2 Timothy Burmese Bible

you will need the zawgyi-one font >> HERE <<



တိမောသေသြဝါဒစာဒုတိယစောင်


တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁

၁ ယေရှုခရစ်၌ တည်သောအသက်ကိုပေးမည်ဟု ဂတိတော်နှင့်အညီ၊ ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကိုကြားလိုက်ပါ၏။

၂ ငါတို့သခင်ယေရှုခရစ် နှင့် ခမည်းတော်ဘုရားသခင့် အထံတော်ကကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။

၃-၅ သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ သင့်ကိုတွေ့မြင်ခြင်း ငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့်င်း၊ သင်၏အဘွားလောဣ၊ အမိဥနိတ်၌အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့် င်း၊ နေ့ညဥ့်မပြတ်ဆုတောင်းပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ်အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ် သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော် ကိုငါ ချီးမွမ်း၏။

၆ ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ဘုရားသခင်ပေးတော်မူသော ဆုကိုနှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကိုသတိပေး၏။

၇ အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကိုငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။

၈ ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကိုင်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကိုင်း ရှက်ကြောက်ခြင်းမရှိနှင်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။

၉ ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ် ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ၊ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်း၊ သောအရာ၌ခေါ်သွင်းတော်မူ၏။

၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။

၁၁ ထိုတရားကိုဟောပြောသော သူအရာ၌င်း၊ တမန်တော်အရာ၌င်း၊ တပါးအမျိုးသား တို့၏ ဆရာအရာ၌င်း၊ ငါ့ကိုခန့်ထားတော်မူပြီ။

၁၂ ထိုအကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကိုငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထား သောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင်နိုင်တော်မူသည် ဟုငါသဘောကျ၏။

၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရားစကားအချုပ်အခြာကို၊ ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။

၁၄ သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်စောင့်ရှောက်လော့။

၁၅ အာရှိပြည်၌နေသောသူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု၊ သင်သည်ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလု နှင့် ဟေရမောဂင်ပါသတည်း။

၁၆ ထာဝရဘုရား၏ ကရုဏာတော်သည် သြနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည်ငါ့ကိုအဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည်ရှက်ကြောက်ခြင်းမရှိဘဲ၊

၁၇ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။ ၁၈ သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏ လက်မှ ကရုဏာတော်ကိုခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည်ဧဖက်မြို့၌လည်း ငါ့ကိုအဘယ်မျှလောက် ပြုစုသည်ကိုသင်သည် အမှန်သိ၏။



Chapter 2

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၂

၁ ငါ့သား၊ သင်သည်ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။

၂ သက်သေအများရှိသည် နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကိုသွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့။

၃ ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့။

၎ စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကိုနှစ်သက်စေခြင်းငှါ၊ လောကီမှုရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။

၅ ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ် ကိုမရ။

၆ လယ်လုပ်သောသူသည်လည်း အရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။

၇ ငါ့စကားကိုဆင်ခြင်လော့။ ထာဝရ ဘုရားသည် အရာရာတို့၌ ဥာဏ်ကိုသင့်အား ပေးသနားတော်မူပါစေသော။

၈ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသော ဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှထမြောက်တော် မူသည်ဟု အောက်မေ့လော့။

၉ ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။

၁၀ ထိုကြောင့် ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့် သောငှါ၊ သူတို့အဘို့အရာရာကိုငါသည်းခံရ၏။

၁၁ သစ္စာစကားဟူမူကား၊ ထိုသခင်နှင့် အတူသေလျှင်၊ အတူရှင်လိမ့်မည်။

၁၂ သည်းခံလျှင်၊ ထိုသခင်နှင့် အတူစိုးစံလိမ့်မည်။ ထိုသခင်ကိုငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကိုငြင်းပယ်တော်မူ လိမ့်မည်။

၁၃ ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည် သဖြင့် ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။

၁၄ ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာ သော သူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရား ရှေ့၌ သစ္စာပေးလော့။

၁၅ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရား ကိုမှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။

၁၆ တရားမဲ့ဖြစ်သော အချည်နှီးစကားကိုရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသောအမှုတို့ကို ပွါးများစေလိမ့်မည်။

၁၇ သူတို့၏စကားသည်ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။

၁၈ သူတို့က၊သေလွန်သောသူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကိုမှောက်လှန်တတ်ကြ၏။

၁၉ သို့သော်လည်း၊၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူ မည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ် သည် ခိုင်ခံ့၍တည်၏။

၂၀ ကြီးစွာသော အိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာရှိသည်မဟုတ်။ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသောတန်ဆာရှိ၏။

၂၁ သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသော အကျင့်တို့ကိုပယ်၍၊ မိမိကိုစင်ကြယ်စေသောသူမည် သည်ကား၊ အသရေရှိသော တန်ဆာ၊ သန့်ရှင်း၍အိမ်ရှင် သုံးစရာကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာဖြစ်လိမ့်မည်။

၂၂ လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းတို့ကိုမှီအောင်လိုက်လော့။

၂၃ မိုက်မဲ၍ပညာကင်းသောပုစ္ဆြွာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။

၂၄ သခင်ဘုရား၏ ကျွန်သည်ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာပြုသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။

၂၅ ဆီးတား ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။ သမ္မာတရားကိုဝန်ခံခြင်း အလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊

၂၆ မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ရောက်ကောင်းရောက်ကြလိမ့်မည်။



Chapter 3

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃

၁ နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊

၂ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊

၃ ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊

၎ သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊

၅ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။

၆ ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသော လောဘကိလေသာသွေး ဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သောမိန်းမမိုက် တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။

၇ ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင် ဆောင်သောသူဖြစ်ကြ၏။

၈ ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲခြင်းသည်လည်းထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။

၉ ငါဆုံးမသြဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုင်း၊ သင်သည်ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကိုငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။

၁၀ ယေရှုခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရ ကြလိမ့်မည်။

၁၁ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကိုင်း၊ ကိုယ်ကိုင်း လှည့်ဖြား၍ဆိုးညစ်ခြင်း ၌တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။

၁၂ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုင်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။

၁၃ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

၁၄ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။



Chapter 4

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၎

၁ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကိုစစ် ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာင်း၊ ဘုရားသခင့်ရှေ့မှာင်း၊ ငါသည်သင့်ကိုသစ္စာပေးသည်ကား၊

၂ နှုတ်ကပတ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင် လော့။

၃ အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။

၎ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။

၅ သင်မူကား၊ အရာရာ၌ သမ္မာသတိ ရှိစေလော့။ ဆင်းရဲဒုက္ခ ကိုသည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ပြု ရသောဝတ်များကိုအကုန်အစင်ပြုလော့။

၆ အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန်ရောက်လေပြီ။

၇ ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။

၈ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌ လည်းအပ်ပေးတော်မူမည်။

၉-၁၀ ငါ့ထံသို့မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား၊ ဒေမသည် ယခုဘဝကိုနှစ်သက်သော စိတ်ရှိ သည်နှင့် ငါ့ကိုစွန်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။ ကရက္ကေသည် ဂလာတိပြည်သို့င်း၊ တိတုသည် ဒါလမာ တိပြည်သို့င်းသွားပြီ။

၁၁ လုကာတယောက်တည်းသားငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့်အတူ ခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။

၁၂ တုခိတ်ကိုလည်းဧဖက်မြို့သို့ စေလွှတ်ပြီ။

၁၃ တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကိုင်း၊ စာစောင်ကိုင်း၊ အထူးသဖြင့်သားရေစာကိုင်း၊ သင်သည်လာသော အခါယူခဲ့လော့။

၁၄ ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသောအမှုများကိုပြုလောပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကိုသခင်ဘုရားဆပ်ပေးတော်မူပါစေသော။

၁၅ သူ့ကိုသတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းလေပြီ။

၁၆ ပဌမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ငါသည်အစီရင်ခံရသောအခါ၊ ငါ့ဘက်၌အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကိုစွန်ပစ်ကြ၏။

၁၇ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကိုအကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်း ငှါ၊ သခင်ဘုရားသည်ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကိုငါရ၏။

၁၈ ထိုမျှမက၊ သခင်ဘုရားသည်မကောင်သောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံတော်သို့ တိုင်အောင်မစပို့ ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

၁၉ ပြစ်ကိလနှင့် အာကုလမှစ၍ သြနေသိဖော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။

၂၀ ဧရတ္တုသည် ကောရိသုမြို့၌နေ၏။ တရောဖိမ်သည်နာ၍ မိလက်မြို့၌ ငါထားခဲ့၏။

၂၁ ဆောင်းကာလမရောက်မှီ ကြိုးစား၍လာခဲ့ လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ မှစ၍ ညီအစ်ကိုအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။

၂၂ သခင်ယေရှုခရစ် သည် သင်၏စိတ်ဝိညာဉ်နှင့်အတူ ရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော်ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE