2 Corinthians Burmese Bible

you will need the zawgyi-one font >> HERE <<



ကောရိ န္တု သြဝါဒစာဒုတိယစောင်


ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁

၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ကောရိ န္တု မြို့၌ရှိသောဘုရားသခင်၏ အသင်းတော်မှစ၍၊ အခါယပြည်အရပ်ရပ်တို့၌ ရှိသော သန့်ရှင်းသူအပေါင်း တို့ကို ကြားလိုက်ပါ၏။

၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

၃ သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၎ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။

၅ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော် ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။

၆ သို့ဖြစ်၍ ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်င်း၊ သက်သာခြင်းသို့ရောက် သော်င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်းအကျိုး အလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုကိုခံရသကဲ့သို့ သင်တို့သည်သည်းခံသောစိတ်နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။

၇ သင်တို့အတွက် ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကိုဆက်ဆံကြ၏ ဟု ငါတိုသည်သိကြ၏။

၈ ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ခံရသောဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင် အောင်အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။

၉ ငါတို့သည် မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း သေစေဟု စီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။

၁၀ ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက်ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။

၁၁ သင်တို့သည်ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မြော်လင့်ခြင်းရှိ၏။ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သောဆုကျေးဇူးကို အများသောသူတို့သည် ထောက်၍ငါတို့အတွက် ကျေးဇူးတော်ကိုချီးမွမ်းကြလိမ့်မည်။

၁၂ ငါတို့ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းဟူမူကား၊ လောကီပညာ ကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော် ကို အမှီပြု၍လျစ်လျူသောစိတ်နှင့်င်း၊ ဘုရားသခင်အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်င်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။

၁၃-၁၄ သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊ အခြားသောအရာကို ငါတို့သည်ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သကဲ့သို့ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းဖြစ်ကြသည်ဟု သင်တို့သည် ငါတို့ကို အနည်းငယ်အားဖြင့် ဝန်ခံသည် အတိုင်းအစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။

၁၅ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည် တဖန်ဆုကျေးဇူးတော်ကို ခံရစေခြင်းငှါ ငါသည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။

၁၆ သင်တို့အနားမှာ ရှောက်၍ မာကေဒေါနိပြည်သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင်သင်တို့ပို့ခြင်းကျေးဇူးကိုခံမည်ဟု အကြံရှိ၏။

၁၇ ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သောစိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ ဟူ၍င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။

၁၈ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူ သကဲ့သို့၊ သင်တို့ဆီသို့ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍င်း၊ မဟုတ်မမှန်ဟူ၍င်း မဆိုလို။

၁၉ ငါမှစ၍ သိလွှာနုနှင့် တိမောသေတို့သည် သင်တို့အား ဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ဟူ၍င်း၊ မဟုတ်မမှန်ဟူ၍င်း မဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍သာဆိုလိုသတည်း။

၂၀ ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလို ငှါ၊ ဟုတ်မှန်၏ ဟူ၍င်း၊ အာမင်ဟူ၍င်းဖြစ်သတည်း။

၂၁ သင်တို့နှင့် ငါတို့ကိုခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသောသူကား၊ ဘရားသခင်ဖြစ်သတည်း။

၂၂ ထိုဘုရားသခင်သည်ငါတို့ကို တံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကို သွင်းပေးတော်မူ၏။

၂၃ ငါသည် သင်တို့ကိုသနားသောကြောင့်သာ ယခုတိုင်အောင် ကောရိသုမြို့သို့မလာဟု ငါ့စိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။

၂၄ ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။



Chapter 2

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၂

၁ ထိုမှတပါး၊ ဝမ်းနည်းခြင်းနှင့် တကွသင်တို့ဆီသို့နောက်တဖန်ငါမလာဟု ငါစိတ်ပြဌာန်းခဲ့ပြီ။

၂ အကြောင်းမူ ကား၊ ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင်၊ ထိုသို့ငါဝမ်းနည်းစေသောသူတို့မှတပါး အဘယ်သူသည် ငါ့ကိုဝမ်း မြောက်စေမည်နည်း။

၃ ငါဝမ်းမြောက်ခြင်း၏အကြောင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သည်ကို ငါသဘော ကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကိုဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှါ၊ အထက်စာကို ငါရေး၍ပေးလိုက်၏။

၎ အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သော မေတ္တာစိတ်ကို သင်တို့သိစေခြင်းငှာ ငါရေး၏။

၅ တစုံတယောက်သောသူသည် ဝမ်းနည်းခြင်း အကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သောသူတို့အားဖြင့်သာ ငါ့ကိုဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို။

၆ အများသောသူတို့စီရင်သော ဒဏ်သည် ထိုသူ၏အပြစ်နှင့်တန်ပြီ။

၇ သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်းခြင်းအားကြီးလျက်၊ မိန်းမောတွေဝေခြင်းမရှိစေခြင်းငှါ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှါပြုသင့်၏။

၈ ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။

၉ ထိုမှတပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင် သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်ကရေး၏။

၁၀ အကြင်သူ၏ အပြစ်ကိုသင်တို့သည် လွှတ်၏။ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏။ အကြောင်းမူကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကိုလွှတ်ဘူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏ အခွင့်နှင့် လွှတ်ဘူး၏။

၁၁ သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။

၁၂ ထိုမှတပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကိုဖွင့်တော်မူသောအခါ၊

၁၃ ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့် ပန်ပြီးမှမာကေဒေါနိပြည်သို့ထွက်သွားလေ၏။

၁၄ ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကိုအစဉ်ခံစေခြင်းငှါင်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌နှံ့ပြားစေခြင်းငှါင်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။

၁၅ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည်ကယ်တင်သောသူတို့၌င်း၊ ဆုံးရှုံးသောသူတို့၌င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။

၁၆ ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏ အမွှေးအကြိုင်ဖြစ်ကြ၏။ ကယ်တင်သောသူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူထိုက်တန်သနည်း။

၁၇ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင့် ရှေ့တော်၌ခရစ်တော်၏ တရားကိုဟောပြောကြ၏။



Chapter 3

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၃

၁ ငါတို့သည်တဖန်ကိုယ်ကိုကိုယ်ချီးမွမ်းကြသလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့သူတပါး ပေးစေခြင်းငှါ‚င်း၊ သင်တို့သည်သူတပါးထံသို့ပေးစေခြင်းငှါ၎င်း၊ ငါတို့သည် အချို့သောသူကဲ့သို့အလိုရှိကြသလော။

၂ သင်တို့သည်ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့စာပင်ဖြစ်ကြ သတည်း။

၃ အဘယ်သို့နည်းဟူမူကား၊ သင်တို့သည်မှင်နှင့်ရေးထားသောစာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၄င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲအသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၄င်း၊ ငါတို့ပြုစုသောခရစ်တော်၏ စာထင်ရှားစွာဖြစ်ကြ၏။

၎ ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ထိုသို့သောယုံမှတ်စွဲလမ်းခြင်းရှိ၏။

၅ သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာတတ်နိုင်သည်နှင့် အညီ၊

၆ ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည်အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။

၇ ထိုမှတပါးပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှထွက်သော ရောင်ခြည် ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏ တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊

၈ ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။

၉ အပြစ်စီရင်တတ် သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သောတရားသည် ဘုန်းအာနုဘော်နှင့် သာ၍ကြွယ်ဝပြည့်စုံလိမ့်မည်။

၁၀ နောက်ဖြစ်သောဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသောအရာသည် ဘုန်းကွယ်လျက်ရှိ၏

၁၁ ပယ်ရှင်းရသော အရာသည်ဘုန်းရှိလျှင်၊ တည်နေသောအရာသည် သာ၍ဘုန်းရှိလိမ့်မည်။

၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။

၁၃ ပယ်ရှင်းသောအရာ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်±ှုစေခြင်းငှါ မောရှေသည် မိမိမျက်နှာကိုဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။

၁၄ သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကို ဘတ်ကြသောအခါ အနက်အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းရ၏။

၁၅ ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည်ဖုံးအုပ်လျက်ရှိသေး၏။

၁၆ သို့သော်လည်း သခင်ဘုရား ထံတော်သို့ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်း လိမ့်မည်။

၁၇ သခင်ဘုရားဟု ဆိုသော် ဝိညာဉ်တော်တရားကိုဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော် တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။ ၁၈ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွါး ၍ ပုံသ¿ာန်တော်နှင့် အညီပြောင်းလဲခြင်းရှိရကြ၏။



Chapter 4

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၎

၁ ထိုကြောင့် ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့် အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။

၂ ဆိတ်ကွယ်ရာအရပ်၌ပြုသောရှက်ဘွယ်သောအမှု များကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကိုအတည့်အလင်းဘော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း ချီးမွမ်း ဘွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။

၃ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိ၏။

၎ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။

၅ ငါတို့သည် ကိုယ်အကြောင်း ကိုဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကိုင်း၊ ငါတို့သည် ယေရှုအတွက်သင်တို့၏ ကျွန်ဖြစ်ကြောင်းကိုင်း ဟောပြောကြ၏။

၆ မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်းမိန့်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကိုသိသော ဥာဏ်၏ အရောင် ကိုပေးလိုသောငှါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏။

၇ သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့် မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏။

၈ ငါတို့သည် အမျိုးမျိုးသောနှောင့်ရှက်ခြင်းကို ခံရသော် လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။

၉ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။

၁၀ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်း ကို ငါတို့ကိုယ်ခန္ဓြွာ၌ ထင်ရှားစေခြင်းငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓြွာ၌ဆောင်ရကြ၏။

၁၁ အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏ သေတတ်သောကိုယ်ခန္ဓြွာ၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံ့ခြင်းကိုခံရကြ၏။

၁၂ သို့ဖြစ်၍သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။

၁၃ ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည်သော ကြောင့်မြွက်ဆို၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ငါတို့သည်ယုံကြည်ခြင်းစိတ်ရှိသောကြောင့်မြွက်ဆိုဟောပြောကြ၏။

၁၄ သခင်ယေရှုကိုထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်းထမြောက်စေ၍၊ သင်တို့နှင့် အတူအထံတော်၌သွင်းတော်မူမည်ဟု ငါတို့သိကြ၏။

၁၅ အများသောသူတို့သည်ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ခပ်သိမ်း သောအရာတို့သည် သင်တို့အဘို့အလိုငှါဖြစ်သတည်း။

၁၆ ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ပြုပြင်ခြင်းကိုခံရ၏။

၁၇-၁၈ အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍၊ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကိုမကြည့်မမှတ်ဘဲ၊ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါး သောဆင်းရဲခြင်း ဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဘို့ဖြစ်စေတတ်၏။



Chapter 5

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅

၁ ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင်ဖန် ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။

၂ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲ သို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်နေကြ၏။

၃ ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။

၎ ဤတဲ၌နေသောငါတို့သည် လေးသောဝန်ကိုထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲကထွက်ချင်သောကြောင့် ညည်းတွားသည်မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။

၅ ထိုသို့သောအကျိုးကိုခံစေခြင်းငှါ ငါတို့ကိုပြင်ဆင်သော သူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အားပေးတော် မှူုပြီ။

၆ ထိုကြောင့် ငါတို့သည် ကိုယ်ခန္ဓြွာ၌နေမြဲ နေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိလျက်၊ အစဉ်ရဲရင့်သောစိတ်ရှိကြ၏။

၇ မျက်မှောက်မမြင်ဘဲ ယုံကြည်မြော်လင့်ခြင်း ရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်ဖြစ်၍၊

၈ ကိုယ်ခန္ဓြွာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့် ပြည့်စုံကြ၏။

၉ ထိုကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊ သခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။

၁၀ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓြွာ၌ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။

၁၁ သို့ဖြစ်၍သခင်ဘုရားနှင့် ဆိုင်သေကြောက်မက်ဘွယ်သော အကြောင်းအရာတို့ကိုငါတို့သည် သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင့်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌လည်း ထင်ရှား ကြသည် ဟုငါထင်မှတ်၏။

၁၂ ငါတို့သည် သင်တို့ရှေ့၌ တဖန်ကိုယ်ကိုကိုယ်ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကို မထောက်၊ အသွေးအဆင်းကို ထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာပေးကြ၏။

၁၃ ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ဖြစ်ကြ၏။

၁၄ အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်း တို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊

၁၅ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၄င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့်အသေခံတော်မူသည်ဟူ၍၄င်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။

၁၆ သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်ကသိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သော သိမှတ်ခြင်းမရှိ။

၁၇ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

၁၈ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသောအခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

၂၀ ထိုကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အား ဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင် ကြ၏။

၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။



Chapter 6

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၆

၁ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုအကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကိုဆောင်ရွက် သောသူချင်းဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ကြ၏။

၂ ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန် ၌သင်၏ စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့် အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။

၃ တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်းတစုံတခု ကိုမျှမပြု။

၎ ညှဉ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သောဘေးဥပဒ်နှင့် တွေ့ခြင်း၊

၅ အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်း ခံလျက်၊

၆ စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊

၇ သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကိုလက်ျာဘက် လက်ဝဲဘက်၌ဝတ်ဆောင်ခြင်းအားဖြင့်င်း၊

၈ အသရေထင်ရှား ခြင်းနှင့် ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကိုခံသဖြင့်င်း၊ လှည့်စားသောသူကဲ့သို့ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊

၉ အဘယ်သူမျှ မသိသောသူကဲ့သို့ဖြစ်သော်လည်းကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူ ကဲ့သို့ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့်ကင်းလွတ်သောသူ၊

၁၀ ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း၊ လူများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်င်း၊ ဘုရားသခင် ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြကြ၏။

၁၁ အချင်းကောရိသုလူတို့၊ ငါတို့နှုတ်သည်သင်တို့အားဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်းကျယ်ဝန်း၏။

၁၂ ငါတို့၌သင်တို့သည် ကျဉ်းမြောင်းသည်မဟုတ်။ ကိုယ်မေတ္တာ ကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။

၁၃ ငါတို့ကျေးဇူး ကိုဆပ်ခြင်းအလိုငှါကျယ်ဝန်းသောစိတ်ရှိကြလော့။ ထိုသို့ဆိုသော်ကိုယ်သားတို့ကို ဆိုသကဲ့သို့ငါဆို၏။

၁၄ မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသောအမှု သည် မတရားသောအမှုကိုအဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ နိုင်မည်နည်း။

၁၅ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင် မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။

၁၆ ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်ဟုမိန့်တော်မူသည်နှင့် အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။

၁၇ ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည်လက်ခံမည်။

၁၈ သင်တို့၏ အဘဖြစ်မည်။ သင်တို့သည်လည်းငါ၏ သားသမီး ဖြစ်ကြလိမ့်မည် ဟုအနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရ ဘုရားမိန့် တော်မူ၏။



Chapter 7

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၇

၁ ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓြွာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့် ပြည့်စုံကြကုန်အံ့။

၂ ငါတို့ကိုလက်ခံကြလော။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ။ အဘယ်သူ ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။

၃ သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည် မဟုတ်။ သင်တို့နှင့် အတူအသက် ရှင်ခြင်းငှါင်း၊ သေခြင်းငှါင်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။

၎ သင်တို့ကြောင့်အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့်အလွန်ဝါကြွားခြင်းရှိရ၏။ သက်သာခြင်းနှင့်ပြည့်စုံ၏။ ညှဉ်းဆဲခြင်း ကိုခံလေရာရာ၌ အတိုင်းထက်အလွန်ဝမ်းမြောက်ခြင်းရှိ၏။

၅ ငါတို့သည်မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ။ အရာရာ၌ညှဉ်းဆဲခြင်းကိုခံရကြ၏။ ပြင်၌ကားတိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား၊ စိုးရိမ်ခြင်းရှိ၏။

၆ သို့သော်လည်းနှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူတတ်သောဘုရားသခင်သည်၊ တိတုရောက် လာသော အားဖြင့်ငါတို့ကိုသက်သာစေတော်မူ၏။

၇ တိတုရောက်လာခြင်းအားဖြင့်သာသက်သာစေတော်မူသည် မဟုတ်။ တိတုသည်သင်တို့ဆီမှာ ရသောသက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူ မူကား၊ သင်တို့၏ တောင့်တခြင်းညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှါ စေတနာစိတ်အားကြီးခြင်းအကြောင်းအရာများ ကိုသူသည်ငါတို့အားကြားပြော၏။ ထိုကြောင့်ငါသည်သာ၍ဝမ်းမြောက်ခြင်းရှိ၏။

၈ အထက်ကပေးလိုက်သောစာအား ဖြင့် သင်တို့ကိုဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း၊ ယခုအခါ၌မရှိ။ အကြောင်း မူကား၊ ထိုစာသည်သင်တို့ကို ခဏသာ ဝမ်းနည်းစေသည် ကိုငါမြင်၏။

၉ သင်တို့ကိုဝမ်းနည်းစေသောကြောင့်ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့်သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော် နှင့်အညီဝမ်းနည်းစေကြ၏။

၁၀ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသောဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့် ယှဉ်သောနောင်တစိတ်တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကိုပြုပြင်တတ်၏။ လောကီဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။

၁၁ ဘုရားသခင်၏ အလိုတော်နှင့်ညီသောသင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌အဘယ်သို့သောသတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှါစိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကိုပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည်ဤအမှု၌အပြစ်ကင်းသည် ကိုအရာရာအားဖြင့် ထင်ရှားပြကြပြီ။

၁၂ ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်းကိုခံရသော သူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ပြုစုချင်သော စေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်းရှားစေခြင်းငှါ ရေးသတည်း။

၁၃ ထိုကြောင့် သင်တို့၏ သက်သာခြင်း အကြောင်းအားဖြင့်၊ ငါတို့သည်လည်းသက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန် ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏ စိတ်နှလုံးကိုသက်သာဝမ်းမြောက်စေကြသည်ဖြစ်၍၊

၁၄ အထက်က ငါသည်သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသောစကားကို ထိုသူအားပြောပြီးလျှင်၊ ယခုရှက်ကြောက်ခြင်းမရှိ။ ငါတို့သည်အရာရာ၌ သင်တို့အားဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်းထင်ရှား၏။

၁၅ သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင် ကြသည် ကိုသူသည်အောက်မေ့သဖြင့်၊ သင်တို့ကိုချစ်သနားခြင်း မေတ္တာ ကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။

၁၆ ငါသည် အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့်ဝမ်းမြောက်ခြင်းရှိ၏။



Chapter 8

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈

၁ ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။

၂ ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအား ဖြင့် များစွာသောစုံးစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသောဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်း အကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်းစည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။

၃ အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက်စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။

၎ သူတို့အလှူဒါနကိုငါတို့သည် ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကိုတောင်းပန်ကြ၏။

၅ ထိုသို့ပြု ကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီရှေ့ဦးစွာ သခင်ဘုရား၌င်း၊ ငါတို့၌င်း၊ မိမိတို့ကိုမိမိတို့လှူကြ၏။

၆ ထိုကြောင့်၊ တိတုသည် သင်တို့၌အဦးပြုနှင့် သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကို တောင်းပန်ကြ၏။

၇ ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသောအလုံးစုံတို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းဖြစ်စေသတည်း။

၈ ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည်မှန်သည် မမှန်သည်ကိုစုံးစမ်းသော အားဖြင့်ဆိုသတည်း။

၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

၁၀ ဤအမှု၌ ငါသည်ကိုယ်သဘောကိုပြု၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသော သင်တို့သည်ဤအမှုကိုပြီးစီးစေလျှင် သာ၍ကောင်းလိမ့်မည်။

၁၁ သို့ဖြစ်၍၊ အထက်ကစေတနာစိတ်ရှိသည်နှင့် အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည် အတိုင်းပြု၍ ဤအမှုကိုပြီးစီးစေကြလော့။

၁၂ အကြောင်းမူကား၊ စေတနာစိတ် သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ် ဖြစ်၏။

၁၃ ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည်မဟုတ်။

၁၄-၁၅ များများရသောသူမပို။ နည်းနည်းရသောသူမလို ဟူသောကျမ်းစကားနှင့် အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ ဆင်းရဲကိုမစသဖြင့်င်း၊ နောင်၌သူတို့၏ စည်းစိမ်သည် သင်တို့၏ ဆင်းရဲကို မစသဖြင့်င်း၊ အညီအမျှဖြစ်စေခြင်းငှါငါအကြံရှိ၏။

၁၆ ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်းပေးတော်မူ သော ကျေးဇူးတော်ကြီးလှပေ၏။

၁၇ ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာ စိတ်အားကြီး၍ သင်တို့ဆီသို့အလိုအလျောက်သွား၏။

၁၈ ဧဝံဂေလိတရားကိုဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့် အတူငါတို့စေလွှတ်ကြ၏။

၁၉ ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကိုင်း၊ ကိုယ်စေတနာစိတ်ကိုင်း၊ ငါတို့သည်ထင်ရှားစေ၍၊ အသင်းတော်များ၏ အလှူကျေးဇူးကို ပြုစုသည်အမှုမှာ ငါတို့နှင့် အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထား သောသူဖြစ်သတည်း။

၂၀ ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိစေခြင်းငှါ သတိပြုကြ၏။

၂၁ သခင်ဘုရားရှေ့တော်၌မက၊ လူတို့ရှေ့၌ တင့်တယ်လျောက်ပတ်သော အကျင့် ကို ကြံစည်ကြ၏။

၂၂ ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီအစ်ကိုကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည် အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံ ကြည်သောကြောင့် သာ၍လုံ့လပြု၏။

၂၃ တိတုသည် အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်၊ ငါ၏ အပေါင်းအဘော်ဖြစ်၏။ သင်တို့အမှုကို ငါနှင့်အတူ ဆောင်ရွက်သောသူ လည်းဖြစ်၏။ အခြားသော ညီးအစ်ကို တို့မူကား၊ အဘယ်သို့သောသူနည်းဟု မေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ ဘုန်းအသေရေ လည်းဖြစ်ကြ၏။

၂၄ ထိုကြောင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကိုင်း၊ ငါတို့သည် သင်တို့ကြောင့် ဝါကြွားခြင်းအကြောင်း ကိုင်း၊ အသင်းတော်များ မျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။



Chapter 9

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၉

၁ သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်း၏ အမှုအရာများကို သင်တို့အား ငါရေး၍ ကြားလိုက်သော် အကျိုးမရှိ။

၂ အကြောင်းမူကား၊ သင်တို့၏စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယ ပြည်သူပြည်သားတို့သည် မနှစ်ကပင်အသင့် ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့သင်တို့ စေတနာ စိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော်တိုက်တွန်းလေပြီ။

၃ သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသောစကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှါ ညီအစ်ကိုအချို့တို့ကို ငါစေလွှတ်၏။

၎ သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူလာ၍ သင်တို့သည် အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီး သည်ကို အရှက်ခံရကြလိမ့်မည်။

၅ ထိုကြောင့် အထက်ကကြားပြောသော သင်တို့၏အလှူကျေးဇူးသည် အနိုင် အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည်မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။

၆ အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။

၇ လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။

၈ ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။

၉ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။

၁၀ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုင်း၊ အစာအာဟာရကိုင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အားမျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။

၁၁ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလမ့်မည်။

၁၂ အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့်ပြည့်စုံလျက်ရှိ၏။

၁၃ သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရားအလိုသို့ ထင်ရှားစွာလိုက်ခြင်းအရာကိုင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်း တို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်းအရာကိုင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေး ခြင်းအမှု၏ လက္ခဏာသက်သေကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတတ်၏။

၁၄ သင်တို့၌ ထူးမြတ်သော ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဘို့အလိုငှါ ဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ်ရှိကြ၏။

၁၅ ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။



Chapter 10

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၀

၁ သင်တို့၏မျက်မှောက်၌ နှိမ်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ဖြေးညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။

၂ ငါတို့သည် ဇာတိပကတိ အလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သော ရဲရင်ခြင်း အတိုင်း သင်တို့ဆီသို့ ရောက်လာသောအခါ၊ ထိုမျှလောက် ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။

၃ အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။

၎ ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။

၅ ထိုလက်နက်အားဖြင့် လူတို့၏အကြံ အစည်တို့ကိုင်း၊ ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကိုင်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။

၆ သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော လူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။

၇ မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည် ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌စွဲလမ်းခြင်း ရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန်အလိုအလျောက် ဆင်ခြင်သိမှတ်စေ။

၈ သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်း အလိုငှါမဟုတ်။ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာ အကြောင်းမရှိ။

၉ ငါရေး၍ ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။

၁၀ အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းအနှီး သောစကားကို ပြောသောသူ ဖြစ်သည်ဟု ဆိုတတ်သောသူရှိ၏။

၁၁ ငါတို့သည် ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့် ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက်ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင် သိမှတ်စေ။

၁၂ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူတို့နှင့် ရေတွက်ဝင်ခြင်းကိုင်း၊ ပြိုင်နှိုင်းခြင်းကိုင်း၊ ငါတို့မပြုဝံ့။ ထိုသူတို့ သည် အချင်းချင်းတယောက်နှင့်တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။

၁၃ ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ဝါကြွားခြင်းမရှိဝံ့၊ ဘုရားသခင်ဝေငှတော်မူသော အငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မှီသတည်း။

၁၄ သင်တို့တိုင်အောင် မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ သင်တို့ရှိရာသို့တိုင်အောင် ရောက်ကြပြီ။

၁၅-၁၆ ငါတို့သည် ကိုယ့်ငန်းကိုယ်တာကို လွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွားလေ့ရှိသည်မဟုတ်။ ထိုသို့ သူ့လုပ်ငန်း သူ့တာအတွင်းတွင် ပြင်ဆင်ပြီးသောအမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသော အခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်းပါရမီရင့်ပြီးမှ၊ ငါတို့၏ အငန်း အတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။

၁၇ သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌ သာဝါကြွားစေ၊ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ချီးမွမ်းသောသူသည် ဝန်ခံသောသူဖြစ်သည်မဟုတ်။ ဘုရားသခင် ချီးမွမ်းသောမူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူ ဖြစ်သတည်း။



Chapter 11

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၁

၁ ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။

၂ အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်ဆံ အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက်နေ၏။

၃ မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။

၎ သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါးကို ဟောပြောသော်င်း၊၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်င်း၊ ထိုသူကို သည်းခံကောင်း၏။

၅ ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။

၆ စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည် အစဉ်ကိုယ်ကိုကိုယ် ထင်ရှားစွာပြကြပြီ။

၇ သင်တို့ကို မြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည်အပြစ်ရှိသလော။

၈ သင်တို့အမှုကို ဆောင်ရွက် မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍ သူတို့ကိုလုယူရာသို့ ရောက်လေပြီ တကား။

၉ သင်တို့နှင့်အတူ ရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောက်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောက်ရှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။

၁၀ ခရစ်တော်၏ သစ္စာတရားသည် ငါ၌ရှိသည်ဖြစ်၍၊ အခါယပြည် များတို့၌ ဤသို့ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။

၁၁ အဘယ်ကြောင့်နည်း၊ သင်တို့ကို ငါမချစ်သလော။ ဘုရားသခင်သိတော်မူ၏။

၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါင်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ထင်ရှားစွာ ဖြစ်စေခြင်းငှါင်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။

၁၃ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆြွာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။

၁၄ ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။

၁၅ သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။

၁၆ တဖန် ငါဆိုသည်ကား၊ ငါ့ကို သူရူးဖြစ်သည်ဟု အဘယ်သူမျှမထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာအခွင့် အနည်းငယ်ရှိစေခြင်းငှါ ငါ့ကို သူရူးကဲ့သို့မှတ်၍ သည်းခံကြလော့။

၁၇ ဤသို့ ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာဝါကြွားလျက်ပြောဆို၏။

၁၈ လူများတို့သည် လောကီအချင်းအရာတို့၌ ဝါကြွားသောကြောင့် ငါသည်လည်း ဝါကြွားရ၏။

၁၉ သင်တို့ သည် လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။

၂၀ သူတပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။

၂၁ ငါသတို့သည် အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါးမှီဝဲ၍ ရဲရင်၏၊ ထိုအရာကို ငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရှုးကဲ့သို့ငါဆို၏။

၂၂ သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။

၂၃ သူတို့သည် ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ ငါသည်အထူးသဖြင့်ဖြစ်၏ ဟု သူရူးကဲ့သို့ ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။

၂၄ ငါးကြိမ်မြောက်အောင် ယုဒလူတို့ လက်တွင် ဒဏ်ချက်လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။

၂၅ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့်ရိုက်ခြင်းကိုင်း၊ တကြိမ် ခဲနှင့်ပစ်ခြင်းကိုင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့်တညဥ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။

၂၆ အကြိမ်ကြိမ်ဒေသစာရီ လှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားခြင်းပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သောသူတို့ ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။

၂၇ ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာမအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။

၂၈ ထိုအပမှုမှတပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ရှက် ခြင်းကို ငါခံရ၏။

၂၉ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ ဘယ်သူဖောက်ပြန်သနည်း။

၃၀ ငါသည်မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။

၃၁ ငါသည် မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။

၃၂ ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကိုဘမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက် မြို့ကို စောင့်စဉ်တွင်၊

၃၃ တပည့်တော်တို့သည် ငါ့ကိုတောင်း၌ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးအပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။



Chapter 12

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၂

၁ ငါသည် ဝါကြွားခြင်းကို မပြုသင့်လျှင်၊ သခင်ဘုရား ပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ်တော် များကို တဖန်ပြောဦးမည်။

၂ တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏တပည့်ဖြစ်သော လူတယောက်ကို တတိယ ကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓြွာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။

၃ ထိုသူသည် ပရဒိသုဘုံသို့ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သော စကားကို ကြားသည်အကြောင်းကို ငါသိ၏။

၎ ထိုအခါ ကိုယ်ခန္ဓြွာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။

၅ ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတပါး ကိုယ်ဂုဏ်ကို မဝါကြွား။

၆ါကြွားခြင်းငှါ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည် ဟုတ်မှန်စွာပြောတတ်၏။ တစုံတယောက် သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သိတင်းကိုကြားသည်ထက်၊ ငါ့ကိုသာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။

၇ ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ် မရှိစေခြင်းငှါ၊ ငါ့ကိုဒဏ်ခတ်သော စာတန်၏ တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။

၈ ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားခံတော်ခံပြီးလျှင်၊

၉ ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွား ခြင်းငှါ သာ၍ငါအလိုရှိ၏။

၁၀ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်း သောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။

၁၁ ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှ မဟုတ်သော်လည်း၊ အကြီးဆုံးသောတမန်တော်အောက် အလျှင်းမယုတ်မညံ့။

၁၂ အကယ်စင်စစ် သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု၊ ထူးဆန်းသောတန်ခိုးများအားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။

၁၃ ငါသည် သင်တို့ကို မနှောက်ရှက်သောအရာ တခုကိုထားလျှင်၊ သင်တို့သည် အခြားသော အသင်းတော်ထက် အဘယ်သို့ ယုတ်ညံ့သနည်း။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။

၁၄ ဤတတိယ အကြိမ် သင်တို့ဆီသို့သွားခြင်းငှါ ငါသည်အသင့်ရှိ၏။ သင်တို့ကို နှောင့်ရှက်မည်ဟု အကြံမရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့သာရှာ၏။ သားသမီးတို့သည် မိဘအတွက် ဥစ္စာကိုဆည်းဖူးရသည်မဟုတ်။ မိဘတို့ သည် သားသမီးတို့အတွက် ဆည်းဖူးရ၏။

၁၅ ငါသည် သင်တို့ချစ်ခြင်းမေတ္တာစိတ်ကို တိုးပွားသည်အတိုင်း သင်တို့ သည် ငါ့ကို ချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ ငါသည် ကိုယ်ဥစ္စာကိုင်း၊ ကိုယ်ကိုင်း၊ ကုန်စေခြင်းငှါ အလွန်စေတနာရှိ၏။

၁၆ သင်တို့ကို ငါမနှောင့်ရှက်သည်မှန်စေတော့။ သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကို ဘမ်းဆီးပြီဟုဆိုလျှင်၊

၁၇ တစုံတယောက်သောသူကို သင်တို့ဆီသို့စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ် အားဖြင့် ငါယူသလော။

၁၈ တိတုသည် သင်တို့ဆီသို့သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ်သဘောထားခြင်းတူ၍ ကျင့်ကြသည်မဟုတ်လော။ တလမ်းတည်းလိုက်ကြသည် မဟုတ်လော။

၁၉ တဖန်တုံ၊ ငါတို့သည် သင်တို့ရှေ၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟု ထင်ကြသလော။ ခရစ်တော်ကို ထောက်၍ ဘုရားသခင့်ရှေ့၌ ငါတို့ပြောကြ၏။ ချစ်သူတို့ ငါတို့ပြုသမျှမှာ သင်တို့ကိုတည်ဆောက် ခြင်းအလိုငှါ ပြုကြ၏။

၂၀ ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍င်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသ ရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူ၍င်း၊

၂၁ အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာလွန်ကျူးခြင်း အမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူ အများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချ တော်မူမည်ဟူ၍င်း စိုးရိမ်ခြင်းရှိ၏။



Chapter 13

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၃

၁ ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦ သုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။

၂ တဖန် ငါရောက်လာလျှင် သင်တို့ကို မသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ ငါပြောနှင့်၏။

၃ သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည်ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။

၎ အကြောင်းမူကား၊ ထိုခရစ်တော် သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင် တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင် ပြသောဘုရားသခင်၏ တန်ခိုးအားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်းရှိကြလိမ့်မည်။

၅ သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သောသူ မမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကိုကိုယ် မသိကြသလော။

၆ ငါတို့သည် အစစ်ခံ နိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှမြော်လင့်ခြင်းရှိ၏။

၇ ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သောသူကဲ့သို့ ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့် တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်း ပဌနာပြု၏။

၈ ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။

၉ သမ္မာတရားဘက်၌ နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့၌ ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။

၁၀ ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည်ရောက်လာ သောအခါ ပြင်းစွာသောသေဒဏ်ကို မပေးလို၍၊ ယခုပင်သင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့သို့ငါရေး လိုက်၏။

၁၁ ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုင်း၊ အသင့်အတင့်နေခြင်း ချမ်းသာခြင်းကိုင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။

၁၂ အချင်းချင်း တယောက်ကိုတယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။

၁၃ သန့်ရှင်း သူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။

၁၄ သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာ တော်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိဿဟာရတော်၎င်း၊ သင်တို့အပေါင်း၌



AMAZING GRACE BIBLE INSTITUTE