you will need the zawgyi-one font >> HERE <<တိတုသြဝါဒစာတိတုသြဝါဒစာ အခန်းကြီး ၁Chapter 2
၁-၃ မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသောတရားဟောခြင်း အခွင့် အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလို ငှါင်း၊ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့၏ယုံကြည်ခြင်းအလိုငှါင်း၊ ဘုရားသခင်၏ ကျွန်တည်း ဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
တိတုသြဝါဒစာ အခန်းကြီး ၂၁ သင်တို့မူကား၊ စင်ကြယ်သောသြဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။၂ အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူဖြစ်ရကြမည်အကြောင်း၊ ၃ ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံ ပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ၊ ကောင်း သောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊ ၄ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ အသက်ပျိုသောမိန်းမတို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ၅ ဣနြေ္ဒစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊ ၆ ထိုနည်းတူ၊ အသက်ပျိုသော ယောက်ျားတို့သည်လည်း ဣနြေ္ဒစောင့်ရမည်အကြောင်း တိုက်တွန်းသွေးဆောင်လော့။ ၇ အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမသြဝါဒပေးသောအခါ၊ မိစ္ဆြွာဒိဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊ ၈ အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ၉ အစေခံကျွန်တို့သည၊် ငါတို့ကို ကယ်တင်တော်မူသော ဘုရားသခင်၏ သြဝါဒကို အရာရာ၌ တန်ဆာဆင် ခြင်းငှါ၊ မိမိတို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုန်ခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊ ၁၀ တိတ်ဆိတ်စွာခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာပြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။ ၁၁-၁၃ အကြောင်းမူကား၊ မင်္ဂလာရှိသောမြော်လင့်ရာကိုင်း၊ ကြီးမြတ်သောဘုရားသခင်တည်း ဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုင်း၊ ငါတို့ သည်မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣနြေ္ဒစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်း လျက်ရှိ၏။ ၁၄ ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါင်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါင်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။ ၁၅ ဤတရားစကား ကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသောအာဏာနှင့်တကွ ပြုလော့။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင်မပြုစေနှင့်။ Chapter 3 တိတုသြဝါဒစာ အခန်းကြီး ၃၁ လူတို့သည် အထွဋိအမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါင်း၊ မင်း၏စကားကို နားထောင် စေခြင်းငှါင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှါင်း၊၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါင်း သတိပေးလော့။ ၃ အကြောင်းမူကား၊ အထက်ကငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်းအမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။ ၄ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကို ချစ်တော်မူသော မေတ္တာ တော်သည် ပေါ်ထွန်းသောအခါ၊ ၅ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ ၆ ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။ ၇ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရအသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်မည်အကြောင်းတည်း။ ၈ ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။ ၉ မိုက်မဲသော ပုစ္စာအမေးတို့ကိုင်း၊ ဆွေစဉ်မျိုးဆက်စာရင်းတို့ကိုင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန် ခြင်းတို့ကိုင်း ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ။ အချည်းနှီးသက်သက်ဖြစ်ကြ၏။ ၁၀ သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ဖယ်ရှားနှင်ထုတ်လော့။ ၁၁ ထိုသို့သောသူသည် ကိုယ်အပြစ် ကိုသိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သောစိတ်ရှိသောသူ ဖြစ်သတည်း။ ၁၂ အာတေမသော်င်း၊ တုခိတ်သော်င်း၊ သင့်ဆီသို့ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံ သို့လာခြင်းငှါ ကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။ ၁၃ ကျမ်းဆရာ ဇေနနှင့် အာပေါလု၌ အဘယ်အရာမျှ မလိုစေခြင်းငှါ ကြိုးစား၍ လမ်း၌ပို့လော့။ ၁၄ ငါတို့၏လူများသည်လည်း အသီးမဲ့သော သူမဖြစ်၊ ကိုယ်သုံးစရာဘို့ ရှိရမည်အကြောင်း၊ ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။ ၁၅ ငါ့ထံမှာရှိသော သူအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွ ငါတို့ကိုချစ်သောသူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ |