you will need the zawgyi-one font >> HERE <<ရှင်လုကာခရစ်ဝင်ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သော သူတို့သည်၊၂ ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးသားသောသူအများရှိကြသည်ဖြစ်၍၊ ၃ ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊ ၄ စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီး သောအ ကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။ ၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။ ၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။ ၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။ ၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊ ၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။ ၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။ ၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊ ၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။ ၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ ၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။ ၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ ၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။ ၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါင်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။ ၁၈ ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်အဘယ်သို့ သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊ ၁၉ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။ ၂၀ သင်သည် ငါ့စကားကို မယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အ လျက်နေလိမ့်မည်။ ငါ့စကား သည်ကား အချိန်တန်လျှင်ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။ ၂၁ လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကို အံ့သြခြင်း ရှိကြ၏။ ၂၂ သူသည် ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရူပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည် သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။ ၂၃ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ရသော အချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့သွားလေ၏။ ၂၄ ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိန္ဓြေွစွဲ၍၊ ၂၅ ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကိုကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟု ဆိုလျက်၊ ငါးလပတ်လုံးအိမ်တွင်း၌ အောင်း၍ နေလေ၏။ ၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊ ၂၇ မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။ ၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။ ၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။ ၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။ ၃၁ သင်သည် ပဋိသန္ဓြေွစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။ ၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။ ၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။ ၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ၃၆ ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓြေွစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။ ၃၇ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊ ၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင် တမန်သည် မာရိထံမှသွားလေ၏။ ၃၉ ထိုအခါ မာရိသည် ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန်သွားပြီးလျှင်၊ ၄၀ ဇာခရိ အိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ ၄၁ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ ရှိသောသူငယ်သည် ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ ၄၂ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။ ၄၃ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ ၄၄ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြား စဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသောစိတ်နှင့် ခုန်၏။ ၄၅ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသော အသံနှင့် မြွက်ဆို၏။ ၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ ၄၇ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ ၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသော သူဟူ၍ ခေါ်ကြလိမ့်မည်။ ၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ။ ထိုဘုရား၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။ ၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော် မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။ ၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။ ၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို မြှောက်တော်မူပြီ။ ၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာပေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။ ၅၄ ငါတို့ ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော် မူသည်နှင့်အညီ၊ ၅၅ အာဗြဟံမှစသော သူ၏အမျိုးအနွှယ်အား သနားခြင်း ကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်း ငှါ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူသည်ဟုဆို၏။ ၅၆ မာရိသည် လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။ ၅၇ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကို ဘွားမြင်၏။ ၅၈ ထာဝရ ဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ်နီးချင်းအဆွေ အမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။ ၅၉ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ် အားပေးအံ့သောငှါ လာကြ၍၊ အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့်မှည့် သောအခါ အမိက၊ ထိုသို့မမှည့်ရ။ ၆၀ ယောဟန် အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊ ၆၁ ယောဟန်အမည်ဖြင့် သင်၏ အဆွေအမျိုးတွင် တယောက် ကိုမျှ မမှည့်ဟုဆို၍၊ ၆၂ အဘသည် အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။ ၆၃ အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့သြခြင်းရှိကြ၏။ ၆၄ ထိုခဏခြင်း တွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ၆၅ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည် တောင်ကြားအရပ်တို့၌ အနှံ့အပြားကျောစောလေ၏။ ၆၆ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌ မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏လက်တော် သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။ ၆၇ သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊ ၆၈-၇၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်း သော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေး နှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာ ပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်းဂတိတော်တည်းဟူသော သန့်ရှင်းသော ပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှင်း၊ မုန်းသော သူရှိသမျှတို့လက်မှင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။ ၇၆ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ၇၇ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ သင်သည်ရှေ့တော်၌ သွားရလိမ့်မည်။ ၇၈ ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအာရုဏ်သည် ငါတို့အပေါ်သို့တက်သဖြင့်၊ ၇၉ မှောင်မိုက်နှင့် သေမင်း၏အရပ်ထဲတွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့ အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိ သည်ဟု ပရောဖက်ဥာဏ်နှင့်ဟောလေ၏။ ၈၀ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီတိုင်အောင် တောအရပ်၌နေလေ၏။ Chapter 2 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်သြဂုတ္တုသည် အမိန့်တော်ရှိ၏။၂ ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း။ ၃ လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ အသီးသီး မိမိတို့မြို့ရွာသို့ သွားကြ၏။ ၄-၅ ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယား မာရိနှင့်အတူ စာရင်းဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓြေွအရင့်အမာရှိ၏။ ၆ ဗက်လင်မြို့၌ ရှိနေစဉ် ဘွားအံ့သောနေ့လစေ့လျှင်၊ ၇ သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာ စရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌သိပ်ထားလေ၏။ ၈ ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ၉ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ၁၀ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ၁၁ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ ၁၂ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ၁၃ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ၁၄ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။ ၁၅ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့သွား ကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုပြီး လျှင်၊ ၁၆ အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုင်းတွေ့ကြ၏။ ၁၇ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။ ၁၈ သိုးထိန်းတို့ပြောသော စကားကို ကြားသောသူ ရှိသမျှတို့သည် အံ့သြခြင်းရှိကြ၏။ ၁ မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကိုမှတ်ကျုံး၍ စဉ်းစားဆင်ခြင် လျက်နေ၏။ ၂၀ သိုးထိန်းတို့သည်လည်းမိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာ ကိုထောက်၍၊ ဘုရားသခင်ကို အံ့သြချီးမွမ်းလျက်ပြန်သွားကြ၏။ ၂၁ ထိုသူငယ်အား အရေဖျားလှီးခြင်းကိုပေးရသော နေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက်လျှင်၊ ပဋိသန္ဓြေွစွဲတော်မမူမှီကောင်းကင်တမန်မှည့်သောယေရှုအမည်ဖြင့်မှည့်ကြ၏။ ၂၂ ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသော နေ့ရက် စေ့သောအခါ၊ မိဘတို့သည် သူငယ်ကိုယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ၂၃ သားဦးယောက်ျားအပေါင်းတို့သည်ဘုရား အဘို့သန့်ရှင်း ရကြ၏ဟု ထာဝရဘုရား၏ပညတ္တိကျမ်း လာသည်နှင့်အညီ၊ ထာဝရဘုရားအားဆက်ကပ်ပြီးမှ၊ ၂၄ ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူ ဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။ ၂၅ ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊ ၂၆ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။ ၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ၂၈ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊ ၂၉ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ၃၀-၃၂ ကိုယ်တော်၏ လူဣသရေလ အမျိုးကို ချီးမြောက်စေခြင်းငှါင်း၊ တပါးအမျိုးသား တို့ကိုလင်းစေခြင်းငှါင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စီနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။ ၃၃ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။ ၃၄ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ ၃၅ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။ ၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏ သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသော အရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့်နေပြီးလျှင်၊ ၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညဥ့်မပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။ ၃၈ သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီး မွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ ၃၉ မိဘတို့သည်ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသောမိမိတို့မြို့သို့ပြန်ကြ၏။ ၄၀ သူငယ်သည်လည်း ကြီးပွါး၍ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်၏။ ၄၁ မိဘတို့သည်နှစ်တိုင်းအစဉ် ပသခါပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။ ၄၂ ယေရှုသည် တဆယ် နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်းယေရုရှလင်မြို့သို့တတ်ကြ၍၊ ၄၃ ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့ သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကိုမသိ၍၊ ၄၄ အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟုစိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုးအသိအကျွမ်းတို့တွင် ရှာ၍၊ ၄၅ မတွေ့သောအခါ ယေရှရုလင်မြို့ပြန်၍ရှာကြ၏။ ၄၆ သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။ ၄၇ သူ၏စကားကိုကြားသောသူ အပေါင်းတို့သည် သူ၏ပညာကိုင်း၊ စကား အဖြေကိုင်း အံ့သြကြ၏။ ၄၈ မိဘတို့သည်သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့်ငါ့တို့အား ဤသို့ပြုသနည်း။ ညိ‡ုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟု ဆိုသော်၊ ၄၉ ယေရှုက၊ မိဘသည်အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊ ၅၀ သူတို့သည် ထိုစကားကိုနားမလည်ကြ။ ၅၁ ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ ၅၂ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။ Chapter 3 ရှင်လုကာခရစ်ဝင် အခန်းကြီး ၃၁ ကဲသာဘုရင်တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီ ဖိလိပ္ပုသည်စော်ဘွားအရာ၊ အဘိလင်ပြည်၌လုသာနိသည်စော်ဘွားအရာ၊၂ အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးသီးရှိကြ သောအခါ၊ တော၌ရှိသောဇာခရိ၏ သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကိုခံရ၏။ ၃-၆ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်း ကိုပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကိုဖြိုရမည်။ ကောက်သောလမ်းများ ကိုဖြောင့်စေရမည် ကြမ်းတမ်းသောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းကို မြင်ရကြလတံ့ ဟုလာသည်နှင့်အညီ၊ ယောဟန်သည်ယော်ဒန်မြစ်နား၌ အနှံအပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ၏။ ၇ ထိုအခါ ဗတ္တိဇံကိုခံအံ့သောငှါလာကြသောလူအစုအဝေးတို့အားယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည်သင်တို့ကို သတိပေး ဘိသနည်း။ ၈ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည် ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ ၉ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသော အသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချ လိုက်ရသည်ဟု ဟောပြောလေ၏။ ၁၀ လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင်အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက် ကြသော်၊ ၁၁ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ။ စားစရာရှိသော သူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။ ၁၂ အခွန်ခံသူတို့သည် ဗတ္တိဇံ ကိုခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ၁၃ သင်တို့သခင်သည် ခွဲဝေစီမံ သည်ထက်သာ၍ မခွဲမခံကြနှင့် ဟုပြန်ပြော၏။ ၁၄ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။ ၁၅ လူများတို့သည်မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊ ၁၆ ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံ ကို ပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌င်း၊ မီး၌င်း သင်တို့ကို ဗတ္တိဇံ ပေးမည်။ ၁၇ လက်တော်တွင် စံကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင် သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။ ၁၈ အခြားသော စကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။ ၁၉ ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ခင်ပွန်း ဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသော ဒုစရိုက်အပြစ် ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊ ၂၀ ဟေရုဒ်သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ် ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာလှောင်ထား၏။ ၂၁ လူအပေါင်းတို့သည် ဗတ္တိဇံ ကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်းစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ၂၂ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော် အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံ တော်ဖြစ်လေ၏။ ၂၃ ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊ ၂၄ ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ မေလခိအဘ ယန္န၊ ယန္နအဘ ယောသပ်၊ ၂၅ ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊ ၂၆ ဧသလိအဘ နဂ္ဂဲ။ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမီအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘ ယောဟန္န၊ ၂၇ ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရုဗဗေလ၊ ဇေရုဗလေအဘ ရှာလသေလ၊ ရှာလသေလအဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊ ၂၈ အဒ္ဒိအဘ ကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘဧရ၊ ၂၉ ဧရအဘယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်မဘလေဝိ၊ ၃၀ လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒအဘယောသပ်၊ ယောသပ်အဘယောနန်၊ ယောနန်အဘဧလျာကိမ်၊ ဧလျာကိမ်အဘမေလေ၊ ၃၁ မေလေအဘမဲနန်၊ မဲနန်အဘ မတ္တသ၊ မတ္တသအဘနာသန်၊ နာသန်အဘဒါဝိဒ်၊ ၃၂ ဒါဝိဒ်အဘယေရှဲ၊ ယေရှဲအဘသြဗက်၊ သြဗက်အဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘနာရှုန်၊ ၃၃ နာရှုန်အဘအမိနဒပ်၊ အမိနဒပ်အဘအာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက်အဘယုဒ၊ ၃၄ ယုဒအဘယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘနာခေါ်၊ ၃၅ နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘရှာလ၊ ၃၆ ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊ Chapter 4 ရှင်လုကာခရစ်ဝင် အခန်းကြီး ၄၁ ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ပို့ဆောင်တော်မူ၏။၂ အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံးအစာအာဟာရကိုသုံးဆောင်တော်မမူ။ ထိုကာလ လွန်ပြီးမှ မွတ်သိပ် တော်မူ၏။ ၃ မာရ်နတ်က လည်း၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ၄ ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာ သည်ဟု ပြန်ပြောတော်မူ၏။ ၅ တဖန် မာရ်နတ်သည် ယေရှုကိုမြင့်လှသောတော်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင်ပြည¸န်၍၊ ၆ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည်ပေး လိုသောသူ အားပေးရသည်ဖြစ်၍ကိုယ်တော်အားပေးပါမည်။ ၇ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက်လေ၏။ ၈ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏။ ၉ တဖန်မာရ်နတ်သည် ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋိ၌တင်ထား ပြီးလျှင်၊ ၁၀ ကျမ်းစာလာသည်ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည် ဖြစ်၍၊ ၁၁ သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့် မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထိုကြောင့်ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋိမှ ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ ဟုလျှောက်လေ၏။ ၁၂ ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာကားရှိသည်ဟု ပြန်ပြောတော်မူ၏။ ၁၃ ထိုသို့ မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကိုအကုန်အစင် ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။ ၁၄ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သိတင်းတော်သည် ပတ်ဝန်း ကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏၊ တရားစရပ်တို့၌ ဆုံးမသြဝါဒပေးတော်မူ၍၊ ၁၅ လူအပေါင်း တို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ၁၆ ကြီးပွါးတော်မူရာနာဇရက်မြို့သို့ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည် အတိုင်း ဥပုသ်နေ့၌တရားစရပ် သို့ဝင်၍ ကျမ်းစာကိုဘတ်ရွတ်ခြင်းငှါထတော်မူ၏။ ၁၇ စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည် ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊ ၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ ၁၉ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါင်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါင်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါင်း၊ ငါ့ကိုစေလွှတ်တော်မူပြီး ဟုလာတည်း။ ၂၀ ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှထိုင်တော်မူ၏။ စရပ်၍ရှိသောသူအပေါင်းတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။ ၂၁ ယေရှုကလည်း၊ ယနေ့ပင်ဤကျမ်းစာ ချက်သည်သင်တို့ကြားသည် အတိုင်းပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။ ၂၂ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ် သောနှုတ်ထွက် စကားကို အံ့သြချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်ထုံလော ဟုဆိုကြ၏။ ၂၃ ယေရှုကလည်း၊ အကယ်၍သင်တို့သည်ပုံပမာကို ဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကိုငြိမ်းစေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည်ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌ လည်းပြုပါဟူ၍ ငါ့အားပြောဆိုကြ လိမ့်မည်။ သို့သော်လည်း ငါအမှန်ဆိုသည်ကား၊ ၂၄ အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌မျက်နှာမရတတ်။ ၂၅ ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက်ဧလိယလက်ထက်၌ သုံးနှစ်နှင့်ခြောက် လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတရှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်းရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမ အများရှိကြ၏။ ၂၆ သို့သော်လည်းထိုမုတ်ဆိုးမ တယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့စေ လွှတ်တော် မူ၏။ ၂၇ ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ဣသရေလအမျိုး၌ နူနာစွဲသော သူအများရှိကြ၏။ သို့သော်လည်းနေမန်အမည်ရှိသော ရှုရိလူမှတပါးအဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။ ၂၈ တရားစရပ်၌ ရှိသောလူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက်သည်နှင့်၊ ၂၉ ထ၍ ကိုယ်တော်ကိုပြင်သို့ထုတ်နှင်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောက်ထိုးတွန်းချခြင်းငှါ ဆောင်သွားကြ၏။ ၃၀ ကိုယ်တော်သည် သူတို့အလယ်၌ ရှောက်၍ ကြွသွားတော်မူ၏။ ၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။ ၃၂ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။ ၃၃ ထိုတရားစရပ်၌ ညစ်ညူးသောနတ်ဆိုးစွဲသော သူတယောက်ရှိ၍၊ ၃၄ သြော်နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသော အသံနှင့် ဟစ်ကြော်လေ၏။ ၃၅ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။ ၃၆ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့်မှာထား၍ သူတို့သည် ထွက်သွားကြ သည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ၃၇ သိတင်းတော်သည်လည်း ပတ်ဝန်းကျင် အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ ၃၈ တရားစရပ်မှထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသောဖျားနာ စွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။ ၃၉ ကိုယ်တော်သည် ထိုမိန်းမ၏အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည်အဖျားပျောက်သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ ၄၀ နေဝင်သောအခါ အမျိုးမျိုးသောအနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာ တို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်တော်ကိုတင်သဖြင့် အနာရောဂါကိုငြိမ်းစေတော်မူ၏။ ၄၁ နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှထွက်သွား ကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့်၊ စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။ ၄၂ မိုဃ်းလင်းသောအခါ တောအရပ်သို့ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏။ အထံတော်သို့ရောက်လျှင် မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။ ၄၃ ကိုယ်တော် ကလည်း ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟော ပြောရမည်။ ၄၄ ထိုသို့ အလိုငှါ ငါ့ကိုစေလွှတ်လျက်ရှိသည်ဟု မိန့်တော်မူ၍ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။ Chapter 5 ရှင်လုကာခရစ်ဝင် အခန်းကြီး ၅၁ တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝှေ့ကြစဉ်တွင်၊ ကမ်းနားမှာစိုက်သော လှေနှစ်စင်း ကိုမြင်တော်မူ၏။၂ တံငါ တို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။ ၃ ထိုလှေတို့တွင် ရှိမုန်၏လှေထဲသို့ ဝင်တော်မူပြီးလျှင် လှေကိုကမ်းနားမှာအနည်းငယ် ခွာဖွင့်စေခြင်းငှါ ရှိမုန်ကိုအခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမသြဝါဒပေးတော်မူ၏။ ၄ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။ ၅ ရှိမုန်ကလည်း၊ သခင်၊ ကျွန်ုပ်တို့သည် တညဥ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု လျှောက်လေ၏။ ၆ ထိုသို့ချကြပြီး လျှင် အလွန်များစွာ သောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။ ၇ အခြားသော လှေတစင်း၌ ရှိသော အပေါင်းအဘော်တို့သည် လာ၍ကူညီစေခြင်းငှါ သူတို့ကိုအမှတ်ပေးသဖြင့်၊ သူတို့လာ၍ လှေနှစ်စင်းနစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။ ၈ ရှိမုန်ပေတရုသည်မြင်လျှင်၊ ယေရှု၏ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။ ၉ အဘယ်ကြောင့်ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိသော ငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့်သူ၏ အပေါင်းအဘော် ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။ ၁၀ ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၌ လူတို့ကို ဘမ်းမိသော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၁၁ ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည်ရှိသမျှ တို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။ ၁၂ ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။ ၁၃ ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ၏။ ၁၄ ယေရှုကလည်း၊ ဤအကြောင်းအရာကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။ ၁၅ သို့သော် လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှါင်း၊ အနာရောဂါ ငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှါင်း စုဝေးလျက်ရှိကြ၏။ ၁၆ ကိုယ်တော်သည် တောအရပ်သို့ ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။ ၁၇ တနေ့သ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူစဉ်၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသောဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၍၊ အနာရောဂါကိုငြိမ်းစေ ခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။ ၁၈ ထိုအခါ လက်ခြေသေသောသူတယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ ဆောင်ခဲ့၍ ရှေ့တော်၌သွင်းထားခြင်းငှါ ရှာကြံကြ၏။ ၁၉ လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကိုဖောက်ပြီးမှ လူနာကို အိပ်ယာနှင့်တကွ လူများအလယ် ယေရှု၏ ရှေ့တော်သို့လျော့ချကြ၏။ ၂၀ ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။ ၂၁ ကျမ်းပြုဆရာနှင့်၊ ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ပြောသော ဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။ ၂၂ ယေရှုသည် ထိုသူတို့၏ထင်မှတ်ခြင်းကို သိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ်ကြသနည်း။ ၂၃ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ ၂၄ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့၊ သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ ၂၅ ထိုသူသည် လည်း လူများရှေ့မှာချက်ခြင်းထ၍ အိပ်ယာကို ဆောင်လျက်။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့ သွားလေ၏။ ၂၆ ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမူအရာကို ယနေ့မြင်ခဲ့ပြီဟု ပြောဆို၍ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ၂၇ ထိုနောက် ကိုယ်တော်သည်ထွက်ကြွ၍၊ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၂၈ ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့ လိုက်လေ၏။ ၂၉ ထိုနောက်မှ လေဝိသည် ကိုယ်တော်အဘို့အလိုငှါ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှ စသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ၃၀ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က၊ သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင်အတူ အဘယ် ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တို့ကို ကဲ့ရဲ့ပြစ်တင်ကြ၏။ ၃၁ ယေရှုကလည်း၊ ကျန်းမာသောသူ တို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ ၃၂ ဖြောင့်မတ်သောသူတို့ကို နောင်တ သို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသည်တည်းဟု မိန့်တော်မူ၏။ ၃၃ လူအချို့တို့က၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသ နည်း ဟု လျှောက်ကြ၏။ ၃၄ ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့ နှင့်အတူရှိစဉ်အခါ သူတို့ကိုအစာရှောင်စေနိုင်သလော။ ၃၅ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွါ၍ ယူသွားသော အချိန်ကာလရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ ၃၆ ဥပမာကား၊ အဝတ်ဟောင်း ကိုအထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့်မသင့်မတင့်တတ်။ ၃၇ င်းနည်း၊ ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ ၃၈ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။ ၃၉ ဟောင်းသော စပျစ်ရည်ကို သောက်ပြီးသောသူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။ Chapter 6 ရှင်လုကာခရစ်ဝင် အခန်းကြီး ၆၁ ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက် စားကြ၏။၂ ဖာရိရှဲအချို့တို့က ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည်အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊ ၃ ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော် တို့နှင့်တကွ မွတ်သိပ်သောအခါ၊ ၄ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရော ဟိတ်တို့မှတပါး အဘယ်သူမျှမစား အပ်သော ရှေ့တော်မုန့်ကိုယူစား၍၊ မိမိအဘော်တို့အား ပေးသည် အကြောင်းကိုမျှ သင်တို့သည် မဘတ်ဘူးသလော။ ၅ ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။ ၆ အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားစရပ်သို့ဝင်၍ ဆုံးမသြဝါဒပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူတယောက်ရှိ၏။ ၇ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ ပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။ ၈ ကိုယ်တော်သည် သူတို့အကြံအစည်ကို သိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည် ထ၍ မတ်တတ်နေကြ၏။ ၉ ယေရှုကလည်း၊ သင်တို့ကို ငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုရသနည်း။ ကျေးဇူး ပြုအပ်သလော။ သူ့အကျိုးကိုဖျက်ဆီးအပ်သလော။ အသက်ကိုကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ် တို့အား မေးတော်မူပြီးလျှင်၊ ၁၀ ထိုသူအပေါင်း တို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်တို့၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက် ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။ ၁၁ ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုရအံ့နည်းဟု အချင်းချင်းဆွေးနွေးကြ၏။ ၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင် အား ဆုတောင်းပဌနာပြုလျက် တညဥ့်လုံးနေတော်မူ၏။ ၁၃ မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊ ၁၄ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ ၁၅ မဿဲနှင့် သောမ၊ အာလဖဲ၏သား ယာကုပ်နှင့် ဇေလုပ်ဟုခေါ်သော ရှိမုန်၊ ၁၆ ယာကုပ်၏ညီ ယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။ ၁၇ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၍ ရပ်တော်မူ၏။ တရားနာ ခြင်းငှါင်း၊ အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့ကလာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။ ၁၈ ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်းလာ၍ ချမ်းသာရကြ၏။ ၁၉ ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည်ဖြစ်၍၊ ပရိတ်သတ်အပေါင်းတို့သည် ကိုယ်တော် ကို တို့ခြင်းငှါ ရှာကြံကြ၏။ ၂၀ ထိုအခါ ကိုယ်တော်သည် မြော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသော သင်တို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ ၂၁ ယခုတွင် ငတ်မွတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ သင်တို့သည် ရယ်ကြလတံ့။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊ ၂၂ ပယ်ရှားနှင်ထုတ်၍ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကိုပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ၂၃ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။ ၂၄ တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။ ၂၅ စွာစားရသောသင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့၊ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့ သည် ညည်းတွားငိုကြွေးရကြလတံ့။ ၂၆ လူတို့သည် သင်တို့ကိုချီးမွမ်းသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ဘိုးဘေးများသည် မိစ္ဆြွာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။ ၂၇ ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ ၂၈ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ လော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။ ၂၉ သင်တို့၏ ပါးတဘက် ကိုပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသောသူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။ ၃၀ အကြင်သူသည် သင့်ကိုတောင်း၏၊ ထိုသူအားပေးလော့။ သင့်ဥစ္စာ ကိုသိမ်းယူသောသူအား ပြန်၍မတောင်းနှင့်။ ၃၁ သင်တို့သည် ကိုယ်၌ သူတပါးပြုစေလိုသည်အတိုင်း သူတပါး၌ပြုကြလော့။ ၃၂ သင်တို့ကိုချစ်သောသူတို့အား ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။ ၃၃ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ဤမျှလောက်ပြုကြသည်မဟုတ်လော့။ ၃၄ သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့် မည်ဟု မြော်လင့်လျက်ချေးခြင်းငှါ အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ်သည်မဟုတ်လော။ ၃၅ သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြု ကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားဖြစ်ကြ လိမ့်မည်။ ၃၆ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ် ရှိလော့။ ၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင်ကိုယ့်အပြစ်လွတ်လိမ့်မည်။ ၃၈ သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ၃၉ ဥပမာကား၊ လူကန်းသည် လူကန်းအားလမ်းကိုပြနိုင်သလော။ လူနှစ်ဦးတို့သည်တွင်းထဲသို့ ကျလိမ့် မည်မဟုတ်လော။ ၄၀ တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း၊ မိမိဆရာကဲ့ သို့ဖြစ်လိမ့်မည်။ ၄၁ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ၄၂ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအား ဆိုရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုရှေ့ဦးစွာထုတ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ခြင်းငှါ ရှင်းလင်းစွာမြင် လိမ့်မည်။ ၄၃ မကောင်းသောအသီးကိုသီးသောအပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသောအပင်ကား၊ မကောင်းသောအပင်မဟုတ်။ ၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။ ၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ ၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ် ကြသနည်း။ ၄၇ ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်း ဟူမူကား၊ ၄၈ တိုက်ကို တည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကို ရိုက်ခတ်သောအခါ ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။ ၄၉ ငါ့စကားကိုကြား၍ နားမထောင် သောသူမူကား၊ အခုအခံမရှိဘဲမြေပေါ်မှာ တိုက်ကိုတည် သောသူနှင့်တူ၏။ ရေစီး၌ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။ Chapter 7 ရှင်လုကာခရစ်ဝင် အခန်းကြီး ၇၁ ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင် မြို့သို့ကြွဝင်တော်မူ၏။၂ ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊ ၃ ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေ လွှတ်သဖြင့်၊ ကိုယ်တော်သည် ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။ ၄ ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင်၊ ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။ ၅ သူသည် အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကိုဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။ ၆ ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့်အနီးမဝေး ရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကိုစေလွှတ်၍၊ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံ ထိုက်ပါ။ ၇ ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော် တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ ၈ ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ ဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။ ၉ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူး သေးဟု မိန့်တော်မူ၏။ ၁၀ တပ်မှူးစေလွှတ် သောသူတို့သည် အိမ်သို့ပြန်ရောက်လျှင်၊ အနာရောဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။ ၁၁ နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ ၁၂ မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။ ၁၃ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ၁၄ ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊ ၁၅ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။ ၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။ ၁၇ ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။ ၁၈ ယောဟန်၏တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအား ကြားပြောကြ၏။ ၁၉ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကိုခေါ် ပြီးလျှင် ယေရှုထံတော်သို့ စေလွှတ်၍၊ ကိုယ်တော်သည်ကြွလာသော သူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ ၂၀ ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလာသော သူမှန်သ လော။ သို့မဟုတ် အခြားသောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံ ဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ် ပါပြီဟု လျှောက်ကြ၏။ ၂၁ ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူအများတို့လည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။ ၂၂ ထိုအခါ ယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်း သောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ၂၃ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။ ၂၄ ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည်အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက် သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ ၂၅ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သောအဝတ်ကို ဝတ်ဆင်၍ ကောင်းမွန်စွာစား သောက်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။ ၂၆ ပရောဖက်ကိုကြည့်ရှုခြင်းငှါ သွားသလော၊ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူ သည်လည်းဖြစ်သည်ဟု ငါဆို၏။ ၂၇ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှု လော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုလိုရာ၌ ထိုသူကိုဆိုလိုသတည်း။ ၂၈ ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။ ၂၉ အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ စကားကိုကြားနာရလျှင်၊ ဘုရားသခင်ကိုချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံ ကိုခံကြ၏။ ၃၀ ဖာရိရှဲနှင့်ကျမ်း တတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။ ၃၁ ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့်ပုံပြရအံ့နည်း။ အဘယ်သူနှင့်တူသနည်း။ ၃၂ ပွဲသဘင်၌ထိုင်နေ သောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။ ၃၃ အကြောင်းမူကား၊ ဗတ္တိဇံ ဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲလာသည်ရှိ သော်သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။ ၃၄ လူသားသည် စားသောက်လျက် လာသည်ရှိသော်၊ ဤသူသည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သော သူပါတကားဟု ဆိုပြန်ကြ၏။ ၃၅ သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှ တို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်း နှင့်လွတ်၏ဟု မိန့်တော်မူ၏။ ၃၆ ဖာရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကိုခေါ်ပင့်လျှင်၊ ထိုဖာရိရှဲတို့၏ အိမ်သို့ ကြွ၍စားပွဲ၌လျောင်းတော်မူ၏။ ၃၇ ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊ ၃၈ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။ ၃၉ ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။ ၄၀ ယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊ ၄၁ ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။ ၄၂ သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။ ၄၃ ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊ ၄၄ ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။ ၄၅ သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။ ၄၆ သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။ ၄၇ ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ် တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။ ၄၈ ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ ၄၉ စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။ ၅၀ ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ Chapter 8 ရှင်လုကာခရစ်ဝင် အခန်းကြီး ၈၁ ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏၊၂ တကျိပ်နှစ်ပါးသောတပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏၊ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသော မိန်းမအချို့သည် လည်းလိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက်ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊ ၃ ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား၊ ယေဟန္န နှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကို လှူ၍ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများပါကြ၏။ ၄ များစွာသောလူအပါင်းတို့သည် မြို့ ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြ သောအခါ၊ ဥပမာစကားဖြင့် မြွက်ဆိုတော်မူသည်မှာ၊ ၅ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့ သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကိုခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ ၆ အချို့ သောအစေ့တို့သည် ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်သောအခါ မြေသြဇာမရှိ သောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။ ၇ အချို့ သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင် တို့သည် အတူပေါက်၍ ညှင်းဆဲကြ၏။ ၈ အချို့ သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ၍ အသီးသီးကြ၏။ ဟုမိန့်တော်မူပြီးမှ၊ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။ ၉ တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏အနက်အဓိပ္ပါယ်ကား၊ အဘယ်သို့နည်းဟု မေးလျှောက် ကြလျှင်၊ ၁၀ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသော အခွင့်ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကိုနား မလည်ဘဲ ကြားရသည် တိုင်အောင် သူတို့အား ဥပမာဖြင့်ဟောရ၏။ ၁၁ ထိုဥမာအနက်အဓိပ္ပါယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားဖြစ်၏။ ၁၂ လမ်း၌ရှိသောသူကား၊ တရားစကားကိုကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍တရားစကားကို နှလုံးထဲမှနှုတ် ယူသောသူကိုဆိုလိုသတည်း။ ၁၃ ကျောက် ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကိုဆိုလိုသတည်း။ ၁၄ ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြား သည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်း တို့သည် နှိပ်စက်၍အသီးမသီး သောသူကို ဆိုလိုသတည်း။ ၁၅ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင် ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။ ၁၆ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်းထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ ၁၇ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာပွင့်လင်းလိမ့်မည်။ ၁၈ ထိုကြောင့် သင်တို့သည် အဘယ်သို့ကြား နာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၁၉ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော် ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။ ၂၀ လူအချို့ကလည်း၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ် နေကြပါသည်ဟု လျှောက်လျှင်၊ ၂၁ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်ကိုကြား၍ နားထောင် သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။ ၂၂ တနေ့သ၌ယေရှုသည် တပည့်တော်တို့နှင့်အတူလှေထဲသို့ဝင်၍၊ အိုင်တဘက်သို့ကူးကြကုန်အံ့ ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။ ၂၃ အိုင်ကိုကူးသောအခါယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုဃ်း သက်မုန်တိုင်း ဖြစ်၍၊ လှေသည်ရေနှင့်ပြည့်သောကြောင့်ဘေးရောက်လု၏။ ၂၄ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ ဟုလျှောက်ကြသော်၊ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့်လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။ ၂၅ ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့သြ၍၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ရေကိုပင်မှာ ထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ ၂၆ ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ရောက်ကြ၍၊ ၂၇ ယေရှုသည် ကုန်းပေါ်သို့ တတ်တော် မူလျှင်၊ ကာလတာရှည်စွာနတ်ဆိုးစွဲသဖြင့်အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌ နေတတ်သော ဂါဒရပြည်သား တယောက်သည် ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။ ၂၈ ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင် ၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကိုညှင်းဆဲတော်မမူမည် အကြောင်းအကျွန်ုပ်တောင်းပန်ပါသည် ဟု ကြီးသော အသံနှင့်အော်ဟစ်၍ လျှောက်လေ၏။ ၂၉ လျှောက်သည် အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကိုအဖန်များ စွာဘမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း၊ ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့နှင်မြဲရှိကြောင်းကိုကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။ ၃၀ ယေရှုကလည်း၊ သင်သည်အဘယ်အမည်ရှိသနည်း ဟုမေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများစွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊ ၃၁ အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်းတောင်းပန်လေ၏။ ၃၂ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝတ်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝတ်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။ ၃၃ နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။ ၃၄ က်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကိုမြင်လျှင်ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောကြသော်၊ ၃၅ လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။ အထံတော်သို့ရောက်သောအခါ နတ်ဆိုးထွက် သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ ခြေတော်ရင်း၌ ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။ ၃၆ နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိ ရှိသည်ကိုသိမြင်သောသူတို့သည် နောက်လာသော သူတို့အား ပြန်ကြားပြီးမှ၊ ၃၇ ဂါဒရပြည်သူပြည်သား အပေါင်းတို့သည်အလွန်ကြောက်လန့် သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည်လှေထဲသို့ဝင် ၍ ပြန်တော်မူ၏။ ၃၈ နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့်အတူရှိပါမည် အကြောင်းတောင်းပန်လျှင်၊ ၃၉ ယေရှုက၊ သင်သည်ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည်သင်၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူ သည်ကို တမြို့လုံးတွင် အနှံ့အပြား သိတင်းကြားပြောလေ၏။ ၄၀ ယေရှုသည်ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြသော ကြောင့်ဝမ်းမြောက်စွာ လက်ခံကြ၏။ ၄၁ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူး သည်လာ၍ ယေရှု၏ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ ၄၂ တဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌တယောက် တည်းသောသမီးသည် သေဆဲရှိသော ကြောင့်၊ မိမိအိမ်သို့ကြွတော်မူမည်အကြောင်း ကိုယ်တော်ကို တောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကိုထိခိုက်တိုက်မိကြ၏။ ၄၃ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှ ကိုဆေး သမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သောမိန်းမ တယောက်သည်၊ ၄၄ နောက်တော် သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွါးကိုတို့သဖြင့်၊ ထိုအခဏခြင်းတွင် သွေးသွန် အနာပျောက်လေ၏။ ၄၅ ယေရှုကလည်း၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏ အပေါင်းအဘော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည်ဖြစ်၍၊ ငါ့ကိုအဘယ်သူ တို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။ ၄၆ ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှ တန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။ ၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍မနေနိုင် သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်း ကြောင့် တို့သည်ကိုင်း၊ ချက်ခြင်းချမ်းသာရသည်ကိုင်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက်ကြားလျှောက်လေ၏။ ၄၈ ကိုယ်တော်ကလည်း ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည် ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ၄၉ ထိုမိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက် ပါနှင့်ဟု ဆို၏။ ၅၀ ယေရှုသည် ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။ ၅၁ အိမ်သို့ ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတပါး အဘယ်သူကိုမျှအထဲသို့မဝင်စေခြင်းငှါ ဆီးတားတော်မူ၏။ ၅၂ လူအပေါင်းတို့ သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊ ၅၃ သူငယ်သေကြောင်းကို ထိုသူတို့သည် သိသဖြင့် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။ ၅၄ ထိုသူရှိသမျှ တို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊ ၅၅ စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအား မျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ Chapter 9 ရှင်လုကာခရစ်ဝင် အခန်းကြီး ၉၁ တကျိတ်နှစ်ပါးသောတပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ နတ်ဆိုးအပေါင်းတို့ကို နိုင်သော တန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။၂ ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို ဟောပြောစေခြင်းငှါင်း၊ လူနာတို့ကိုချမ်းသာစေခြင်းငှါင်း စေလွှတ်တော်မူ၍၊ ၃ သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေ ကြနှင့်။ ၄ မည်သည့်အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှမထွက် သွားမည်တိုင်အောင်နေကြလော့။ အကြင်သူ တို့သည် သင်တို့အား ဧည့်သည်ဝတ်ကိုမပြုဘဲနေ၏၊ ၅ ထိုသူတို့နေရာမြို့မှထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။ ၆ တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကိုဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီလှည့်လည်ကြ၏။ ၇ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်း မူကား၊ လူအချို့က ယောဟန်သည်သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။ ၈ အချို့က ဧလိယပေါ်ထွန်း သည်ဟုဆိုကြ၏။ အချို့က ရှေးပရောဖက်တပါးပါး ထပြန်သည်ဟု ဆိုကြ၏။ ၉ ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြားရသောဤသူကား အဘယ်သူနည်းဟုဆိုလျက် ယေရှုကိုမြင်ခြင်းငှါ အလိုရှိ၏။ ၁၀ တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။ လူအစုအဝေးတို့သည် သိလျှင် နောက်တော်သို့လိုက်ကြ၏။ ၁၁ ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကိုဟော ပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏၊ ၁၂ မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်း ကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကိုရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည်တော အရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊ ၁၃ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင်၊ မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်မှ တပါးအဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါဟု လျှောက်ကြ၏။ ၁၄ ထိုသို့လျှောက်သည် အကြောင်းကား၊ လူငါး ထောင်ခန့်မျှရှိသတည်း။ ထိုအခါ လူများတို့ကိုတစုလျှင် ငါးဆယ်စီအစုစု လျောင်းကြစေဟု အမိန့်တော်ရှိ၏။ ၁၅ တပည့်တော်တိုသည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊ ၁၆ ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍လူများရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ၁၇ လူအပေါင်းတိုသည် စား၍ဝကြပြီးမှ ကြွင်းရစ်သော အကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။ ၁၈ တရံရောအခါ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟုမေးမြန်းတော်မူလျှင်၊ ၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍င်း၊ အချို့က၊ ရှေးပရောဖက်တပါးပါးထပြန် သည်ဟူ၍င်းဆိုကြပါသည်ဟု လျှောက်ကြလေသော်၊ ၂၀ သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ၂၁ ထိုအကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာပညတ်တော်မူ၏။ ၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုင်း၊ အသေသတ်ခြင်းကိုင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည် ဟူသောအကြောင်းများတို့ကို မိန့်တော်မူ၏။ ၂၃ ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ငါ့နောက်သို့လိုက်ရမည်။ ၂၄ အကြင်သူသည် မိမိအသက် ကိုကယ်ဆယ်ခြင်းငှါအလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံးလိမ့်မည်၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၂၅ ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကိုကိုယ်ဆုံးရှုံးသော သူသည် အဘယ်ကျေးဇူးရှိသနည်း။ ၂၆ အကြင်သူသည် ငါ့ကိုင်း၊ ငါ့စကားကိုင်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကိုရှက်တော်မူလတံ့။ ၂၇ ငါအမှန်ဆိုသည်ကား၊ ဤအရပ်၍ရှိသောသူအချို့တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်မှီသေခြင်းသို့ မရောက်ရကြဟုမိန့်တော်မူ၏။ ၂၈ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကို ခေါ်၍ဆုတောင်းခြင်းငှါ တောင်ပေါ်သို့တက်ကြွတော်မူ၏။ ၂၉ ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။ ၃၀ မောရှေနှင့် ဧလိယတည်း ဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊ ၃၁ ကိုယ်တော်နှင့် အတူ ဆွေးနွှေးလျက် ယေရုရှလင် မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကိုပြောကြ၏။ ၃၂ ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေကိုင်း၊ ကိုယ်တော်နှင့်ရပ်နေသောလူနှစ်ယောက်ကိုင်း မြင်ကြ၏။ ၃၃ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏၊ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍လျှောက်လေ၏။ ၃၄ ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကို လွှမ်းမိုး၍၊ မောရှေနှင့်ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍။ ၃၅ ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနား ထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏၊ ၃၆ ထိုအသံတော်ဖြစ်သည်ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏၊ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။ ၃၇ နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကိုခရီးဦး ကြိုပြုကြ၏။ ၃၈ လူအစုအဝေး၌ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်တော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၏သားတယောက်တည်းရှိပါ၏။ ၃၉ နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြ‡ုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့နာကြင်စွာ နှိပ်စက်ပြီး မှနတ်သည်အလွန်သွားခဲ၏။ ၄၀ ထိုနတ်ကိုနှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန် သော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက်လျှောက်လေ၏။ ၄၁ ယေရှုကလည်း ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ် လုံးနေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံးသည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ယူခဲ့ဟု မိန့်တော်မူလေ၏။ ၄၂ သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကိုဆုံးမ၍ ထိုသူငယ်ကိုချမ်းသာစေ ပြီးမှ အဘအား အပ်ပေးတော်မူ၏။ ၄၃ လူအပေါင်း တို့သည် ဘုရားသခင်၏မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေ ဝေခြင်းရှိကြ၏။ ၄၄ ထိုသို့ယေရှုပြုတော်မူသမျှကို သူအပေါင်းတို့သည် အံ့သြချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကိုလူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော်မူ၏။ ၄၅ ထိုစကားတော်၏အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲ နေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။ ၄၆ ထိုအခါ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။ ၄၇ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊ ၄၈ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသော သူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၄၉ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် သောသူတယောက်ကိုအကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟုလျှောက်သော်၊ ၅၀ ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ ရှိသည်ဟုမိန့်တော်မူ၏။ ၅၁ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့ သောငှါ သဘောထားတော်မူ၏။ ၅၂ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင်၊့ သူတို့သည်ကိုယ်တော်၏ အဘို့ကို ပြင်ဆင်ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ ဝင်ကြ၏။ ၅၃ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။ ၅၄ ထိုအကြောင်း ကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ ၅၅ ယေရှုသည်လှည်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊ ၅၆ အခြားသောရွာသို့ကြွတော်မူ၏။ ၅၇ လမ်း၌သွားကြစဉ် လူတဦးက၊ သခင်၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက်လေ၏။ ၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ်ရှိ၏၊ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။ ၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊ ၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။ ၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုပ်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍အခွင့်ပန်ပါစေဟု လျှောက်လျှင်၊ ၆၂ ယေရှုက၊ ထွန်ကိုင်း ကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန် ဟုမိန့်တော်မူ၏။ Chapter 10 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀၁ ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကိုခန့်ထားတော်မူ၍၊ ကိုယ်တိုင် ကြွလေအံ့သောမြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၏။၂ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။ ၃ သင်တို့သွားလေ သည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။ ၄ ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။ ၅ မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြ လော့။ ၆ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။ ၇ သို့မဟုတ် သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။ တအိမ်မှတအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။ ၈ အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏၊ ထိုမြို့၌ သင်တို့ရှေ့မှာထည့် သမျှကိုစားကြလော့။ ၉ လူနာများကိုချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည် ထောင် သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။ ၁၀ အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏။ ၁၁ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အနီးသို့ ရောက်ကြောင်းကိုသိမှတ်ကြဟု သူတို့အားပြောကြလော့။ ၁၂ ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရ လတံ့။ ၁၃ အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည်ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။ ၁၄ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည်တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ ၁၅ အို ကပေရနောင်မြို့၊ သင်သည်မိုဃ်းကောင်း ကင်တိုင်အောင် မြေ‡ာက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။ ၁၆ သင်တို့၏စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော် မူသောသူကိုပယ်သည်ဟု မိန့်တော်မူ၏။ ၁၇ ထိုခုနစ်ကျိပ်သောတပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော် ၏နာမ အားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏၊ ၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။ ၁၉ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။ ၂၀ သို့သော်လည်း နတ်ဆိုးကိုနိုင်ရသော ကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။ ၂၁ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော် မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ် ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလို တော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။ ၂၂ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူ ဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။ ၂၃ ထိုအခါ တပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။ ၂၄ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။ ၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ ၂၆ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊ ၂၇ ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ၂၈ ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။ ၂၉ ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊ ၃၀ ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ် ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ဖြစ်သောအခါ ပစ်ထား၍သွားကြ၏။ ၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ၃၂ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွား လေ၏။ ၃၃ ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ဂရုဏာစိတ်ရှိသည်နှင့်၊ ၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရ စ္ဆြွာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။ ၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။ ၃၆ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊ ၃၇ ကျမ်းတတ်က လည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။ ၃၈ ယေရှုသည် တပည့်တော်တို့နှင့်ခရီးသွားကြစဉ် ရွာတရွာသို့ဝင်တော်မူ၍၊ မာသအမည်ရှိသော မိန်းမတဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။ ၃၉ ထိုမိန်းမ၌ မာရိအမည်ရှိသောညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏။ ၄၀ မာသမူကား လုပ်ကြွေးခြင်း အမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မကိုပစ်ထားသည်အရာကို လျစ်လျူသောစိတ်ရှိတော်မူ သလော။ သူသည်ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊ ၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ လိုသောအရာတခုတည်းရှိ၏။ ၄၂ မာရိမူကား၊ ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ နှုတ်မယူရာဟုမိန့်တော်မူ၏။ Chapter 11 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁၁ တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူ၍ပြီးလျှင်၊ တပည့်တော် တယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေး သကဲ့သို့ ကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊၂ ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွတ်ဆိုရမည်မှာ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ ၃ အလိုတော်သည် ကောင်းကင် ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သော အစာကိုအကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ။ ၄ အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ် တို့သည် အကျွန်ုပ်တို့သည် လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။ ၅ တဖန်မိန့်တော်မူ သည်ကား၊ သင်တို့တွင်တစုံ တယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင်၊ အဆွေ၊ ၆ အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာ မရှိသောကြောင့်မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊ ၇ အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ရှက်နှင့်။ တံခါးပိတ် လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင် ဟု အိမ်ထဲကပြန် ပြောသည် အရာမှာ၊ ၈ ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲတောင်း၍ နေသောကြောင့်ထ၍လိုချင်သမျှကို ပေးလိမ့်မည်။ ၉ တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ ၁၀ တောင်းသောသူ မည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်းတံခါးကိုဖွင့်၏။ ၁၁ သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင်ငါးအစား၌ မြွေကိုပေးမည်လော။ ၁၂ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။ ၁၃ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်း သောအရာ ကို ပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။ ၁၄ တရံရောအခါ စကားအသောနတ်ဆိုးကိုနှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသော သူသည် စကားပြော၏။ အစုအဝေးတို့သည်လည်းအံ့သြကြ၏။ ၁၅ အချို့တို့က၊ ဤသူသည်နတ်ဆိုးမင်း ဗေလဇေဗုလကိုအမှီ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၁၆ အချို့တို့သည်လည်း စုံးစမ်းနှောင့်ရှက်ခြင်းငှါ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၇ ထိုသူတို့၏ စိတ်ကိုသိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင်ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။ ၁၈ ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။ ၁၉ ငါသည် ဗေလဇေဗုလကို အမှီပြု၍နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြလိမ့်မည်။ ၂၀ ငါသည် ဘုရားသခင်၏ လက်ညိ‡ုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ်သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ။ ၂၁ သူရဲသည် လက်နက်စုံနှင့်မိမိအိမ်ဦး၌ စောင့်နေစဉ် အခါသူ၏ ဥစ္စာသည် လုံခြုံစွာရှိ၏။ ၂၂ သူ့ထက်တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသောလက်နက် စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကိုခွဲဝေလိမ့်မည်။ ၂၃ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်း သောသူသည် ကြဲဖြန့်သောသူဖြစ်၏။ ၂၄ ညစ်ည‡ုးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သောနေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊ ၂၅ ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊ ၂၆ မိမိထက်သာ၍ ညစ်ည‡ုးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟုမိန့်တော်မူ၏။ ၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊ ၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။ ၂၉ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သော အမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပယောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ် လက္ခဏာကိုမျှ မျှသူတို့အား မပြရာ။ ၃၀ ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်ဤ လူမျိုးအားဖြစ်လိမ့်မည်။ ၃၁ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသော မိဖုရားသည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန် ထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ၃၂ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုး တဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။ ၃၃ ဤအရပ်၌ကား ယောနထက်သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌ လည်းထားလေ့မရှိ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ ၃၄ ကိုယ်၏ ဆီမီးကားမျက်စိတည်း။ ထိုကြောင့် မျက်စိကြည် လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြေ‡းရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည်။ ၃၅ ကိုယ်၌ရှိသော အလင်းကိုမှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။ ၃၆ အင်္ဂါတခုမျှ မမိုက်ဘဲတကိုယ်လုံး လင်းလျှင်၊ ဆီမီး၏ အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည် ဟု မိန့်တော်မူ၏။ ၃၇ ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော် ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။ ၃၈ အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ထိုဖာရိရှဲ သည်မြင်လျှင် အံ့သြလေ၏။ ၃၉ သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ဆေး ကြောကြ၏။ အတွင်း၌ကားလုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။ ၄၀ လူမိုက်တို့၊ အပြင်ကိုဖန်ဆင်း သောသူသည် အတွင်းကိုလည်းဖန်ဆင်းတော်မူသည် မဟုတ်လော။ ၄၁ သာ၍ကောင်းသော နည်းမူကား၊ တတ်နိုင်သမျှ အတိုင်း ဆင်းရဲသားတို့အား စွန်ကြဲကြ လော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အား သန့်ရှင်းကြလိမ့်မည်။ ၄၂ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဘို့ တဘို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကားလှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ ၄၃ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကိုင်း ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကိုင်း နှစ်သက်ကြ၏။ ၄၄ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ မထင်ရှား သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် င်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။ ၄၅ ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရားထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ် တင်တော်မူ၏ ဟု လျှောက်သော်၊ ၄၆ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကိုသူတပါး အပေါ်မှာတင်တတ်၏။ ၄၇ ကိုယ်လက်ဖျားနှင့်မျှ မတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ပရောဖက်တို့၏ သင်္ချိုင်းများကို တည်လုပ်၍၊ သင်တို့၏ဘိုးဘေး များသည် သူတို့ကိုသတ်ကြ၏။ ၄၈ အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏အပြုအမှုကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကိုတည်လုပ်ကြ၏။ ၄၉ ထိုကြောင့်၊ ဘုရားသခင်၏ ဥာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည်ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှင်းဆဲကြလိမ့်မည်။ အချို့တို့ကိုသတ်ကြလိမ့်မည်။ ၅၀ ထိုကြောင့်၊ အာဗေလအသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏ အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏ အသွေးတိုင် အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသောပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သောလူတို့သည် စစ်ကြောခြင်း ကိုခံရကြမည်။ ၅၁ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည်။ ၅၂ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်းဆီးတားကြသည်ဟု မိန့်တော်မူ၏။ ၅၃ ထိုသို့ပရိသတ် တို့အားမိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့် ကိုရမည်အကြောင်း၊ ၅၄ ချောင်းမြောင်းလျက်စကားတော်ကို ဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။ Chapter 12 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂၁ ထိုအခါအတိုင်းမသိများစွာသောလူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အားမိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်း ဟူသောဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။၂ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှ တို့သည်လည်း ထင်ရှားလိမ့် မည်။ ၃ မှောင်မိုက်၌သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည် အလင်း၌နားကြားကြလိမ့်မည်။ သင်တို့ သည်အခန်းထဲမှာနားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။ ၄ ငါ့အဆွေတို့၊ သင်တို့အားငါဆိုသည်ကား၊ ကိုယ်ခန္ဓြွာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကိုမကြောက်ကြနှင့်။ ၅ အဘယ်သူကိုကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓြွာ ကိုသတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကိုကြောက်ကြလော့။ ၆ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည် မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ ၇ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။ ၈ ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ ကောင်းကင် တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။ ၉ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုငြင်းပယ်အံ့၊ ဘုရားသခင်၏ကောင်း ကင်တမန်တို့ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။ ၁၀ လူသားကို နှုတ်ဖြင့်ပြစ်မှားသော သူမည်သည်ကား၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကိုရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူ မည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်း အခွင့်ကိုရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သော သူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။ ၁၁ သင်တို့ကို တရားစရပ်သို့င်း၊ အကဲအမှူး၊ မင်းများရှေ့သို့င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ၁၂ အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသော ဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။ ၁၃ လူအစုအဝေး၌ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊ ၁၄ ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အားပေးအပ်သနည်း ဟုမေးတော်မူ၏။ ၁၅ ထိုမှတပါး လောဘ လွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိ သော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။ ၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌မြေကောင်း၍ အသီးအနှံများလှ၏။ ၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ ၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။ ၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ ၂၀ ထိုသို့အကြံ ရှိစဉ်တွင်ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဥ့်ပင်သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း ဟု သူဌေးအားမိန့်တော်မူ၏။ ၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။ ၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့စားရမည်ဟူ၍ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟူ၍ ကိုယ်အဘို့မစိုးရိမ် ကြနှင့်ဟု ငါဆို၏။ ၂၃ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။ ၂၄ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြ လော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ၊ သို့သော်လည်း ဘုရားသခင်သည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ ၂၅ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ ၂၆ ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့် စိုးရိမ်ကြသနည်း။ ၂၇ နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီးအဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီဟု ငါဆို၏။ ၂၈ ယုံကြည် အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည်ထိုသို့သော အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူ မည်မဟုတ်လော။ ၂၉ ထိုကြောင့် အဘယ်သို့စားရအံ့နည်း၊ အဘယ်သို့သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်းမရှိကြနှင့်။ ၃၀ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကိုသင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ ၃၁ သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ ၃၂ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အားနိုင်ငံကို ပေးခြင်းငှါ အလိုရှိတော်မူ၏။ ၃၃ သင်တို့ဥစ္စာများကို ရောင်း၍ဆင်းရဲသားတို့အားစွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သောအိတ်တို့ကို ကိုယ်သုံးဘို့လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌မကုန်မဆုံးနိုင်သော ဘဏ္ဍာကိုဆည်းဖူး ကြလော့။ ၃၄ အကြောင်းအမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏။ ၃၅ သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီးမီးထွန်းလျက်နေသဖြင့်၊ ၃၆ သခင်သည် မင်္ဂလာဆောင် ပွဲမှပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်းခြင်းဖွင့်ခြင်းငှါသခင်လာမည်ကိုမြော်လင့်၍ နေသောကျွန်ကဲ့သို့ ရှိနေကြလော့။ ၃၇ အကြင်ကျွန်တို့သည် စောင်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည်ခါးပန်းစည်းလျက်ကျွန်တို့ကိုစားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။ ၃၈ နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏။ ၃၉ အိမ်ရှင်သည် သူခိုးလာမည် အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကိုမထွင်း မဖောက်စေ ခြင်းငှါ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ၄၀ ထိုကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။ ၄၁ ပေတရုကလည်း၊ သခင်၊ ဤဥပမာကိုအကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊ ၄၂ သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်င်း၊ သတိပညာနှင့်င်းပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။ ၄၃ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည်မင်္ဂလာရှိ၏။ ၄၄ ငါအမှန်ဆိုသည်ကား၊ အရှင်သည်မိမိဥစ္စာ ရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။ ၄၅ သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည် ဟုစိတ်ထဲ၌အောက်မေ့သည် နှင့် ကျွန်ချင်းယောက်ျား မိန်းမတို့ကိုရိုက်ပုတ်လျက်၊ စားသောက်ယစ်မူး လျက်နေ၏။ ၄၆ ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့် တကွနေရာချ လတံ့။ ၄၇ အကြင်ကျွန်သည်မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏ အလိုကိုမဆောင်၊ ထိုကျွန်သည်များ စွာသောဒဏ်ကိုခံရ၏။ ၄၈ သခင်၏ အလိုကိုမလိုက်ဘဲလျက်၊ ဒဏ်ခံထိုက်သော အမှုကိုပြုမိသောသူကား၊ အနည်းငယ် သောဒဏ်ကိုသာခံရ၏။ အကြင်သူသည် များစွာသောကျေးဇူးကိုခံ၏၊ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကိုအပ်နှင်း၏၊ ထိုသူကို များစွာတောင်း လိမ့်မည်။ ၄၉ မြေပေါ်၌ မီးလောင်းစေခြင်းငှါ ငါလာသတည်း။ ထိုမီးမညိ‡မှီတိုင်အောင်ငါ၏ အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကို လည်း ငါခံစရာရှိ၏။ ၅၀ ထို ဗတ္တိဇံ ကိုမခံမှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။ ၅၁ မြေပေါ်၌ငြိမ်သက်ခြင်း ကိုပေး အံ့သောငှါငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါငါလာသည် မဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှါ ငါလာသည်ဟု ငါဆို၏။ ၅၂ အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍အိမ်တအိမ်၌နေသောလူငါးယောက်တို့သည် နှစ်ယောက်တစုသုံးယောက်တစု အချင်းချင်း ကွဲပြား လိမ့်မည်။ ၅၃ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားလိမ့်မည် ဟု မိန့်တော်မူ၏။ ၅၄ တဖန်လူတစုအဝေးတို့အားမိန့်တော်မူသည်ကား၊ သင်တို့သည်အနောက်မျက်နှာ၌ မိုဃ်းရိပ် တက်သည် ကိုမြင်သောအခါမိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။ ၅၅ တောင်လေလာသည် ကိုမြင်သောအခါနေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။ ၅၆ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏ မျက်နှာနှင့်မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍ မသိနိုင်ကြသနည်း။ ၅၇ ထိုမှတပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့်အလိုအလျောက် ပိုင်းခြား၍မသိ ကြသနည်း။ ၅၈ သင်သည် တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း၌ကြိုးစားလော့။ သို့မဟုတ်တရား တွေ့ဘက်သည် တရားသူကြီးရှေ့သို့ဆွဲမည်။ တရားသူကြီးလုလင်ခေါင်း၌အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။ ၅၉ လျော်ပြစ်ငွေရှိသမျှကိုမလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။ Chapter 13 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃၁ ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ပူဇော်သောယဇ် ကောင်တို့နှင့် ရောနှောကြောင်းကိုလျှောက်ကြလျှင်၊၂ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။ ၃ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဟု ငါဆို၏။ ၄ ထိုမှတပါး၊ ရှိလောင်ပြ အိုးလဲ၍ ပိသောသူတကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။ ၅ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။ ၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်း မတွေ့။ ၇ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့်မြေကို နှောက်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ် ရှိပါစေဦး။ ၈ အကျွန်ုပ်သည် အပင်နား ပတ်လည်ကို တူးဆွ၍ နောက်ချေးကိုဖို့ပါမည်။ ၉ အသီးသီးကောင်းသီးပါ လိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။ ၁၀ တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမသြဝါဒပေးတော်မူသောအခါ၊ ၁၁ တဆယ်ရှစ် နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသောမိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။ ၁၂ ယေရှုသည် ထိုမိန်းမကိုမြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည်အနာ ရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊ ၁၃ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည်ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလေ၏။ ၁၄ ထိုသို့ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အား ဆို၏။ ၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည်မဟုတ်လော။ ၁၆ တဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏ သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။ ၁၇ ထိုသို့မိန့်တော်မူပြီးမှ ရန်ဘက်နေသောသူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသော အံ့သြဘွယ် အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။ ၁၈ တဖန် မိန့်တော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့်တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။ ၁၉ လူသည်ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။ ၂၀ တဖန် မိန့်တော် မူသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ ၂၁ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက် သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။ ၂၂ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမသြဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏၊ ၂၃ လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊ ၂၄ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအား ထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြ ဟုငါဆို၏။ ၂၅ အိမ်ရှင်သည် တခါထ၍ တံခါးကိုပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အား ဖွင့်ပါဟုတောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။ ၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသောမြို့ရွာ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူပြီဟု လျှောက်ပြန် သော်လည်း၊ ၂၇ သခင်က၊ သင်တို့သည် အဘယ်ကလာ သည်ကို ငါမသိဟုငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှဖယ်သွားကြဟု ပြောလိမ့်မည်။ ၂၈ ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။ ၂၉ ထိုအခါ အရှေ့နောက်တောင် မြောက် အရပ်လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံထဲတွင် လျောင်းရကြလတံ့။ ၃၀ နောက်ကျသော သူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။ ၃၁ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကို သတ်မည်အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က သင်တို့သွားကြလော့။ ၃၂ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။ ၃၃ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား ယေရုရှလင်မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှမဆုံးရာ။ ၃၄ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူ တို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာငါအလိုရှိ၏။ သင်မူကား အလိုမရှိ။ ၃၅ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသော ဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။ Chapter 14 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄၁ တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။၂ ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။ ၃ ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊ ၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊ ၅ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊ ၆ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။ ၇ ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာ ထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊ ၈ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကို ခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်၊ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည် ရှိသော်၊ ၉ သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟု လာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။ ၁၀ သူတပါးတို့သည် သင့်ကိုခေါ်ဘိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။ ၁၁ ကိုယ်ကိုကိုယ်ချီး မြေ‡ာက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည် သည်ကား မြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။ ၁၂ ကိုယ်တော်ကိုပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ်ကျွေး သောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ်နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။ ၁၃ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဘိတ်လော့။ ၁၄ ထိုသို့ ခေါ်ဘိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ဟု မိန့်တော်မူ၏။ ၁၅ စားပွဲ၌လျောင်းသောသူတယောက်သည် ထိုစကားတော်ကိုကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊ ၁၆ ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကိုစီရင်၍ လူများ ကို ခေါ်ဘိတ်လေ၏။ ၁၇ ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီ ဟုမှာ၍ အစေအပါကိုစေလွှတ်၏။ ၁၈ ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏၊ တယောက်က၊ အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ။ သွား၍ကြည့်ရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ ၁၉ တယောက်က၊ အကျွန်ုပ်သည် နွားငါးယှဉ်ကိုဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ ၂၀ တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။ ၂၁ အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကိုဆို၏။ ၂၂ အစေအပါးကလည်း၊ သခင် စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊ ၂၃ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။ ၂၄ အထက်ကခေါ်ဘိတ်သော သူတယောက်မျှ ငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါကိုဆိုသည်ဟု မိန့်တော်မူ၏။ ၂၅ လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည် လှည့်၍ကြည့်တော် မူပြီးလျှင်၊ ၂၆ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုင်း၊ ထိုမျှမက မိမိအသက်ကိုင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ ၂၇ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ ၂၈ သင်တို့တွင် တယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။ ၂၉ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီး နိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊ ၃၀ ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။ ၃၁ တနည်းကား၊ တစုံတယောက်သောရှင်ဘုရင်သည် အခြားသော ရှင်ဘုရင်နှင့် စစ်ပြိုင်မည် ဟုအကြံရှိလျှင်၊ လူနှစ်သောင်းနှင့်ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင် မည်မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။ ၃၂ မခံနိုင်သည်မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည် မဟုတ်လော။ ၃၃ ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။ ၃၄ ဆားမူကား ကောင်း၏။ သို့သော်လည်းအငန်ကင်းပျောက်လျှင်ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ၃၅ မြေဘို့မကောင်း၊ အမှိုက် ပုံဘို့မကောင်း၊ ထိုဆားကိုပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ Chapter 15 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၅၁ အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ချဉ်း ကပ်သည်ဖြစ်၍၊၂ ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည်ဆိုးသောသူတို့ကို လက်ခံ၍သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။ ၃ ထိုအခါဥပမာစကားကိုမိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊ ၄ သိုးတကောင်ပျောက်လျင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ၊ပျောက်သော သိုးတကောင်ကိုမတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။ ၅ တွေ့ပြီးလျှင်ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊ ၆ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့် အတူဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။ ၇ ထိုနည်းတူဖြောင့်မတ်၍ နောင်တရစရာ အကြောင်းမရှိ သောသူကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုး တယောက်၌ သာ၍ဝမ်း မြောက်ခြင်းရှိကြသည်ဟု ငါဆို၏။ ၈ တနည်းကား၊ တစုံတ ယောက်သော မိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီးမီးကိုထွန်း၍မတွေ့မှီတိုင်အောင် တအိမ်လုံးကို လှည်း၍ စေ့စေ့မရှာဘဲနေမည်လော။ ၉ တွေ့ပြီးလျှင်အဆွေခင်ပွန်းအိမ်နီးချင်းများကို ခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူဝမ်း မြောက်ကြလော့ ဟုဆိုတတ်သည် မဟုတ်လော။ ၁၀ ထိုနည်းတူငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင် တမန်တို့သည် နောင်တရသောလူဆိုးတယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ ၁၁ တဖန်မိန့်တော်မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ ၁၂ တစုံတယောက် သူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ်သည် အဘထံသို့သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာ ကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည်ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏။ ၁၃ ထိုနောက်များ မကြာ၊ သားအငယ် သည် မိမိဥစ္စာများကိုသိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊ ၁၄ ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍၊ သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏။ ၁၅ ထိုအခါပြည်သား တယောက်ထံ သို့သွား၍အစေခံလျှင်၊ ဝက်တို့ကိုကျောင်းစေခြင်းငှါသူ့သခင်သည် တောသို့စေလွှတ်သဖြင့်၊ ၁၆ သူသည် ဝက်စားတတ်သောပဲတောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှအစာ ကိုမကျွေး။ ၁၇ ထိုအခါသတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤပြည်၌သေအောင်အငတ်ခံရ၏။ ၁၈ ငါထ၍အဘထံသို့သွားမည်။ အဘ၊ အကျွန်ုပ်သည်ဘုရားသခင်ကိုင်း၊ ကိုယ်တော်ကိုင်း ပြစ်မှားပါပြီ။ ၁၉ ယခုမှစ၍ ကိုယ်တော်၏သား ဟူ၍ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကိုထားသော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊ ၂၀ ထ၍အဘထံသို့သွားလေ၏ သွား၍ဝေး သေးသော အခါအဘသည် သူ့ကိုမြင်လျှင်၊ သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍ သား၏ လည်ပင်းကိုပိုက်ဘက်လျက်နမ်းရှုပ် လေ၏။ ၂၁ သားကလည်း၊ အဘ၊ အကျွန်ုပ်သည်ဘုရားသခင်ကိုင်း၊ ကိုယ်တော်ကိုင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါဟု ဆိုလျှင်၊ ၂၂ အဘက၊ မြတ်သောဝတ်လုံကိုယူခဲ့၍သူ့ကို ခြုံကြ၊ သူ၏လက်၌လက်စွပ်တန်ဆာကိုဆင်ကြ။ ၂၃ ခြေနင်း ကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသောနွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။ ၂၄ ငါ့သားသည်အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်ကပျောက်၏၊ ယခုတွေ့ပြန် ၏ဟု အစေအပါတို့ကိုဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကိုပြုကြ၏။ ၂၅ သားအကြီးသည် တောင်ယာကလာ၍အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်း၊ အသံကိုကြားလျှင်၊ ၂၆ ငယ်သားတယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။ ၂၇ ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကိုအဘ တွေ့သောကြောင့်၊ ဆူအောင်ကျွေး သောနွားက လေးကိုသတ်ပါပြီ ဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့မဝင်ဘဲနေ၏။ ၂၈ အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။ ၂၉ သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာအဘ၏ အစေကိုခံပါပြီ။ အဘ၏ အလိုကိုတခါမျှမလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူ ပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည်ဆိတ်ကလေး တကောင်ကို တခါမျှမပေး။ ၃၀ ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသော အခါမူကား၊ အဘသည် ဆူအောင်ကျွေးသောနွားကလေးကို သတ်လေပြီ တကားဟု ဆို၏။ ၃၁ အဘက လည်း၊ ငါ့သား၊ သင်သည်ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ ၃၂ သင်၏ ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်ကပျောက်၏၊ ယခုတွေ့ပြန်၏။ ထိုကြောင့်ပျော်မွေ့ဝမ်း မြောက်စရာအကြောင်းရှိ၏၊ အဘဆိုသည်ဟု မိန့်တော်မူ၏။ Chapter 16 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၆၁ တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကိုဖျက်ဆီးသည် အကြောင်းကိုသူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊၂ သခင်သည်ဘဏ္ဍာစိုးကိုခေါ်၍၊ သင်၏အမှုအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသောစာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။ ၃ ထိုအခါဘဏ္ဍာစိုးက၊ ငါသည်အဘယ် သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကိုနှုတ်လေပြီ။ လယ်လုပ်ခြင်းငှါမစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်း ငှါရှက်ကြောက်၏။ ၄ ဘဏ္ဍာစိုးအရာမှ ကျသည် နောက်သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ငါပြုရမည်ကိုငါသိ၏ ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊ ၅ သခင်၏ ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင် ကိုဆပ်ပေးရန်သင်၌ အဘယ်မျှ လောက်ရှိသနည်းဟု တယောက်ကိုမေးလျှင်၊ ၆ ထိုသူက၊ ဆီအခွက်တထောင်ပေးရန်ရှိ ပါသည် ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကိုရေးမှတ် လော့ဟု ဆို၏။ ၇ ထိုနောက်အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာ ကိုရေးမှတ်လော့ဟုဆို၏။ ၈ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည်ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍လိမ္မာကြ၏။ ၉ တဖန်ငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ ၁၀ အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။ ၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်း စိမ်ကိုသုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကိုသင်တို့၌ အဘယ်သူအပ် မည်နည်း။ ၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည်အပိုင် ပေးမည်နည်း။ ၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦး အစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုင်း၊ လောကီစည်းစိမ်၏ အစေကိုင်း မခံနိုင်ကြဟု မိန့်တော်မူ၏။ ၁၄ ငွေကို တပ်မက်သောဖာရိရှဲတို့သည် ထိုစကားများကိုကြားလျှင် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။ ၁၅ ယေရှုကလည်း၊ သင်တို့သည်လူများရှေ့မှာဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့်ရှေ့ တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။ ၁၆ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏။ ၁၇ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓြွုတလုံးပျက်စီး လွယ်သည်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။ ၁၈ အကြင်သူသည် မိမိမယား နှင့်ကွာ၍အခြားသော မိန်းမနှင့် စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ လင်ကွာသော မိန်းမနှင့် စုံဘက်ခြင်းကိုပြုသောသူသည် လည်းသူ့မယားကိုပြစ်မှားသည် ဟုမိန့်တော်မူ၏။ ၁၉ ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသောကမ္ပလာနှင့် ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ် ၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။ ၂၀ လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ ၂၁ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။ ၂၂ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ ၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုင်း အဝေးကမြင်လျှင်၊ ၂၄ အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။ ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက် ရှင်စဉ်အခါ ချမ်းသာရသည်ကိုင်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကိုင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကိုခံရ၏။ ၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာ သို့ ကူးချင်သောသူလည်း မကူးနိုင်ဟုဆို၏။ ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊ ၂၈ အကျွန်ုပ်၌ ညီငါးယောက် ရှိပါသည်ဖြစ်၍ သူတို့သည် ဤပြင်းပြစွာခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊ ၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏စကားကို နားထောင်ကြစေဟု ဆို၏။ ၃၀ သူဌေးကလည်း၊ မဟုတ်ပါအဘအာဗြဟံ၊ သေသောလူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ ရှိရာသို့သွား လျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊ ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။ Chapter 17 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇၁ တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော် လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။၂ ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည် ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။ ၃ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တ ရလျှင် သူ၏အပြစ်ကိုလွှတ်လော့။ ၄ တနေ့ခြင်းတွင် ခုနစ်ကြိမ် မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကိုလွှတ်လော့ဟု မိန့်တော်မူ၏။ ၅ တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန် ကြလျှင်၊ ၆ ဘုရားသခင်က၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွ နှုတ်၍ ပင်လယ်၌စိုက်လျက် နေလော့ ဟုဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ ၇ အစေအပါးသည် လယ်ထွန်သော်င်း၊ သိုး၊ နွားကျောင်းသော်င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ ဝင်သောအခါ၊ ထိုအစေအပါးကို၊ အသော့လာ၍ စားပွဲ၌လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။ ၈ ထိုအစေအပါးကို၊ ငါစားစရာဘို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကိုလုပ်ကြွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။ ၉ ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသော ကြောင့်၊ သခင်၌ကျေး ဇူးတင်သလော။ ကျေးဇူးမတင်။ ၁၀ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ကျေးဇူးပြုသော အစေအပါဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။ ၁၁ ယေရုရှလင်မြို့သို့ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။ ၁၂ ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊ ၁၃ သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။ ၁၄ ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်း သို့ရောက်ကြ၏။ ၁၅ ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၆ ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှ ပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ်သတည်း။ ၁၇ ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည် မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ ၁၈ ဤတပါး အမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှမရှိသလောဟု မေးတော်မူပြီးမှ၊ ၁၉ သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ ၂၀ ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။ ၂၁ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။ ၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏ နေ့ရက်တရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့် မည်။ ၂၃ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။ ၂၄ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ၂၅ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုင်း ခံရမည်။ ၂၆ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ ၂၇ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်နေ့တိုင်အောင် လူများတို့သည် စားသောက် လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း ဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့င်း၊ ၂၉ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်း တို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့င်း၊ ၃၀ လူသား ပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ ၃၁ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိအိမ်ထဲမှာရှိသော ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။ ၃၂ လောတ၏မယားကို အောက်မေ့ကြလော့။ ၃၃ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။ ၃၄ ငါဆိုသည်ကား၊ ထိုနေ့ညဥ့်တွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ၃၅ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ၃၆ လယ်၌ရှိသောသူနှစ်ယောက် တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊ ၃၇ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။ Chapter 18 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈၁ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။ ၃ ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက် အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊ ၄ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သောသူဖြစ်သော်လည်း၊ ၅ ဤမုတ်ဆိုးမ သည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည် ဟု စိတ်ထဲ၌အကြံရှိ၏။ ၆ မတရားသော ထိုတရားသူကြီး၏အကြံကို မှတ်ကြလော့။ ၇ ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။ ၈ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ၉ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကိုမထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊ ၁၀ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲ ဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ၁၁ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည် သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။ ၁၂ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟု ဆုတောင်းပဌနာပြု၏။ ၁၃ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခက်လျက်၊ အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏။ ၁၄ ငါဆိုသည်ကား၊ ထိုသူသည်အပြစ်ပြေလျက် မိမိအိမ် သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်မြှောက်သော သူမည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ မြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။ ၁၅ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့ သည်မြင်လျှင် အပြစ်တင်ကြ၏။ ၁၆ ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ ၁၇ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရား သခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ။ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူ၏။ ၁၈ အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ ၁၉ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ ၂၀ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ မိဘကိုရိုသေစွာပြုလော့ ဟုမိန့်တော်မူလျှင်၊ ၂၁ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှ စ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။ ၂၂ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ ဟုမိန့်တော်မူ၏။ ၂၃ ထိုသူသည် များစွာသောဥစ္စာကို ရတတ် သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။ ၂၄ ထိုသို့စိတ်မသာသည်ကို ယေရှုသည်မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံ တော်သို့ အလွန်ဝင်ခဲလှ၏။ ၂၅ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင် ၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟုမိန့်တော်မူ၏။ ၂၆ ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။ ၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင် သောအမှုကို ဘုရားသခင်တတ်နိုင် တော်မူသည်ဟု မိန့်တော်မူ၏။ ၂၈ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ ဟု လျှောက်လေသော်၊ ၂၉ ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၍၊ ၃၀ ထိုသူသည် ယခုကာလ၌ အဆများ စွာသောအကျိုးကိုင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုင်း ခံရလတံ့ဟု မိန့်တော်မူ၏။ ၃၁ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များရေးမှတ်သမျှသည် လူသား၌ပြည့်စုံရလိမ့်မည်။ ၃၂ တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှင်းဆဲခြင်း၊ တံထွေးနှင့်ထွေးခြင်းကို ခံရလိမ့်မည်။ ၃၃ သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၄ ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက် အနက်ကို မရိပ်မိကြ။ ၃၅ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။ ၃၆ ထိုလူကန်းသည် လမ်း၌ လူများသွားသံကိုကြားလျှင် အဘယ်သို့ဖြစ်သနည်းဟု မေး၏။ ၃၇ နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊ ၃၈ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ ၃၉ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌သွား သောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေ၏။ ၄၀ ယေရှု သည်လည်း ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊ ၄၁ သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊ ၄၂ ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။ ၄၃ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ ဂုတ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့သြချီးမွမ်းကြ၏။ Chapter 19 ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉၁ ယေရှုသည် ယေရိခေါမြို့သို့ဝင်၍ ရှောက်သွားတော်မူ၏။၂ ထိုအခါ ဇက္ခဲ အမည်ရှိသောအခွန်ခေါင်း တယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။ ၃ ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍မမြင်နိုင်။ ၄ ထိုကြောင့် ကြွတော်မူမည့် လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကိုမြင်အံ့သောငှါ သဖန်းပင်တပင်ကိုတက်လေ၏။ ၅ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊ ၆ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိ အိမ်၌ဧည့်ခံလေ၏။ ၇ ထိုအကြောင်းကို လူအပေါင်း တို့သည်မြင် လျှင်၊ ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့ပြစ်တင်ကြ၏။ ၈ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏ဟု သခင်ဘုရားကိုလျှောက်ဆို၏။ ၉ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏ သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ ၁၀ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။ ၁၁ ထိုအခါ ယေရှုရှလင်မြို့အနီးသို့ရောက်တော်မူ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ထပ်၍ မိန့်တော်မူသော ဥပမာကား၊ ၁၂ အမတ်တယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။ ၁၃ မသွားမှီ မိမိငယ်သား တကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍မလာ မှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထားလေ၏။ ၁၄ ပြည်သားအချို့တို့သည် ထိုအမတ် ကိုမနာလို၍၊ ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကိုသူ့နောက်သို့ စေလွှတ်ကြ၏။ ၁၅ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီးအဘယ်မျှလောက် အမြတ်ရသည်ကိုသိခြင်းငှါ၊ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။ ၁၆ ပထမသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊ ၁၇ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။ ၁၈ ဒုတိယသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသောငွေတပိဿာအားဖြင့် ငါးပိဿာ အမြတ်ရပါပြီဟု လျှောက်လျှင်၊ ၁၉ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။ ၂၀ အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ ထုတ်ထားသောကိုယ်တော်၏ငွေ တပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ၂၁ ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်တတ် သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကိုကြောက်ပါသည်ဟု လျှောက်လျှင်၊ ၂၂ သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏စကားကိုသာလိုက်၍ သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြင်လျက် ကိုယ်မသိုမထား သော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊ ၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုး ကိုရနိုင်သည်ဟု မိန့်တော်မူ ပြီးသော်၊ ၂၄ အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။ ၂၅ အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ ဟုလျှောက်ကြလျှင်၊ ၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၂၇ ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသောငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။ ၂၈ ထိုသို့မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ခရီး သွားတော်မူ၏။ ၂၉ သံလွင်အမည် ရှိသောတောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက် တို့ကိုစေလွှတ်၍၊ ၃၀ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူးသော မြည်းကလေးချည်နှောင်လျှက်ရှိသည်ကို သင်တို့သည်တွေ့လိမ့်မည်။ မြည်းကြိုး ကိုဖြည်၍ဆောင်ခဲ့ကြ။ ၃၁ သူတပါးက အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထား တော်မူ၏။ ၃၂ ထိုသို့စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်းတွေ့ကြ၏။ ၃၃ မြည်းကြိုးကိုဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုး ကိုဖြည်သနည်းဟု ဆိုလျှင်၊ ၃၄ သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့၍၊ ၃၅ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ၃၆ ခရီးသွား တော်မူစဉ်တွင် လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ ၃၇ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော် များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောပနာပြု၍၊ ၃၈ ထာဝရဘုရား၏အခွင့်နှင့် ကြွလာ တော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း ဟုကြွေးကြော်ကြ၏။ ၃၉ လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊ ၄၀ ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်လိမ့်မည်ဟု မိန့်တော်မူ၏။ ၄၁ ယေရုရှလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျှက် ငိုကြွေးတော်မူ၍၊ ၄၂ အချင်းမြို့၊ သင်၏ငြိမ် သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာ တို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။ ၄၃ အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ မမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်ရံလျက် ချုပ်ထားပြီးလျှင်၊ ၄၄ သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလ သည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၄၅ ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊ ၄၆ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌လာသော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီ တကားဟု မိန့်တော်မူ၏။ ၄၇ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊ ၄၈ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။ Chapter 20 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၀၁ တနေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမသြဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊၂ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကိုင်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကိုင်း၊ အကျွန်ုပ်တို့အား ပြောပါဟုဆိုကြသော်၊ ၃ ကိုယ်တော်က၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ၄ ယောဟန်၏ ဗတ္တိဇံ တရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ၅ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကိုအဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ ၆ ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ ၇ အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြန်ပြောကြ၏။ ၈ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့်ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ ၉ ထိုအခါ ပရိတ်သတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ကြာမြင့်စွာ သွားနေ၏။ ၁၀ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည်၊ စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် ငယ်သားကိုစေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကို ရိုက်၍လက်ချည်းလွှတ်လိုက်ကြ၏။ ၁၁ နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ ၁၂ နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာ ပေါ်အောင်နာကျင်စွာရိုက်၍ နှင်ထုတ်ကြ၏။ ၁၃ ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ ချစ်သားကိုငါစေလွှတ်မည်။ ထိုသူတို့သည် ငါ့သားကိုမြင်လျှင် အားနာကောင်း အားနာကြလိမ့်မည်ဟု ဆို၏။ ၁၄ ဥယျာဉ်စောင့်တို့သည်သားကိုမြင်လျှင်၊ ဤသူသည်အမွေခံဖြစ်၏။ လာကြ။ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကိုငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊ ၁၅ ဥယျာဉ်ရှင်၏ သားကို ဥယျာဉ်ပြင်သို့ထုတ်၍သတ်ပစ်ကြ၏။ သို့ဖြစ်လျှင်ဥယျာဉ်ရှင်သည် ဥယျာဉ်စောင့်တို့ကို အဘယ်သို့ပြု မည်နည်း။ ၁၆ ဥယျာဉ်ရှင်သည်လာ၍ ထိုသူတို့ကိုသုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသော သူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့် ဟုလျှောက်ကြသော်၊ ၁၇ ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏ ဟူသောကျမ်း စာချက်သည် အဘယ်သို့ ဆိုလိုသနည်း။ ၁၈ အကြင်သူသည် ထိုကျောက်ပေါ်သို့ကျ၏။ ထိုသူသည်ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည်ကျ၏။ ထိုသူသည်ညက်ညက်ကြေလတံ့ ဟု မိန့်တော်မူ၏။ ၁၉ ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြော တော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူအများကို ကြောက်၍ နေရကြ၏။ ၂၀ ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက် စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသော အခွင့်ကိုရခြင်းငှါ၊ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။ ၂၁ ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကိုမထောက်ဘဲ ဖြောင့်မတ်စွာဆုံးမသြဝါဒ ပေး၍၊ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ၂၂ အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော။ မဆက်အပ်သလော ဟုမေးလျှောက်ကြ၏။ ၂၃ ကိုယ်တော်သည် ထိုသူတို့၏ ပရိယယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။ ၂၄ ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏ လိပ်စာပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါ ပါသည်ဟု လျှောက်ကြသော်၊ ၂၅ ကိုယ်တော်က၊ ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အားဆက်ပေး ကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား၊ ဘုရားသခင်အားဆက်ပေးကြလော့ ဟု မိန့်တော်မူ၏။ ၂၆ ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသောစကားကို အံ့သြ၍ တိတ်ဆိတ်စွာနေကြ၏။ ၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊ ၂၈ အရှင်ဘုရား၊ မယားရှိသာသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။ ၂၉ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊ ၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန် လေ၏။ ၃၁ ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကိုမကျန်ရစ်စေဘဲသေကြ၏။ ၃၂ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။ ၃၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက် တို့သည် ထိုမိန်းမနှင့်စုံဘက်ကြပြီဟု လျှောက်ကြ၏။ ၃၄ ယေရှုကလည်း၊ ယခုဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ ၃၅ နောင်ဘဝကိုင်း၊ သေခြင်းမှထမြောက်ခြင်းကိုင်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရသောသူတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။ ၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏ သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။ ၃၇ ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ခေါ်ဝေါ် သောအခါ သေလွန် သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲပြီ။ ၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။ ၃၉ ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။ ၄၀ နောက်တဖန် အလျင်းမမေးမလျှောက်ဝံ့ကြ။ ၄၁ ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။ ၄၂ ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ ၄၃ ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။ ၄၄ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ၄၅ ပရိသတ်များနားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ ၄၆ ကျမ်းပြုဆရာ တို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါ အလိုရှိကြ၏။ ဈေး၌ရို သေစွာနှုတ်ဆက် ခြင်းကိုင်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကိုင်း နှစ်သက်ကြ၏။ ၄၇ သူတို့သည် မုဆိုးမ အိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြလတံ့ဟု မိန့်တော်မူ၏။ Chapter 21 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁၁ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကိုမြင်တော်မူ၏။၂ ဆင်းရဲသောမုဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါး နှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊ ၃ ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြား သူအပေါင်းတို့ထက်သာ၍ သွင်းချပြီ။ ၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော် စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်း ရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ ၅ လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်င်း၊ ပူဇော်သက္ကာများ နှင့်င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊ ၆ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၇ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလ လည်းရောက်လာပြီဟု ဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ ၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။ ၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ ၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။ ၁၂ ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှင်းဆဲ၍ တရားစရပ်၌င်း၊ ထောင်ထဲ၌င်း အပ်နှံကြလိမ့် မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။ ၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသော အခွင့်ရှိကြလိမ့်မည်။ ၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွကမဆင်ခြင်ခြင်းငှါ သတိထားကြလော့။ ၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။ ၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။ ၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ ၁၈ သို့သော် လည်း သင်တို့ဆံခြည်တပင်မျှ မပျက်ဆီးရ။ ၁၉ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်း သို့ရောက် ကြလော့။ ၂၀ ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။ ၂၁ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။ ၂၂ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။ ၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့် မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒလူမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။ ၂၄ သူတို့သည် ထားဘေးဖြင့်ပျက်ဆီးခြင်း သို့ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင် ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။ ၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ ၂၉ တဖန် ထပ်၍ မိန့်တော်မူသောဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။ ၃၀ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။ ၃၁ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကို မြင်ရလျှင်၊ သခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။ ၃၂ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၃ ကောင်းကင်နှင့်မြေကြီး မတည်သော် ၃၄ လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ၃၅ ထိုနေ့ရက် သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မ်ည်။ ၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။ ၃၇ ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူ၏။ ညအချိန်ရောက် လျှင် သံလွင်အမည်ရှိသော တောင်သို့သွား၍ ညဥ့်ကိုလွန်စေတော်မူ၏။ ၃၈ နံနက်စောစော လူများ အပေါင်းတို့သည် ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကိုနားထောင်ကြ၏။ Chapter 22 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၂၁ ပသခါအမည်ရှိသောအဇုမပွဲခံခါနီးတွင်၊၂ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံကြ၏။ အဘယ်ကြောင့် ရှာကြံရကြသနည်းဟူမူကား၊ လူများ တို့ကို ကြောက်ကြ၏။ ၃ ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ ဝင်သည် ဖြစ်၍၊ ၄ ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။ ၅ ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ၆ ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကိုအပ်ခြင်းငှါ အစဉ်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏။ ၇ ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊ ၈ ကိုယ်တော်က၊ ငါတို့စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကိုပြင်ဆင်ကြလော့ဟု ပေတရုနှင့်ယောဟန်ကို စေလွှတ်တော် မူ၏။ ၉ သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှာက်ကြသော်၊ ၁၀ ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ၁၁ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။ ၁၂ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့် မည်။ ထိုအခန်း၌ပြင်ဆင်ကြလော့ ဟုမိန်တော်မူ၏။ ၁၃ တပည့်တော်တို့သည် သွား၍စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကိုပြင်ဆင်ကြ၏။ ၁၄ အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူစားပွဲ၌ လျောင်းတော်မူ၍၊ ၁၅ ငါသည်အသေ မခံမှီ ဤပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှါ အလွန်အလိုရှိလေပြီ။ ၁၆ ငါဆိုသည်ကား၊ ဘုရာသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စှံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကိုတဖန် ငါမစားရဟု မိန့်တော်မူလျက်၊ ၁၇ ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့။ ၁၈ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင်ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ ၁၉ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော် ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့အလို ငှါစွန့်သောငါ၏ ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့မိန့်တော်မူ၏။ ၂၀ ထိုနည်းတူညစာစား ပြီးမှခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သောပဋိညာဉ် တရားသစ်ဖြစ်၏။ ၂၁ သို့သော်လည်းငါ့ကို အပ်နှံသောသူ၏ လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။ ၂၂ ခွဲခန့်မှတ်သားတော်မူသည်အတိုင်းလူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ ဟုမိန့်တော်မူ၏။ ၂၃ တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်းမေးမြန်းကြ၏။ ၂၄ ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊ ၂၅ ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။ ၂၆ သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။ ၂၇ အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်းငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။ ၂၈ ငါသည်စုံးစမ်းနှေင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည်ငါ၌ မှီဝဲသောသူဖြစ်ရာ၏။ ၂၉ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကို ပေးတော် မူသည်နှင့်အညီ၊ ၃၀ သင်တို့သည်ငါ၏ နိုင်ငံတွင်ငါ့စားပွဲ၌ စားသောက်သောအခွင့်ကိုင်း၊ တရားပလ္လင်ပေါ် မှာထိုင်၍ ဣသရေလလူ တဆယ်နှစ်မျိုး ကိုအုပ်စိုးရသောအခွင့်ကိုင်း၊ ငါသည်သင်တို့အားပေးမည်ဟု မိန့်တော်မူ၏။ ၃၁ တဖန်သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကိုဆန်ခါနှင့် ချသကဲ့သို့စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည် ဖြစ်၍၊ ၃၂ သင်၏ ယုံကြည်သောစိတ်မပျက်စေခြင်းငှါငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါသင်၏ ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊ ၃၃ ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူထောင်ထဲသို့င်း၊ အသေသတ် ခြင်းကိုင်းလိုက်ခြင်းငှါအသင့်ရှိပါ၏ ဟု လျှောက်လေသော်၊ ၃၄ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင်ကြက်မတွန်မှီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၅ တဖန် မိန့်တော်မူသည်ကား၊ အထက်ကငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲသွားကြလော့ ဟုသင်တို့ကို ငါစေလွှတ်သောအခါ တစုံအခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှမလိုပါဟု လျှောက်ကြသော်၊ ၃၆ ယခုမူကားငွေအိတ် ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသော သူသည်ယူစေ။ ထားမရှိသောသူသည် အဝတ်ကိုရောင်း၍ထားကိုဝယ်စေ။ ၃၇ အကြောင်းမူကား၊ ထိုသူသည်မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်၏ ဟူသောကျမ်းစာချက်သည် ငါ၌ယခုပင်ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်း သို့ရောက်ကြပြီဟု မိန့်တော်မူ၏။ ၃၈ ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်း ရှိပါ၏ ဟုလျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။ ၃၉ ထိုနောက်အလေ့တော်ရှိသည်အတိုင်းသံလွင်တောင်သို့ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော် သို့လိုက် ကြ၏။ ၄၀ ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည်စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်းဆုတောင်းကြလော့ ဟုမိန့်တော်မူပြီးမှ၊ ၄၁ တပည့်တော်တို့နှင့် ကျောက်ခဲတပစ် လောက်ခွါသွား၍ ဒူးထောက်လျက်၊ ၄၂ အိုအဘ၊ အလိုတော်ရှိလျှင်ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း မဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။ ၄၃ ထိုအခါကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားအပေးရ၏။ ၄၄ ပြင်းစွာသော ဝေဒနာကိုခံလျက်အထူးသဖြင့် ကြိုးစား၍ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။ ၄၅ ထိုသို့ဆုတောင်းပြီးမှ၊ ယေရှုသည် ထ၍တပည့်တော်တို့ရှိရာ သို့ပြန်သောအခါ၊ သူတို့သည်ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက်နေကြသည် ကိုတွေ့တော်မူလျှင်၊ ၄၆ သင်တို့သည် အဘယ်ကြောင့်အိပ်ပျော်ကြသနည်း။ ထကြ။ စုံးစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။ ၄၇ ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်း တို့ကိုလမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှါချဉ်းကပ်လေ၏။ ၄၈ ယေရှုကလည်း၊ ယုဒါသင်သည် နမ်းခြင်းကို ပြုလျက်လူသားကိုအပ်သလောဟု မေးတော်မူ၏။ ၄၉ ယေရှုနှင့် အတူပါသောသူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊ ၅၀ တယောက်သည်ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ၅၁ ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လတ်တော်နှင့် တို့သဖြင့် အနာကိုပျောက် စေတော်မူ၏။ ၅၂ ထိုအခါ အထံတော်သို့ရောက်လာသောယဇ်ပုရောဟိတ် အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့အားယေရှုက၊ သင်တို့သည်ထားပြကိုဘမ်းသကဲ့သို့ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များ ကိုလက်စွဲလျက် လာကြသည်တကား။ ၅၃ ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူရှိနေစဉ် အခါသင်တို့သည် ငါ့ကိုမဘမ်းမဆီးကြ။ သို့သော်လည်းယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်း ဖြစ်၏ ဟု မိန့်တော်မူ၏။ ၅၄ ထိုသူတို့သည် ကိုယ်တော်ကိုဘမ်းဆီး၍ယဇ်ပုရောဟိတ်မင်း၏ အိမ်သို့ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့်ဝေးစွာ လိုက်လေ၏။ ၅၅ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည်စုဝေး ၍ထိုင်ကြလျှင်၊ ပေတရုသည် လည်း သူတို့အထဲ၌ထိုင်နေ၏။ ၅၆ ထိုသို့ပေတရုသည်မီးအနားမှာထိုင်နေ သည်ကိုအစေအပါ မိန်းမတယောက်သည် မြင်လျှင်၊ သူ့ကိုစေ့စေ့ကြည့်၍၊ ဤသူသည်ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည် ဟုဆိုသော်၊ ၅၇ ပေတရုက၊ အချင်း မိန်းမ၊ ထိုသူကိုငါမသိဟု ငြင်းလေ၏။ ၅၈ ထိုနောက်များမကြာအခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟု ဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည်သူတို့အဝင် မဟုတ်ဟု ဆို၏။ ၅၉ တဖန် တနာရီ လောက်ကြာပြီးမှ၊ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့်ပေါင်းဘော်သောသူဖြစ်၏။ ဂါလိလဲလူ လည်းဖြစ်၏ ဟု ခိုင်မာစွာဆိုလျှင်၊ ၆၀ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကိုငါမသိဟုဆို၏၊ ထိုစကားကို ပြောသောခဏခြင်းတွင် ကြက်တွန်လေ၏။ ၆၁ ထိုအခါသခင်ဘုရားသည် လှည့်၍ ပေတရုကိုကြည့်တော်မူ၏။ ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင်င့ါကိုငြင်းပယ်လိမ့်မည် ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊ ၆၂ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။ ၆၃ ယေရှုကိုကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကိုပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။ ၆၄ မျက်နှာတော် ကိုဖုံးပြီး လျှင် လက်နှင့် ပုတ်လျက်၊ ကိုယ်တော်ကိုအဘယ် သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ ၆၅ အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကိုကဲ့ရဲ့၍ ပြောဆိုကြသေး၏။ ၆၆ မိုဃ်းလင်းသောအခါလူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ တို့သည် စည်းဝေး၍ ကိုယ်တော်ကိုလွှတ်တော်သို့ဆောင်သွားပြီးလျှင်၊ ၆၇ သင်သည်ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည်မယုံ။ ၆၈ ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကိုမလွှတ်ဘဲ နေကြလိမ့်မည်။ ၆၉ နောက်၌လူသားသည် ဘုရားသခင်၏တန်ခိုး တော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊ ၇၀ ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍သင်သည် ဘုရားသခင်၏သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။ ၇၁ ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကိုငါတို့ကိုယ်တိုင်ကြားရပြီဟု ဆိုကြ၏။ Chapter 23 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၃၁ ထိုအခါမင်းအရာရှိ အပေါင်းတို့သည် ထ၍ကိုယ်တော်ကိုပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊၂ ဤသူသည် ပြည်သူပြည်သားများကိုလှည့်ဖြား၍၊ မိမိသည်ခရစ်တော်တည်း ဟူသောရှင်ဘုရင်ဖြစ်ကြောင်း ကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။ ၃ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ ၄ ပိလတ်မင်းက၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟုယဇ်ပုရောဟိတ်အကြီး တို့နှင့် လူအပေါင်းတို့အားပြောဆိုလျှင်၊ ၅ ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမသြဝါဒပေး၍ လူများကိုနှိုး ဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ ၆ ပိလတ်မင်းသည်ဂါလိလဲဟူ သောစကားကိုကြားလျှင်၊ ထိုသူသည်ဂါလိလဲလူဖြစ်သလော ဟုမေးမြန်း၍၊ ၇ ဟေရုဒ်မင်းပိုင်သောသူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ပို့စေ၏။ ထိုအခါဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။ ၈ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်းတော်များ ကိုကြား၍ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစုံတခုကိုမြင် ရမည်ဟု မြော်လင့်လျက်နေ၏။ ၉ ထိုအခါဟေရုဒ်မင်း သည်ကိုယ်တော်ကို များစွာ မေးမြန်းသော်လည်း အဘယ်စကား ကိုမျှပြန်တော်မမူ။ ၁၀ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာ တို့သည် ထ၍ပြင်းထန်စွာ အပြစ်တင်ကြ၏။ ၁၁ ဟေရုဒ်မင်းသည်စစ်သူရဲ တို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲပြက်ယယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ပို့ပြန်စေ၏။ ၁၂ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်ကရန်ဘက်ဖြစ်ကြသတည်း။ ၁၃ တဖန်ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊ ၁၄ ပြည်သူပြည် သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကိုသင်တို့သည် ငါ့ထံသို့ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြော သော်လည်း၊ သင်တို့တင်သော အပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။ ၁၅ ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ငါပို့ စေပြီ။ ဤသူသည် အသေသတ်ခြင်းကိုခံထိုက်သောအမှုတစုံတခု ကိုမျှမပြု။ ၁၆ ထိုကြောင့်သူ့ကိုငါဆုံးမ၍လွှတ် မည်ဟုဆိုလေ၏။ ၁၇ ထိုပွဲ၌လူများတို့အားတစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။ ၁၈ လူအပေါင်းတို့က၊ ထိုသူကိုထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကိုလွှတ်ပါ လော့ဟု တညီတညွတ်တည်းဟစ်ကြော်ကြ၏။ ၁၉ ထိုဗာရဗ္ဗကား၊ မြို့၌ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့်ထောင်ထဲ၌ လှောင်ထားသောသူဖြစ်သတည်း။ ၂၀ ပိလတ်မင်းသည် ယေရှုကိုလွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။ ၂၁ သူတို့က လည်း၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ၂၂ ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ် ကိုပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ငါမတွေ့။ ထိုကြောင့်သူ့ကို ငါဆုံးမ၍လွှတ်မည်ဟု သုံးကြိမ်မြောက် အောင်ဆိုလျှင်၊ ၂၃ လူများတို့သည် ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသော အသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ် အကြီးတို့၏ အသံသည် နိုင်လေ၏။ ၂၄ ပိလတ်မင်းသည် လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်း ငှါစီရင်၍၊ ၂၅ ပုန်ကုန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်း အပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကိုသူတို့အလိုသို့အပ်လိုက် လေ၏။ ၂၆ ကိုယ်တော်ကိုထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာ မှ လာသည်ကိုသူ့တို့သည် တွေ့လျှင်၊ ဘမ်းဆီး၍ယေရှုနောက်တော်၌လက်ဝါးကပ်တိုင်တော်ကို ထမ်းစေ ကြ၏။ ၂၇ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့်ငိုကြွေးမြည်းတမ်းသောမိန်းမ အချို့ပါ၏။ ၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများ ကြောင့်ငိုကြွေးကြလော့။ ၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓြွ မယူဘူးသော ဝမ်းနှင့်သူငယ် မစို့ဘူးသောသားမြတ်သည် မင်္ဂလာရှိ၏ ဟု ပြောရသော နေ့ရက်ကာလရောက်လိမ့်မည်။ ၃၀ ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကိုဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။ ၃၁ အကြောင်းမူကား၊ စိမ်းသောအပင်ကိုဤ သို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။ ၃၂ ထိုအခါကိုယ်တော်နှင့် အတူလူဆိုးနှစ်ယောက်တို့ကို လည်းသတ်အံ့သောငှါ ထုတ်သွားကြ၏။ ၃၃ ကရာနိအမည်ရှိသော အရပ်သို့ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွထိုလူဆိုးတို့ကို လက်ျာ တော်ဘက် ၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။ ၃၄ ယေရှုက လည်း၊ အိုအဘ၊ သူ့တို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကို လည်းစာရေးတံချ၍ ဝေဖန်ကြ၏။ ၃၅ လူများတို့သည်လည်းကြည့်ရှု လျက်ရပ်နေကြ၏။ ထိုသူတို့နှင့် အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတပါးတို့ကိုကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသောဘုရားသခင် ရွေးချယ်တော်မူသောသူ မှန်လျှင်ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။ ၃၆ စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကိုကပ်ပေးလျက်၊ ၃၇ သင်သည် ယုဒရှင်ဘုရင် မှန်လျှင်ကိုယ်ကို ကယ်တင်လော့ ဟူ၍ ပြက်ယယ်ပြုလျှက်ဆိုကြ၏။ ၃၈ ခေါင်းတော်ပေါ်မှာ တပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ၃၉ ဆွဲထားသောလူဆိုးနှစ်ယောက်တွင်တယောက်က၊ သင်သည်ခရစ်တော်မှန်လျှင် ကိုယ်ကိုင်း၊ ငါတို့ကိုင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။ ၄၀ တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည်ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင်ဘုရားသခင်ကို မကြောက်သလော။ ၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရ သည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကားအဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ ၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။ ၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။ ၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက် အတိဖြစ်လေ၏။ ၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည်နှစ်ဖြာ ကွဲလေ၏။ ၄၆ ယေရှုသည်လည်းကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။ ၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟု ဆို၍ဘုရားသခင်ကို ချီးမွမ်းလေ၏။ ၄၈ ထိုအမှုကို အကြည့်အရှု လာသောသူအပေါင်းတို့သည် ထိုအခြင်း အရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။ ၄၉ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုတော်ကိုသိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့် ရှု၍ ရပ်နေကြ၏။ ၅၀ ထိုအခါ ယုဒပြည် အရိမသဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သောအလွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊ ၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်း သူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊ ၅၂ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။ ၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ၅၄ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။ ၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကိုင်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကိုင်း အကြည့်အရှု လိုက်လာကြ၏။ ၅၆ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ Chapter 24 ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄၁ ခုနှစ်ရက်တွင်ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သော နံ့သာမျိုးကိုဆောင်လျက်သင်္ချိုင်းတော်သို့သွားကြ၏။၂ ရောက်သောအခါ၊ တွင်းဝ၌ပိတ်သော ကျောက်သည်လိမ့်လန်လျက်ရှိသည်ကိုတွေ့မြင်၍ အတွင်းသို့ဝင်သော်၊ ၃ သခင်ယေရှု၏ အလောင်းတော်ကိုမတွေ့ကြ။ ၄ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသော စိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏။ ၅ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့်ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း။ ၆-၇ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံ့ခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ကိုခံရမည်၊ သုံးရက်မြောက် သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အားမိန့်တော်မူသော စကားကို အောက်မေ့ကြဦး ဟု ဆိုကြသည်ရှိသော်၊ ၈ ထိုမိန်းမတို့သည် စကားတော်ကိုသတိရ၍၊ ၉ သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာ အလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ကြွင်းသော တပည့်တော်အပေါင်း တို့အား ပြန်ကြားကြ၏။ ၁၀ ထိုအကြောင်းအရာကိုတမန်တော် တို့အားပြောသောသူကား၊ မာဂဒလမာရိ၊ သောဟန္န၊ ယာကုပ်၏ အမိဖြစ်သော မာရိမှစ၍ အခြားသောမိန်းမများဖြစ်သတည်း။ ၁၁ သူတို့၏စကားကိုဒဏ္ဍာရီစကား ကဲ့သို့ ထင်မှတ်၍ တဖန်တော်တို့သည် မယုံကြ။ ၁၂ သို့သော်လည်း ပေတရုသည် ထ၍သင်္ချိုင်းတော် သို့ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည် ကိုမြင်လျှင်၊ ထိုအကြောင်းအရာကို အံ့သြ၍ မိမိအိမ်သို့ပြန်သွား၏။ ၁၃ ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည် ရှိသောရွာသို့ ထိုနေ့၌သွားကြစဉ်တွင်၊ ၁၄ ဖြစ်ခဲ့ပြီးသောအကြောင်း အရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွှေးပြော ဆိုကြ၏။ ၁၅ ထိုသို့ဆွေးနွှေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့် အတူကြွတော်မူ၏။ ၁၆ ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကိုမသိကြ။ ၁၇ ကိုယ်တော် ကလည်း၊ သင်တို့သည်ခရီးသွားလျက် အချင်းချင်း ဆွေးနွှေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့်မျက်နှာညိ‡ုးငယ်ကြသနည်းဟု မေးတော်မူ လျှင်၊ ၁၈ သူတို့တွင် ကလောဖ အမည်ရှိသောသူက၊ သင်သည်ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင့်အရာတို့ကို မသိသလောဟု ပြောဆို၏။ ၁၉ ကိုယ်တော်ကလည်း၊ အဘယ်အကြောင်း အရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်း တို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသောပရောဖက်ဖြစ်၏။ ၂၀ ထိုသူကိုယဇ် ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါအပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။ ၂၁ ထိုသူသည်ဣသရေလအမျိုးကိုရွေးနှုတ်အံ့သောသူဖြစ်သည် ဟုငါတို့သည်အထက်က မြော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ ၂၂ ငါတို့၏အပေါင်းအဘော်မိန်းမအချို့ တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊ ၂၃ အလောင်းတော်ကိုမတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူ သည်ဟု ပြောသောကောင်းကင်တမန်ထင်ရှားရာ ရူပါရုံကို မိမိမြင်ကြောင်းကို ပြန်လာ၍ပြောဆိုသဖြင့်၊ ငါတို့သည်မိန်းမောတွေ ဝေခြင်းရှိကြ၏။ ၂၄ ထိုအခါငါတို့တွင် အချို့သော သူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကိုမမြင်ရဟု ပြောဆိုကြ၏။ ၂၅ ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင်ဥာဏ်မရှိ၊ စိတ်ခိုင်မာ သောသူ တို့၊ ၂၆ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ၂၇ ထိုအခါမောရှေ၏ ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထား သမျှသောကျမ်းစာချက် အနက်ကို ရှင်းလင်းစွာဘော်ပြတော်မူ၏။ ၂၈ ထိုတပည့်တော်တို့သည် သွားသော ရွာအနီး သို့ရောက်သောအခါ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သောအခြင်းအရာကို ပြတော်မူလျှင်၊ ၂၉ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည် ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေး ဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။ ၃၀ စားပွဲ၌ သူတို့နှင့်အတူလျောင်း တော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အားပေးတော်မူသည်တွင်၊ ၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍။ ၃၂ တပည့်တော်တို့ ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ ၃၃ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရှုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကိုတွေ့ကြ၏။ ၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊ ၃၅ ထိုတပည့် တော် နှစ်ယောက် တို့သည် လမ်း၌ဖြစ်သောအကြောင်းအရာကိုင်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကိုင်း၊ ပြန်ကြားကြ၏။ ၃၆ ထိုသို့ အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏၊ ၃၇ တပည့်တော်တို့သည် တစ္ဆြေွကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြ သနည်း။ အဘယ် ကြောင့်အထူးထူး အထွေထွေသော စိတ်ရှိကြသနည်း။ ၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆြေွမည်သည်ကား ဤကဲ့သိုမပြည့်စုံဟု မိန့်တော်မူလျှက်၊ ၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ၄၁ ထိုသူတို့သည် အံ့သြ၍ ဝမ်းမြောက်သော အားဖြင် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ၄၂ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ ၄၄ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌င်း၊ ပရောဖက်တို့၏ကျမ်းစာ၌င်း၊ ဆာလံ ကျမ်းစာ၌င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။ ၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကို ဖွင့်တော်မူလျှင်၊ ၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။ ၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ ၄၈ သင်တို့သည်လည်း ဤအကြောင်း အရာတို့၏ သက်သေဖြစ်ကြ၏။ ၄၉ ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။ ၅၀ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တ်ာကိုချီ၍ ကောင်းကြီးပေးတော်မူ၏။ ၅၁ ထိုသို့ကောင်းကြီးပေးတော်မူစဉ်တွင် တပည့်တော်တို့နှင့်ခွာ၍ ကောင်း ကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ ၅၂ တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ် ပြီးမှ အလွန်ဝမ်း မမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ပြန်သွားကြ၏။ ၅၃ ဘုရားသခင်ကို အံ့သြချီးမွမ်း လျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။ |