you will need the zawgyi-one font >> HERE <<တမန်တော်ဝတ္ထုကမ္ဘာဦးကျမ်း အခန်းကြီး ၁၁ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။၂ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ ၃ ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ၄ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ ၅ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဥ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။ ၆ တဖန် ဘုရားသခင်က၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော် ရှိသဖြင့်၊ ၇ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။ ၈ မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသော အမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။ ၉ တဖန် ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည် အတိုင်း ဖြစ်လေ၏။ ၁၀ ကုန်းကို မြေဟူ၍အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့် ၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၏။ ၁၁ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၁၂ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။ ၁၃ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယ နေ့ရက်ဖြစ်လေ၏။ ၁၄ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ ၁၅ မိုဃ်းကောင်း ကင်မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာအလင်းအိမ် ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၁၆ ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်း ဟူသော၊ နေ့ကိုအုပ်စိုးရသော အကြီး တလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များကိုဖန်ဆင်းတော်မူပြီးလျှင်၊ ၁၇ မြေကြီး၌ လင်းစေခြင်းငှါ၎င်း၊ ၁၈ နေ့နှင့်ညဥ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကျက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ၁၉ ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။ ၂၀ တဖန် ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော တိရ စ္ဆာန်တို့ကို ရေသည်များစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ်မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ၂၁ ထိုသို့လျှင် ရေသည် တိရ စ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို ၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။ ၂၂ ဘုရားသခင်ကလည်း၊ များပြားစွာမွေးဘွား ကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရ စ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ၂၃ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။ ၂၄ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရ စ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း မွေးဘွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၂၅ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။ ၂၆ တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ ၂၈ အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ ၂၉ ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဘို့ ငါပေး၏။ ၃၀ မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ စားစရာအဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ်လေ၏။ ၃၁ ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ Chapter 2 တမန်တော်ဝတ္ထု အခန်းကြီး ၂၁ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။၂ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ၃ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။ ၄ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။ ၅ ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက တရားကိုရိုသေသော ယုဒလူ တို့သည် ယေရှုရှလင်မြို့၌ တည်းနေကြသတည်း။ ၆ ထိုအသံကိုကြားရသောအခါ၊ လူများတို့သည် စုဝေးလာ ကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍မှိုင်တွေလျက် ရှိနေကြ၏။ ၇ ထိုလူအပေါင်းတို့သည် အံ့သြမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ ၈ သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွား ရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ၉ ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည် ၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊ ၁၁ ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ ၁၂ ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသော စိတ်ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သောအမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက် ပြောဆိုကြ၏။ ၁၃ လူအချို့တို့က၊ ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။ ၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျှက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့်ဟောပြောသည်ကား၊ ယေရှုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာ ကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။ ၁၅ ယခုအချိန်ကား နံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင် ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ၁၆ ဤအရာကား ပရောဖက် ယောလ ဟောဘူးသောအရာဖြစ်သတည်း။ ၁၇ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ကြရလိမ့်မည်။ အသက်ကြီးသောသူတို့ သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ကြရလိမ့်မည်။ ၁၈ ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ၁၉ အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကိုင်း၊ အောက်အရပ် မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုင်း ငါပြမည်။ ၂၀ ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ၂၁ ထိုအခါ ထာဝရ ဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့ဟု ဘုရားဗျာဒိတ်တော် ရှိ၏။ ၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍ ၂၃ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော် အားဖြင့်င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ကွပ်မျက်ကြပြီ။ ၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ ၂၅ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်အပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည် ဖြစ်၍ ငါသည်လှုရှားခြင်းမရှိရ။ ၂၆ ထိုကြောင့်ငါ့ စိတ်နှလုံးသည်သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်းရွှင်လန်းခြင်းရှိ၏။ ထိုမှတပါးငါ့အသားသည်မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ ၂၇ အကြောင်း မူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြည¸န်တော်မူလိမ့်မည်။ ၂၈ မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မ်ဟု ဒါဝိဒ်ဆိုသတည်း။ ၂၉ ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သောဒါဝိဒ်၏ အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။ ၃၀ ထိုသူသည်မိမိအမျိုးအနွှယ် ထဲကလူဇာတိအားဖြင့် ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊ ၃၁ ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်းပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ ၃၂ ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ၃၃ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြ‡င့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။ ၃၄ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊ ၃၅ သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါ မချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ်စကားရှိ၏။ ၃၆ ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌င်း၊ အစိုးရသောအရှင်အရာ၌င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။ ၃၇ ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။ ၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ၃၉ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်င်း၊ သင်တို့၏သားသမီး တို့နှင့်င်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်င်း ဆိုင်သည်ဟု ဟော၏။ ၄၀ ထိုမှတပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တယ်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသော စကားနှင့်သက်သေခံ၍ တိုက်တွန်း သွေးဆောင်လေ၏။ ၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံ ကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ ၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ ၄၃ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။ ၄၄ ယုံကြည်သောသူအပေါင်းတို့သည် တစုတဝေးတည်းနေသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ ၄၅ မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှခြင်းကိုပြုကြ၏။ ၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီအညွတ်တည်းနေ၍၊ ကိုယ်အိမ်၌မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။ ၄၇ ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။ Chapter 3 တမန်တော်ဝတ္ထု အခန်းကြီး ၃၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။ ၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။ ၄ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊ ၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။ ၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊ ၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊ ၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။ ၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊ ၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊ ၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။ ၁၂ ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့အဘယ်ကြောင့် ဤအမှုကိုအံ့သြကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်း လက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည် အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။ ၁၄ သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်ကို ငြင်းပယ်၍၊ လူအသက်ကိုသတ်ခြင်းအပြစ်ရှိသော သူတယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊ ၁၅ အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှထ မြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ၁၆ ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမ တော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသောယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်းအခွင့်ကို ပေး၍ရှိလေပြီ။ ၁၇ ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။ ၁၈ ခရစ်တော်သည် အသေခံရမည်ဟု ပရောက်ဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြတော်မူနှင့်သော အမှုကိုထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။ ၁၉ ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ ၂၀ သင်တို့အဘို့အလို့ငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ၂၁ ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့် ဘုရားသခင် ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ မရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။ ၂၂ ငါတို့ဘိုးဘေးများတို့ အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့အမျိုးသားအချင်းတို့ထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်ဟောပြောသမျှသော အရာတို့ကို သင်တို့သည် နားထောင်ရကြမည်။ ၂၃ အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူ သည်မိမိအမျိုးထဲက ပယ်ခြင်းကိုခံရမည်ဟု ဟော၏။ ၂၄ ပရောဖက်ရှမွေလမှစ၍ နောက်ဟောသောပရောက်ဖက် ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။ ၂၅ သင်တို့သည် ပရောဖက်အမျိုးအနွှယ် ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို သင်၏အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ် တရားတော်နှင့်သင်တို့သည် ဆိုင်ကြ၏။ ၂၆ သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ဖယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီးမင်္ဂလာကို ပေးစေခြင်းငှါ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော် မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။ Chapter 4 တမန်တော်ဝတ္ထု အခန်းကြီး ၄၁ ထိုသို့ တမန်တော်တို့သည် လူများတို့အား ဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရော ဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊၂ တမန်တော်တို့သည် လူများတို့အား ဆုံးမသြဝါဒပေး၍ ယေရှုကို အကြောင်းပြုလျက် သေခြင်းမှထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်း ရှိသည်နှင့်၊ ၃ တမန်တော်တို့ကို ဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။ ၄ တရားနာသောသူများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါး ထောင်မျှလောက်ရှိကြ၏။ ၅ နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊ ၆ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊ ၇ တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။ ၈ ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့၊ ၉ အင်္ဂါချို့တဲ့သောသူတို့ ကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊ ၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူအပေါင်းတို့ သိမှတ်ကြလော့။ ၁၁ ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋိဖျားသို့ ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ ၁၃ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်သတ္တိကိုမြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့သြ၍နေကြ၏၊ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရ၍င်း၊ ၁၄ အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကိုမြင်၍င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိ မတွေ့ကြ။ ၁၅ တမန်တော်တို့ကို လွှတ်တော်မှထွက်သွားစေပြီးလျှင်၊ ဤသူတို့ကိုအဘယ်သို့ပြုရမည်နည်း။ ၁၆ သူတို့သည် ထင်ရှားစွာသောနိမိတ်လက္ခဏာကို ပြပြီးသည်ကို ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။ ၁၇ သို့သော်လည်း လူများထဲ၌သာ၍ မနှံ့မပြားစေ ခြင်းငှါ၊ နောက်တဖန် ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အခြင်းခြင်းတိုင်ပင်ပြီးမှ၊ ၁၈ တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျှက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။ ၁၉ ပေတရုနှင့်ယောဟန်တို့ကလည်း၊ ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍စီရင်ကြလော့။ ၂၀ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အားဆိုကြ၏။ ၂၁ ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တဖန်ခြိမ်းချောက်ပြီးလျှင် လွှတ်ကြ၏။ ၂၂ အကြောင်းမူကား၊ အနာကင်းခြင်းနိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ် ကျော်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ၂၃ တမန်တော်တို့သည် လွှတ်သောအခါ မိမိတို့အပေါင်းအသင်းရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရော ဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ပြောဆိုသမျှကို ပြန်ကြားကြ၏။ ၂၄ ထိုသူများတို့သည် ကြားလျှင်၊ တညီတညွတ်တည်း ဘုရားသခင်ထံသို့ အသံကိုလွှင့်လျက်၊ အစိုးရတော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် ဖြစ်တော်မူ၏။ ၂၅ ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။ ၂၆ လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား နှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူ သည်နှင့်အညီ၊ ၂၇ ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည်၊ ၂၈ ကိုယ်တော်၏ အလိုရှိသည် အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန်ဖြစ်ပါ၏။ ၂၉ အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းချောက်ခြင်းကို မှတ်တော်မူပါ။ ၃၀ အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကိုဆန့်တော်မူ၍၊ သန့်ရှင်းသောသားတော် ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့သြဘွယ်သောအမှုတို့ကို ဖြစ်တော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်း ကြ၏။ ၃၁ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။ ၃၂ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်း ရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို ငါ့ဥစ္စာဟု၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ ၃၃ ဘုရားသခင် ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူ အပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ ၃၄ ထိုသူတို့တွင် ဆင်းရဲသောသူ တယောက်မျှမရှိ၊ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကိုပိုင်သောသူ ရှိသမျှတို့သည်ရောင်းပြီးလျှင် ရသောအဘိုးကိုယူဆောင်ခဲ့၍၊ ၃၅ တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။ ၃၆ ယောသေအမည်ရှိ၍ သက်သက်စေခြင်း၏သားဟု ဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိလူတယောက်သည်၊ ၃၇ မိမိပိုင်သောမြေကိုရောင်းပြီးလျှင်၊ ရသောငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့၏ခြေရင်း၌ ထားလေ၏။ Chapter 5 တမန်တော်ဝတ္ထု အခန်းကြီး ၅၁ သို့ရာတွင် အာနနိနှင့် ရှာဖိရေ အမည်ရှိသောလင်မယားနှစ်ယောက်တို့မူကား ဥစ္စာတစုံတခုကို ရောင်းပြီး လျှင်၊၂ ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုး၏တဘို့ကိုထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာ ယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ထားလေ၏။ ၃ ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုလှည့် စား၍၊ မြေကိုရောင်းသောအဘိုး၏ တဘို့ကိုထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့်ပြည့်စေရသနည်း။ ၄ ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့်ဤသို့ကြံစည်သနည်း။ လူကိုသာမုသာပြောပြီ မဟုတ်၊ ဘုရား သခင်ကိုလည်းမုသာပြောပြီဟု ပေတရုဆို၏။ ၅ ထိုစကားကို ကြားလျှင်၊ အာနနိသည်လဲ၍သေ၏။ ထိုအကြောင်း အရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏။ ၆ လုလင်တို့ သည်လည်း ထ၍အလောင်းကောင်ကိုအဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍သင်္ဂြိုဟ်ကြ၏။ ၇ ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသောအမှုအရာကိုမသိဘဲလျက် ဝင်လာ ၏။ ၈ ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟု မေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင်ရောင်းပါသည်ဟုဆို၏။ ၉ ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့်အဘယ်ကြောင့်ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွနးကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသောခဏခြင်းတွင်၊ ၁၀ ထိုမိန်းမသည် ပေတရု၏ ခြေရင်း၌လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ထိုမိန်းမသေသည်ကို တွေ့လျှင် ဆောင်သွား၍ သူ၏ခင်ပွန်း အနားမှာ သင်္ဂြိုဟ်ကြ၏။ ၁၁ သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။ ၁၂ တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်းနေကြသဖြင့်၊ ၁၃ ကြွင်းသောသူတစုံ တယောက်မျှ မပေါင်းဘော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။ ၁၄ သခင်ဘရား၌ ယုံကြည် သောယောက်ျားမိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။ ၁၅ ပေတရုသည် လမ်း၌ရှောက်သွားစဉ် အနာစွဲသော သူတို့တွင်တယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနားသို့ထုတ်၍ ခုတင်မွေ့ယာ ပေါ်မှာတင်ထားကြ၏။ ၁၆ ပတ်လည်ဝန်းကျင်၌ရှိသသော မြို့သူရွာသားအပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။ ၁၇ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏အပေါင်းဘော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့်ပြည့်ကြသဖြင့်၊ ၁၈ တမန်တော်တို့ကိုဘမ်းဆီး၍ ထောင်ထဲ၌လှောင်ထားကြ၏။ ၁၉ ညဥ့်အခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်၍၊ သင်တို့သွားကြလော့။ ၂၀ ဗိမာန်တော်၌ရပ်၍ အသက်ရှင်ခြင်းတရားစကား အလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစောဗိမာန်တော်သို့ဝင်၍ ဆုံးမသြဝါဒပေးကြ၏။ ၂၁ ယဇ်ပုရောဟိတ် မင်းနှင့် သူ၏အပေါင်းအဘော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီး သောသူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင်တို့ကို ထောင်သို့စေလွှတ်ကြ၏။ ၂၂ မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာမတွေ့ရှိသည်ရှိသော် ပြန်ကြ၍၊ ၂၃ ထောင်တံခါးလည်း အထူးသဖြင့်လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာရပ်လျက် ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။ ၂၄ ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကိုကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှုဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။ ၂၅ ထိုအခါ လူတယောက်သည် လာ၍ ထောင်ထဲမှာလှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံမသြဝါဒပေးကြ ပါသည်ဟု လျှောက်လေ၏။ ၂၆ ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကိုလူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။ ၂၇ ထိုသို့ခေါ် ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊ ၂၈ ထိုနာမကို အမှီပြု၍ မဆုံးမ မသွန်သင် မည်အကြောင်း ငါတို့သည်သင်တို့အား ကျပ်တည်းစွာစီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှါ သင်တို့ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။ ၂၉ ပေတရုနှင့်အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။ ၃၀ သင်တို့သည် သစ်တိုင်၌စွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။ ၃၁ ဣသရေလလူတို့အား နောင်တ တရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကိုအစိုးရသောအရှင်အရာ၌င်း၊ ကယ်တင်သောသခင် အရာ၌င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာလက်တော်နှင့် ချီးမြ‡င့်တော်မူပြီ။ ၃၂ ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။ ၃၃ ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြားမတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။ ၃၄ ထိုအခါ လူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်း ဆရာ၊ ဖာရိရှဲတယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊ ၃၅ ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။ ၃၆ အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသောသူတယောက်သည် ထသဖြင့် ငါသည်လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌လူလေးရာမျှ လောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်ဆီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြားပျောက်ပျက်ကြ၏။ ၃၇ ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုအမည်ရှိသော ဂါလိလဲလူ တယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်ဆီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှ သောသူတို့သည် ပျောက်လွင့်ကြ၏။ ၃၈ ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ၃၉ ဘုရားသခင်၏ အကြံအမှုဖြစ် လျှင် သင်တို့သည်မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။ ၄၀ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။ ၄၁ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။ ၄၂ ဗိမာန်တော်၌င်း၊ အိမ်၌င်း နေ့တိုင်းအစဉ်ဆုံးမ သွန်သင်လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိ တရားကို မပြတ်ဟောပြောလျက်နေကြ၏။ Chapter 6 တမန်တော်ဝတ္ထု အခန်းကြီး ၆၁ ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက်အစဉ်အတိုင်း လုပ်ကြွေးသောအခါ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကြွေးဟု ထိုအမျိုးအသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ် တင်ကြ၏။၂ ထိုအခါ တကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့ သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။ ၃ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်င်း၊ ပညာနှင့်င်းပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့ တွင်ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။ ၄ ငါတို့မူကား ဆုတောင်းပဌနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟုဆိုကြ၏။ ၅ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်င်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊ ၆ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည် လည်းဆုတောင်းပြီးလျှင် ထိုသူတို့၏ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။ ၇ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန် ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ ၈ သတေဖန်သည် ကျေးဇူးတော်နှင့်င်း၊ တန်ခိုးတော်နှင့်င်း ပြည့်စုံသဖြင့် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို လူများရှေ့မှာပြုလေ၏။ ၉ ထိုအခါ လိဗေရတိန်အပေါင်းအသင်းဝင်သောသူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိ ပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သားအချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုန်ခြင်းကို ပြုစဉ်တွင်၊ ၁၀ သူဟော ပြော၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ။ ၁၁ ထိုအခါ ဤသူသည် မောရှည်ကိုင်း၊ ဘုရားသခင်ကိုင်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါပြီဟု သက်သက်ခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊ ၁၂ လူများကိုင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။ ၁၃ မမှန်သောသက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသောအရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ်ပြောဆိုလျက်နေပါ၏။ ၁၄ ထိုနာဇရက်မြို့သားယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်ဥပဒေသကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို ကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။ ၁၅ လွှတ်တော်၌ထိုင်လျက် ရှိသောသူ အပေါင်းတို့သည် သတေဖန်ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာသည် ကောင်းကင်တမန်၏ မျက်နှာကဲ့သို့ ဖြစ်သည်ဟုထင်မှတ်ကြ၏။ Chapter 7 တမန်တော်ဝတ္ထု အခန်းကြီး ၇၁ ထိုအခါ ယဇ်ပုရောဟိတ်မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိသော်၊၂ သတေဖန်က၊ ညီအစ် ကိုအဘတို့ နားထောင်ကြပါလော့။ ငါတို့အဘ အာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါဘာမိတိုင်း၌ ရှိစဉ်အခါ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊ ၃ သင်နေသောပြည်နှင့်တကွ အမျိုးသား ချင်းများထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သောပြည်သို့ သွားလော့ဟု အာဗြဟံအားမိန့်တော်မူ၏။ ၄ ထိုအခါ အာဗြဟံသည် ခါလဒဲပြည်မှ ထွက်ခွါ၍ ခါရန်မြို့၌နေ၏။ သူ၏အဘသေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှပြောင်းစေတော်မူ၏။ ၅ ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်ပေးတော်မူမည်ဟု သားတယောက်မျှမရှိမီ ကတိထားတော်မူ၏။ ၆ သင်၏အမျိုးအနွှယ်သည် သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်။ ၇ သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အားဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၏။ ၈ ဘုရားသခင် သည်လည်း အရေဖျားလှီးခြင်းနှင့်ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအားပေးတော်မူ၏။ ထိုသို့ဣဇာက် ကိုဘွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာက်သားယာကုပ်၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိပ်နှစ်ပါးတည်း။ ၉ အမျိုး၏အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော်မူလျက်၊ ၁၀ အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသောဖာရောဘုရင်ထံ၌ မျက်နှာပွင့်လန်းခြင်းနှင့် ပညာအတတ်ကို ပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ် ကိုခန့်ထား၏။ ၁၁ ခါနာန်ပြည်နှင့်အဲဂုတ္တုပြည်တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘ များ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊ ၁၂ ငါတို့အဘများ ကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။ ၁၃ ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီအစ်ကိုတို့အား မိမိ အကြောင်းကို ဘော်ပြ၍၊ ဖာရောဘုရင်သည် ယောသပ်၏အမျိုးကို သိတော်မူ၏။ ၁၄ ထိုအခါ ယောသပ်သည် စေလွှတ်၍ မိမိအဘယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ်ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ၏။ ၁၅ ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား၍ ကိုယ်တိုင်မှစသော ငါတို့အဘ များသည် သေလွန်ကြ၏။ ၁၆ ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘဖြစ်သော ဟာမော်၏ သားတို့အား အဘိုးငွေကိုပေး၍ ဝယ်ပြီးဖြစ်သော သင်္ချိုင်းတွင်း၌ထားကြ၏။ ၁၇ အာဗြဟံအား ဘုရားသခင်ဓိဌာန်တော်မူသော ကတိတော်၏အချိန်ရောက်လုသောအခါ၊ ထိုလူမျိုးသည် အဲဂုတ္တုပြည်၌တိုးပွား၍၊ ၁၈ ယောသပ်ကိုမသိမကျွမ်းသော မင်းကြီးတပါးပေါ်လာသည်တိုင်အောင် များပြားကြလေ၏။ ၁၉ ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးတို့ကို ပရိယာယ်ပြုသဖြင့် သူငယ်များကို အသက်မရှင် စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့အဘများကို ညှင်းဆဲနှိပ်စက်လေ၏။ ၂၀ ထိုအခါ အလွန်အဆင်းလှသော မောရှေကိုဘွားမြင်လျှင်၊ သုံးလပတ်လုံးအဘ၏အိမ်တွင် ကျွေးမွေးကြ၏။ ၂၁ နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌မွေးစားလေ၏။ ၂၂ မောရှေသည်လည်း အဲဂုတ္တု အတတ်၊ ပညာအလုံးစုံတို့ကိုသင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။ ၂၃ အသက်လေးဆယ်စေ့သောအခါ ဣသရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟု အကြံရှိ၏။ ၂၄ အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရသည်ကိုမြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သဖြင့် ထိုညှဉ်းဆဲခံရသောသူအား အနိုင်ပေးလေ၏။ ၂၅ ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။ ၂၆ နက်ဖြန်နေ့၌ အချင်းချင်းခိုက်ရန်ပြုကြသောသူတို့ ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုအချင်းချင်းဖြစ်လျက်နှင့် အဘယ် ကြောင့်တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟုဆို၍ ရန်ငြိမ်းရာသို့သွေးဆောင်သည်ရှိသော်၊ ၂၇ အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကိုငါတို့အပေါ်မှာ အကဲအမှူးတရားသူကြီးအရာ၌ ခန့်ထားသနည်း။ ၂၈ မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ်လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။ ၂၉ ထိုစကားကိုကြားလျှင် မောရှေသည်ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။ ၃၀ အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင်ခြေရင်းတောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင်တမန်ထင်ရှား၏။ ၃၁ ထိုရူပါရုံကိုမြင်သောအခါ မောရှေသည်အံ့သြ၍ စေ့စေ့ကြည့်ရှုခြင်းငှါ အနားသို့ ချဉ်းကပ်လျှင်၊ ၃၂ ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်၏ဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။ ၃၃ ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသော မြေဖြစ်၏။ ၃၄ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသောညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ၊ သူတို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကိုကယ်နှုတ်ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။ ၃၅ အဘယ်သူသည် သင့်ကို အကဲအမှူးတရားသူကြီး အရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူဖြစ်စေ ခြင်းငှါ၊ ဘုရားသခင်သည် ချုံ၌ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။ ၃၆ ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ်ဆောင်၍ အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌‚င်၊ ဧဒုံပင်လယ်၌င်း၊ တော၌င်း၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ၏။ ၃၇ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက် တပါးကို သင်တို့အဘို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရကြမည်ဟု ဣသရေလ အမျိုးသားတို့အား ပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။ ၃၈ ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌င်း၊ သိနာတောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်င်း၊ ငါတို့အဘများနှင့်င်းရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင်စေသော ဗျာဒိတ်တော်ကိုခံလေ၏။ ၃၉ ထိုသူ၏စကားကို ငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊ ၄၀ ငါတို့ရှေ့မှာသွားရသော ဘုရား တို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကိုပြောဆိုကြ၏။ ၄၁ ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့်လုပ်သောအရာ၌ပင် ပျော်မွေ့ကြ၏။ ၄၂ အနာဂတ္တိကျမ်း၌ လာသည်ကား၊ အိုဣသရေလအမျိုး၊ သင်တို့သည်စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကို တော၌အနှစ်လေး ဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။ ၄၃ သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တည်း ဟူသော ကိုးကွယ်ဘို့ရာ မိမိတို့လုပ်သော ပုံတို့ကိုဆောင်ရွက်ကြပြီတကား။ ထိုကြောင့်ငါသည် သင်တို့ကို ဗာဗုလုန်မြို့တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင်တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကိုစွန့်ပစ်ထားတော်မူ၏။ ၄၄ မောရှေမြင်ရသောပုံနှင့်အညီ၊ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူ မှာထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ရှိ၏။ ၄၅ နောက်ကျသော ငါတို့အဘများသည် ထိုတဲတော်ကို တပါးအမျိုးသားတို့ပိုင်သော မြေထဲသို့ယောရှုနှင့်အတူ ဆောင်သွားကြ၏။ ထိုတပါးအမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘ များထံမှ နှင်ထုတ်တော်မူ၏။ ၄၆ ထိုဒါဝိဒ်သည် ဘုရားသခင်၏ကျေးဇူးတော်ကိုခံရ၍၊ ယာကုပ်၏ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာအရပ်ကို တွေ့ခြင်းငှါ တောင့်တ၏။ ၄၇ ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည်ဆောက် ရ၏။ ၄၈ သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ ၄၉-၅၀ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့ သောဗိမာန်ကို ငါ့အဘို့တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။ ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံသောဘုရားသည် လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ် တော်မူသည်မဟုတ်။ ၅၁ လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၊ နားဖြင့်င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့ အလေ့နှင့်တူ၏။ ၅၂ သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲနေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြောပြညွှန်သောသူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သောသူကိုပင် ယခုလည်း သင်တို့သည်အပ်နှံ၍ အသေသတ်ကြပြီ။ ၅၃ သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကိုခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။ ၅၄ ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။ ၅၅ သူသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ကောင်းကင်သို့စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုင်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကိုင်း မြင်လျှင်၊ ၅၆ ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုင်း၊ လူသားသည် ဘုရားသခင်၏လက်ျာတော်ဘက်၌ ရပ်နေသည်ကိုင်း ငါမြင် သည်ဟုဆို၏။ ၅၇ ထိုသူတို့သည် ပြင်းစွာသောအသံနှင့်ဟစ်ကြော်၍ နားကိုပိတ်ဆို့လျက် သူ့ဆီသို့ ညီညွတ်စွာ တဟုန်တည်းပြေး၍၊ ၅၈ မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ် ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။ ၅၉ ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။ ၆၀ ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကိုကွပ်မျက်သော အမှုကိုရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။ Chapter 8 တမန်တော်ဝတ္ထု အခန်းကြီး ၈၁ ထိုအခါ ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန် တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။၂ တရားကိုရိုသေသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ပြင်းစွာသော ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။ ၃ ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ထောင် ထဲ၌လှောင်ထား တတ်၏။ ၄ ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ ၅ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။ ၆ လူအစုအဝေးတို့ သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကိုမြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ ၇ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အောဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိ အဖြစ်သို့ရောက်ကြ၏။ ၈ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။ ၉ ရှိမုန်အမည်ရှိသာသူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့်ပြုပြင်၍၊ ငါသည် ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။ ၁၀ လူကြီးလူငယ်ရှိသမျှ တို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟုဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။ ၁၁ ဆည်းကပ်သည် အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှာ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာပြု လျက်နေ၏။ ၁၂ ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့်င်း၊ ယေရှုခရစ်၏ နာမတော်နှင့်င်း စပ်ဆိုင်သော ဧဝံဂေလိတရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံ ကိုခံကြ၏။ ၁၃ ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံ ကိုခံပြီးမှ ဖိလိပ္ပုထံ၌ မှီဝဲဆည်းကပ် သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကိုမြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။ ၁၄ ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသောတမန်တော်တို့သည် သိတင်းကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။ ၁၅ ထိုမြို့သူ မြို့သားတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံရုံမျှသာရှိသဖြင့်၊ ၁၆ တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော်မမူသေးသည်ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့အဘို့ ဆုတောင်း၍၊ ၁၇ ထိုသူတို့အပေါ်၌ လက်ကို တင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။ ၁၈ တမန်တော်တို့လက်ကို တင်သောအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊ ၁၉ အကျွန်ုပ်၏လက်တင်ခြင်းကို ခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော် ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟုတောင်းသော်၊ ၂၀ ပေတရုက၊ ဘုရားသခင်၏ကျေးဇူး တော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်ဆီးခြင်းသို့ ရောက်ပါစေ။ ၂၁ သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။ ၂၂ ထိုကြောင့် သင်၌ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ် နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည်ဖြစ်၍၊ ဘုရားသခင်ကိုတောင်းပန်လော့။ ၂၃ သင်သည် ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။ ၂၄ ရှိမုန် ကလည်း၊ မိန့်တော်မူသောအရာ တစုံတခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူကြပါဟု ပြန်ပြေ၏။ ၂၅ တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။ ၂၆ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့ သွားရာ တောလမ်းတွင် တောင်မျက်နှာသို့သွားလော့ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည် ထ၍သွားလေ၏။ ၂၇ ထိုအခါ အဲသယောပိပြည်ကို အစိုးရသော မိဘုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိပြည်သားတယောက်သည် ကိုးကွယ်ခြင်းအလိုငှါ ယေရုရှလင်မြို့သို့သွား၍၊ ၂၈ ပြန်စဉ်တွင် မိမိရထားပေါ်၌ ထိုင်လျက် ပရောဖက်ဟေရှယ၏ ကျမ်းစာကိုဘတ်လေ၏။ ၂၉ိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊ ၃၀ ဖိလိပ္ပုသည် ရထားသို့ ပြေး၍ ပရောဖက်ဟေရှာယ၏ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။ ၃၁ ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်း တောင်းပန်၏။ ၃၂ ကျမ်းစာ၌ဘတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှါ ဆောင်သွားသောသိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ ၃၃ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကိုမတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကိုအဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။ ၃၄ ထိုအမတ် ကလည်း၊ ပရောဖက်သည် အဘယ်သူကိုရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်းဆိုလိုသလော။ သူတပါးကိုယ်တည်း ဆိုလိုသလောဟု တောင်းပန်လျက်။ ၃၅ ဖိလိပ္ပုအားမေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကို ဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။ ၃၆ ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံ မခံစေခြင်းငှါ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆိုလျှင်၊ ၃၇ ဖိလိပ္ပုက၊ သင်သည်စိတ်နှလုံး အကြွင်းမဲ့ယုံကြည်လျှင် ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊ ၃၈ ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ကိုပေး၏။ ၃၉ ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကိုနောက်တဖန် မတွေ့မမြင်ရ၊ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။ ၄၀ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းရှောက်သွား၍ ဧဝံဂေလိတရားကိုဟောလေ၏။ Chapter 9 တမန်တော်ဝတ္ထု အခန်းကြီး ၉၁ ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်စွာအသက်ရှုသဖြင့်၊၂ ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍တောင်းပြီးမှ၊ ၃ သွား၍ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲကအလင်းသည် သူပတ်လည်၌ ရုတ်ကနဲထွန်းတောက်လေ၏။ ၄ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ် ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု မိမိအားပြောသောစကားသံကိုကြားလျှင်၊ ၅ သခင်၊ ကိုယ်တော်သည်အဘယ် သူနည်းဟု မေးလျှောက်၏။ ဘုရားသခင်ကလည်း၊ ငါကား သင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း။ ၆ သို့သော် လည်း ထ၍မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟု မိန့်တော်မူ၏။ ၇ ရှောလုနှင့်အတူ သွားသော သူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။ ၈ ရှောလုသည်လည်း မြေမှထ၍ မျက်စိကိုဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက်၊ ဒမာသက်မြို့သို့ ပို့ဆောင်ကြ၏။ ၉ သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲနေလေ၏။ ၁၀ ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ခေါ်တော်မူလျှင်၊ နာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည် ဟုလျှောက်၏။ ၁၁ သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်း လျက်နေ၏။ ၁၂ မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌လက်တင်သည် ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီဟု မိန့်တော်မူ၏။ ၁၃ အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင် မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။ ၁၄ ဤအရပ်၌လည်း ကိုယ်တော်ကို ပဌနာပြုသောသူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟုပြန်လျှောက်၏။ ၁၅ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့င်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။ ၁၆ အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။ ၁၇ အာနနိသည်လည်း သွား၍အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါင်း၊ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။ ၁၈ ထိုခဏ၌ရှောလု၏မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံ ကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ ၁၉ ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊ ၂၀ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့်ဟောလေ၏။ ၂၁ ကြားသော သူအပေါင်းတို့သည် အံ့သြ၍၊ ဤသူကား၊ ထိုသခင်ကို ပဌနာပြုသော သူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ်သို့လာသော သူဖြစ်သည်မဟုတ်လောဟု ဆိုကြ၏။ ၂၂ ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒ လူတို့သည် ပြောသမျှသောစကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ ၂၃ ကလကြာမြင့်ပြီးမှ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။ ၂၄ ထိုအကြံ အစည်ကို ရှောလုသည် သိ၏။ သူ့ကိုသတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဥ့်မပြတ် စောင့်ကြသောကြောင့်၊ ၂၅ တပည့်တော်တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။ ၂၆ ယေရုရှလင်မြို့သို့ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့် တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။ ၂၇ ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ ဘုရားသခင်ကို မြင်သည်ဟူ၍င်း၊ သူ့အား မိန့်တော်မူသည်ဟူ၍င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍င်း ပြောလေ၏။ ၂၈ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏နာမတော်ကို အမှီပြု၍ ရဲရင့်စွာဟောလျက်နေ၏။ ၂၉ ဟေလေနစ်လူတို့နှင့် နှီးနှော ပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။ ၃၀ ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ ၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။ ၃၂ ပေတရုသည် အရပ်ရပ်တို့ကိုလှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။ ၃၃ ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ ရှစ်နှစ်ပတ်လုံး အိပ်ယာ၌ တုံးလုံးနေသောသူတယောက်ကို တွေ့လျှင်၊ အဲနေ ယေရှုခရစ်သည် သင့်အား ချမ်းသာပေးတော်မူ၏။ ၃၄ ထ၍ အိပ်ယာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။ ၃၅ လုဒ္ဒမြို့နှင့် ရှာရုန်မြို့၌ နေသောသူအပေါင်းတို့သည် ထိုသူကို မြင်၍ သခင်ဘုရား ထံတော်သို့ ပြောင်းလဲကြ၏။ ၃၆ ယုပ္ပေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသအမည်ရှိသော တပည့်တော်မတယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်၊ ၃၇ ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌ တင်ထားကြ၏။ ၃၈ လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်း ကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန်ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။ ၃၉ ပေတရုသည်ထ၍ ထိုသူတို့နှင့်အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်း သို့ခေါ်ပင့်၍ မုတ်ဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါ လုပ်ခဲ့သောအင်္ကျီနှင့်အဝတ် များကို ပြလျက်ရှိကြ၏။ ၄၀ ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက် ကိုယ်တိုင်ဒူးထောက် ၍ ဆုတောင်းပဌနာပြုပြီးလျှင် ထိုအလောင်းသို့ မျက်နှာလှည့်၍ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။ ၄၁ ပေတရုသည် မိမိလက်ကိုသူ့အားပေး၍ ချီကြွပြီးမှ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကိုပြလေ၏။ ၄၂ ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြားသိကြ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏။ ၄၃ ပေတရုသည် ယုပ္ပေမြို့ ၌ ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့် အတူကြာမြင့်စွာနေ၏။ Chapter 10 တမန်တော်ဝတ္ထု အခန်းကြီး ၁၀၁ ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတယောက်ရှိ၏။၂ ထိုသူသည် မိမိအိမ်တွင် ရှိသမျှသောသူတို့နှင့်တကွ ဘုရားဝတ်၌မွေ့ လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသောစွန့်ကြဲခြင်းကို ပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်း လေ့ရှိ၏။ ၃ တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည်ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။ ၄ ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည်ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသော ဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့တော်၌ အောက်မေ့စရာဘို့ တက်ကြပြီ။ ၅ ထိုကြောင့် ယခုပင် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။ ၆ ထိုသူသည် သားရေလုပ်သမားရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုအိမ် သည် ပင်လယ်နားမှာရှိသည်ဟု ပြောဆို၏။ ၇ ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသော လူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲ တယောက်ကိုခေါ်၍၊ ၈ ထိုအကြောင်းအရာ အလုံးစုံတို့ကို ကြားပြောပြီးမှ ယုပ္ပေမြို့သို့စေလွှတ်၏။ ၉ နက်ဖြန်နေ့၌ ထိုသူတို့သည်သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှါ အိမ်မိုးပေါ်သို့တက်လေ၏။ ၁၀ ဆာမွတ်၍အစာအာဟာရကို အလိုရှိလျှင် သူတပါး တို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊ ၁၁ ကောင်းကင် ဖွင့်လှစ်သည် ကိုင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သောတန်ဆာသည် မိမိဆီသို့ဆင်းသက် လာသည်ကိုင်း မြင်လေ၏။ ၁၂ ထိုတန်ဆန်ထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်း ကင်၌ကျင်လည်သောငှက်မျိုး တို့သည်ရှိကြ၏။ ၁၃ စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟုလာ၏။ ၁၄ ပေတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မဆင်ကြယ်သော အရာကို အကျွန်ုပ်သည် တရံတခါမျှမစားဘူးပါဟု ပြောဆို၏။ ၁၅ နောက်တဖန် စကားသံကား ဘုရားသခင် ဆင်ကြယ်တော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။ ၁၆ ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။ ၁၇ ပေတရုသည် မိမိမြင်ရသောဗျာဒိတ်ရူပါရုံကား အဘယ်သို့ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကိုမေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊ ၁၈ ပေတရု အမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါသလောဟု မေးမြန်းဟစ်ခေါ်ကြ၏။ ၁၉ ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။ ၂၀ ထ၍ ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သောသူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊ ၂၁ ပေတရုသည် ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု သူတို့အားမေး၏။ ၂၂ ထိုသူတို့ကလည်း ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသောသူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော် ကိုမိမိအိမ်သို့ ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း သန့်ရှင်းသောကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။ ၂၃ ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ် ကိုအချို့တို့သည် လိုက်ကြ၏။ ၂၄ ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင၊် ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။ ၂၅ ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦး ကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပြပ်ဝပ်လျက်ကိုးကွယ်လေ၏။ ၂၆ ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟု ဆို၏။ ၂၇ ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊ ၂၈ ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါးအမျိုးသားတို့နှင့် မပေါင်းဘော်မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည်မဆင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။ ၂၉ ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါ ငါသည် မငြင်းမခုန်ဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ် ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့အား ပြောဆို၏။ ၃၀ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန်နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီးအချိန် တွင် အိမ်၌ဆုတောင်းလျက်နေသည်၊ ယခုလေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သော အဝတ်ကိုဝတ်လျက် အကျွန်ုပ်ရှေ့မှောက်၌ ရပ်၍၊ ၃၁ ကော်နေလိ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။ ၃၂ ထိုကြောင့်၊ ယုပ္ပေမြို့သို့ စေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမား ရှိမုန်၏အိမ်၌တည်းနေ၏။ ထိုသူသည် ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟု ပြောဆိုပါ၏။ ၃၃ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေတော့်၌ အသင့်နေပါသည်ဟု ကော်နေလိပြောဆို၏။ ၃၄ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။ ၃၆ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်း တရားဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျှက်၊ ဣသရေလအမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊ ၃၇ ယောဟန်သည် ဗတ္တိဇံ တရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ် ရပ်တို့၌ နှံ့ပြားသောအကြောင်းအရာကို သင်တို့သည်သိကြ၏။ ၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်င်း၊ တန်ခိုးတော်နှင့်င်း၊ နာဇရက်မြို့သားယေရှုကို ဘိသိက်ပေးတော် မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေး လျက် လှည့်လည်တော်မူ၏။ ၃၉ ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင် ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။ ၄၀ သုံးရက်မြောက်သော နေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊ ၄၁ လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ။ ဘုရားသခင် ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာပြတော်မူ၏။ သေခြင်းမှထမြောက် တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည်စားသောက်ရကြ၏။ ၄၂ ထိုသခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော်မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။ ၄၃ ထိုသခင်ကို ယုံကြည်သော သူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြ လတံ့ဟူ၍ ပရောဖက်အပေါင်း တို့သည် ထိုသခင်၏သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။ ၄၄ ထိုစကားကိုမြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသောသူအပေါင်းတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။ ၄၅ တပါးအမျိုးသားတို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့ သည် မိန်းမောတွေဝေခြင်းရှိကြ၏။ ၄၆ အကြောင်းမူကား ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကိုကြားကြလေ၏။ ၄၇ ထိုအခါ ပေတရုကငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်းဟုဆိုလျက်၊ ၄၈ ဘုရားသခင်၏နာမ၌ ဗတ္တိဇံ ကိုခံစေမည်အကြောင်း စီရင်လေ၏။ ထိုနောက်မှ ပေတရုသည် ကာလအတန်အရာ နေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။ Chapter 11 တမန်တော်ဝတ္ထု အခန်းကြီး ၁၁၁ တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။၂ ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာ သောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊ ၃ သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကြင်ဘက်ပြု၍ဆိုကြ၏။ ၄ ပေတရုသည်လည်း ထိုအကြောင်း အရာကို အစမှအဆုံးတိုင်အောင် ဘော်ပြသည်ကား၊ ၅ ငါသည် ယုပ္ပေမြို၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့်ချလွှတ်သော ချုံထည်ကဲ့သို့သော တန်ဆာသည်ဆင်းသက်၍၊ ငါ့ထံသို့ရောက် လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့်မြင်၏။ ၆ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ကျင် လည်သော သားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်မျိုးတို့ကို မြင်၏။ ၇ ထိုအခါ ပေတရု၊ ထ၍သတ်စားလော့ဟု ငါ့အားပြောသောစကားသံကိုလည်း ငါကြား၏။ ၈ ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။ ၉ နောက်တဖန် စကားသံသည်ကား၊ ဘုရားသခင်စင်ကြယ်စေတော်မူသော အရာကိုညစ်ညူးသည် မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။ ၁၀ ထိုသို့သုံးကြိမ်မြောက်အောင်ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ ဆွဲယူပြန်လေ၏။ ၁၁ ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ်သောလူသုံးယောက် တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။ ၁၂ ငါသည် တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်း ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။ ၁၃ ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့ လူတို့ကို စေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော။ ၁၄ ထိုပေတရုသည်သင်မှစ၍ သင်၏ အိမ်၌ရှိသမျှသော သူတို့ကိုကယ်တင်တော်မူခြင်းတရားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည်ငါတို့အားပြန်ကြားလေ၏။ ၁၅ ငါသည် ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။ ၁၆ ယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ထိုအခါငါအောက်မေ့၏။ ၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကိုပေးတော်မူသည်နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကိုဆီးတားနိုင်သနည်းဟု ပေတရုဆို၏။ ၁၈ ဤအကြောင်းအရာတို့ကို ထိုသူတို့သည်ကြားလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တတရား ကို တပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု ဘုရားသခင် ၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ၁၉ ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့တိုင်အောင်သွား၍ ယုဒလူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ၂၀ နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်မြို့သို့ သွားပြီးလျှင်၊ သခင်ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။ ၂၁ သခင်ဘုရား၏လက်တော်သည် ထိုသူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရား ထံသို့ပြောင်းလဲကြ၏။ ၂၂ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင်၊ အန္တိအုတ်မြို့ တိုင်အောင် သွားစေမည်အကြောင်း ဗာနဗကိုစေလွှတ်လေ၏။ ၂၃ ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည် အကြောင်း တိုက်တွန်းနှိုးဆော်လေ၏။ ၂၄ ထိုသူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်နှင့်င်း၊ ယုံကြည်ခြင်းနှင့်င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။ ၂၅ ဗာနဗသည်လည်း ရှောလုကိုရှာလျက် တာရှုမြို့သို့သွား၏၊ တွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ ၂၆ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမသြဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။ ၂၇ ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့သို့လာကြ၏။ ၂၈ ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူတယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာအာဟာရအလွန်ခေါင်းပါးခြင်း ဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင်ကလောဒိလက်ထက်၌ဖြစ်သတည်း။ ၂၉ ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမပေး လိုက်မည်ဟု၊ ၃၀ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။ Chapter 12 တမန်တော်ဝတ္ထု အခန်းကြီး ၁၂၁ ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါစီရင်၍၊၂ ယောဟန်၏အစ်ကိုဖြစ် သော ယာကုပ်ကို ထားနှင့်ကွပ်မျက်လေ၏။ ၃ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထွပ်၍၊ ၄ ပေတရုကိုလည်း ဘမ်းဆီးပြီးမှ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲတကျိန်ခြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။ ၅ ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြ၏။ ၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဥ့်အချိန်တွင် သံကြိုးနှစ်စင်းနှင့်ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။ ၇ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်း ကင်တမန်သည် ပေတရု၏နံဖေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။ ၈ ကောင်းကင်တမန်ကလည်း၊ သင်၏ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်း စီးလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။ ၉ ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။ ၁၀ လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည် ထွက်၍လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်းပေတရုမှ ခွာ၍သွားလေ၏။ ၁၁ ပေတရုသည် သတိရလျှင်၊ ယခုပင်သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ် မင်းလက်မှင်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှင်း၊ ငါ့ကိုကယ်နှုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊ ၁၂ လူများအစုအဝေး၌ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ ရောက်၍၊ ၁၃ အိမ်ဦးတံခါးကို ခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တယောက်သည် နားထောင် ခြင်းငှါလာ၍၊ ၁၄ ပေတရု၏စကားသံကိုသိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာ ရပ်နေသည်ဟု ကြားပြော၏။ ၁၅ ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ ဟုထိုမိန်းမငယ်အား ဆိုကြသော်လည်း၊ ပေတရုအမှန်ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟု ဆိုကြ၏။ ၁၆ ပေတရုသည်ခေါက်၍နေသော်၊ တံခါးကိုဖွင့်ကြ၍ သူ့ကိုမြင်သဖြင့် အလွန်တရာအံ့သြကြ၏။ ၁၇ ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းငှါမိမိလက်နှင့် အမှတ်ပေး၍ မိမိကိုထောင်ထဲကသခင် ဘုရားနှုတ်တော်မူသော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့်ညီအစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍ အခြားတပါးသို့သွားလေ၏။ ၁၈ မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု၌အဘယ်သို့ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှဖြစ်ကြ၏။ ၁၉ ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည်ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင် လေ၏။ ၂၀ ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍နေသည်ရှိသော် တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ ပြည်သည် ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။ ၂၁ ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကို ဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာထိုင်လျက် ထိုသူတို့အား မိန့်တော်မူ၏။ ၂၂ လူများတို့က၊ ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏ဟု ကြွေးကြော်ကြသည်ရှိသော်၊ ၂၃ ထိုမင်းကြီးသည် ဘုရား သခင်၏ဂုဏ် အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကတမန် သည် ဒဏ်ခတ်၍ ကိုယ်တွင်း၌ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။ ၂၄ ဘုရားသခင်၏သာသနာတော်သည် တိုးပွားများပြားလေ၏။ ၂၅ ဗာနဗနှင့်ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကိုဆောင်ရွက်ပြီးလျှင် မာကုအမည်သစ် ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။ Chapter 13 တမန်တော်ဝတ္ထု အခန်းကြီး ၁၃၁ အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာ ပြုသူရှိကြ၏။၂ ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှါ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူ သည်အတိုင်း၊ ၃ အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။ ၄ ထိုသို့သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင်၊့ ထိုသူတို့သည် သေလုကိမြို့သို့ သွား၍ ထိုမြို့မှသင်္ဘောနှင့်လွှင့်သဖြင့် ကုပရုကျွန်းသို့ရောက်ကြ၏။ ၅ ရှာလမိမြို့၌ရှိနေစဉ် ယုဒတရားစရပ်များတွင် ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက် ထောက်ဖြစ်သတည်း။ ၆ တကျွန်းလုံးကိုရှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊ ၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆြွာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗ နှင့်ရှောလု တို့ကို ခေါ်ပင့်၍ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊ ၈ အနက်အားဖြင့် နတ်ဝိဇ္ဇာ အတတ်သမားဟု ဆိုလိုသော ဧလုမအမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော် တို့ကို ဟန့်တားလေ၏။ ၉ ထိုအခါပေါလုဟု အမည်တွင်သော ရှောလုသည် သန့်ရှင်း သောဝိညာဉ်တော် နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကိုစေ့စေ့ကြည့်ရှုလျက်၊ ၁၀ လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောမာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သောလမ်းခရီး တို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။ ၁၁ ယခုပင်ထာဝရဘုရား၏ လက်တော်သည်သင့်အပေါ်သို့ရောက်၍၊ နေကိုမျှ မမြင်နိုင်အောင် အင်တန်ကာလပတ်လုံးသင်၏မျက်စိ ကွယ်လိမ့်မည်ဟု ပေါလုဆိုသောခဏခြင်းတွင် မျက်စိမြေ‡းရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက်အတည်တည်ရှိ၍နေ၏။ ၁၂ ထိုကြောင်း အရာကိုမြင် လျှင်၊ မြို့ဝန်သည်ယုံကြည်ခြင်းသို့ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့သြမိန်းမော၍ နေ၏။ ၁၃ ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှ ထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။ ၁၄ ပေရဂေမြို့မှထွက်သွားပြန်လျှင်၊ ပိသိဒိပြည်၊ အန္တိအုတ် မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ်သို့ဝင် ၍ထိုင်ကြ၏။ ၁၅ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာ စကားရှိလျှင်ဟောပြောကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ ၁၆ ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့်အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက် ရွံ့သောသူတို့၊ နားထောင်ကြလော့။ ၁၇ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက် တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သောထိုလူမျိုးကို မြှောက်သဖြင့် ထင်ရှားသောလက်တော်နှင့် ထိုပြည်မှနှုတ်ဆောင်တော်မူ၏။ ၁၈ အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ကျွေးမွေးတော်မူ၏။ ၁၉ ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်းဝေငှတော် မူ၏။ ၂၀ ထိုနောက်မှ ပရောဖက် ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး တရားသူကြီးတို့ကို ပေးတော်မူ၏။ ၂၁ နောက်တဖန် ရှင်ဘုရင်ကိုတောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား ဗင်္ယာမိန်အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။ ၂၂ နောက်မှ ထိုသူကိုပယ်၍၊ ဣသရေလ ရှင်ဘုရင်အရာ၌ ဒါဝိဒ်ကိုချီးမြောက်တော်မူ၏။ ထိုသူအားသက်သေခံတော်မူလျက် စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံမည့်သူ၊ ယေရှဲ၏သား ဒါဝိဒ်ကိုငါတွေ့ရြှုပီဟု မိန့်တော်မူ၏။ ၂၃ ထိုသူ၏ အမျိုးအနွှယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။ ၂၄ ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောပြောနှင့်လေ၏။ ၂၅ ယောဟန်သည် မိမိဆောင်ရွက်ရသောအမှုကို ပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ထင်မှတ်ကြသနည်း။ ငါသည်ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသော သူတပါးရှိသေး၏။ ထိုသူ၏ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟု ဆို၏။ ၂၆ အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အားကြားလိုက်တော်မူ၏။ ၂၇ ယေရုရှလင်မြို့၌ နေသောသူ တို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုင်း၊ ဥပုသ်နေ့တိုင်း အစဉ်ဘတ်ရွက်သော ပရောဖက်တို့၏စကား ကိုင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏စကားကို ပြည့်စုံစေကြပြီ။ ၂၈ ကိုယ်တော်၌ သေထိုက်သောအပြစ် တစုံတခုကိုမျှမတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလိတ်မင်းထံ၌ တောင်းလျှောက်ကြ၏။ ၂၉ ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ထားကြ၏။ ၃၀ ဘုရားသခင်သည်လည်း သေခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊ ၃၁ ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့ နောက်တော်၌လိုက်သော သူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။ ၃၂ ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ်ကြ၏။ ၃၃ ဆာလံကျမ်း ဒုတိယ ခဏ်း၌လာသည်ကား၊ သင်သည် ငါ့သားဖြစ်၏။ ၃၄ ယနေ့ပင် သင့်ကိုငါဖြစ်ဘွားစေပြီဟု လာသည်နှင့်အညီ၊ ဘု၍ရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေးများ၌ရှိသောဂတိတော်ကို ထိုသူတို့၏ သားဖြစ်သော ငါတို့အားပြည့်စုံစေတော်မူသည် ဟူ၍င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသော ဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အားကြားပြောကြ၏။ ၃၅ ထိုကြောင့် ဆာလံကျမ်းတခဏ်း၌လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကိုရှိစေတော်မမူဟု လာ၏။ ၃၆ ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ရောက်လေ၏။ ၃၇ ဘုရား သခင်ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့မရောက်။ ၃၈ ထိုကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကိုင်း၊ ၃၉ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏တရားအတိုင်း မလွတ်နိုင် သောအပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကိုင်း သိမှတ်ကြလော့။ ၄၀ အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီ မဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့သြ၍ ပြယ်ပျောက်ခြင်းသို့ရောက်ကြလော့။ ၄၁ အကြောင်းမူကား၊ သင်တို့ အား သူတပါးပြညွှန်သော်လည်း၊ သင်တို့မယုံသောအမှုကို သင်ထို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ ၌ပါသောအရာကို သင်တို့အပေါ်သို့ မရာက်စေမည်အကြောင်း သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။ ၄၂ လူများတို့သည် တရားစရပ်မှထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ် နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ ၄၃ အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကိုကိုးကွယ်သောဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုသူတို့ သည် ဘုရားသခင်၏ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမ သြဝါဒပေးလေ၏။ ၄၄ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံးကုန်မတတ် စည်းဝေးကြ၏။ ၄၅ ယုဒလူတို့သည် အစည်းအဝေးတို့ကိုမြင်လျှင် ငြူစူသောစိတ်နှင့် ပြည့်စုံ သဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။ ၄၆ ထိုအခါ ပေါလုနှင့်ဗာနဗတို့က ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ရှေ့ဦးစွာဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည် မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။ ၄၇ မှာတော်မူသောဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကိုပြုစိမ့်သောငှါ၊ သင့်ကိုတပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာပြောဆို၏။ ၄၈ ထိုစကားကို တပါးအမျိုးသားတို့သည် ကြားလျှင်၊ ဝမ်းမြောက်၍ ထာဝရဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစေခြင်းငှါ ခန့်ထား တော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊ ၄၉ ထာဝရဘုရား၏သာသနာတော်သည် တပြည်လုံး၌ နှံ့ပြားလေ၏။ ၅၀ ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသောမိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲ ဖြစ်သောသူများကို ယုဒလူတို့သည် နှိုးစော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။ ၅၁ တမန်တော်တို့သည် မိမိတို့ခြေဘဝါး၌ ကပ်သောမြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။ ၅၂ တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်င်း၊ သန့်ရှင်းသောဝိညာဉ်တော် နှင့်င်း ပြည့်စုံကြ၏။ Chapter 14 တမန်တော်ဝတ္ထု အခန်းကြီး ၁၄၁ ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက်တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။၂ မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုးသားတို့ကို နှိုးဆော်၍ ညီအစ်ကိုတို့အား မနာလိုသောစိတ်ရှိစေခြင်းငှါ ချောစားကြ၏။ ၃ ထိုကြောင့် ကြာမြင့်စွာနေ၍ သခင်ဘုရား၏တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင်ဘုရားသည်လည်း ကျေးဇူးတရားတော်ဘက်၌ သက်သေခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုနိုင်မည်အကြောင်း အခွင့်ပေးတော်မူ၏။ ၄ ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌င်း နေကြ၏။ ၅ မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊ ၆ တမန်တော်တို့သည် သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ထွက်ပြေး၍၊ ၇ ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။ ၈ အမိဝမ်းတွင်းကပင် ခြေမစွမ်းသဖြင့်၊ တခါမျှမသွားဘူးသောလူတယောက်သည် လုတ္တရမြို့၌ ထိုင်လျှက်၊ ၉ ကောလုဟောပြောသည်ကို ကြားလေ၏ ပေါလုသည်လည်း ထိုသူကို စေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည် အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊ ၁၀ ထ၍ မတ်တပ်ရပ်လော့ဟု ကြီးသောအသံနှင့်ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရာက်ထ၍ လှမ်းသွားလေ၏။ ၁၁ ပေါလုပြုသောအမှုကို မြင်သောလူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ဆိုကြ၏။ ၁၂ ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍င်း၊ ဗာနဗကို ဇုသဟူ၍င်း ခေါ်ဝေါ်ကြ၏။ ၁၃ ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့်ပန်းကုန်းကို မြို့တံခါးနားသို့ ယူခဲ့၍ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူစော်မည်ပြုသည်ကို၊ ၁၄ တမန်တော်ဗာနဗနှင့်ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ပြေးဝင်လျက်၊ ၁၅ အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှ တို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။ ၁၆ ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ ၁၇ သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝ ပြော၍ ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည် ကို သက်သေမခံဘဲ နေတော်မမူဟု ပေါလုနှင့်ဗာနဗသည် ကြွေးကြော်လေ၏။ ၁၈ ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကိုမပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။ ၁၉ ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွှတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟုစိတ်ထင်နှင့် မြို့ပြင်သို့ဆွဲငင်ကြ၏။ ၂၀ တပည့်တော်တို့ သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။ ၂၁ ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ကုကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်းလှည့်လည်၍ ပြန်ကြ၏။ ၂၂ ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြန်ခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးစော်ချီပင့်၍၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။ ၂၃ အသင်းတော်များတို့၌ သင်းအုပ်တို့ကိုခန့်ထား၍၊ အစာရှောင်လျက် ဆုတောင်းပဌနာပြုပြီးလျှင်၊ သင်းဝင်သူတို့ ယုံကြည်သောသခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။ ၂၄ ပိသိဒိပြည် တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ရောက်လျှင်၊ ၂၅ ပေရဂေမြို့၌ နှုတ်ကပတ်တရားတော်ကို ဟောပြော၍ အတ္တလိ မြို့သို့ သွားကြပြန်၏။ ၂၆ ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင် ၏ကျေးဇူးတော်သို့ အပ်နှံ၍စေလွှတ်သော အန္တိအုတ်မြို့သို့ရောက်လာကြ၏။ ၂၇ ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုင်း၊ ယုံကြည်ခြင်းတံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုင်း ပြန်ကြားကြ၏။ Chapter 15 တမန်တော်ဝတ္ထု အခန်းကြီး ၁၅၁ ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသောသူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။၂ ထိုသူတို့နှင့်ပေါလု၊ ဗာနဗတို့သည် ဆွေးနွှေးငြင်းခုန်ခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသော တပည့်တော်အချို့တို့နှင့်တကွ ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့ သွားရမည်အကြောင်းကို စီရင်ကြ၏။ ၃ အသင်းတော်သည် လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗ တို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။ ၄ ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။ ၅ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။ ၆ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင် ခြင်ခြင်းငှါ စည်းဝေးကြ၏။ ၇ များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။ ၈ စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ ၉ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။ ၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သော ထမ်းပိုးကိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ ၁၁ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရုပြောဆို၏။ ၁၂ ထိုအခါဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။ ၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ၁၄ ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည်ဟောပြောခဲ့ပြီ။ ၁၅ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။ ၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကို ရှာစေ ခြင်းငှါ နောက်မှငါပြန်လာမည်။ ၁၇ လဲလျှက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊ ၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ် တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။ ၁၉ ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို မနှောင့် ရှက်ဘဲလျက်၊ ၂၀ ရုပ်တုတို့၏ညစ်ညူးရာကိုင်း၊ မတရားသောမေထုံကိုင်း၊ လည်ပင်းကိုညှစ်၍သတ်သော အရာကိုင်း၊ အသွေးကိုင်း ကြဉ်ရှောင်စေခြင်းငှါ သူတို့ကိုမှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။ ၂၁ အကြောင်းမူကား မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှ စ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။ ၂၂ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူအပေါင်းတို့သည် မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့်သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗ တို့နှင့်တကွ စေလွှတ်မည်အကြောင်း သဘောညီညွတ်ကြ၏။ ၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည် အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။ ၂၄ လူအချို့တို့ သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊ ၂၅ ငါတို့သခင် ယေရှုခရစ်၏နာမ တော်ကြောင့် မိမိအသက်ကိုစွန့်စားသောသူတည်းဟူသော၊ ၂၆ ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက် သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊ ၂၇ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့်ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ် ကြ၏။ ၂၈ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုင်း၊ အသွေးကိုင်း၊ ၂၉ လည်ပင်းကိုညှစ်၍သတ်သောအရာ ကိုင်း၊ မတရားသောမေထုံကိုင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျမ်းမာ ကြပါစေသောဟု ရေး၍ပေးလိုက်သတည်း။ ၃၀ ထိုသူတို့သည် သွားရသောအခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့သွား၍ လူအပေါင်းတို့ကို စုဝေးပြီးလျှင် မှာစာကိုအပ်ပေးကြ၏။ ၃၁ မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။ ၃၂ ယုဒနှင့်သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်ကို တို့ကို ဆုံးမ၍မြဲမြံခိုင်ခန့်စေကြ၏။ ၃၃ ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာ ပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။ ၃၄ သို့သော်လည်း သိလသည် အလိုအလျောက်နေရစ်၏။ ၃၅ ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမသြဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။ ၃၆ အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို ဟော ပြောဘူးသော မြို့များတို့၌ ရှိသောညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ ဟု ဗာနဗအားဆို၏။ ၃၇ ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။ ၃၈ ပေါလုက၊ ပံဖုလိပြည်၌ သူတို့နှင့်ခွါ၍ အမှုထမ်းရာသို့ မလိုက်မသွားသောထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။ ၃၉ ထိုအကြောင်းနှင့် အချင်းချင်းမသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကိုခေါ် ပြီးလျှင် ကုပရုကျွန်းသို့ လွှင့်လေ၏။ ၄၀ ညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည် သိလ ကိုရွေးချယ်ပြီးလျှင် ထွက်၍၊ ၄၁ သင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို ရှောက်သွား လေ၏။ Chapter 2 16 တမန်တော်ဝတ္ထု အခန်းကြီး ၁၆၁ ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည် ရှိသော တပည့်တော်တစ်ယောက်ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသ လူဖြစ်၏။၂ ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ ရှိသောညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။ ၃ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါ အလိုရှိ၍၊ သူ၏အဘသည် ဟေလေသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်း တို့သည် သိသောကြောင့်၊ အရေးဖျားလှီးခြင်းကို သူ့အားပေးလေ၏။ ၄ သူတို့သည် မြို့များကိုရှောက်သွား စဉ်တွင်၊ ယေရုရှလင်မြို့၌နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။ ၅ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တနေ့ထက်တနေ့တိုးပွါးများပြားကြ၏။ ၆ ဖြုဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊ ၇ မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့သွားမည်ပြုစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊ ၈ မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ရောက်ကြ၏။ ၉ ညဥ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတစ်ယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟု ရပ်လျက်တောင်းပန်၏။ ၁၀ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိ တရားကိုဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့ သွားခြင်းငှါ ချက်ခြင်းရှာကြံကြ၏။ ၁၁ ထိုကြောင့်၊ တယောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ရောက်ကြ၏။ ၁၂ ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့တည်းဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသောဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာနေကြ၏။ ၁၃ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသောမိန်းမတို့အား ဟောပြောကြ၏။ ၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။ ၁၅ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကိုသင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ဝင်၍ နေကြပါဟု တောင်းပန်လျက် ငါတို့ကိုအနိုင်သွေးဆောင်လေ၏။ ၁၆ ထိုနောက်မှ ငါတို့သည် ပဌနာစရပ်သို့သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သောမိန်းမငယ်တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။ ၁၇ ထိုမိန်းမ ငယ်သည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသောဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။ ၁၈ ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာလျက် လှည့်ကြည့်၍၊ သင်သည်သူ၏အထဲမှထွက်သွားလော့၊ ယေရှုခရစ်၏နာမတော် ကိုအမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား၏။ ၁၉ သူ၏သခင်တို့သည် နောက်တဖန်စီးပွားဖြစ်လိမ့်မည်ဟု မျှော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့်သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။ ၂၀ စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောက်ရှက်တတ်ပါ၏။ ၂၁ ရောမလူဖြစ်သောငါတို့သည် မခံမယူမကျင့်အပ်သော ဘာသာထုံးတမ်း များကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်။ ၂၂ စုဝေးသောသူတို့သည် သူတို့တဘက်၌ တပြိုင်နက် ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။ ၂၃ ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာလှောင်ထားကြ၏။ ၂၄ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်မှာလှောင်၍ ထိတ်ခတ်လျှက်ထား၏။ ၂၅ သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် နားထောင်ကြ၏။ ၂၆ ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။ ၂၇ ထောင်မှူးသည်နိုး၍ ထောင်တံခါးများပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်း ကိုခံရသောသူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့် ထားကိုအိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကို သတ်မည်ပြုလေ၏။ ၂၈ ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံ နှင့်ဟစ်၍ ပြောဆို၏။ ၂၉ ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှပြေးဝင်၍ ပေါလုနှင့်သိလတို့၏ ခြေရင်း၌တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။ ၃၀ သူတို့ကိုပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။ ၃၁ ထိုသူတို့ကလည်း၊ သခင်ယေရှု ခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ပြောဆိုလျက်၊ ၃၂ ထိုသူတို့မှစ၍ သူ၏အိမ်၌ရှိသမျှသောသူတို့အား သခင်ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟောကြ၏။ ၃၃ ထိုညဥ့်အချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလတို့ကိုယူ၍ ဒဏ်ချက်ရာ များကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံ ကိုချက်ခြင်းခံလေ၏။ ၃၄ တဖန်ပေါလုနှင့်သိလ တို့ကို မိမိအိမ်သို့ခေါ်ပင့်ပြီးမှ သူတို့ကိုလုပ်ကျွေး၍၊ ဘုရားသခင်ကိုယုံကြည်လျက် အိမ်သူအိမ်သားအပေါင်း တို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။ ၃၅ နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကိုစေလွှတ်၍ ထိုလူတို့ကို လွှတ်စေဟု မှာလိုက်ကြ၏။ ၃၆ ထိုစကားကို ထောင်မှူးသည် ပေါလုအားကြားပြော၍၊ ကိုယ်တော်ကိုလွှတ်စေခြင်းငှါ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့် ယခုထွက်၍ ငြိမ်ဝပ်စွာကြွသွားတော်မူကြပါဟု လျှောက်လျှင်၊ ၃၇ ပေါလုက ရောမလူဖြစ်သောငါတို့ကို ဓမ္မသတ်အတိုင်းမစီရင်ဘဲလျက် စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ တိတ်ဆိတ်စွာနှင်ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကိုနှုတ်ယူကြစေ ဟု ရုံးလုလင်တို့အား ပြောဆို၏။ ၃၈ ထိုစကားကို ရုံးလုလင်တို့သည် စစ်ကဲတို့အားကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊ ၃၉ ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကိုနှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။ ၄၀ ထိုအခါပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။ Chapter 17 တမန်တော်ဝတ္ထု အခန်းကြီး ၁၇၁ ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလေနိတ် မြို့သို့ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားစရပ်ရှိ၏။၂ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွှေးနှီးနှောသဖြင့်၊ ၃ ခရစ်တော်သည်အသေခံရမည်။ သေခြင်းမှထမြောက် ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော အကြောင်းအရာတို့ကို ရှင်းလင်းစွာဖွင့် ပြလေ၏။ ၄ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူအပေါင်းတို့နှင့် ထင်ရှားသောမိန်းမအများတို့လည်း ယုံကြည်ကြ၏။ ၅ ယုဒလူတို့သည် ဆိုးယုတ် လျှပ်ပေါ်သောသူအချို့တို့ကိုခေါ်၍ လူများကိုစုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါ ရှာကြ၏။ ၆ မတွေ့လျှင် ယာသုန်နှင့် ညီအစ်ကို အချို့တို့ကို မင်းအရာရှိတို့ထံသို့ ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သောဤသူတို့သည် ဤအရပ် တိုင်အောင်ရောက်ကြပါပြီ။ ၇ ယာသုန်သည်လည်း သူတို့ကိုလက်ခံပါပြီ။ ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍ ယေရှုအမည်ရှိသော ရှင်ဘုရင်တပါးရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊ ၈ မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့် နှောင့်ရှက်ကြ၏။ ၉ ထိုအခါ ယာသုန် မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။ ၁၀ ညဥ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့် သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ဝင်ကြ၏။ ၁၁ ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏။ ၁၂ ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။ ၁၃ ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူတို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့ပြန်လာ၍ လူများတို့ကို တိုက်တွန်းနှိုးဆော် ကြ၏။ ၁၄ ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့်သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့်တိမောသေတို့သည် နေရစ်ကြ၏။ ၁၅ ပေါလုကို ပို့သောသူတို့သည် အာသင်မြို့တိုင်အောင် ပို့ဆောင်ပြီးမှ သိလနှင့်တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ၍ ပြန်ကြ၏။ ၁၆ ပေါလုသည် အာသင်မြို့၌ သိလနှင့်တိမောသေတို့ကို ငံ့လင်၍နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။ ၁၇ ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရားကိုကိုးကွယ် သောသူတို့နှင့်င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသောသူတို့နှင့်င်း ဆွေးနွှေးနှီးနှောခြင်းကိုပြု၏။ ၁၈ ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ်ပညာရှိအချို့တို့သည် ပေါလုနှင့်ဆိုင်ပြိုင်၍၊ အချို့က ဤမရေရသောသူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံနတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရု၏တရားနှင့် ထမြောက်ခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကိုဟောသတည်း။ ၁၉ ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့သွားပြီးလျှင် သင်သည် ဟောပြောသောဤအယူဝါဒသစ်ကို ငါတို့သိအပ်သလော။ ၂၀ ငါတို့မသိ မကျွမ်းဘူးသောအရာတို့ကို သင်သည်ကြားပြော၏။ ထိုအရာများကား အဘယ်သို့ဆိုလိုသည်ကို ငါတို့သိချင်ပါ သည်ဟု ဆိုကြ၏။ ၂၁ အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကား ကိုကြားပြောခြင်း၊ နားထောင်ခြင်းအမှုမှတပါး အခြေားသောအမှုဖြင့် ကာလကိုမလွန် စေတတ်ကြ။ ၂၂ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ရပ်လျက်၊ အချင်းအာသင်လူတို့၊ သင်တို့သည် ခပ်သိမ်း သောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။ ၂၃ လမ်း၌သွား၍ သင်တို့၏ဘုရား များကို ကြည့်ရှုသည်တွင် ငါတို့မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက်ကိုးကွယ်သောဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။ ၂၄ လောက ဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ကျိန်းဝပ်တော်မူသည်မဟုတ်။ ၂၅ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကိုပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ ၂၆ ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကိုင်း၊ သူတို့၏နေရာအပိုင်းအခြားကိုင်း မှတ်သား တော်မူ၏။ ၂၇ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည်ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ ၂၈ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။ ၂၉ ထိုသို့ ငါတို့သည်ဘုရားသခင်၏ အမျိုးအနွှယ်ဖြစ်လျက်နှင့်၊ လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သာရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။ ၃၀ ဘုရား သခင်သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တ ရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။ ၃၁ အကြောင်းမူကား၊ ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသော လူတို့အားယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။ ၃၂ သေသောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့ သည်နောက်တဖန် နားထောင်ဦးမည်ဟုဆိုကြ၏။ ၃၃ ထိုသို့ဆိုကြသောအခါ ပေါလုသည် ထိုသူတို့အထဲမှ ထွက်သွားလေ၏။ ၃၄ လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ရောက်ကြ၏။ ထိုသူတို့အဝင် ဒယောနုသိအမည်ရှိသော အာရေတောင်မင်းတယောက်၊ ဒမာရိအမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိကြ၏။ Chapter 18 တမန်တော်ဝတ္ထု အခန်းကြီး ၁၈၁ ထိုနောက်ပေါလုသည် အာသင်မြို့မှထွက်သွား၍ ကောရိသုမြို့သို့ရောက်လေ၏။၂ ထိုအခါ ယုဒလူ အပေါင်းတို့သည် ယောမမြို့မှထွက်သွားရမည်အကြောင်း၊ ကလောဒိမင်းအမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသာ ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယားပြစ်ကိလနှင့်တကွ မကြာမမြင့်မှီရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊ ၃ အလုပ်ချင်းတူသောကြောင့် သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တပ်သော အချုပ်သမားဖြစ်ကြ၏။ ၄ ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေး ဆောင်လေ၏။ ၅ သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လောသောအခါ၊ ပေါလုသည် သူတို့ နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အားကြိုးစား၍ သက်သေခံလေ၏။ ၆ ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌တည်စေ။ ငါမူကားကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုး သားတို့ဆီသို့ သွားမည်ဟုဆိုပြီးလျှင်၊ ၇ ထိုအရပ်မှထွက်၍ ဘုရားသခင်ကိုကိုးကွယ်သော ယုတ္တုအမည်ရှိသော သူ၏အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့်စပ်လျက်ရှိသတည်း။ ၈ ကရိပ္ပုအမည်ရှိသော တရားစရပ် မှူးသည် မိမိအိမ်သူအိမ်သားအပေါင်း တို့နှင့်တကွ သခင်ဘုရားကိုယုံကြည်လေ၏။ ကေရိသုပြည်သားအများတို့ သည်လည်း ယုံကြည်၍ ဗတ္တိဇံ ကိုခံကြ၏။ ၉ ညဥ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။ ၁၀ ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှါ အဘယ်သူမျှ အနိုင်အထက် မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။ ၁၁ ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တနှစ်နှင့်ခြောက်လပတ်လုံး နေလေ၏။ ၁၂ အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့်အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ယူသွားပြီးလျှင်၊ ၁၃ လူတို့သည် ဘုရားကို မတရားသဖြင့် ကိုးကွယ်စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည်ဟု ဆိုကြ၏။ ၁၄ ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်းယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။ ၁၅ သို့မဟုတ် စကားသော်င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်င်း၊ သင်တို့၏ ဘာသာတရားသော်င်း၊ သင်တို့သည် အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သောအမှုကို စီရင်ခြင်းငှါ ငါအလိုမရှိဟုဆိုလျက်၊ ၁၆ ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။ ၁၇ ထိုအခါ ဟေလသလူ အပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်း သည် အမှုမထားဘဲနေ၏။ ၁၈ ထိုနောက်မှ ပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့်အာကုလကို ခေါ်၍ရှုရိပြည်သို့ သင်္ဘောနှင့်လွှင့်လေ၏။ ၁၉ ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွှေးနှီးနှောလေ၏။ ၂၀ ထိုသူတို့သည် မိမိတို့နှင့်အတူ ပေါလုနေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျှက်၊ ၂၁ ယခုရောက်လုနီးသောပွဲကို ယေရှုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလိုတော်ရှိလျှင်၊ နောက်တဖန် သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက်မြို့၌ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။ ၂၂ ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့သွားပြန်၏။ ၂၃ ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွားသဖြင့် တပည့်အပေါင်းတို့ကို မြဲမြံခိုင်ခံ့စေ၏။ ၂၄ အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူတယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့်ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။ ၂၅ သခင်ဘုရား၏ဘာသာ၌ လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမသြဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံ ကိုသာသိ၏။ ၂၆ ထိုသူသည် တရားစရပ်၌ ရဲရင့်စွာဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။ ၂၇ ထိုသူသည် အခါယပြည်သို့ သွားခြင်းငှါ အလိုရှိသည်ဖြစ်၍ တပည့်တော်ချင်း တို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည် မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို အလွန်ထောက်မလေ၏။ ၂၈ ယေရှုသည် ခရစ်တော်ဖြစ်တော် မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။ Chapter 19 တမန်တော်ဝတ္ထု အခန်းကြီး ၁၉၁ အာပေါလုသည် ကောရိသုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များသို့ ရှောက်သွားပြီးမှ ဧဖက်မြို့ သို့ရောက်၍၊ တပည့်တော်အချို့တို့ကိုတွေ့လျှင်၊၂ သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ် တော်ကိုခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြောဆိုကြ၏။ ၃ ပေါလုကလည်း၊ သို့ဖြင်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံ ကိုခံကြသနည်း ဟု မေးလျှင် ယောဟန်၏ ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆိုကြ၏။ ၄ ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွ လာသောသူကို ယုံကြည်ရမည်ဟု လူများတို့အားပြောဆိုလျက်၊ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကိုဆိုလိုသည်၊ ၅ ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံကြ၏။ ၆ ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။ ၇ ထိုသူ တို့သည် အရေအတွက်အားဖြင့် တကျိတ်နှစ်ယောက်မျှလောက် ရှိသတည်း။ ၈ ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွှေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာဟောပြောလေ၏။ ၉ အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကိုကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့ အထဲမှ ထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊ ၁၀ တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။ ၁၁ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်းသော တန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊ ၁၂ ပေါလုသုံးသောပုဝါ၊ ခါးပန်း တခုခုကို အနာရောဂါရှိသော သူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွား ကြ၏။ ၁၃ ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကိုငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသောသူတို့၏အပေါ်၌ သခင်ယေရှု၏ နာမတော်ကိုမြွက်စမ်းကြ၏။ ၁၄ သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။ ၁၅ နတ်ဆိုးကလည်း၊ ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား၊ အဘယ် သူနည်းဟု ပြောဆိုပြီးလျှင်၊ ၁၆ နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက် သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲ အနာများနှင့်ထွက်ပြေးစေ၏။ ၁၇ ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏နာမတော် ကိုချီးမွမ်းကြ၏။ ၁၈ ယုံကြည်သောသူ အများတို့သည်လည်း လာ၍မိမိတို့အကျင့်ကို ဘော်ပြလျက် တောင်းပန် ကြ၏။ ၁၉ နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်း တို့ရှေ့မှာမီးရှို့ကြ၏။ စာစောင်အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာငါးသောင်းထိုက်သည်ကို သိကြ၏။ ၂၀ ထိုသို့ ဘုရားသခင်၏ သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။ ၂၁ ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်၌ အခါယပြည်ကို ရှောက်သွားပြီးလျှင်၊ ယေရှုရှလင် မြို့သို့သွားမည်။ ထိုမြို့သို့ရောက်ပြီးသည်နောက်၊ ရောမမြို့ကို မြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊ ၂၂ မိမိအား လုပ်ကြွေးသောသူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။ ၂၃ ထိုအခါ ဘာသာတရားကြောင့်ရောက်သော အမှုကြီးဟူမူကား၊ ၂၄ ဒေမေတရိအမည်ရှိသော ပန်းတိမ် သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းတိမ်သမားတို့အား စီးပွား များကို ပြုတတ်၏။ ၂၅ ထိုသူသည် ပန်းတိမ်သမားတို့နှင့် ထိုသို့သောအတတ်သမားများကို စုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကိုအမှီပြု၍ ငါတို့၌အကျိုးစီးပွားဖြစ်သည်ကို သင်တို့သိကြ၏။ ၂၆ ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့်လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည်တရှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည်မြင်လျှက်၊ ကြားလျှက် ရှိကြ၏။ ၂၇ ထိုသို့ လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီး အာတေမိ၏ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည်တရှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ကိုးကွယ်သော ဘုန်းအသရေတော်ကို ပျက်ဆီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်းရှိပါသည်ဟု ပြောဆို၏။ ၂၈ ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့်ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။ ၂၉ တမြို့လုံး ရုန်းရင်ခတ်မျှဖြစ်၍ ပေါလုနှင့်အတူ ဒေသစာရီလှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့် အာရိတ္တာခု တို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာတဟုန်တည်း ပြေးဝင်ကြ၏။ ၃၀ ပေါလုသည် လူစုထဲသို့ဝင် ခြင်းငှါ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။ ၃၁ ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ကလည်း၊ ပွဲခံရာစရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။ ၃၂ စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍ တယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည်အကြောင်း ကိုပင် မိမိတို့မသိကြ။ ၃၃ ယုဒလူတို့သည် အလေဇန္ဒြုကိုအခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့သွားစေသဖြင့်၊ သူသည် လက်နှင့် အမှတ်ပေး၍ အပြစ်ဖြေစရာစကားကို လူများတို့အား ပြောခြင်းငှါအလိုရှိ၏။ ၃၄ သူသည် ယုဒလူဖြစ် သည်ကိုသိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့်ဟစ်ကြ၏။ ၃၅ မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသောရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကိုလုပ်ကြွေးသော ဘုရား ကျွန်ဖြစ်သည်ကို မသိသောသူ တစုံတယောက်ရှိသလော။ ၃၆ ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။ ၃၇ သတိနှင့်မဆင်ခြင်ဘဲ အဘယ်သူကိုမျှမပြုသင့်ကြ။ ဗိမာန်တော်ကို လုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့သည် ဘုရားကိုမကဲ့ရဲ့သော ဤသူတို့ကိုသင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။ ၃၈ ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းတိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်းတရားတွေ့ကြစေ။ ၃၉ သို့မဟုတ် သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသောအစည်းအဝေး၌ စီရင်ရလိမ့်မည်။ ၄၀ ယနေ့ရုန်းရင်းခတ်သည်ကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာတစုံတခုမျှမရှိဟု၊ ၄၁ ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။ Chapter 20 တမန်တော်ဝတ္ထု အခန်းကြီး ၂၀၁ ထိုရုန်ရင်းခတ်သောအမှုငြိမ်းသောအခါ၊ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။၂ ထိုအရပ်များသို့ရှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့်ဆုံးမပြီးမှ ဟေလသပြည်သို့ရောက်လာ၏။ ၃ သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့သွားမည်ပြုသော်၊ ယုဒလူတို့ သည် မကောင်းသောအကြံကိုကြံသောကြောင့် မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟုအကြံရှိပြန်၏။ ၄ ပေါလုနှင့်အတူ အာရှိပြည်သို့လိုက်သောသူဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သာ တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။ ၅ ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက်နေ ကြ၏။ ၆ အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက်နေကြ၏။ ၇ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ထွက် သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ၏။ ၈ စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။ ၉ ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက်နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့ လျော့ကျ၍ သေသည်ကိုသူတို့သည်ချီကြွကြ၏။ ၁၀ ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲမပြုကြနှင့်။ သူသည်အသက်ရှိ၏ဟုဆို၍ တက်ပြန်၏။ ၁၁ မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။ ၁၂ အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။ ၁၃ ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အာဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့လွှင့်ကြ၏။ ပေါလုသည် ထိုမြို့သို့ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။ ၁၄ အဿုမြို့၌ သူသည်ငါတို့နှင့် တွေ့မိလျင်၊ သူ့ကိုခံယူ၍မိတုလင်မြို့သို့သွားကြ၏။ ၁၅ ထိုမှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက် သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ ရောက်ကြ၏။ ၁၆ ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ရောက်နိုင်လျှင် ရောက်ခြင်းငှါ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာမဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဌာန်းလျက်ရှိနှင့်သတည်း။ ၁၇ မိလက်မြို့သို့ရောက်မှ ပေါလုသည်ဧဖက်မြို့သို့စေလွှတ်၍ သင်းအုပ်များကိုခေါ်လေ၏။ ၁၈ သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိပြည်သို့ ရောက်သောနေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ကျင့်နေသည်ကို သင်တို့သိကြ၏။ ၁၉ အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။ ၂၀ သင်တို့အကျိုးပြုစုရာ တစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌‚င်၊ အိမ်များ၌င်း၊ သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်၊ ၂၁ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရား ကိုင်း၊ ငါတို့သခင် ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။ ၂၂ ယခုမှာ ငါသည်ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။ ၂၃ သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကို ဆိုင်းလင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အားသက်သေခံတော်မူ၏။ ၂၄ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏ လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည် အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှုတစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်းနှမြောခြင်းမရှိ။ ၂၅ ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တဖန် ငါ့မျက်နှာကို မမြင်ရကြဟု ငါသိ၏။ ၂၆ ထိုကြောင့် လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။ ၂၇ ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွဲမရှောင်ဘဲ ပြုခဲ့ပြီ။ ၂၈ ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ် တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ ၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုင်း၊ ၃၀ တပည့်တော်များ ကို သွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌ပေါ်လာမည်ကိုင်း ငါသိ၏။ ၃၁ ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။ ၃၂ ညီအစ်ကိုတို့၊ ယခုငါသည် သင်တို့ကို ဘုရားသခင်၌အပ်နှံ၏။ သင်တို့ကိုတည်ဆောက်ခြင်းငှါင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူ သင်တို့အားအမွေပေးခြင်းငှါင်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူး တော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။ ၃၃ သူ့ရွှေငွေအဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။ ၃၄ ဤလက်တို့သည် ငါ့ကိုင်း၊ ငါ့အပေါင်းအဘော်တို့ကိုင်း လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။ ၃၅ ထိုသို့ သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကိုင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်ကိုင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊ ၃၆ ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။ ၃၇ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏လည်ပင်းကို ဘက်ယမ်းလျက် သူကို နမ်းကြ၏။ ၃၈ နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသောစကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။ Chapter 21 တမန်တော်ဝတ္ထု အခန်းကြီး ၂၁၁ ထိုသူများနှင့်ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန် နေ့၌ ရောဒုကျွန်းသို့င်း၊ ထိုကျွန်းမှပါတရမြို့သို့င်း ရောက်ကြ၏။၂ ဖိနိတ်ပြည်သို့ကူးသောသင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။ ၃ ကုပရုကျွန်းကိုမြင်လျှင် လက်ျာဖက်၌ရှောက်သွားသဖြင့်၊ ရှုရိပြည်သို့ကူး၍ တုရုမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသောဝန်ကို ချရ၏။ ၄ တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ် ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည်အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော် အားဖြင့် ပြောပြကြ၏။ ၅ ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။ ၆ အချင်းချင်း နှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။ ၇ တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့်လွတ်ကြ၏။ ပတော်လင်မြို့၌ ညီအစ်ကို တို့နှင့်နှုတ်ဆက်၍ တရက်နေပြီးမှ၊ ၈ နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြုဆရာ ဖိလိပ္ပု၏အိမ်သို့ဝင်၍နေကြ၏။ ၉ ထိုသူ၌ ပရောဖက်ပြုသော သမီးကညာလေးယောက်ရှိ၏။ ၁၀ ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊ ၁၁ ငါတို့ရှိရာသို့ ဝင်သဖြင့်၊ ပေါလု၏ခါးပန်းကိုယူ၍ မိမိခြေလက်ကို ချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူ တို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ဟု ဆို၏။ ၁၂ ထိုစကားကိုကြားလျှင် ငါတို့နှင့်ထိုအရပ်၌ရှိသောသူတို့က၊ ယေရုရှလင်မြို့သို့ မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။ ၁၃ ပေါလုကလည်း၊ အဘယ်ကြောင့်ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက်ပြုကြသနည်း။ သခင်ယေရှု၏နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟု ဆို၏။ ၁၄ ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရားအလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟုဆိုကြ၏။ ၁၅ ထိုနောက်မှငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။ ၁၆ ကဲသရိ မြို့သား တပည့်တော်အချို့တို့သည် ငါတို့နှင့်အတူလိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန်အမည်ရှိသော ကုပရုကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။ ၁၇ ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကိုလက်ခံကြ၏။ ၁၈ နက်ဖြန်နေ့၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင်၊ သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။ ၁၉ ပေါလုသည် ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကို ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တပါးအမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။ ၂၀ ထိုသူတို့သည် ကြားလျှင်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည်သိမြင်၏၊ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။ ၂၁ တပါးအမျိုးသားတို့တွင် နေသောယုဒလူအပေါင်းတို့သည် သူငယ်တို့အား အရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည်ဆိုလျက်၊ သူတို့သည် မောရှေတရားကို စွန့်စေခြင်းငှါ ဆုံးမသြဝါဒပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြပြီ။ ၂၂ သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုမဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိကြလိမ့်မည်။ ၂၃ ထိုကြောင့် ကျွန်ုပ်တို့ဆိုသည်အတိုင်းပြုပါလော့။ သစ္စာဂတိပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။ ၂၄ ထိုသူတို့ ကိုယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် မိမိတို့ကြားသော သိတင်းစကားမမှန်သည်ကိုင်း၊ သင်သည်ကိုယ်တိုင် ပညတ်တရား ကိုစောင့်ရှောက်၍ ကျင့်နေသည်ကိုင်း သိရကြလိမ့်မည်။ ၂၅ ယုံကြည်ခြင်းသို့ရောက် သော တပါးအမျိုးသားတို့မူကား၊ ထိုသို့သောတရားကို မကျင့်မစောင့်လဲလျက် ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုင်း၊ အသွေးကိုင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုင်း၊ မတရားသောမေထုန်ကိုင်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည်စီရင်၍ ကြားလိုက်ခဲ့ပြီဟု ဆိုကြ၏။ ၂၆ ထိုအခါ ပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုပြီးမှ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြားပူးဇော်သက္ကာပြုရသော အချိန်တည်းဟူသော စင်ကြယ်ခြင်းကို ပြုရသောနေ့ရက် စေ့မည့်အချိန်ကိုကြားပြောလေ၏။ ၂၇ ထိုခုနစ်ရက်စေ့လုသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးစော်၍ ဣသရေလလူတို့၊ ကူမကြပါ။ ၂၈ ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကိုင်း၊ ဤအရပ်ဌာနကိုင်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမသြဝါဒပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကိုဘမ်းဆီး ကြ၏။ ၂၉ အထက်ကမြို့ထဲ၌ ပေါလုနှင့်တူ တရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြသည် ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့သွင်းသည်ဟု ထင်မှတ်ကြ၏။ ၃၀ တမြို့လုံးရုန်းရင်းခတ်မျှဖြစ်လျှင်၊ လူများ တို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကို ကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏခြင်းတံခါး များတို့ကို ပိတ်ထားကြ၏။ ၃၁ ပေါလုကို သတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တမြို့လုံး မငြိမ်မသက်ရုန်းရင်ခတ်မျှ ဖြစ်သည်ဟု လူတထောင်ကိုအုပ်ချုပ်သော စစ်သူကြီးသည် သိတင်းကြားလျှင်၊ ၃၂ စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျှင်အမြန်ခေါ်၍ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။ ၃၃ ထိုအခါ စစ်သူကြီးသည် အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်း နှင့် ချည်ချေဟု စီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကိုပြုမိသနည်း ဟုမေးစစ်လေ၏။ ၃၄ လူအစုအဝေးထဲ၌ အသီးသီး အခြားခြား ဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိ နိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။ ၃၅ လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကိုချီပွေ့၍ဆောင်ရကြ၏။ ၃၆ သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက်လိုက်ကြ၏။ ၃၇ ပေါလုသည် ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လော ဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးက၊ သင်သည် ဟေလသစကားကိုပြောတတ်သလော။ ၃၈ သင်သည် အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည်မဟုတ်လောဟု မေး၏။ ၃၉ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌မွေးဘွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ် နေသောမြို့ကား၊ သာမညမြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ်ပြောရသောအခွင့်ကို ပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို၏။ ၄၀ စစ်သူကြီးသည် အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေခါးပေါ်မှာရပ်၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည် အလွန်တိတ်ဆိတ်စွာနေကြသောအခါ ဟေဗြဲဘာသာအားဖြင့် မြွက်ဆိုလျက်၊ Chapter 22 တမန်တော်ဝတ္ထု အခန်းကြီး ၂၂၁ ညီအစ်ကို၊ အဘတို့၊ ကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာစကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊၂ ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည်ကြားလျှင် သာ၍အလွန် တိတ်ဆိတ်စွာနေကြ၏။ ၃ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသောယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သောတရားကို သေချာစွာ သိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ရှိသမျှသည် ယနေ့တိုင်အောင် ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်နည်းတူ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊ ၄ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။ ၅ ထိုကဲ့သို့ပင် ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည် အကျွန်ုပ်ဘက်၌ သက်သေဖြစ်ကြပါ၏။ သူတို့ထံမှလည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသို့ မှာစာကိုခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင်မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့ အကျွန်ုပ်သွားပါ၏။ ၆ လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်ကနဲထွန်းတောက်ပါ၏။ ၇ အကျွန်ုပ်သည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်းဟု အကျွန်ုပ်အားပြောသောစကားသံကိုကြားလျှင်၊ ၈ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍မေးလျှောက်သော်၊ ငါကား သင်ညှင်းဆဲသော နာဇရက် မြို့သား ယေရှုဖြစ်သတည်းဟု မိန့်တော်မူ၏။ ၉ အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကိုမြင်၍ ကြောက်ရွံ့ ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ်အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။ ၁၀ ထိုအခါ အကျွန်ုပ် ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်းဟု လျှောက်လျှင်၊ ဘုရားသခင်က၊ ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင်ဆောင်ရွက်စရာဘို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ပြောလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၁ ထိုအလင်၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့် အကျွန်ုပ်နှင့်ပါသော သူတို့၏ လက်ဆွဲခြင်းကို ခံရ၍ ဒမာသက်မြို့သို့ရောက်ပါ၏။ ၁၂ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌ မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှာနေသော ယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊ ၁၃ အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တဖန် မျက်စိမြင်ခြင်းသို့ရောက်လော့ဟု ဆို၏။ ထိုခဏ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။ ၁၄ သူကလည်း၊ သင်သည် မြင်လေသမျှ၊ ကြားလေသမျှတို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊ ၁၅ သင်သည် ဘုရားသခင်၏အလိုတော်ကို သိစေခြင်းငှါင်း၊ ဖြောင့်မတ်တော်မူသောသူကို မြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါင်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကိုခန့်ထားတော်မူ၏။ ၁၆ ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍နေသနည်း။ ထလော့။ သခင်ဘုရားကိုပဌနာပြုလျက် ဗတ္တိဇံ ကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။ ၁၇ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍ ဗိမာန်တော်၌ဆုတောင်းစဉ် ဘဝင်ကျ၍၊ ၁၈ သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏အကြောင်းကို သင်သည် ပြော၍ သက်သေခံသောစကားကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော်မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။ ၁၉ အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကိုယုံကြည်သောသူတို့ကို အကျွန်ုပ်သည် ထောင်ထဲ၌လှောင်ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။ ၂၀ ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် နား၌နေလျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ၍ ကွပ်မျက်သောသူတို့၏အဝတ်ကို စောင့်နေပါ၏ဟု၊ ၂၁ လျှောက်ဆိုလျှင်၊ ဘုရားသခင်က၊ သွားလော့။ ငါသည် တပါးအမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာစေလွှတ်မည်ဟု အကျွန်ုပ်အားမိန့်တော် မူသည်ဟု ပေါလုမြွက်ဆို၏။ ၂၂ ထိုမျှတိုင်အောင် ပေါလု၏စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်ဟု ဆိုကြ၏။ ၂၃ ထိုသို့အော်ဟစ်ခြင်း၊ ကိုယ် အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကိုမိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊ ၂၄ ပေါလုကို အဘယ်ကြောင့် ထိုသို့ အော်ဟစ်ကြသည်ကို စစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့သွင်းစေ။ ရိုက်၍စစ်ကြောစေဟု စီရင်လေ၏။ ၂၅ သားရေကြိုးနျင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု အနား၌ရပ်နေသောတပ်မှူးအားဆို၏။ ၂၆ တပ်မှူးသည် ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည်ရောမလူဖြစ်ပါသည် ဟုကြား လျောက်၏။ ၂၇ စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော ငါ့အားပြောလော့ဟု ဆိုလျှင်၊ မှန်ပါသည်ဟု ပေါလုပြောဆို၏။ ၂၈ စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကိုပေး၍ ရောမလူ၏ အရိပ်အရာကို ရသည်ဟု ဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့်ရပါသည် ဟုဆို၏။ ၂၉ ထိုအခါ စစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှ ချက်ခြင်းသွား၍၊ သူသည်ရောမလူဖြစ်သည်ကိုင်း၊ ရောမလူကို ချည်နှောင်မိသည်ကိုင်း၊ စစ်သူကြီးသိလျှင် ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ ၃၀ နက်ဖြန်နေ့တွင် အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန်သိလို သောကြောင့်၊ ပေါလု၌ချည်နှောင်သော သံကြိုးကိုချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ ကို စည်းဝေးစေခြင်းငှါ စီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရှေ့၌ ထားလေ၏။ Chapter 23 တမန်တော်ဝတ္ထု အခန်းကြီး ၂၃၁ ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊၂ ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ရပ်နေသော သူတို့အား အမိန့်ရှိ၏။ ၃ ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည်အကျွန်ုပ်ကို တရားနှင့် အညီစီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။ ၄ အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ် မင်းကို ဆဲသလောဟုမေးလျှင်၊ ၅ ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို သင်သည်မကဲ့ရဲ့ရဟု ကျမ်းစာ၌လာသည်ဟုဆို၏။ ၆ ထိုအရာရှိတို့တွင်အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင် လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက် မည်ဟု မြော်လင့်ဖြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်အပေါ်မှာ ကြွေးကြော်လေ။ ၇ ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုန်၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လ၏။ ၈ ကွဲပြားသည်အကြောင်းကာ၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟု ယူကြ၏။ ဖာရိရှဲတို့က နှစ်ပါစလုံးရှိသည်ဟု ဝန်ခံကြ၏။ ၉ အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နံဝိညာဉ်သော်င်း၊ ကောင်းကင်တမန်သော်င်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။ ၁၀ အချင်းချင်းငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကိုဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။ ၁၁ နက်ဖြန်နေ့ညဥ့်တွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရဦးမည်ဟု မိန့်တော်မူ၏။ ၁၂ မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်း မစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။ ၁၃ ထိုသို့သင်းဖွဲ့သောသူတို့သည် လေးကျိပ် မကရှိ၏။ ၁၄ ထိုသူတို့သည်ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ထံသို့ သွား၍၊ အကျွန်ုပ်တို့သည် ပေါလုကို မသတ်မည်တိုင်အောင် အလျင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။ ၁၅ ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြော မည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကိုလျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။ ၁၆ ထိုသို့ လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏တူသည် ကြားလျှင် ရဲတိုက်ထဲသို့ဝင်၍ ပေါလုအား ကြားပြောလေ၏။ ၁၇ ပေါလုသည် တပ်မှူးတယောက်ကိုခေါ်၍ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခုရှိသည်ဟု ဆိုသော်၊ ၁၈ တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ပို့ပြီးလျှင်၊ အကျဉ်းခံရ သောပေါလုသည် အကျွန်ုပ်ကိုခေါ်၍၊ ကိုယ်တော်အား လျှောက်စရာတစုံတခုရှိသော ဤလုလင်ကို ကိုယ်တော်ထံသို့ပို့စေခြင်းငှါ တောင်းပန်ပါသည်ဟုလျှောက်၏။ ၁၉ စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ သင်သည် အဘယ်အကြောင်းကိုငါ့အား လျှောက်ချင်သနည်း ဟု မေးမြန်လေ၏။ ၂၀ လုလင်ကလည်း၊ ကိုယ်တော်သည်နက်ဖြန်နေ့၌ ပေါလုကိုလွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန် ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင်ညိ‡ည¸တ်ကြပါပြီ၊ ၂၁ သို့ရာတွင် သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ အဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ပေါလုကို ချောင်း၍နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့် စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့် ပါပြီဟု လျှောက်လေ၏။ ၂၂ စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ကြားလျှောက်သည်ကို အဘယ်သူအားမျှ မပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊ ၂၃ တပ်မှူးနှစ်ယောက်ကိုခေါ်၍၊ ယနေ့ညဥ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲ ခုနစ်ကျိပ်၊ လှံကိုင်သူရဲ နှစ်ရာ တို့ကိုပြင်ဆင်ကြ။ ၂၄ ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကို ပြင်၍ပေးကြ။ သူ့ကိုဖေလဇ်မင်းထံသို့ ကြပ်မ၍ပို့ကြဟု အမိန့်ရှိ၏။ ၂၅ စစ်သူကြီးသည် ရေး၍ပေးလိုက်သောစာဟူမူကား၊ ၂၆ ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်း ဖေလဇ်ကို မေတ္တာနှင့်ကြားလျှောက်လိုက်ပါသည်။ ၂၇ ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည် ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါသည်။ ၂၈ ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့်အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့် သူ့ကိုယူ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊ ၂၉ အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့်စပ်ဆိုင်သော ပုစ္စာအမေးကိုအကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။ ၃၀ ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုပ်ရိပ်မိလျှင်၊ သူ့ကိုကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။ ၃၁ စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကိုယူ၍၊ ညဥ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက် ပြီးမှ၊ ၃၂ နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါလွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။ ၃၃ မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကို မြို့ဝန်မင်းလက်သို့ အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌သွင်းထားကြ၏။ ၃၄ မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့်ဆိုင်သနည်းဟု မေး၍ ကိလိကိပြည်သား ဖြစ်သည်ကို ကြားသိလျှင်၊ ၃၅ သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟုဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။ Chapter 24 တမန်တော်ဝတ္ထု အခန်းကြီး ၂၄၁ ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။၂ ပေါလုကိုခေါ် ပြီးမှ၊ တေရတုလုသည် အပြစ်တင်သောစကားကို လျှောက်ဆိုသည်မှာ၊ မြတ်တော်မူသော ဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကိုခိုလှုံ၍ အလွန်ငြိမ်သက်စွာနေရသဖြင့် ကိုယ်တော်ကြည့်ရှု ပြုစုတော်မူခြင်းကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊ ၃ အရပ်ရပ်တို့၌ အကျွန်ုပ် တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သောစိတ်နှင့် ခံရပါ၏။ ၄ အကျွန်ုပ်သည် ကိုယ်တော်ကို ကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့် လွှတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြေးညှင်းသော စိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။ ၅ နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သောဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။ ၆ သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊ ၇ စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊ ၈ အမှုလုပ်သော သူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်းအရာများကို သေချာစွာ သိနိုင်တော် မူမည်ဟု လျှောက်ထား၏။ ၉ ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။ ၁၀ မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသောအခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူ မျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာစကားကို လျှောက်ဝံ့ပါ၏။ ၁၁ အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့တက်သွား၍၊ ယခုတဆယ်နှစ်ရက်သာ ရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။ ၁၂ ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ်ဆွေးနွှေးငြင်းခုံ သည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌င်း၊ မြို့ထဲ၌င်း၊ လူများကိုမငြိမ်မသက်စေခြင်းငှါ အကျွန်ုပ်နှိုးစော် သည်ကို သူတို့မတွေ့ကြပါ။ ၁၃ ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။ ၁၄ သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေး ထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။ ၁၅ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မြော်လင့်ပါ၏။ ၁၆ ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ သူတို့ကိုပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွှတ်မည် အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုပ်ပါ၏။ ၁၇ နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊ ၁၈ ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက် ရှိသည်ကို၊ အာရှိပြည်က လာသောယုဒလူအချို့တို့သည်တွေ့ကြပါ၏။ ၁၉ ထိုသူတို့သည် အကျွန်ုပ်၌ အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။ ၂၀ သို့မဟုတ် အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊ ၂၁ အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု ကြွေးကြော်သောစကားသံ တခွန်းကိုထားလျှင်၊ အကျွနုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေ ဟု ပေါလု လျှောက်၏။ ၂၂ ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲသူတို့ကို လွှတ်လိုက်၏။ ၂၃ ပေါလုကိုအကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။ ၂၄ ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်း ဒြုသိလေနှင့် တကွလာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သော စကားကိုနားထောင်လေ၏။ ၂၅ ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်းတရားကိုင်း၊ နောင်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကိုင်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှ အဆင်သင့် သောအခါ ငါခေါ် ဦးမည်ဟု ဆို၏။ ၂၆ ပေါလုသည် မိမိလွှတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည် ထင်မှတ်လျှက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့်စကားပြောလေ၏။ ၂၇ နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း ၏အရာကိုရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကိုအကျဉ်းထားရစ် စေ၏။ Chapter 25 တမန်တော်ဝတ္ထု အခန်းကြီး ၂၅၁ ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။၂ ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူအကြီးအကဲတို့သည်၊ ၃ ပေါလုကိုသတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟု အကြံရှိသည်နှင့် ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူကိုယေရုရှလင်မြို့သို စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။ ၄ ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ် ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင်သွားမည်။ ၅ သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။ ၆ ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့သွား၍၊ နက်ဖြန်နေ့၌ တရားလ္လင်ပေါ်မှာထိုင်လျက်၊ ပေါလုကို ခေါ်ချေဟုအမိန့်ရှိ၏။ ၇ ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌ တင်ကြ၏။ ၈ ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကို ပြောလေ၏။ ၉ သို့သော်လည်း ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသောစိတ်ရှိလျက် ပေါလုအားမေး၏။ ၁၀ ပေါလုကလည်း၊ ကဲသာဘုရင်၏ တရား ပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်လိုပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိ တော်မူသည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။ ၁၁ အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သော အပြစ်တစုံတခုမျှ မမှန်လျှင် သူတို့လက် သို့ အကျွန်ုပ်ကို အဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။ ၁၂ ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့်တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူကို ခံပါမည်ဟု ဆိုသလော။ ကဲသာဘုရင်ထံတော် သို့ သွားရမည်ဟုဆို၏။ ၁၃ ထိုနောက် များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိခင်ပွန်း ဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကို နှုတ်ဆက်ခြင်းငှါ ကဲသိရိမြို့သို့ ရောက်လာ၏။ ၁၄ အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။ ၁၅ ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိ သောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက်စီရင်ပါဟု တောင်းပန်ကြလျှင်၊ ၁၆ ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကိုခံသောသူသည် အပြစ်တင်သောသူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကို ဖြေရသောအခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။ ၁၇ ထိုသူတို့သည် ဤမြို့သို့ရောက်လာ သောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာထိုင်၍ ထိုသူကိုခေါ်စေ၏။ ၁၈ သူ့ကို အမှုလုပ်သောသူတို့သည် လာကြလျှင်၊ အကျွန်ုပ်ထက်က ထင်မှတ်သောအပြစ် တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်င်း၊ ယေရုအမည်ရှိသော၊ ၁၉ သေပြီးသောသူတယောက်နှင့်င်း ယှဉ်သောပုစ္စာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။ ၂၀ ထိုပုစ္စာ အမေးကို အကျွန်ုပ်သည်မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့သွား၍ ဤအမှု စီရင်ခြင်းကို ခံမည်လောဟု မေးလျှင်၊ ၂၁ ပေါလုသည် ဘုန်းကြီးတော်မူသောဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကို ကဲသာဘုရင်ထံတော်သို့ မစေလွှတ်မည်တိုင်အောင် ချုပ်ထားစေခြင်းငှါ အကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။ ၂၂ အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို အကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။ ၂၃ နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသောဂုဏ်အသရေကိုဆောင်လျက် စစ်သူ ကြီးတို့မှစ၍ ထိုမြို့၌ ထင်ရှားသောသူများတို့နှင့်တကွ အိမ်တော်ဦးသို့ဝင်ကြလျှင် ဖေတ္တုမင်းသည် ပေါလုကို ဆောင်ခဲ့စေ၏။ ၂၄ ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူအပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌င်း၊ ဤမြို့၌င်း၊ ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို အကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။ ၂၅ သူသည် သေထိုက်သောအပြစ် မပြုကြောင်းကို အကျွန်ုပ်သိမြင်၍င်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံပါမည်ဟုဆို၍င်း၊ သူ့ကိုအထံ တော်သို့စေလွှတ်ခြင်းငှါ အကျွန်ုပ်စီရင်၏။ ၂၆ သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကိုစစ်ကြောပြီးမှ အကျွန်ုပ်ရေး၍ ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှါ သင်တို့ရှေ့၌င်း။ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ် တော်ရှေ့၌င်း၊ သူ့ကို အကျွန်ုပ်ထုတ်၍ပြ၏။ ၂၇ အကြောင်းမူကား အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ် မည်ထင်ပါသည်ဟု ဆို၏။ Chapter 26 တမန်တော်ဝတ္ထု အခန်းကြီး ၂၆၁ ထိုအခါ အဂြိပ္ပမင်းက၊ သင်သည် ကိုယ်အဘို့အလိုငှါ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။၂-၃ အဂြိပ္ပမင်းကြီး၊ ယုဒလူတို့သည် အကျွန်ုပ် ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည်အကြောင်းကိုင်း၊ ထိုမျှ မက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္စာအမေးများကို လေ့ကျက်တော်မူကြောင်းကိုင်း အကျွန်ုပ်ထောက်၍ ကိုယ်၌ မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသောစိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော် မူမည်အကြောင်း အသနားတော်ခံပါ၏။ ၄ ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်ရွယ်မှ စ၍၊ အကျွန်ုပ်၏အနေအထိုင်အပြုအမူများကို ယုဒလူအပေါင်းတို့သည် သိကြပါ၏။ ၅ အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကြပ်တည်းစွာသော နည်းဥပဒေသကို ခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေ့ဦးစွာကပင်သိကြပါ၏။ ၆ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသောဂတိတော်ကို ထောက်၍ မြော်လင့်ခြင်းတရား အကြောင်းကြောင့် အကျွန်ုပ်သည် ယခုတွင်စစ်ကြောစီရင်ခြင်းကို ခံရပါ၏။ ၇ ယုဒလူ တဆယ်နှစ်မျိုးတို့သည် နေ့ညဥ့်မပြတ်ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုဂတိတော်အတိုင်း ခံရမည် ဟုမြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။ ၈ သေလွန်သောသူတို့ကို ဘုရားသခင်ထမြောက်စေတော်မူမည်ဟူသော အယူကို မယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။ ၉ နာဇရက်မြို့သားယေရှု၏ နာမတော်နှင့်ဆန့်ကျင်သောအမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊ ၁၀ ယေရုရှလင်မြို့၌ ထိုအမှုကိုပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်း သူအများတို့ကို ထောင်ထဲမှာလှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကိုခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။ ၁၁ ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့်ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသော တရားစရပ်တို့၌ ကြိမ်ဖန်များစွာဒဏ်ပေးပါ၏။ ပြင်းစွာသောအမျက်ဒေါသနှင့် ယစ်မူးသဖြင့် တကျွန်းတနိုင်ငံတိုင်အောင် သူတို့ကိုညှဉ်းဆဲနှိပ်စက်ပါ၏။ ၁၂ ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ ပေးသောအခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊ ၁၃ နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူသွားသောသူ များပတ်လည်၌ ကောင်းကင်ထဲကထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းထဲမှာအကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။ ၁၄ အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာလဲ၍နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကို အဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျောက်လျှင်ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အကျွန်ုပ်ကြားလျှင်၊ ၁၅ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်မေး လျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။ ၁၆ သို့သော်လည်း၊ ထ၍ မတ်တပ်နေလော့။ ၁၇ ငါသည် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့လက်မှ သင့်ကိုကယ်လွှတ်၍၊ ၁၈ သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှငါသည် သင့်အားထင်ရှားလတံ့သော အကြောင်းအရာတိုမှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသော သူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အားထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှအလင်း သို့ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့နှင့်ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကိုငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ ၁၉ အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။ ၂၀ လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကိုကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည် အရပ်ရပ်၌ နေသောသူတို့အားင်း၊ တပါးအမျိုးသားတို့အားင်း၊ ဟောပြောပါ၏။ ၂၁ ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။ ၂၂ သို့ရာတွင် ဘုရားသခင်မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊ ၂၃ ယခုတိုင်အောင် ရှိနေရပါ၏။ ခရစ်တော်သည် အသေ သတ်ခြင်းကို ခံရမည်ဟူ၍င်း၊ သေခြင်းမှအဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍င်း၊ မောရှေ မှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။ ၂၄ ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ရောက်ခဲ့ပြီဟု ကြီးသောအသံနှင့်ဆို၏။ ၂၅ ပေါလုကလည်း၊ မြတ်တော်မူသော ဖေတ္တုမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ သမ္မာတရားနှင့်င်း၊ ကောင်းသောစိတ်နှင့်င်း၊ ယှဉ်သောစကားကိုပြောပါ၏။ ၂၆ ဤအရာများကို အဂြိပ္ပမင်းကြီးသိတော်မူ၏။ ထိုမင်းအရှေ့၌ အကျွန်ုပ်အတည့် အလင်းလျှောက်ဝံ့ပါ၏။ ဤအမှုအရာတစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟု အကျွန်ုပ်ထင်ပါ၏။ ဤအကြောင်းမူကား၊ ဤအမှုသည် စိတ်ကွယ်ရာအရပ်၌ ပြုသောအမှုမဟုတ်ပါ။ ၂၇ အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော် သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။ ၂၈ အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည်ခရစ်ယာန်ဖြစ်လုပြီဟု ပေါလု အားပြောဆိုလျှင်၊ ၂၉ ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူ ဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ်ဆုတောင်းပါသည်ဟု လျှောက်လေ၏။ ၃၀ ထိုအခါ မင်းကြီးနှင့် ဗေရနိတ်သည်ထ၍ မြို့ဝန်မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊ ၃၁ အခြားသို့သွားပြီးလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံ ထိုက်သောအမှုကို မပြုဟုအချင်းချင်း ပြောဆိုကြ၏။ ၃၂ အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏အယူ တော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတုမင်းအားဆို၏။ Chapter 27 တမန်တော်ဝတ္ထု အခန်းကြီး ၂၇၁ ထိုအခါ ငါတို့သည် ဣတလိပြည်သို့ သင်္ဘောနှင့်ကူးရမည်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိ သော သြဂုတ္တုတပ်နှင့်ဆိုင်သောတပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။၂ အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ရှောက်သွားမည်အကြေံနှင့်လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေနိ ပြည် သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။ ၃ နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ ဆိုက်ကြပြီးလျှင် ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။ ၄ ထိုမှထွက်၍ လေမသင့်သောကြောင့် ကုပရုကျွန်းမြောက်ဘက်နားသို့ လျှောက်သွားသခြင့် ကိလိကိပြည်၊ ၅ ပံဖုလိပြည်နှင့်စပ်သောပင်လယ်ကို ကူး၍၊ လုကိပြည်၊ မုရမြို့သို့ရောက်ကြ၏။ ၆ ထိုမြို့၌ ဣတလိ ပြည်သို့ကူးသော အာလေဇန္ဒြိသင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကိုသွင်းထားလေ၏။ ၇ နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ လေမသင့်သောကြောင့် ကရေတေကျွန်းအရှေ့ဘက် သာလမုန်မြို့အနားသို့ ပင်ပန်းစွာရှောက်သွား၍၊ ၈ လာသဲမြို့ နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ရောက်ကြ၏။ ၉ ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ် သည်ကို ပေါလုသည်ထောက်၍၊ ၁၀ အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက ငါတို့အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။ ၁၁ သို့သော်လည်း၊ တပ်မှူးသည် ပေါလုစကားကိုနားမထောင်ဘဲ တက်မကိုင်စကားနှင့် သင်္ဘောသူကြီးစကားကို နားထောင်၏။ ၁၂ ထိုမြိုဆိပ်၌ ဆောင်းကာလပတ်လုံးမနေသင့်သောကြောင့် တဖန်လွှင့်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့ မှီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကိုလွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား၊ ကရေတေကျွန်း၌ရှိ၏။ အနောက်မြောက်သို့င်း၊ အနောက်တောင်သို့င်း မျက်နှာပြု၏။ ၁၃ တောင်လေသည် ဖြေးညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ ရှောက်သွားကြ၏။ ၁၄ ကာလမကြာမမြင့်မှီ ဥရုကလုဒုန်အမည်ရှိသော လေပြင်းမုန်တိုင်းသည် သင်္ဘောကိုတိုက်၍၊ ၁၅ တဟုန်တည်း ဆောင်သွားသဖြင့်၊ သင်္ဘောသည် ထိုလေကိုမခံနိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။ ၁၆ ကလောဒေကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္ဗန်ကိုမပျက်စေခြင်းငှါ ပင်ပန်းစွာကြိုးစား၍၊ ၁၇ သင်္ဘော ပေါ်သို့တင်ပြီးလျှင်၊ သင်္ဘောကို ခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာတင်မည်ကိုလည်း စိုးရိမ် သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ ပါလွင့်ကြ၏။ ၁၈ လှိုင်းထအားကြီးသောကြောင့် အလွန်တုန် လှုပ်၍ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။ ၁၉ သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။ ၂၀ နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာမမြင်ရ၍ မိုဃ်းသက်မုန်တိုင်းအားကြီးသေးသဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟုမျှော်လင့်စရာ အခွင့်အလျင်းမရှိ။ ၂၁ အစာကိုမစားဘဲ ကြာမြင့်စွာနေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကိုနားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်ဆီးဆုံးရှုံးခြင်းနှင့်ကင်းလွတ်ရကြ၏။ ၂၂ ယခုတွင် စိတ်သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါး သင်တို့တွင် အဘယ်သူမျှအသက် မဆုံးရ။ ၂၃ အဘယ်အကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သောဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဥ့်တွင် ငါ့အနားမှာပေါ်လာလျက်၊ ၂၄ ပေါလု၊ သင်သည်မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသောသူအပေါင်းတို့ကို ဘုရားသင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။ ၂၅ ထိုကြောင့်အချင်းလူတို့၊ သက်သာခြင်းရှိကြလော့။ ငါ့အားမိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကိုအမှီပြု၍ ယုံခြင်းရှိ၏။ ၂၆ သို့သော်လည်း တစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။ ၂၇ တဆယ်လေးရက်မြောက်သော နေ့ညဥ့်ရောက်သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသောကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့သည် ထင်မှတ်သဖြင့်၊ ၂၈ ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကိုတွေ့ကြ၏။ ထိုမှစိုးစည်းလွန် ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကိုတွေ့ကြ၏။ ၂၉ ကျောက်ကိုတိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်စူးလေးလက်ကိုချ၍ မိုဃ်းလင်းပါစေဟု ဆုတောင်းကြ၏။ ၃၀ သင်္ဘောသားတို့သည် သင်္ဘောကိုစွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးကိုသွား၍ ကျောက်စူးချဟန်ပြုလျက် သမ္ဗန်ကိုလျော့စဉ်တွင်၊ ၃၁ ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌မနေလျှင် သင်တို့သည်ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အားဆို၏။ ၃၂ ထိုအခါ စစ်သူရဲတို့သည် သမ္ဗန်ကြိုးကိုခုတ်ဖြတ်၍ ချလိုက်ကြ၏။ ၃၃ မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။ ၃၄ ထိုကြောင့် အစာစားကြလော့။ စားလျှင်ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။ ၃၅ သင်တို့ဆံခြည်တမျှင်မျှ မပျက်ဆီးရဟုဆိုပြီး လျှင် ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍စားလေ၏။ ၃၆ ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကိုစားကြ၏။ ၃၇ ထိုသင်္ဘော ၌ပါသော သူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနှစ်ကျိပ်ခြောက်ယောက်ရှိသတည်း။ ၃၈ စွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ ပစ်ချ၍သင်္ဘောကို ပေါ့စေကြ၏။ ၃၉ မိုဃ်းလင်းသောအခါ ထိုအရပ်ကိုမသိသော်လည်း၊ ထောင့်ကွေ့တခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကိုအထဲသို့သွင်းနိုင်လျှင်၊ သွင်းမည်ဟုအကြံရှိကြ၏။ ၄၀ ကျောက်ဆူးတို့ကိုလွှတ်၍ ပင်လယ်ထဲသို့ချလိုက်ပြီးမှ တက်မတို့ကိုဆိုင်းသောကြိုးများကိုဖြည်၍ ရွက်ကိုလေ၌ဖြန်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။ ၄၁ ရေဆိုင်ရာသို့ရောက်လျှင် သင်္ဘောကို သောင်ပေါ်မှာတင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့်၊ ပဲ့ကို လှိုင်းတံပိုးရိုက်သောကြောင့် ကျိုး၏။ ၄၂ ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကိုစိုးရိမ် သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။ ၄၃ တပ်မှူးသည် ပေါလုကိုချမ်းသာစေခြင်းငှါ အလိုရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကို မြစ်တား၍ ကူးနိုင်သောသူတို့သည် အရင်ဆင်း၍ ကုန်းသို့သွားစေခြင်းငှါင်း၊ ၄၄ ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘောတန်ဆာများကို စီးစေခြင်းငှါင်း၊ စီရင်လေ၏။ ထိုသို့လူအပေါင်း တို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ရောက်ကြ၏။ Chapter 28 တမန်တော်ဝတ္ထု အခန်းကြီး ၂၈၁ ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။၂ မိုဃ်းရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကိုလက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။ ၃ ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။ ၄ ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူအသက်ကိုသတ်သောသူအမှန်ဖြစ်၏။ ပင်လယ် ဘေးမှလွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည်အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။ ၅ ပေါလုသည် မြွေကို မီးထဲသိုခါချ၍ အဘယ်ဘေးမျှမသင့်။ ၆ သူသည် တကိုယ်လုံးရောင်မည်၊ တခဏချင်းတွင် လဲ၍သေမည်ဟု ထိုသူတို့သည် ကြာမြင့်စွာငံ့လင့်သော်လည်း၊ သူ၌ မကောင်းသောအပြစ်တစုံတခကိုမျှ မမြင်လျှင် သဘောပြောင်း လဲ၍ ဤသူကားနတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။ ၇ ထိုအရပ်နှင့်မနီးမဝေး ပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကို လက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာလုပ်ကျွေးပြုစုလေ၏။ ၈ ပုဗလိမင်း၏အဘသည် ဖျားနာနှင့်ဝမ်းကျသွေးသွန် နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ဆုတောင်းပြီးမှ၊ သူ့အပေါ်၌လက်တင်၍ အနာကိုငြိမ်းစေ၏။ ၉ ဤသို့ ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။ ၁၀ ထိုသူတို့သည် များစွာသောလက်ဆောင်တို့ကိုပေး၍၊ ငါတို့သည်လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။ ၁၁ သုံးလလွန်လျှင်၊ နတ်သားအမြွာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံး နေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည်စီးပြန်၍၊ ၁၂ သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။ ၁၃ ထိုမြို့မှလွှင်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင် ပေါတယောလိမြို့သို့ ရောက်ကြ၏။ ၁၄ ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည် တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။ ၁၅ ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာ ကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့သည် အပ္ပိဈေးတိုင်အောင်င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်င်း လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ ၁၆ ရောမမြို့သို့ ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူ တို့ကို ကိုယ်ရံတော်မှူး၌အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတယောက်နှင့်အတူ မိမိအလို အလျောက်နေရသော အခွင့်ကိုရ၏။ ၁၇ သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူအကြီးအကဲတို့ကိုခေါ်၍ စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကိုမပြစ်မှား၊ မိစဉ်ဘဆက်ကျင့်သော ထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့အပ်လိုက်ကြ၏။ ၁၈ ရောမလူ တို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သောအပြစ် တစုံတခုကိုမျှမတွေ့သဖြင့် လွှတ်ခြင်းငှါ အလိုရှိကြ၏။ ၁၉ ထိုအလိုကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု အကျွန်ုပ်ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။ ၂၀ ဣသရေလအမျိုး၏ မြော်လင့်ရာအတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊ ၂၁ ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌အပြစ်ရှိကြောင်းကို မကြားမပြာပါ။ ၂၂ သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍၊ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဘော်ပြ သောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊ ၂၃ နေ့ရက်ကိုချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို သက်သေခံသဖြင့်င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ဖျားယောင်း သွေးဆောင်သဖြင့်င်း၊ နံနက်အချိန်မှစ၍ ညအချိန် တိုင်အောင် ထုတ်ဘော်ဟောပြောလေ၏။ ၂၄ အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏။ အချို့တို့သည်မယုံဘဲနေကြ၏။ ၂၅ ထိုသို့ အချင်းချင်း သဘော ကွဲပြား၍သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကိုပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော် သည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊ ၂၆ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။ ၂၇ အကြောင်း မူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါမငြိမ်းစေ ရသည်တိုင်အောင် သူတို့၏စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟု ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာမိန့်တော်မူ၏။ ၂၈ ထိုကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည် နားထောင်မည်အရာကို သင်တို့သိမှတ်ကြလော့ဟု၊ ၂၉ ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်း များစွာသော ဆွေးနွှေးနှီးနှောခြင်းရှိကြ၏။ ၃၀ ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသောအိမ်၌ နေသဖြင့်၊ မိမိထံသို့လာသောသူအပေါင်း တို့ကို ဧည့်ခံ၍၊ အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။ |