1 Thessalonians Burmese Bible

you will need the zawgyi-one font >> HERE <<



သက်သာလောနိတ်သြဝါဒစာပဌမစောင်


သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၁

၁ ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာ လောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

၂-၄ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့် ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း တို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ် ချီးမွမ်း၍ သင်တို့အဘို့အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။

၅ ငါတို့သည် သင်တို့နှင့်အတူ နေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် သင်တို့၌ စကားသက်သက်ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်င်း၊ ဝိစိကိစ္ဆြွာမရှိဘဲ အမှန်သိခြင်းနှင့်င်း ပြည့်စုံသောတရားဖြစ်၏။

၆ သင်တို့သည် ကြီးစွာသောဆင်းရဲကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်း နှင့်တကွ၊ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။

၇ သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သောသူ အပေါင်းတို့အား သင်တို့သည် ပုံသက်သေပေး သောသူ ဖြစ်ကြ၏။

၈ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည် မာကေဒေါနိပြည်၊ အာခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။

၉ ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှါင်း၊

၁၀ ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသော သားတော်သည်၊ ကောင်းကင်ဘံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်ခြင်းငှါင်း၊ ရုပ်တုဆင်းတုကို ပစ်ပယ်၍၊ ဘုရားသခင့်အထံ တော်သို့ ပြောင်းလဲကြသည်အကြောင်းအရာကိုလည်း ကြားပြောကြ၏။



Chapter 2

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂

၁ ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။

၂ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကိုခံပြီးမှ၊ ဘုရား သခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။

၃ ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။

၎ ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေ သကဲ့သို့ ဟောပြောကြ၏။

၅ အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သော စကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျဉ်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။

၆ ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊

၇-၈ သင်တို့ တွင် ဖြည်းညှင်းစွာ ပြုကြ၏။ သင်တို့ ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့် တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ် ရှိကြ၏။

၉ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာလုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ငါတို့သည် နေ့ညဥ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိ တရားကို သင်တို့အား ဟောပြောကြ၏။

၁၀-၁၂ မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့ သင်တို့ကို ခေါ်သွင်းတော်မူ သော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြ သည်နှင့် အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့် နှင့်ကင်းလွတ်လျက် နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ် တော်မူ၏။

၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

၁၄ အဘယ်သို့နည်း ဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ ဘာသာကို ခံယူသောဘုရားသခင်၏ သင်းဝင်သူတို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူ ခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။

၁၅ ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏အလိုတော်သို့ မလိုက်၊ ခပ်သိမ်းသောလူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။

၁၆ တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှါ ငါတို့သည် ဟောပြောကြသည်ကို သူတို့သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက် တော်သည် အကုန်အစင်ရောက်ရ၏။

၁၇ ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိ သော်၊ သင်တို့မျက်နှ င်ခြင်းငာကို မြှါ အလွန်လွမ်းသောစိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။

၁၈ ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။

၁၉ ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။

၂၀ သင်တို့သည် ငါတို့၏ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြသတည်း။



Chapter 3

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၃

၁ ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တယောက်တည်းကျန်ရစ်၍ နေခြင်းငှါအလိုရှိ၏။

၂ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏ အမှုတော်ကို လုပ်ဘော် ဆောင်ဘက်ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။

၃ ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကို မြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကိုတိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကိုငါလွှတ်လိုက်၏။

၎ ထိုဆင်းရဲ ခြင်းကို ခံစေမည်အကြောင်း၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူ ကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့်အတူ ရှိစဉ်အခါ ငါတို့ပြောနှင့်ကြပြီ။ ထိုသို့ပြောသည် အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။

၅ စုံစမ်းသွေးဆောင် တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီး ဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။

၆ ယခုမူကား၊ တိမောသေသည် သင်တို့ထံကပြန်လာ၍၊ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည်သည် ဟူ၍င်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာ အောက်မေ့ကြသည် ဟူ၍င်း၊ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသည်ရှိသော်၊

၇ ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင် သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ရောက်ကြ၏။

၈ ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။

၉ ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်း ကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအကြောင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။

၁၀ သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညဥ့်အပြတ် အလွန်တရာ ဆုတောင်းပဌနာပြု၍နေကြ၏။

၁၁ သင်တို့ရှိရာသို့ ငါသွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။

၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့ အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်ပါရမီ၌ မြဲမြံခိုင်ခန့်စိမ့်သောငှါ၊ ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်ကိုင်း၊ သူတပါး အပေါင်းတို့ကိုင်းချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။



Chapter4

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၎

၁ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကို အမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။

၂ အဘယ်သို့သောပညတ်တို့ ကို သခင်ယေရှု၏ အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။

၃ ဘုရားသခင်၏ အလိုတော် ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါင်း၊

၎ ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာတပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊

၅ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတတ်စေခြင်းငှါင်း၊

၆ ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ် အားဖြင့် မပြစ်မှားစေခြင်းငှါင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်ကဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။

၇ ဘုရား သခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကိုခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။

၈ ထိုကြောင့်၊ ငါတို့ကို ငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။

၉ ညီအစ်ကိုချင်းချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်း ဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။

၁၀ ထိုမျှမက၊ မာကေဒေါနိပြည်မတွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊

၁၁-၁၂ ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာ ကျင့်၍ အဘယ်သူမျှ မလိုရအောင်၊ ငါတို့သည် အထက်ကမှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့်လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။

၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်း မည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။

၁၄ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။

၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။

၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။



Chapter5

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၅

၁ ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။

၂ အဘယ် ကြောင့်နည်း ဟူမူကား၊ သူခိုးသည် ညဥ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့ သည် သေချာစွာသိကြ၏။

၃ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်ဆီးခြင်းရောက်၍ လွတ်ခြင်း အခွင့်မရှိရကြ။

၎ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။

၅ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သား ဖြစ်ကြ၏။ ညဥ့်၏သား၊ မှောင်မိုက်၏သားမဟုတ်။

၆ သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။

၇ အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညဥ့်အခါ အိပ် ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညဥ့်အခါယစ်မူးတတ်ကြ၏။

၈ နေ့၏သား ဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုင်း၊ ဝတ်ဆောင်ကြကုန်အံ့။

၉ အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုလရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။

၁၀ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည် ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။

၁၁ ထိုကြောင့်၊ သင်တို့သည် ယခုပင်ပြုသည်နည်းတူ အချင်းချင်းတိုက်တွန်း၍ တယောက်ကို တယောက် တည်ဆောက်ကြလော့။

၁၂ ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့်အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကို ပြုသောသူတို့ကို သိမှတ်၍၊

၁၃ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင် လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအတင့်အသင့်နေကြလော့။

၁၄ တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပြုပေးကြလော့။ စိတ်ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သော စိတ်ရှိစေ ကြလော့။

၁၅ သူတပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌င်း၊ ခပ်သိမ်းသော သူတို့၌င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။

၁၆ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။

၁၇ မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။

၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။

၁၉ိညာဉ်တော်၏အရှိန်ကို မငြိမ်းစေနှင့်။

၂၀ ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။

၂၁ ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို မြဲကိုင်စွဲကြလော့။

၂၂ မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။

၂၃ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန် အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့သခင် ယေရှုခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ကိုယ်ခန္ဓြွာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။

၂၄ သင်တို့ကို ခေါ်တော်မူသော သူသည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။

၂၅ ညီအစ်ကိုတို့၊ ငါတို့အဘို့ ဆုတောင်းကြလော့။

၂၆ ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။

၂၇ ဤစာကို သန့်ရှင်းသောညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှါ၊ သခင်ဘုရားကို တိုင်တည်၍၊ ငါသည် သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏။

၂၈ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE