Philippians Burmese Bible

you will need the zawgyi-one font >> HERE <<



ဖိလိပ္ပိသြဝါဒစာ

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၁

၁ ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့်တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်းထောက် တို့မှ စ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကိုကြားလိုက်ပါ၏။

၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

၃-၅ ငါသည်ဆုတောင်းပဌနပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကိုအစဉ် ဆုတောင်း ပဌနာပြုလျက်၊ သင်တို့ကိုအောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆကဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော် ကိုချီးမွမ်းပါ၏။

၆ သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မှုသော သူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။

၇ ရှိသမျှသောသင်တို့၏ အမှုအရာ၌ဤသို့ငါယူအပ်၏။ အကြောင်း မူကား၊ ငါခံရသောကျေးဇူးတော်ကိုသင်တို့ အပေါင်းသည်ဆက်ဆံကြသည် ဖြစ်၍၊ ငါသည်အကျဉ်းခံရသော်င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကိုတည်စေသော်င်း၊ သင်တို့ကို အောက်မေ့၏။

၈ ငါသည်သင်တို့အပေါင်းကို ယေရှုခရစ်၏မေတ္တာကရုဏာနှင့် အဘယ်မျှလောက်လွမ်းသည်ဟု ဘုရား သခင်သည် ငါ့သက်သေဖြစ်တော်မူ၏။

၉ ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည်ခြားနားသော အရာတို့ကိုပိုင်ခြားစေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊

၁၀ မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်းကိုင်း၊

၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိ မည်အကြောင်းကိုင်း၊ ငါဆုတောင်းပဌနာပြု၏။

၁၂ ညီအစ်ကိုတို့၊ ငါ၌ရောက်သောအမှုအရာတို့သည် ဧဝံဂေလိတရားကိုမမြစ်တားသည် သာမက၊ ပြုစုရာ ဖြစ်သည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။

၁၃ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသောချည်နှောင်ခြင်း အမှုအရာသည်၊ နန်းတော်၌ အနှံ့အပြား ထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။

၁၄ သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင် ခြင်းကြောင့်ယုံမှားသောစိတ်နှင့်ကင်းလွတ်၍ ကြောက်ရွံ့ခြင်းမရှိဘဲ၊ နှုတ်ကပတ်တရားတော်ကိုသာ၍ ဟောပြောဝံ့ ကြ၏။

၁၅ လူအချို့တို့သည် ငြူစူရန်တွေ့ ချင်သော သဘောနှင့် ခရစ်တော်၏ တရားကိုဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။

၁၆ ငါသည်ဧဝံဂေလိတရားကိုထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏ တရားကိုမေတ္တာစိတ်နှင့် ဟောပြောကြ၏။

၁၇ ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။

၁၈ သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သော အားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်းဝမ်မြောက်လိမ့်မည်။

၁၉-၂၀ အဘယ်သို့နည်း ဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တ သည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။

၂၁ ငါအသက်ရှင်သည် အရာမှာခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။

၂၂ ဤကိုယ် ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သော အကျိုးဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကိုရွေးယူရမည်ဟု ငါမသိ။

၂၃ ထိုအကျိုးနှစ်ပါး၏ အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ခရစ်တော် နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သောအကျိုးဖြစ်၏။

၂၄ သို့သော်လည်း ကိုယ်ခန္ဓာ၌နေရလျှင် သင်တို့၌သာ၍အကျိုးရှိလိမ့်မည်။

၂၅-၂၆ ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိစေခြင်းငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွါးဝမ်းမြောက် မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓြွာ၌ နေ၍ သင်တို့ရှိသမျှနှင့်ပေါင်းဘော်ရမည်ဟု ငါသိ၏။

၂၇ သင်တို့သည် ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်ဘဲ၊ တပါးတည်းသောစိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့် ဆိုင်သောယုံကြည်ခြင်းအဘို့အလိုငှါ တညီတညွတ်တည်း ကြိုးစားအားထုတ်ကြသည် အကြောင်း အရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည် အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက်ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။

၂၈ ထိုသို့ရန်သူများကြောင့်အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ပျက်စီးခြင်း၏ နိမိတ် လက္ခဏာဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။

၂၉ အကြောင်းမူကား၊ သင်တို့သည်အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်းငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက် ကြောင့် ဆင်းရဲခံခြင်း အခွင့်ကိုကျေးဇူးတော်အားဖြင့် ရကြ၏။



Chapter 2

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂

၁ ထိုကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊

၂ သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့် တကွ၊ သဘောတညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။

၃ ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မျှမပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။

၎ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။

၅ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေ ကြလော့။

၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊

၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။

၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။

၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။

၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊

၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။

၁၂ သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည်ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့် အညီ၊ ကြောက်ရွံ့တုန်လှုပ်သော စိတ်နှင့်၊ ကိုယ်ကိုကယ်တင်ခြင်းငှါ ကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။

၁၃ အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါင်း၊ အကျင့်ကျင့်စေခြင်းငှါင်း၊ သင်တို့ အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား၊ ဘုရားသခင်ပေတည်း။

၁၄ သင်တို့သည် ပြုလေသမျှ တို့၌ မြည်းတမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲပြုကြလော့။

၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။

၁၇ ထိုမျှမက၊ သင်တို့၏ ယုံကြည်ခြင်းကို တင်လှူပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့် အတူငါဝမ်းမြောက်ခြင်းရှိ၏။

၁၈ ထိုနည်းတူသင်တို့သည်လည်း ဝမ်းမြောက် ကြလော့။

၁၉ သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရာသို့များ မကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။

၂၀ အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသော သူတယောက်မျှငါတို့၌မရှိ။၊

၂၁ လူခပ်သိမ်းတို့သည် ယေရှုခရစ်၏ အကျိုးကိုမရှာ၊ ကိုယ်အကျိုးကိုသာရှာ ကြ၏။

၂၂ သို့သော်လည်း သားသည် အဘနှင့်အတူဆောင်ရွက် သကဲ့သို့၊ သူသည်ငါနှင့် အတူဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့သိကြ၏။

၂၃ ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိသောအခါ၊ သူ့ကိုသင်တို့ ရှိရာသို့ ချက်ခြင်းစေလွှတ်မည်ဟု ကြံစည်မြော်လင့်လျက်ငါနေ၏။

၂၄ ထိုမျှမက၊ ငါ့ကိုယ်တိုင်သင်တို့ရှိရာသို့ များမကြာ လာမင်္ညဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသောစိတ်ရှိ၏။

၂၅ သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်အဘော်၊ ငါ့ကိုပြုစုသောသူတည်းဟူ သောသင်တို့တမန်၊ ငါ့ညီဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။

၂၆ အကြောင်း မူကား၊ သူသည်နာကြောင်းကိုသင်တို့ကြားသိသောကြောင့်၊ သူသည်သင်တို့အပေါင်းကိုလွမ်းဆွတ်၍ စိတ်မသာ လျက်နေ၏။

၂၇ သူသည်သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကိုသနားတော်မူ၏။ သူ့ကိုသာသနားတော် မူသည်မဟုတ်။ ငါ၌ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်းသနား တော်မူ၏။

၂၈ ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်မြောက်စေခြင်းငှါင်း၊ ငါသည်လည်း သက်သာစေခြင်းငှါင်း၊ သူ့ကိုသာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။

၂၉ သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကို လက်ခံကြ လော့။ ထိုသို့သောသူတို့ကို ရိုသေလေး မြတ်ကြလော့။

၃၀ အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသော ဝတ်ကိုသူသည်ပြည့်စုံစေခြင်းငှါ၊ ကိုယ်အသက်ကိုစွန့်စား၍ ခရစ်တော်၏ အမှုကြောင့်သေခြင်း သို့ ရောက်လုနီးပြီ။



Chapter 3

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၃

၁ ကြွင်းသေးသောစကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ်ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သတို့မူကား လုံခြံခြင်းရှိကြလိမ့်မည်။

၂ ခွေးတို့ကို ရှောင်ကြလော့။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။

၃ ငါတို့သည် စိတ်ဝိညာဉ် အားဖြင့် ဘုရားသခင်ကိုကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သောအရေဖျားလှီးခြင်းကို ခံသောသူဖြစ်ကြ၏။

၎ သို့သော်လည်း ငါဖြစ်လျှင် ဇာတိ၌ကိုးစားစရာ အကြောင်းရှိ၏။ အခြားသူမည်သည်ကား၊ ဇာတိ၌ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင်၊ ငါမူကားသာ၍ရှိ၏။

၅ ငါသည်ရှစ်ရက် မြောက်သောနေ့၌အရေဖျားလှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန်အနွှယ်ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။

၆ စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည်အသင်းတော်ကို ညှဉ်းဆဲ သောသူဖြစ်၏။ ပညတ်တရား အားဖြင့် ရသောဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည်အပြစ်တင်ခွင့် နှင့်ကင်းလွတ် သောသူဖြစ်၏။

၇ သို့သ်ေလည်း ငါ၏အကျိုးစီပွါးကို ပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့်ငါထင်မှတ်၏။

၈-၁၀ ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်အဘယ်မျှလောက်မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။

၁၁ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာ တို့ကို အရှုံးခံရပြီ။ သေခြင်းမှထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည် နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုင်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကိုင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုင်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့် ရသောကိုယ်ဖြောင့်မတ် ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။

၁၂ ထိုသို့ဆိုသော် အကျိုးကို ခံရပြီ၊ စုံလင်ခြင်းသို့ရောက်ရပြီဟု ငါမဆိုလို။ အကြင်အကျိုးကို ပေးခြင်းငှါ ခရစ်တော်သည် ငါ့ကိုကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍လိုက်သေး၏။

၁၃ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတခု ဟူမူကား၊ နောက်ကျ သောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊

၁၄ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။

၁၅ ထိုကြောင့် စုံလင်သောသူ ရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစုံတခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင် ဘော်ပြတော်မူလိမ့်မည်။

၁၆ သို့မဟုတ်သော်လည်း၊ ယခုမှီသမျှအတိုင်း တနည်းတည်း ကျင့်၍ တသဘောတည်းရှိရကြမည်။

၁၇ ညီအစ်ကိုတို့ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့လည်း ရှုမှတ်ကြလော့။

၁၈ အကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။

၁၉ ထိုသူတို့သည် ပျက်ဆီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ရှက်ကြောက်ဘွယ်သောအကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။

၂၀ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက် ရှိ၏။ ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။

၂၁ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ကိုယ်ခန္ဓြွာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓြွာတော်၏နည်းတူ ဖြစ်စေ ခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။



Chapter4

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၎

၁ ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။

၂ ဧဝေါဒိနှင့် သုန္တုတ်တို့သည် သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန်သွေးဆောင်ပါ၏။

၃ အချင်းငါ့လုပ်ဘော်ဆောင်ဘက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏ ငါနှင့်ကလေမင် မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏ လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြော သောအမှု၌ ကူညီ၍ ကျိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။

၎ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။

၅ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြေးညှင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။

၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။

၇ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။

၈ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကိုင်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုင်း၊ နှလုံးသွင်း ကြလော့။

၉ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။

၁၀ ယခု၌လည်း သင်တို့သည် ငါ့ကိုကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။

၁၁ ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။

၁၂ ရှုတ်ချခြင်းကိုင်း၊ ကြွယ်ဝခြင်းကိုင်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။

၁၃ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။

၁၄ သို့ သော်လည်း ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာပြုကြပြီ။

၁၅ အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူ ခြင်း၊ အလှူခံခြင်းအမှု၌ သင်တို့မှတပါး အဘယ်အသင်း တော်မျှ ငါနှင့်မဆက်ဆံကြ။

၁၆ သက်သာလောနိတ်မြို့၌ ငါရှိစဉ်တွင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။

၁၇ ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသော အကျိုးကို ရှာ၏။

၁၈ ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရား သခင်နှစ်သက် အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ပေးလိုက် သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။

၁၉ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။

၂၀ ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

၂၁ ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။

၂၂ ငါနှင့်အတူရှိသော ညီအစ်ကိုမှ စ၍ သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ကဲသာဘုရင်၏နန်းတော်၌ နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ၏။

၂၃ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE