေဖျားလှီးခြင်းကို မခံသောသူသည် ကိုယ်အလိုအလျောက် ပညတ်တရားကိုကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။

၂၈ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။

၂၉ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်း လည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော် နှင့်ဆိုင်သတည်း။



CHAPTER 3

ရောမသြဝါဒစာ အခန်းကြီး ၃

၁ ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။

၂ အထွေထွေသောအကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကိုခံသောယုဒလူ တို့သည်ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။

၃ သူတို့တွင် အချို့မယုံသော်လည်း။ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲ နေခြင်းအရာသည် ဘုရား သခင်၏ သစ္စာတော်ကိုဖျက်နိုင်သလော။

၎ မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူ ချက်သည်ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း။

၅ ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားတော်ကိုထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရ သနည်း။ ဘုရားသခင်သည်ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်းငါဆိုသတည်း။

၆ ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကိုအဘယ်သို့စစ်ကြော စီရင်တော်မူမည်နည်း။

၇ ထိုမှတပါးငါသည် သစ္စာပျက်သောအား ဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကိုတိုးပွါးစေလျှင်၊ ငါ့ကိုအပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊

၈ ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကိုကဲ့ရဲ့လျက်၊ ငါတို့စကားကို ပြန်ပြောသည်အတိုင်းဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကိုခံထိုက်ကြ၏။

၉ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ကပြခဲ့ပြီ။

၁၀ ကျမ်းစာလာသည် ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။

၁၁ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ၊

၁၂ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။

၁၃ သူတို့၏ လည်ချောင်းသည်ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာ နှင့်လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိ၏။

၁၄ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကား နှင့်ပြည့်ဝ၏။

၁၅ သူတို့ခြေ သည် လူအသက်ကိုသတ်ခြင်းငှါ လျင်မြန်၏။

၁၆ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။

၁၇ ချမ်းသာလမ်းကိုသူတို့မသိကြ။

၁၈ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည်သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။

၁၉ ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကိုကို ခံသော သူတို့နှင့် စပ်ဆိုင်သည်ကိုငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။

၂၀ ထိုသို့ပညတ်တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။

၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့် အညီ၊ ပညတ်တရား နှင့်မစပ် ဆိုင်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်း ဟူသော၊

၂၂ ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည်ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။

၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။

၂၄ ယေရှုခရစ်ရွေး နှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။

၂၅ ဘုရားသခင်သည် သည်းခံတော်မူ၍၊

၂၆ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းငှါင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်စေသောသူတို့၏ အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့်ပြု တော်မူခြင်းငှါင်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။

၂၇ သို့ဖြစ်လျှင် ဝါကြွားစရာအကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီ။ အဘယ်တရားအားဖြင့်ပယ်သနည်း။ အကျင့်တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့်ပယ်ပြီ။

၂၈ ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟု ယူရ၏။

၂၉ ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည် မဟုတ်လော။ ဟုတ်ပေ၏။

၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကိုခံသောသူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော ဘုရားသခင်တဆူတည်းရှိတော်မူ၏။

၃၁ သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။



CHAPTER 4

ရောမသြဝါဒစာ အခန်းကြီး ၎

၁ ထိုသို့ဖြစ်လျှင်၊ ငါတို့အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။

၂ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့် ရှေ့တော်၌ ထိုသို့မဟုတ်။

၃ ကျမ်းစာ၌အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

၎ အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။

၅ အကျင့်မရှိသော သူမည်သည်ကား၊ မတရားသောသူ၏ ဤပြစ်ကိုဖြေသောသူ၏ ဤပြစ်ကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။

၆ ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက် ပေးတော် မူသော ဖြောင့်မတ်ခြင်းကိုရသောသူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ဆိုသည်ကား၊

၇ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။

၈ ထာဝရဘုရား အပြစ်တင်တော်မူ ခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။

၉ အရေဖျားလှီးခြင်းကို ခံသောသူတို့သာလျှင် ထိုမင်္ဂလာကိုရကြသလော။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသော လူတို့သည်လည်းရကြသလော။ အဘယ်ကြောင့်မေးသနည်း ဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။

၁၀ ထိုသို့ဆိုသော် အဘယ်သို့မှတ်သနည်း။ အရေဖျားလှီးခြင်းကိုခံပြီးမှ မှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။

၁၁ အရေဖျားလှီးခြင်း ကိုမခံဘဲ ယုံကြည်သောသူ တို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်း ရှိစေခြင်းငှါ၊

၁၂ ငါတို့အဘ အာဗြဟံသည်ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါင်း၊ အရေဖျားလှီးခြင်း ကိုခံသည်သာမက၊ ငါတို့အဘ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီ ရှိသောယုံကြည်ခြင်း လမ်းသို့ လိုက်သောသူတို့၏ ဤဘဖြစ် အံ့သောငှါင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီ ရှိသော ယုံကြည် ခြင်း၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကိုခံရသတည်း။

၁၃ ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှ စသောသူ၏ အမျိုးအနွှယ်တို့သည် ပညတ်တရား အားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့်ရကြ၏။

၁၄ အကြောင်းမူကား၊ ပညတ် တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီး ဖြစ်၏။

၁၅ ပညတ်တရားသည်ကားအမျက်ဒေါသနှင့်စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။

၁၆ ထိုကြောင့်၊ ဂတိတော်သည်ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွှယ် တို့၌ပြည့်စုံ သည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွှယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရား ကိုသာအမှီပြု၍ ရောက်နိုင်၏။

၁၇ ငါသည်သင့်ကိုလူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည် နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသော အရာတို့ ကို ဖြစ်သောအရာကဲ့သို့မှာထားတော်မူ သောဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။

၁၈ သင်၏အမျိုးအနွှယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည်လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာ အကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။

၁၉ ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုင်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကိုင်း မအောက်မေ့၊

၂၀ ယုံမှားသောစိတ်နှင့် ကင်း၍ဘုရားသခင်၏ ဂတိတော် ကိုတွေးတော ခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကိုချီးမွမ်း၍၊

၂၁ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။

၂၂ ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကိုသူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်တော်မူ၏။

၂၃ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှါသာ ကျမ်းစာ၌ ရေးထားသည် မဟုတ်။

၂၄ ငါတို့အကျိုး အလိုငှါရေးထားသတည်း။ ငါတို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည်ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။

၂၅ ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။



CHAPTER 5

ရောမသြဝါဒစာ အခန်းကြီး ၅

၁ ထိုကြောင့်၊ ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။

၂ ထိုကျေးဇူးတော်ကိုခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်း ရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

၃ ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွေားဝမ်းမြောက်ခြင်းရှိကြ ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

၎ သည်းခံခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကိုပြုစုတတ်၏။

၅ ထိုမြော်လင့် ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့်ကင်းလွတ်၏။ အကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော် မူသောသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။

၆ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်ဘန်မှ ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏။

၇ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။

၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။

၉ သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။

၁၁ ထိုမျှမက၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

၁၂ ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင် ၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။

၁၃ ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှမရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊

၁၄ သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်း တရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သော သူ၏ပုံပမာဖြစ်သတည်း။

၁၅ သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ။ အကြောင်းမူကား၊ တယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ရောက်ကြ၏။ တယောက်သော သူတည်းဟူသော ယေရှုခရစ် အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။

၁၆ ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား။ တရားစီရင်သော အရာမှာ၊ အပြစ်တခုကြောင့် ဒဏ်ခံစေဟုစီရင်၏။ ကျေးဇူး တော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟု စီရင်၏။

၁၇ ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသော ကြောင့် ထိုတယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကိုင်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုင်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ့။

၁၈ ထိုကြောင့်၊ တယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သော သူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်း အခွင့်ကို ရကြ၏။

၁၉ အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။

၂၀ ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ကြွယ်ဝ၏။

၂၁ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ်ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရအသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။



CHAPTER 6

ရောမသြဝါဒစာ အခန်းကြီး ၆

၁ ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကိုကျင့်၍ နေရမည်လော။

၂ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့သည် ထိုတရား၌ အဘယ်သို့ရှင်ရဦး မည်နည်း။

၃ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။

၎ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။

၅ တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန် လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။

၆ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။

၇ သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။

၈ ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။

၉ သေခြင်းတရား သည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကိုထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု သဘောရှိကြ၏။

၁၀ ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရား ကြောင့်တကြိမ်သာခံတော်မူ၏။ အသက်ရှင် တော်မူရာမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။

၁၁ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည် ဟူ၍င်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍င်း၊ ကိုယ်ကိုကိုယ်ထင်မှတ်ကြလော့။

၁၂ ထိုကြောင့်၊ သင်တို့၏ သေတတ်သော ကိုယ်ခန္ဓြွာ၏ တပ်မက်ခြင်းအလိုသို့လိုက်ရသည် တိုင်အောင်၊ အပြစ်တရားသည်ထိုကိုယ်ခန္ဓြွာ၌ အစိုးမရစေနှင့်။

၁၃ သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက် လက်နက်ဖြစ်စေ၍၊ အပြစ် တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အားကိုယ်ကိုကိုယ် ဆက်ကြလော့။

၁၄ ကိုယ်အင်္ဂါများကိုလည်း သုစရိုက် လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည်သင်တို့ကိုမအုပ်စိုးရ။

၁၅ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့်၊ ဒုစရိုက်ကိုပြုရမည်လော။ ထိုသို့မပြုရ။

၁၆ အကြင်သူ၏ အထံ၌အစေခံ ကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၌အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်း နှင့်ယှဉ်သောနားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့သည် သခင်ဖြစ်သည်ကိုမသိကြသလော။

၁၇ သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ ပြီး သောသြဝါဒနည်းဥပဒေသစကားကို စေတနာ စိတ်နှင့်နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပေ၏။

၁၈ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။

၁၉ ထိုသို့ ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည်မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဘူးသည်နည်းတူ၊ ယခုမှာကိုယ်အင်္ဂါများ ကိုသန့်ရှင်းခြင်း အလိုငှါဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။

၂၀ သင်တို့သည်အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှလွတ်ကြ၏။

၂၁ ယခုသင်တို့ရှက်ကြောက်သောထိုအကျင့် တို့ကိုကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌လမ်းဆုံးသတည်း။

၂၂ ယခုမူကား၊ သင်တို့သည် အပြစ်တရား၏လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန်ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်းခြင်းအကျိုး ကိုရကြ၏။ အဆုံး၌လည်းထာဝရအသက်ကိုရကြလိမ့်မည်။

၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။



CHAPTER 7

ရောမသြဝါဒစာ အခန်းကြီး ၇

၁ ပညတ်တရားကိုသိသောညီအစ်ကိုတို့၊ ပညတ်တရားသည် လူကိုအသက်ထက်ဆုံး မျှသာပိုင်သည် ကို မသိကြသလော။

၂ ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင့်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။

၃ ထိုကြောင့်၊ မိမိလင်မသေမှီအခြား သောသူ ၏မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရား နှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာ အကြောင်းမရှိ၊

၎ ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသောသူတည်းဟူသော၊ သေခြင်းမှထ မြောက်တော်မူသောသူ၏မယားဖြစ်၍၊ ဘုရားသခင်၏အလိုတော်နှင့် အညီတိုးပွါးမည်အကြောင်း၊ ခရစ်တော် ၏ကိုယ်ခန္ဓြွာအားဖြင့်သေ၍ပညတ်တရားနှင့် ကွာကြ၏။

၅ ငါတို့သည်ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်၊ ပေါက်၍သေခြင်းတရား၏ အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။

၆ ယခုမူကား၊ ကျမ်းစာ၌ပါသော တရား ဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကိုမှီ၍ အမှုဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် သေသဖြင့် အုပ်ချုပ်သောပညတ်တရား၏ လက်မှလွတ်ခြင်းသို့ရောက်ကြပြီ။

၇ သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာအပြစ်သဘောကိုငါသိရ၏၊ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိ စေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။

၈ အပြစ်တရားသည်ပညတ်တရား အားဖြင့် အခွင့်ရ၍၊ ငါ၌အမျိုးမျိုး သောလောဘတို့ကိုဖြစ်စေ၏။ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။

၉ အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည်အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။

၁၀ အသက်ရှင်ခြင်းနှင့် ဆိုင်သောပညတ်တရားသည် သေခြင်းနှင့်ဆိုင် သည်ကိုတွေ့ရ၏။

၁၁ အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအား ဖြင့် ငါ့ကိုသတ်လေ၏။

၁၂ ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။

၁၃ သို့ဖြစ်လျှင် ကောင်းမြတ်သောအရာ သည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကိုထင်ရှားစေခြင်းငှါ ကောင်းမြတ်သော အရာအားဖြင့်ငါ၌ သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့်အပြစ်တရား သည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့်ပြည့်စုံခြင်းရှိသတည်း။

၁၄ ထိုမှတပါး၊ ပညတ်တရားသည်ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ ငါမူကားဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။

၁၅ အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။

၁၆ ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။

၁၇ သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။

၁၈ ငါ့အထဲမှာငါ့ဇာတိပကတိ၌ ကောင်းသောအရာတစုံတခုမျှမတည် သည်ကိုငါသိ၏။ အကြောင်းမူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိ သော်လည်း၊ ကောင်းစွာကျင့်တတ်သော အခွင့်ကို ရှာ၍မတွေ့နိုင်။

၁၉ ငါသည်ကျင့်ချင်သော အကျင့်ကောင်း ကိုမကျင့်၊ မကျင့်ချင်သောအကျင့်ကိုကျင့်၏။

၂၀ ထိုသို့ငါသည် မကျင့်ချင်သောမကျင့်ကိုကျင့်လျှင်၊ ငါကိုယ် တိုင်ကျင့်သည် မဟုတ်။ ငါ့အထဲ၌နေသောအပြစ်တရားသည် ကျင့်၏။

၂၁ ထိုသို့ကောင်းသော အကျင့်ကို ငါကျင့်ချင်သောခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။

၂၂ ငါသည်အတွင်းလူ အားဖြင့်ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။

၂၃ သို့သော်လည်းငါ့ကိုယ်အင်္ဂါများ ၌ရှိသော တရား တပါးသည်စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ်တရား လက်သို့ငါ့ကိုဘမ်းသွားအပ်နှံသည် ကိုငါမြင်၏။

၂၄ ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေ ကောင်မှ ငါ့ကိုအဘယ်သူ ကယ်လွှတ်မည်နည်း။

၂၅ ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်လွှတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့ င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့င်း၊ ငါလိုက်တတ်၏။



CHAPTER 8

ရောမသြဝါဒစာ အခန်းကြီး ၈

၁ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့်ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။

၂ ယေရှုခရစ်၌တည်၍အသက်ရှင် စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏ လက်မှင်း၊ သေခြင်းတရား၏လက်မှင်း၊ ငါ့ကိုကယ် လွှတ်ပြီ။

၃ ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့် ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။

၎ အကြောင်းမူးကား၊ ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။

၅ ဇာတိပကတိရှိသောသူတို့ သည် ဇာတိပကတိနှင့်စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။

၆ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ်သဘောသည်အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။

၇ အဘယ်ကြောင့် နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည်ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။

၈ ထိုကြောင့် ဇာတိပကတိ၌ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။

၉ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိ ဘက် ၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။

၁၀ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။

၁၁ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။

၁၂ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။

၁၃ သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင်သေရကြမည်။ ဝိညာဉ် တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။

၁၄ ဘုရားသခင်၏ ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူ သမျှ သောသူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။

၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။

၁၆ ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော် သည် ငါတို့၏ ဝိညာဉ်နှင့် အတူသက်သေခံတော်မူ၏။

၁၇ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ ၏။ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့် အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။

၁၈ ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။

၁၉ ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။

၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။

၂၁ ဘုရားသခင် သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။

၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။

၂၃ ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓြွာရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။

၂၄ ငါတို့ သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကိုတွေ့မြင်လျှင် မြော်လင့်စရာအကြောင်းမရှိ၊ တွေ့မြင်သောအရာကိုအဘယ် ကြောင့် မြော်လင့်ရမည်နည်း။

၂၅ ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသော စိတ်နှင့်ငံ့လင့်၍နေကြ၏။

၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည အတိုင်းအဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

၂၇ စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။

၂၈ ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။

၂၉ ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။

၃၀ ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်းမြှောက်တော်မူ၏။

၃၁ သို့ဖြစ်၍ဤအရာများ တို့၌အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။

၃၂ မိမိသား တော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော် မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါတို့အား မပေးဘဲအဘယ်သို့နေတော်မူမည်နည်း။

၃၃ ဘုရားသခင် ရွေးကောက်တော် မူသော သူတို့ကိုအဘယ်သူသည် အပြစ်တင်မည်းနည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရား သခင်ပေတည်း။

၃၄ အပြစ်စီရင်သော သူကားအဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။

၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။

၃၆ အကယ်စင်စစ်ကိုယ် တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ် အမှုသည်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။

၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။

၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋိအမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊

၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘရားသခင်၏ မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။



CHAPTER 9

ရောမသြဝါဒစာ အခန်းကြီး ၉

၁ ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌သက်သေခံလျက်၊ ငါသည်မုသားမပါ၊ ခရစ်တော်ရှေ့၌မှန်ကန်စွာပြောသည်ကား၊

၂ ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌မခြား မလပ်ပူပန်ခြင်းဝေဒနာရှိ၏။

၃ အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့ အတွက်၊ ငါသည်ကိုယ်တိုင်ခရစ်တော်နှင့် ခွါ၍ ကျိန်ခြင်းကိုခံချင်လောက်အောင်စိတ်ရှိ၏။

၎ ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ မြှောက်ခြင်းနှင့်င်း၊ ဘုန်းအာနုဘော်တော်နှင့်င်း၊ ပဋိညာဉ်တရားတို့နှင့်င်း၊ ပညတ်တရားထားခြင်းနှင့်င်း၊ ဝတ်ပြုခြင်းနှင့်င်း၊ ဂတိတော်တို့နှင့်င်း ဆိုင်ကြ၏။

၅ ဘိုးဘေးများတို့နှင့် ဆက်နွှယ်သောသူ လည်းဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုး အားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည် လည်းခပ်သိမ်းသောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။

၆ ထိုသို့ဆိုသော်ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွှယ် သောသူအပေါင်းတို့သည် ဣသရေလလူမှန်မဟုတ်။

၇ ထိုနည်းတူအာဗြဟံ၏ အမျိုးအနွှယ် ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏ သားမှန်မဟုတ်။ ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

၈ ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏ သားမှန်မဟုတ်။ ဂတိတော်နှင့် ဆိုင်သောသားတို့သည် အမျိုးအနွှယ်မှန်သည်ဟု မှတ်တော်မူ၏။

၉ ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။

၁၀ ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓြေွ စွဲယူသောအခါ၊

၁၁ ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အား ဖြင့် တည်မည်အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည်ကောင်းသော အကျင့်၊ မကောင်းသော အကျင့် ကိုမကျင့်မှီ၊

၁၂ သားအကြီးသည် သားအငယ်၌ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။

၁၃ ထိုသို့နှင့်အညီ၊ ယာကုပ်ကို ငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း။

၁၄ သို့ဖြစ်၍၊ အဘယ်သို့ပြောရမည်နည်း။ ဘုရားသခင်သည်မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့မပြောရ။

၁၅ ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသောသူကိုကျေးဇူးပြုမည်။ သနားလိုသောသူကို လည်းသနားမည် ဟုမောရှေကိုမိန့်တော်မူ၏။

၁၆ ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူ သည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသောဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏။

၁၇ ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါင်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင်ကျော်စောစေခြင်းငှါင်း၊ သင့်ကိုမြှောက်ခဲ့ပြီဟု ဆိုသတည်း။

၁၈ ထိုသို့နှင့် အညီ၊ ကျေးဇူးပြုလိုသောသူကိုကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလို သောသူကိုလည်းခိုင်မာစေတော်မှု၏။

၁၉ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့်အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကိုဆီးတားဘူးသနည်း ဟုဆိုမည်လော။

၂၀ ဘုရားသခင်ကိုငြင်းဆန်သောအချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊အဘယ်ကြောင့်ငါ့ကိုဤသို့ လုပ်သနည်း ဟုဆိုရမည်လော။

၂၁ အိုးထိန်းသမားသည်အိုးမြေကို ပိုင်သည်မဟုတ်လော။ အိုးမြေတပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ် ကိုလုပ်ပိုင်သည်မဟုတ်လော။

၂၂ ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကိုထင်ရှား စေခြင်းငှါအလိုတော် ရှိလျက်၊ ပျက်စီးခြင်းအဘို့ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်း ခန္တီနှင့် သည်းခံတော်မူသည်မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။

၂၃ မြှောက်ခြင်း အဘို့ပြင်ဆင်တော်မူ နှင့်သောကရုဏာခံရာအိုးများ တည်းဟူသော၊

၂၄ ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တပါးအမျိုးသား တို့အထဲမှပရောဖက်ဟောရှေဆိုသည်တိုင်း ခေါ်တော်မူသောငါတို့၌ ဘုန်းအာနုဘော်တော်ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည်မှန်လျှင်၊ အဘယ်ပြော ဘွယ်ရှိအံ့နည်း။

၂၅ ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏လူမဟုတ်သေသူကို ငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သောသတို့သမီးကိုလည်း အချစ်ဟူ၍ငါခေါ်မည်။

၂၆ သင်တို့သည်ငါ၏ လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ သားဟုခေါ်ဝေါ်ခြင်း ကိုခံရကြလိမ့်မည် ဟုလာသတည်း။

၂၇ ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။

၂၈ အမှုတော်ကိုတရားသဖြင့် ပြီးစီးစေခြင်းငှါဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်ဟုဆိုသတည်း။

၂၉ ထိုသို့နှင့် အညီ၊ ဟေရှာယသည်အထက်က ဆိုပြန်သည်ကား၊ ကောင်ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကိုကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူကြပြီ။

၃၀ ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်း ဟူမူကား၊ ဖြောင့်မတ်ခြင်းကိုမှီအောင် မလိုက်သော တပါးအမျိုး သားတို့သည် ဖြောင့်မတ်ခြင်းကိုမှီကြ၏။ ထိုသို့ဆိုသော် ယုံကြည်ခြင်းအားဖြင့် မှီသော ဖြောင့်မတ်ခြင်းကိုဆိုလိုသတည်း။

၃၁ ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်သော ဣသရေလလူတို့ မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။

၃၂ အဘယ်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။

၃၃ ကျမ်းစာ၌လာသည်ကား၊ ထိမိ၍လဲစရာ ကျောက်မှာ ငါချထား၏။ထိုကျောက်ကိုအမှီပြုသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိ နိုင်ရာ ဟုလာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍လဲကြ၏။



CHAPTER 10

ရောမသြဝါဒစာ အခန်းကြီး ၁၀

၁ ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။

၂ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရား သခင်ဘက်၌ စိတ်အားကြီး သည်ဟု သူတို့အဘို့ငါသက်သေခံ၏။

၃ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့် မတ်ခြင်းကိုတည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြ။

၎ ယုံကြည်သောသူ အပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည် အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။

၅ မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်း တရားကို ရည်မှတ်၍ ရေးထားသတည်း။

၆ ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊

၇ ကောင်းကင် သို့အဘယ်သူ တက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့် ဟုဆို၏။ ထိုသို့ဆိုသော် ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါ ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်ခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။

၈ တဖန်ဆိုသည် ကား တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌င်း၊ သင်၏နှလုံး၌င်း ရှိသည်ဟုဆို၏၊ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း၊

၉ အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

၁၀ ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှါ စိတ်နှလုံးနှင့်ယုံကြည်ရ၏။

၁၁ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက် ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။

၁၂ ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။

၁၃ အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။

၁၄ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။

၁၅ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟော ပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက် စရာသိတင်း၊ ကောင်းကျိုး ချမ်းသာ၏ဝမ်းမြောက်စရာသိတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။

၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာ သိတင်း ကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယစကားဟူမူကား၊ အိုထာဝရဘုရား၊ ကျွန်ုပ်တို့ဟော ပြောသော သိတင်းစကားကို အဘယ်သူ ယုံပါသနည်းဟု ဆို၏။

၁၇ သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။

၁၈ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော၊ အမှန်ကြားရပြီ။ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။

၁၉ တဖန် ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက မရေရသောလူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါင်း၊ ငါပြုမည်ဟု ရှေ့ဦး စွာဆို၏။

၂၀ ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မမေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။

၂၁ ဣသရေလလူတို့ကို ရည်မှတ်၍တဖန် မိန့်တော် မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေ့လုံးငါသည် လက်ဝါးကိုဖြန့်ရပြီဟု ဆိုသတည်း။



CHAPTER 11

ရောမသြဝါဒစာ အခန်းကြီး ၁၁

၁ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟု မေးသော်၊ ပယ်တော်မမူ ဟုဆိုရ၏။ ငါပင်ဣသရေလလူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန်အနွှယ်ဖြစ်၏။

၂ ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပယောဖက်ဧလိယက၊ အိုထာဝရဘုရား၊

၃ သူတို့သည် ကိုယ်တော်၏ ပယောဖက် များကို သတ်ကြပါပြီ။ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင့်ရှေ့မှာ ဣသရေလ အမျိုးတဘက်၌ လျှောက်ထားသည်ဟု ကျမ်းစာ၌ပါသောအကြောင်းကို သင်တို့သည် မသိကြသလော။

၎ ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ဗျာဒိတ် ထားတော်မူသနည်း ဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူ ခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။

၅ ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။

၆ ကျေးဇူးတော်အားဖြင့် ရှိလျှင်၊ ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့်အား ဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ။ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။

၇ သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော် မူသောသူ ကိုသာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။

၈ ထိုသို့နှင့်အညီ ကျမ်းစာလာသည် ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကိုင်း၊ မမြင်နိုင်သောမျက်စိကိုင်း၊ မကြားနိုင်သောနားကိုင်း၊ ထိုသူတို့အားပေးတော်မူပြီဟု လာ၏။ ထိုကျမ်းစာချက်သည် ယနေ့တိုင်အောင် ပြည့်စုံသတည်း။

၉ ဒါဝိဒ်၏ စကား ဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်င်း၊ ဂျမ်းသော်င်း၊ ထောင်ချောက်သော်င်း၊ ခံထိုက်သော အပြစ်သော်င်း ဖြစ်ပါစေ။

၁၀ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ကျော သည်လည်း အစဉ်ကုန်း ပါစေဟု လာသတည်း။

၁၁ သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍နေကြသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍ မနေရကြ။ သူတို့၏စိတ်ကို နှိုးစော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တပါးအမျိုးသားတို့၌ သက်ရောက်လေ၏။

၁၂ သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုင်း၊ သူတို့၏ရှုံးခြင်းအရာသည် တပါးအမျိုးသားတို့၏ စီးပွားကိုင်း ပြုစုလျှင်၊ သူတို့၏ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော၊

၁၃-၁၄ ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။

၁၅ ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။

၁၆ အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တပုံလုံးသန့် ရှင်းလိမ့်မည်၊ အမြစ်သန့်ရှင်းလျှင် အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။

၁၇ အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသောသံလွင်ပင် တည်းဟူသော သင်တို့အထက်ငုတ်၌ ဆက်၍စိုက်သဖြင့် အခက်များနှင့်အတူ သံလွင် ပင်အမြစ်ကိုင်း၊ အဆီသြဇာကိုင်း ဆက်ဆံလျှင်၊ ချိုးဖဲ့သောအခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။

၁၈ါကြွားလျှင် မူကား၊ သင်သည် အမြစ်ကိုမဆောင်၊ အမြစ်သည်သင့်ကိုဆောင်၏။

၁၉ ငါ့ကိုဆက်၍ စိုက်ခြင်းငှါ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။

၂၀ မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။

၂၁ အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကိုနှမြော တော်မူမည်လော။

၂၂ သို့ဖြစ်၍ လဲသောသူ တို့၌ ပြင်းစွာစီရင်တော်မူခြင်းကိုင်း၊ ကျေးဇူးတော်၌ သင်သည် တည် နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော် ကိုင်း၊ ဤနှစ်ပါးကိုအောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကိုခံရမည်။

၂၃ သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန်ဆက်၍ စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍စိုက်ခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။

၂၄ အဘယ်သို့နည်း ဟူမူကား၊ ပကတိရိုင်းသောသံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသောသံလွင်ပင်၌ ပကတိကိုမလိုက်ဘဲ ဆက်၍စိုက်သည်မှန်လျှင် ပကတိအခက်ဖြစ်သော ထိုသူတို့ သည် မိမိတို့သံလွင်ပင်၌ဆက်၍ စိုက်သောအခွင့်ကို သာ၍ရကြမည်မဟုတ်လော။

၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း တပါးအမျိုးသား အပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွမ်းခြင်းအကြောင်းတည်းဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။

၂၆ ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်း တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။

၂၇ သူတို့အပြစ် များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း။

၂၈ သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။

၂၉ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်းကျေးဇူးသည် ဖောက်ပြန်ခြင်း သဘောမရှိ၊

၃၀ သင်တို့သည် အထက်က၊ ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့နားမထောင်ခြင်းအမှုအားဖြင့် သနားတော်မူခြင်းကို ခံရသကဲ့သို့၊

၃၁ ထိုနည်းတူ၊ သင်တို့ခံရ သော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲနေရကြ၏။

၃၂ ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်းအခွင့် ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။

၃၃ ဘုရားသခင်၏ပညာနှင့်ညဏ်တော် သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက်၍ရှာသော်လည် မတွေ့မမှီနိုင်။

၃၄ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရား နှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။

၃၅ ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူ သည် ကျေးဇူးပြုဘူးသနည်း။

၃၆ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက င်း၊ ကိုယ်တော်အားဖြင့်င်း၊ ကိုယ်တော်အဘို့အလိုငှါင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော် မူစေသတည်း။ အာမင်။



CHAPTER 12

ရောမသြဝါဒစာ အခန်းကြီး ၁၂

၁ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာ နှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။

၂ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာဟူတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံး ကို အသင့်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

၃ သင်တို့သည် ကိုယ်ကိုထင်သင့် သည်အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေး တော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက် ပတ်စွာ ထင်ရမည် ကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက်၊ သင်တို့တွင်ရှိသမျှသောသူ တို့ကို မှာထား၏။

၎ ဥပမာကား၊ ကိုယ်တခု၌ အင်္ဂါအများ ရှိသည်ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက်စရာအမှုတခု တည်းမရှိသကဲ့သို့၊

၅ ထိုအတူ၊ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍၊ အသီးသီး အင်္ဂါချင်း ဖြစ်ကြ၏။

၆ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကို ခံရသည်ဖြစ်၍၊ ပရောဖက်အရာ ရှိလျှင်၊ ယုံကြည်ခြင်းပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။

၇ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမသြဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။

၈ နှိုးဆော်သွေး ဆောင်သောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျုသောစိတ် နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့်အုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူ သည် စေတနာစိတ်နှင့်ပြုစေ။

၉ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။

၁၀ ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက် ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်မြှောက်ကြလော့။

၁၁ အားထုတ်ခြင်း အရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။

၁၂ မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။

၁၃ သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်း ကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။

၁၄ သင်တို့ကို ညှင်းဆဲသောသူတို့အဘို့ မေတ္တာပို့ကြလော့။ ကျိန်ဆဲခြင်း ကိုမပြု၊ မေတ္တာပို့ခြင်းကိုသာပြုကြလော့။

၁၅ မ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုင်း၊ ငိုကြွေးသော သူတို့နှင့်အတူ ငိုကြွေးခြင်းကိုင်း ပြုကြလော့။

၁၆ အချင်းချင်းစိတ် သဘော တညီတညွတ်တည်းရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။

၁၇ အဘယ်သူကိုမျှ ရန်တုံ့မမူ ကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့။

၁၈ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။

၁၉ ချစ်သူတို့၊ သူတပါး သည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေး ကြလော့။ ကျမ်းစာလာ သည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

၂၀ ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက် စရာဘို့ပေးလော့။ ထိုသို့ပြုလျှင်၊ သူ၏ဦးခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။ ၂၁ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။



CHAPTER 13

ရောမသြဝါဒစာ အခန်းကြီး ၁၃

၁ အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့် မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာ ဖြစ်သ တည်း။

၂ ထိုကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကိုခံရမည်။

၃ မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဘို့ ဖြစ်သည်မဟုတ်။ မကောင်း သောအကျင့်ကိုကျင့်သောသူ ကြောက်ဘို့ဖြစ်၏။ မင်းအာဏာကိုမကြောက်ဘဲ နေချင်သလော။ ကောင်းသော အကျင့်ကိုကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကိုခံရ လိမ့်မည်။

၎ မင်းသည်ကား၊ သင်၏အကျိုး အလိုငှါ ဘုရားသခင်၏အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်းရှိစေလော့။ အကြောင်း မူကား၊ မင်းသည်အချည်းနှီး ထားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ် တရားစီရင်၍ ရာဇဝတ်ပေးပိုင်သောသူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။

၅ ထိုကြောင့်၊ ရာဇဝတ် ကိုကြောက်သောကြောင့် မင်းအာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံရသည်မဟုတ်။ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်၍ဝန်ခံရမည်။

၆ ထိုအကြောင်း ကြောင့် အခွန်အတုတ်ကိုပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။

၇ ထိုကြောင့်၊ လူအသီးသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကို ခံထိုက်သောသူအား အခွန်ကိုင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုင်း ပေးကြလော့။ ကြောက်ထိုက်သော သူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။

၈ အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။

၉ အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။

၁၀ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုမဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။

၁၁ ထိုမှတပါး၊ ငါတို့ကိုကယ်တင်သော ကျေးဇူးတော်သည် ငါတို့ယုံကြည်သော နေ့ရက်၌နီးသည် ထက် ယခုသာ၍ နီးသောကြောင့်င်း၊

၁၂ ညဥ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်င်း၊ ယခုအခါ အိပ်ပျော် ရာမှနိုးရသော အချိန်ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကိုထောက်လျက်၊ မှောင်မိုက်၏ အကျင့်ကို ပယ်ရှား၍၊ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။

၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသောမေထံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အ ချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။

၁၄ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်းအလို့ငှါ မကြံစည်ကြနှင့်။



CHAPTER 14

ရောမသြဝါဒစာ အခန်းကြီး ၁၄

၁ ယုံကြည်အားနည်းသောသူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို သူနှင့် မဆွေးနွှေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။

၂ အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက် ကိုသာစား၏။

၃ အမျိုးမျိုးကိုစားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။

၎ သူတပါး ပိုင်သောလူကို စစ်ကြောစီရင်သောသင်သည် အဘယ်သူနည်း။ သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွှတ်ခြင်း၊ အပြစ်ခံခြင်းသို့ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်း သို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ၏။

၅ နေ့ရက် တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိစိတ် သဘောကျပါစေ။

၆ နေ့ရက်ကိုစောင့်သောသူသည် သခင် ဘုရားကိုထောက်၍ စောင့်၏။ နေ့ရက်ကိုမစောင့် သောသူသည်လည်း၊ သခင်ဘုရားကိုထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကိုထောက် သောစိတ်နှင့် စား၍ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။

၇ ငါတို့တွင် အဘယ် သူမျှ ကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဘို့အလိုငှါ မသေ။

၈ အသက်ရှင်လျှင်၊ သခင်ဘုရား အဘို့အလိုငှါ ရှင်၏။ သေလျှင်လည်း သခင်ဘုရားအဘို့အလိုငှါ သေ၏။ ထိုကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။

၉ အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကိုင်း၊ ရှင်သော သူတို့ကိုင်း၊ အစိုးရသောအရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏။

၁၀ သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့်စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြ မည်။

၁၁ ကျမ်းစာလာသည် ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

၁၂ သို့ဖြစ်၍၊ ငါတို့ရှိသမျှ သည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။

၁၃ ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်းမစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍စီရင်ကြကုန်အံ့။

၁၄ အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည် သခင်ယေရှုကို အမှီပြုလျက် သဘောကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူး သည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။

၁၅ သင်၏ညီအစ်ကိုသည် သင်စားသောအစာကြောင့် စိတ်နာရလျှင်၊ သင်သည် မေတ္တာတရားကိုမကျင့်၊ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကို သင်၏အစာအားဖြင့်၊ အကျိုးမနဲစေနှင့်။

၁၆ သင်တို့သည် အခွင့်ရသည်အမှုမှာ ကဲ့ရဲ့စရာအကြောင်း မရှိစေနှင့်။

၁၇ ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ခံရသောဝမ်းမြောက်ခြင်း၌ တည်၏။

၁၈ ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့တွင်ချီးမွမ်းဘွယ်ဖြစ်၏။

၁၉ ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်င်း၊ အချင်းချင်းတည် ဆောက်ခြင်းနှင့်င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။

၂၀ ဘုရားသခင်၏အမှုတော်ကို သင်၏အစာ အလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။

၂၁ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုကို ထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။

၂၂ သင်သည် ယုံခြင်း ရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြောမစီရင် သောသူသည် မင်္ဂလာရှိ၏။

၂၃ ယုံမှားသောသူသည် စားလျှင်၊ ယုံကြည်သော စိတ်မရှိဘဲ စားသောကြောင့် အပြစ်စီ ရင်ခြင်းကို ခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏။


Chapter 15

ရောမသြဝါဒစာ အခန်းကြီး ၁၅

၁ သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သီးခံ ရကြမည်။

၂ ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုထောက်၍၊ သူ့ကိုတည် ဆောက်စေခြင်းငှါ သူ၏အလိုသို့ လိုက်ကြကုန်အံ့။

၃ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည် အတိုင်း ကဲ့ရဲ့ခြင်းကို ခံတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ ဟု ကျမ်းစာလာသတည်း။

၎ ငါတို့သည် ကျမ်းစာ၌ပါသော သီးခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍၊ မြော်လင့်ရသောအခွင့် ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေး ထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထား သတည်း။

၅ သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊

၆ ယေရှုခရစ်၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း ရှိကြမည် အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း ၏ အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။

၇ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည် နည်းတူ၊ သင်တို့သည် တယောက် ကိုတယောက် လက်ခံ ကြလော့။

၈ တဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများ ခံရသော ဂတိတော်တို့ကို တည်စေခြင်းငှါ၊

၉ အရေဖျားလှီးခြင်းကို ခံသောသူတို့၏ အမှုကိုဆောင်ရွက် တော်မူ၏။ တပါးအမျိုး သားတို့သည်လည်း၊ ဘုရားသခင်၏ ကရုဏာတော်ကို အံ့သြချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။

၁၀ တဖန် လာသည်ကား၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့ ဟုလာ၏။

၁၁ တဖန်ကား၊ လူမျိုး အပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအနွှယ် အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့ဟု လာ၏။

၁၂ တဖန် ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါး အမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်း သောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟု ဆိုသတည်း။

၁၃ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သော စိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။

၁၄ ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိသဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အခြင်းခြင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘောကျလျက်ရှိ၏။

၁၅-၁၆ သို့သော်လည်း သန့်ရှင်းသောဝိညာဉ်တော် သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည်ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကိုသတိပေးလျက် သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။

၁၇ ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင် သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းရှိ၏။

၁၈-၁၉ တပါးအမျိုးသားတို့သည် စကားအားဖြင့်င်း၊ အကျင့် အားဖြင့်င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကိုပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။

၂၀ ထိုသို့အခြား သူတည်သော တိုက်မြင့် အပေါ်မှာ ငါထပ်၍မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသောအရပ်၌ ဧဝံဂေလိတရား ကို ဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။

၂၁ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ထိုသူ၏အကြောင်းကို အဘယ်သူမျှ မပြဘူးသော်လည်း၊ သူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသော သူတို့သည် နားလည်ကြလိမ့် မည်ဟု လာသတည်း။

၂၂ ထိုကြောင့်၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့်မရှိ။ အဆီးအတားများလှပြီ။

၂၃ ယခုမူကား၊ ဤအရပ် တို့၌ အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာသို့သွားခြင်းငှါ တာရှည်စွာကာလပတ်လုံး အလိုရှိသော ကြောင့်၊

၂၄ စပါနိပြည်သို့ ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကိုတွေ့မြင်၍ သင်တို့နှင့်အတူ ပေါင်းဘော်လျက် အတန်အရာအလိုပြည့် စုံပြီးမှ၊ ထိုပြည်သို့ သင်တို့ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့်၏။

၂၅ ယခုအခါ သန့်ရှင်းသူတို့ကို လုပ်ကျွေး၍ ယေရုရှလင်မြို့သို့ ငါသွားရမည်။

၂၆ အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။

၂၇ စေတနာစိတ်ရှိ သည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင် သောသူ ဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ၍ ခံရသည်မှန်လျှင်၊ လောကီဥစ္စာကိုလှူ၍ လုပ်ကျွေးအပ်၏။

၂၈ ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာရှောက်၍ စပါနိပြည်သို့ သွားမည်။

၂၉ သင်တို့ရှိရာသို့ ငါရောက်သောအခါ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာပြည့် စုံခြင်းနှင့် ရောက်လာမည်ကိုငါသိ၏။

၃၀-၃၁ ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်းပင်မြောက်သောစိတ်နှင့် သင်တို့ရှိရာသို့ရောက်၍ သင်တို့နှင့် အတူသက်သာခြင်းကိုခံစားလိုသောငှါ၊ ယုဒပြည်၌ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အ ကြောင်း၊ ယေရုရှလင်မြို့ အားငါလုပ်ကျွေးခြင်းအမှုကိုသန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကိုဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာကိုအကြောင်းပြု၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပါ၏။

၃၂ ငြိမ်သက်ခြင်း၏ အရှင်၊ ဘုရားသခင်သည်သင်တို့ရှိသမျှနှင့် အတူတည်နေတော်မူ ပါစေသော။ အာမင်။



Chapter 16

ရောမသြဝါဒစာ အခန်းကြီး ၁၆

၁ ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ငါသွင်းပေး၏။

၂ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း သခင်ဘုရားကိုထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌သူ့ကို ကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသောသူတို့ကိုင်း၊ ငါ့ကိုင်း၊ မစသောသူဖြစ်၏။

၃ ငါနှင့်အတူ ယေရှုခရစ်၏အမှုတော်ကို ဆောင် ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။

၎ ထိုသူတို့သည် ငါ့အသက်အဘို့ မိမိတို့လည်ပင်းကို ချထားသောသူ ဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။

၅ သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။

၆ ငါတို့အမှုကို ကြိုးစား၍ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့။

၇ ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါ့အမျိုးသားချင်း အနြေ္ဒာနိတ်နှင့်ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူဖြစ်ကြ၏။ ငါ့အရင်တပည့် တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။

၈ သခင်ဘုရား၌ ငါ့ချစ်သား အမ္ပလိကို နှုတ်ဆက် ကြလော့။

၉ ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။

၁၀ တပည့်တော်စစ်ဖြစ်သာ အပေလေနှင့်အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။

၁၁ ငါ၏အဆွေ အမျိုးဟေရောဒျုန် နှင့် တပည့်တော်ဖြစ်သောနာကိသု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။

၁၂ သခင်ဘုရား၏ အမှုတော်ကိုကြိုးစားသောမိန်းမ၊ တရုတ်ဖဲနနှင့် တရုဖေါသကိုင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုး စား၍ ချစ်အပ်သောမိန်းမပေရသိကိုင်း နှုတ်ဆက်ကြလော့။

၁၃ မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်း ဟူသောငါ၏ အမိကို နှုတ်ဆက်ကြလော့။

၁၄ အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှ စ၍သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကိုနှုတ်ဆက်ကြလော့။

၁၅ ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် သြလုမ္ပမှစ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။

၁၆ အချင်းချင်း တယောက်ကိုတယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်း တို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။

၁၇ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမသြဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကိုပြုတတ်သောသူတို့ကို မှတ်၍ရှောင်ကြလော့ ဟုငါသတိပေး၏။

၁၈ အကြောင်း မူကား၊ ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏ အမှုကိုသာဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။

၁၉ သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါင်း၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါင်း၊ ငါအလိုရှိ၏။

၂၀ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မှီစာတန်ကို သင်တို့ ခြေအောက်၌ နှိပ်စက်တော်မူမည်၊ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ရှိပါစေသော။

၂၁ ငါနှင့်အတူ အမှုတော်ကိုဆောင်ရွက်သော တိမောသေမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်၊ သောတိပေတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။

၂၂ ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကိုနှုတ်ဆက်ပါ၏။

၂၃ ငါ့ကိုင်း၊ သင်းဝင်သူအပေါင်းတို့ကိုင်း၊ လက်ခံ၍ ဧည့်သည်ဝတ်ကို ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီကွာတုတို့သည် သင်တို့ကိုနှုတ်ဆက် ကြ၏။

၂၄ ငါတို့သခင်ယေရှု ခရစ်၏ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာထင်ရှားသည်ဖြစ်၍၊

၂၆ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော် အတိုင်း ထိုသူတို့အား ဘော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိ တရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကိုမြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊

၂၇ တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော် မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် အမBာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်



AMAZING GRACE BIBLE INSTITUTE